Tuesday, August 30, 2016

.....လောကဓံ(အမြင်သစ်)ဟူသည်။( ၅ ).

................လောကဓံ(အမြင်သစ်)ဟူသည်။( ၅ ).
...............
လူတစ်ယောက်ရဲ့ ကံကောင်းချိန်-၆-ကြိမ်နဲ့၊ ကံညံ့ချိန်-၆-ကြိမ်ကို ပြောပြခဲ့ပြီးပြီ။ အခုပြောပြမှာက အရင်ဘဝက ဘယ်လိုေ နထိုင်ခဲ့လဲဆိုတာကို ပြောပြပါ့မယ်။ အရင်ဘဝလို့ ဆိုတာက သိုက်က လာတာ ဘာညာ မဟုတ်ဘူးနော။ ဘယ်လိုနေထိုင်ပြောဆိုခဲ့လဲဆိုတဲ့ အကျင့်ကို ပြောတာ။ လူတချို့က ဘာပြောကြလဲဆိုရင် ကိုယ့်အကြောင်း ကိုယ်အသိဆုံးဘဲတဲ့။ ကိုယ့်အကြောင်း ကိုယ့်ထက် ဘယ်သူက ပိုသိဦး မှာလဲ၊ ဗေဒင်ဆရာက ငါ့အကြောင်း ငါ့ထက်ပိုသိဦးမှာလား၊ သူ့အကြောင်း သူသိတာ သူထင်တာ သူ့အကြောင်းနော်၊ သူ့(ဘဝ)အကြောင်းမဟုတ်ဘူး ဆရာ ခုပြောမှာက သူ့ဘဝ အကြောင်း။ ဘဝဆိုတာဘာလဲ၊ ဘဝဆိုတာဖြစ်ခြင်း/ပျက်ခြင်းကိုခေါ်တယ်။ သူသိတာက မနက်ဖြန် ဟိုသွားမယ်၊ ဒါလုပ်မယ်၊ ဒါစားမယ် ဆိုတာကို ကြိုတင်စဉ်းစားပြီးသိတာ။ ငါဒါလုပ်လိုက်ရင် ငါ့ဘဝကြီး ဘာဖြစ်သွားမလဲ ဆိုတာတော့ သူမသိနိုင်ေ တာ့ဘူး၊ အရင်ဘဝကလို့ ပြောတဲ့ စိတ်ကို နားလည်အောင်ပြောပြရ ရင် -ဥပမာ- ကိုယ့်ညီအစ်ကို၊ မောင်နှမ၊ မိဘတွေကို ပြန်စဉ်းစားလိုက်ရင် တဖြေးဖြေးပေါ်လာမှာပါ။ အဖေ၊ အမေရယ်၊ ညီအစ်ကိုမောင်နှမ-၈ယောက် ပေါင်းလိုက်တော့ - ၁၀-ယောက်၊ အတူနေတာ မနေတာ ထား၊ သေတာ မသေတာထား။ သေချာ ပြန်စဉ်းစားလိုက်ရင် တစ်ေ ယာက်နဲ့တစ်ယောက် မတူကြဘူး၊ တစ်ယောက်ကရှက်တယ်၊ တစ်ယောက်ကကြောက်တယ်၊ အငြင်းသန်တယ်၊ အအိပ်မက်တယ်၊ အစားမက်တယ်၊ ဇီဇာ ကြောင်တယ်၊ ပစိပစပ်များတယ်၊ တစ်ယောက် တစ်မျိုးပဲ၊ အဲဒါဘာတွေလဲဆိုရင် အရင်ဘဝက လုပ်ခဲ့တာတွေပါလာတာ၊ သိဖို့မလွယ်ဘူး၊ သိပြီးပြင်ဖို့မလွယ်ဘူး၊ မိမိစိတ်ကို သိလို့ပြင်နိုင်ရင် ဘဝတစ်ဝက်ငြိမ်းပြီမှတ်ပါ။
နောက်ဥပမာတစ်ခုကို နားထောင်ကြည့်လိုက်ရအောင် အလုပ်တစ်ခုခိုင်းစရာရှိလို့ အိပ်နေတဲ့ ခလေးတစ်ယောက်ကိုသွားနှိုးတယ်၊ ခလေးကထထိုင်ပြီး ပြန်အိပ်သွားတယ်။ ကိုယ်က အရေးကြီးပါတယ်ဆိုမှ ဒီကောင်လေးတော့ ဆိုပြီး နောက်တစ်ကြိမ်နှိုးပြီး ပို့ခိုင်းမယ့် ပစ္စည်း ယူပြီး ပြန်လာတော့ ခလေးက ပြန်အိပ်ပျော်နေတာ တွေ့တာနဲ့ ဒီအတိုင်း ဆိုရင်တော့ သူ့ခိုင်းဖို့ မလွယ်ပါဘူးဆိုပြီး ကိုယ်တိုင်ပဲ အဲဒီအလုပ်ကို သွားလုပ်လိုက်ပါတယ်။ ဒီခလေးလေးရဲ့ ဘဝ ရှေ့ရေးကို ဆက်မစဉ်း စားဖြစ်တော့ပါဘူး။ ရှေ့မှာ သူဘာတွေဆက်လုပ်ဦးမလဲ၊ ဒါတွေကို ဘယ် လို ပြုပြင်မလဲဆိုတာကို စဉ်းစားတဲ့လူနည်းပါတယ်။ စဉ်းစားမိတော့လဲ ဗေဒင် ယတြာနည်းနဲ့ လုပ်ဖို့ သွားစဉ်းစားကြပြန် တယ်......နောက်တစ်ယောက် ကိုယ့်တူလေးတစ်ယောက်က နယ်မှာနေတယ်၊ ကိုယ်လဲတစ်ခါမှ မတွေ့ဘူးသေးဘူး၊ ကြားနေရတဲ့ သတင်းကတော့ မကောင်းဘူး၊ သိပ်ပြောင်တာဘဲဆိုတဲ့ မကောင်း သတင်းကိုတော့ ကြားနေရပြီ၊ ငါနဲ့တွေ့မှ ကောင်းကောင်းဆုံးမ လိုက်ဦး မယ်ပေါ့၊ တွေ့ပါပြီ-( မင်းလားကွ မောင်မောင်ဆိုတာ၊ )ဟုတ်ပါတယ်၊ (မင်းတော်တော်မျက်နှာပြောင်တာပဲလို့ နာမည် တော်တော်ကြီးနေတာဘဲ၊ ဘာဖြစ်လို့ ပြောင်ရတာလဲ၊ မင်းနောက်တစ်ခါ ပြောင်တယ်ပြောသံ ကြား ရင် ငါနဲ့တွေ့မယ်)လဲ ပြောလိုက်ရော -ကျုပ်ဘာသာကျုပ်ပြောင်တာ ဘာဖြစ် လဲ လို့ပြန်ပြောပြီး ပြောင်ပြနေတော့-ကိုယ့်ကိုမခန့်လေးစားလုပ် လို့ြေ ပာေ န တာမရဘူးလား ဆိုပြီး တုတ်နဲ့ လိုက်ရိုက် တာ တူတော်မောင် က ပြော င်ပြေးတော့ ကိုယ်ကလည်း ဆက်မလိုက်နိုင်တော့... (ဪသာ် သူတို့ပြော လည်း ပြောစရာပဲ၊ တော်တော်မျက်နှာပြောင်တာပဲ၊ ငါထင် ထားတာထက်တောင် ပိုဆိုးနေ သေး တယ်).......ဆိုပြီး၊ ဒီမှာတင်ပဲ အဲဒီ ဇာတ်လမ်းကိုရပ်လိုက်ပါတယ်။ ငါ့တူလေး ရှေ့ဆက် ဘယ်လို စခန်း ဆက် သွားမလဲဆိုတာမစဉ်းစားမိကြပြန်ဘူး။..
........................။

မှတ်ချက်ပေးပါ

Sunday, August 28, 2016

လောကဓံ(အမြင်သစ်)နှင့် ကိုယ်းကွယ်မှု အယူအဆများ.(၂ ).

၊...................... လောကဓံ(အမြင်သစ်)နှင့် ကိုယ်းကွယ်မှု အယူအဆများ.(၂ ).
......................................................
( ဆရာရေ့ လောကဓံအမြင်သစ်နှင့် ကိုယ်းကွယ်မှု အယူအဆများ ဆောင်းပါးနောက်ထပ်ရေး ထားတာ ရှိသေးလား) လူမျိုးမရွေးဘာသာမရွေး ခေတ်နဲ့အညီ နေထိုင်လုပ်ကိုင်တတ်ရန်ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား၊ အရှေ့မုခ်၊အမှတ်(ခ)။ (ဓါတုနိယာမနှင့်မဟာဘုတ်နဝင်းစီး) ဓါတ်ခန်း အတွင်း-တနေ့က -ဘဝရှေ့ရေးကိုလာရောက်ဆွေးနွေမေးမြန်းကြသော ကြာသပတေး သား(၄) ယောက်၏ သူတို့ဘဝမှာတွေ့ကြုံခဲ့ ရသော-တွေ့ကြုံနေကြ ရသော- တူညီနေသောဖြစ်စဉ်များကို ဘာကြောင့်ဖြစ်ရ သည် ကို သူတို့ သိလိုသည်များကို တနာရီကျော်ခန့် ရှင်းပြလိုက်သဖြင့် မိမိတို့ ဘဝကို မိမိတို့ ဖြတ်သန်းဖို့ (လောကဓံအမြင်သစ်)စက်ဝိုင်းကိုကြည့်ပြီး တစိတ် တဒေသနား လည်သဘောပေါက်ပြီး ပီတိဖြာနေသော သူတို့(၄)ယောက် ၏ဖြစ်စဉ်ကိုပြန်လည်းစဉ်းစားနေစဉ် တပည့်ဖြစ်သူမောင်ရာဇာမှ ရုတ်တ ရက်မေးလာ သဖြင့်
.......ဘာဖြစ်လို့လည်း မောင်ရာဇာရဲ့ ဆရာ့ အနေနဲ့ ဘာသာရေးဆရာ မဟုတ်တော့ ဘာသာရေးအမြင်-ဘာသာရေးသဘောအရမ ဟုတ်ပေ မဲ့ လောကသဘာဝ သဘောအရ လောကဓံအမြင်သစ်နှင့် ကိုယ်းကွယ် မှု အယူအဆများ ဆိုတဲ့ ဆောင်းပါးရေးပြီးသား ရှိတာပေါ့။နောင်လည်း အလျင်းသင့်သ လိုရေးဖြစ်နေ ဦး မှာ ဘဲ.......
( ခုလောလောဆယ် ရေးပြီးသားရှိနေပြိလားဆရာ)
.......ဘာလည်း ထုံးစံအတိုင်း ဦးဦးဖျားဖျား ကြာချင်ပြန်ပြီဘဲပြောဦးမလို့ မဟုတ်လား.......
( ဆရာကတော့ ပြောတော့မယ်)
.......ဗေဒင် ဆရာဆိုတာ လူသားတွေရဲ့ ဘဝမှာ မရှိမဖြစ်လိုအပ်နေတဲ့ ဘဝလမ်းညွှန်တွေဆိုတာတော့ ( ရိုက်စား ခြောက်စား မြောက်စားဘဝမှာအနေချောင် အစားချောင်လို့ မိမိတဘို့ တ ည်းကြည့်နေတဲ့ ဆရာ တချို့) ကလွဲရင် ပညာရှင် ဆရာအားလုံးကလက်ခံထားပြီးသားပါ။.......
( ဗေဒင်ဆရာ တွေဟာ လူတွေရဲ့ ဘဝမှာ အရေးပါလှတယ်ဆိုတာ ဘယ်လိုအပိုင်းကိုပြောတာလည်းဆရာ)
.......ဒီလို မောင်ရာဇာရဲ့ ဗေဒင်ဆရာ တွေဟာ လူတွေရဲ့ ဘဝမှာ အရေးပါ လှတယ်ဆိုတာ သူတတ်ထားတဲ့ ပညာနဲ့ အတွေးအခေါ် ခံယူမှု စိတ်စေ တနာ ကို ဆရာကပြောခြင်တာပါ။........
( ဘယ်လို အတွေးအခေါ် ခံယူမှု စိတ်စေတနာကို ဆရာကပြော ခင်တာ လည်းဆရာ)
........ဥပမာပြောရရင် ကိုယ်းကွယ်မှု ပိုင်းဘဲ ပြောရမှာဘဲ။ဆရာ့အနေနဲ့ သစ္စာထိုက်နေတဲ့ လော ကဓံ ရဲ့ ဖြစ်ခြင်း/ပျက်ခြင်းကို ဘာမဟုတ်တဲ့ အိမ်တွင်း-ရိုးရာ-သိုက်ဆက်-ပဌာန်းဆက်ေ တွ-နဲ့ေ ပါင်းစပ်ေ ဟာပြောေ နတာတွေကို အဓိကပြောခြင်တာပါ။တခြားဆရာတွေ သူတို့ပညာနဲ့ သူတို့ ဟုတ်သည်ဖြစ်စေ-မဟုတ်သည်ဖြစ်စေဆရာပြောဖို့ ဝေဖန်ဖို့မ လိုပါဘူး ။လောကဓံ(၈)ပါး/မဂ္ဂင်(၈)ပါးပါလာ ရင်တော့ ပြောဖို့ လို လာ တယ်ထင်လို့ပါ။
ဆရာကြီးဦးကြာမြင့် တပည့်မဟုတ်ဘဲ(နဝင်း) ယတြာ နဲ့လုပ် စားခြင် လို့ လောကဓံပညာကို အကောင်း(၄)နှစ်။အဆိုး(၄)နှစ်လောက် သင် ထားတဲ့ ဆရာတွေကိုမပြောလိုပါဘူး။ဆရာတို့ပညာကို တရားဝင် သင်ယူထားတဲ့ ဆရာတွေကိုဘဲ အကြံဥာဏ်ပေးရတာပါ။........
( ဗေဒင်လာမေးတဲ့သူတွေက အိမ်တွင်း-ရိုးရာ-သိုက်ဆက်-ပဌာန်းဆက်တွေ-အကြောင်းကိုမေးလာရင် ဘယ်လိုလုပ်မရလည်းဆရာ)
.......ဆရာကလည်း အဲဒါကိုဘဲပြောပြခြင်တာပါ။လောကဓံ(၈)ပါး ကိုင် တွယ်နေတဲ့ ဆရာကိုယ် တိုင် ဗေဒင်လာမေးတဲ့ အိမ်တွင်း-ရိုးရာ-သိုက် ဆက်-ပဌာန်းဆက်တွေ-အကြောင်းကို ကိုင်တွ ယ်ဟေြာေ ပာတော့ မယ် ဆိုရင် အဲဒီလိုင်းကဆရာတွေနဲ့ သင်ယူပြီးတကယ်တတ် သိနားလည်းထား
ပြီလား ။ တကယ်တတ်သိနားလည်းထားပြီထားပါဦး.ဆရာကြီးဦးကြာမြင့် ပြောခဲ့တဲ့ စကားလေးတွေ ကိုပြန်စဉ်းစားဖို့တော့ လိုပါတယ်။.......
( ဆရာကြီးဦးကြာမြင့်က ဘာတွေပြောခဲ့လို့လည်းဆရာ)
.......ဆရာကြီးဦးကြာမြင့်ပြောခဲ့တာတွေ ထဲက တချို့ကို ဖေါ်ပြရရင် ( ]]ဟေ့ - မှတ်ထားကွ မင်းတို့ နဝင်းစီးပညာကိုင်ပြီး လုပ်စားနေတဲ့ ဆရာတွေ နာမည်ကြီးပြီး ငွေဝင်လာပြီဆိုရင် မြန်မြ န်ေ သေ တာ့မယ်}}လို့ မှတ်ထားလိုက်ပါတဲ့။ (ဒါမှမဟုတ်လည်း )ယောင်လည်လည်နှင့် မငတ်ရုံ ဘဝတ စ်လျှောက်လုံး လိမ့်နေရမယ်တဲ့။ အဲဒါ ဘာကြောင့်လဲဆိုတဲ့ အချက်ကိုလည်း ပြောထားမယ်။ မှတ်ထားအုံးတဲ့။ ဗေဒင်ဟောတာက မဟာဘုတ် သက္ခတ်၊ ယတြာလုပ်ပေးတာက နဝင်းစီးပွဲ။ ဆိုင်းဘုတ် တင်ပြီး ကြော်ငြာထားတာက နက္ခတ်ဗေဒင်။ ဝေဒလက္ခဏာ၊ ခရစ္စတီး နားမူတီးတဲ့ ---။ပညာကိုလည်း တပည့်ခံပြီးမသင်ယူချင်။ စာအုပ်တွေ ဝယ်ဖတ်။ ပညာကိုခိုးယူ။ မူရင်းဆရာကိုလည်းမဖော်ပြ။ မူရင်းပညာ ကို လည်း ဖုံးကွယ်ထားပြီး လုပ်စားနေသမျှ ဘုန်းကြီးရင်လည်းသက်မရှည်၊ အသက်ရှည်ရင်လည်း ဘယ်တော့မှ ဘုန်းကံမကြီးဘူးလို့သာ မှတ်ထား လိုက်ပါတဲ့။(ဆရာကြီးကြာမြင့်)....................................................................................
ဗေဒင်အချုပ် မဟာဘုတ်နိဒါန်းကို ကိုင်တွယ်နေကြသူတွေ ဘာကြောင့် မအောင်မြင်ကြသလဲဆိုရင်?
(၁) အင်းအိုင်ခလဲ့ဆေးဝါးမန္တန်၊ အပူးအခွါကိုလက်ခံမိခြင်း၊ အဲဒါကြောင့်လဲပညာမှာ အနှောက်အယှက်ဖြစ်နေကြတယ်။.
(၂) အကြားအမြင်ပညာခန်းကို အမတိအမတန်အားကိုးပြီးတော့ မင်းတို့အိပ်ထဲမှာ ပိုက်ဆံဘယ်လောက်ပါတယ်။ လက်ရှိလုပ်ငန်းက ဘာတွေလုပ်နေတာဖြစ်တယ်။ အဲဒီလို ဒိုးကနဲ ဒေါက်ကနဲ ဗြိုးကနဲ ဗြန်းကနဲပေါ့။ အကြားအမြင်ဟောကွက်ကို အားကိုးကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ် အကြားအမြင်ဟောကွက် ပြောကွက်တွေကို သမားဂုဏ်ပြအနေနဲ့ ဟောပြော နေကြတဲ့အတွက် အဲဒီမှာ ရာနှုန်းပြည့်စွမ်းအားတွေ လျော့နေကြတယ်။ လက်တွေ့ တွေ့ပါလိမ့်မယ်။ ဒါဒုတိယအချက်.။.
(၃) တတိယအချက်ကကိုယ်သင်ယူသွားတဲ့ ပညာနှင့် အခြားအခြားသော ပညာတွေနဲ့ရောယှက်ပြီး သုံးနေကြတော့ တက်လမ်းတွေ ရပ်နေတာတွေ့ ရမယ်။ ဒီပညာခန်းမှာ ကြောက်စရာ အကောင်းဆုံးအချက်က((( အကြား အမြင်ပညာခန်းပဲ။သမားဂုဏ်ပြခေါ်တယ်အာ မခံချက်မရှိဘူး))) နောက် တချက် ဓါတ်ရိုက်ဓါတ်ဆင် တက်လမ်းပိတ်သွားပြန်ရောဓါတ်ရိုက်ဓါတ် ဆင်ကိုနေရာတကာမ သုံးနဲ့သုံးသင့်တဲ့နေရာ သုံးပါဆရာနှင့်ဗေဒင်ေ ဆွးနွေး သူ အပြန်အလှန် ညီညွတ်မှ လုပ်လို့ရတယ်။ အဲဒါသေဘာမေ ပါက္ဘူး။ စွတ်စွတ်လုပ်နေကြ တယ်ပစ္စည်း ပျောက်ကြည့်ဟော။ အန္တရာယ် ရှိတယ်။ ဒါကြောင့်ဗေဒင်ဆရာဟာ သဘာဝတရားကို လက်လွတ်လို့ မရ ဘူးဆိုတာ မမေ့ကြပါနှင့်။ (ဆရာကြီးဦးကြာမြင့်)....က ကက်စက်ခွေနဲ့ရော စာအုပ်တွေထဲမှာပါ တရားဝင်ထည့်ရေးထားခဲ့တာပါ။
( တခြားဘာတွေများ လမ်းညွှန်သွားသေးလည်းဆရာ)
ဆရာကြီးပြောခဲ့တာက]]....(((-ဟေ့ကောင်../..-လူအလုပ်လူလုပ်ကွ မင်းအကြောင်းမင်းသိအောင်လုပ်ပြီးတော့ မင်းက လူတွေနဲ့နေ ရမှာလူေ တွ အကြောင်းသိ အောင်လုပ်စမ်းပါကွ ကျန်တာတွေကသူ့ဟာနဲ့ သူဖြ စ်ချိန် တန်ဖြစ်လာပါလိမ့်မယ်။}}-)))ဆရာကြီးဦးကြာမြင့် ဆီရောက်ချိန်ထိ ဆရာသာသနာပွဲတွေပြင်ပြီး အဓိဌာန်တွေလုပ်ဖြစ်နေတုံးဘဲ။ဆရာကြီးနဲ့ အနေကြာလာမှကိုယ်တိုင်ဘာပွဲမှ မပြင်ဖြစ်တော့တာ ။ပြန်တွေး ကြည့်ရင် ရယ်စရာဖြစ်နေတယ်ကွ။ဘယ်သူကပြောမှန်းမသိဘဲ အသံကြားရုံနဲ့ အဘဆိုလည်းယုံရတာဘဲ။အိမ်မက်ထဲ ဟိုဟာကျင့်လို့ လာပြော လည်း ကျင့်လိုက်တာဘဲ။ဘယ်သူလည်းဆိုတာ အဲဒီအချိန်က ဘယ်သိနိုင်ဦးမှာ လည်း ဘဝအတွက်တကယ်လိုအပ်တယ်ထင်နေခဲ့တာ တကယ်တော့(၁၀ )နှစ်လောက် အချိန်တွေကုန်ခဲ့ရတယ်။
ဒီနေ့ခေတ်ကြီးထဲမှာ မလုပ်သင့်တော့ဘူးထင်လို့ ဆရာကိုယ်တိုင် မလုပ်တော့သလို ဆရာ့ဆီအဲဒီကိစ္စနဲ့ ရောက်လာတဲ့သူတွေကို လည်းဆ ရာ နားလည်ကမျှရှင်းပြပေးပါတယ်။.....
( ဘာတွေကို ဘယ်လိုရှင်းပြပေးတာလည်းဆရာ)
......ခေတ်(၃)ခေတ်နဲ့ ကာလ(၅)မျိုးအကြောင်းပေါ့။ ကိုးကွယ်မှုအပိုင်းက.ဝါဝင်ဝါထွက်မှာအများဆုံးဖြစ်တတ်ပါတယ်။နတ်နဲ့ပတ်သက်တဲ့ပစ္စည်းဝယ်တဲ့သူလာရင် အိမ် ခွဲတဲ့ လူ သစ်တွေဆိုရင် အိမ် တွင်း -ရိုးရာ-သိုက်-ပဌာန်းဆက်စတဲ့ အကြောင်းအရာတွေကို စပြီးမ လု ပ်ဆောင်မိဖို့(အစမလုပ်ဖို့)အစလုပ်ပြီးရင်ဥပါဒါန်ဖြစ်ပြီးတသက်လုံးဖြစ်သမျှ(အကောင်း/အဆိုး) တွေကိုအဲဒါ ကြောင့်လို့ထင်ပြီးကြောက်ရွံ့ခြင်း/အားကိုးခြင်းတွေနဲ့အတူ ဘဝကူး သွားကြတာပါဘဲ။သိပ်သမျှောဖို့ကောင်း တယ်။ ဒီဘဝမှာလည်း မှားယွင်းစွာအားကိုးမှု နဲ့ နေလာခဲ့တာ သေပြန်ေ တာ့လည်း သူတို့( ၃၇ )မင်း( ပြိတ္ကာ)ပါတီဝင်ဖြစ်နေတော့ သူတို့ (ပြိတ္ကာ )ဘဝကို ဘဲသွားရတော့တာပေါ့။.
.... ............တကယ်တန်းဖြစ်သင့်တာက-အုန်းသီးခြောက်လေးကို-အုန်းဆိုင်းလေးနဲ့ ဆွဲပြီး လဘက်လေြးွေကးနေမဲ့အစား-ကိုယ်ပြုလုပ်ခဲ့ ဒါနကုသိုလ်-သီလကုသိုလ်-ဘာဝနာကုသိုလ် အစုစုတို့ကို သူတို့ကိုေ မတ္ကာပို့ အမျှဝေ ပေးခြင်းသည် သာအကောင်းဆုံးဖြစ်ပါတယ်လို့ --အသိပေးပြောကြားနေရတာပေါ့ မောင်ရင်ရယ်။................
........................။
မှတ်ချက်ပေးပါ
မှတ်ချက်များ
Utun Yee
မှတ်ချက်ပေးပါ...

Saturday, August 27, 2016

-(စတုတ-အကြိမ်)ထွက်ပါပြီ။-)))။

.လောကဓံ(အမြင်သစ်)နဲ့တွေ့ဖို့ အတိတ်-ကံ-ကမနီးသေးဘူးနဲ့ တူပါရဲ့..(((-အတိတ်-ကံ-နီးပြီး-ဥာဏ်ကြီးသူတို့အတွက်--ပြင်ဆင်ဖြေ့စွက်ချက်များနှင့်အတူ--(စတုတ-အကြိမ်)ထွက်ပါပြီ။-)))။

Friday, August 26, 2016

.....((( လောကဓံ(အမြင်သစ်)ဟူသည်။(၄)။ )))

.................................((( လောကဓံ(အမြင်သစ်)ဟူသည်။(၄)။ )))
.......................
.                  လူတစ်ယောက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အမှုအခင်း တခုခု ဖြစ်လို့ ဗေဒင်သွား မေး လိုက်ရင် ဗေဒင်တော်တော်များများက ကွက်တိမှန်နေတာတွေ တွေ့ရလိမ့်မယ်။ ဘာဖြစ် လို့ မှန်နေရတာလဲ ဆိုတော့ ဒီကိစ္စတွေကို တွက်ချက်ဟောပြောရတဲ့ ပညာတွေဖြစ်နေ လို့ဘဲ။ ဒုက္ခတွေကိုတော့ ဟောပြောတာ မှန်နေကြပြီ ဘာကြောင့် ဒီဒုက္ခတွေ ဖြစ်ရတာလဲဆိုတဲ့ အဖြေလဲ ရှာရော---ဒီပြဿနာတွေ ဖြစ်ရတာ-
အိမ်တွင်း မ ဆွဲလို့ဖြစ်တာဆိုတော့ ဟုတ်လိုဟုတ်ငြား အုန်းသီးလေး သွားဆွဲလိုက်ပါတယ်။ ပထမ-၃/၄ရက်တော့ ဟုတ်သလိုလိုဘဲ။ ပြဿနာလေး က ငြိမ်သွားတယ်ထင်ရတယ်။ နောက် မဟုတ်ပြန်ဘူး။ ဒုံရင်းကဒုံရင်းဘဲ။ ပြဿနာကပြန်ပေါ်တာဘဲ။ နောက်ဆရာတစ်ယောက်ဆီကို ပြေးပြန်တယ်။ ( မင်းတို့ ဒီပြဿနာဖြစ်ရတာ အုန်းမဆွဲလို့တဲ့၊ )ကျွန်တော် အုန်းဆွဲထား တယ်ဆရာ ဆိုတော(့ မင်းတို့အုန်းသီးထားတာ မှားနေလို့။ြွကက်မြှီးက အိမ်အတွင်းလှဲ့ထားလို့ အိမ်အပြင် လှဲ့ထားလို့ ) နဲ့ြွကက်မြှီးအိမ်တွင်းအိမ်ပြင်လှဲ့လိုက်ရတာ --ထူးမလာတော့ပါဘူး။ နောက်ဆရာ---တစ်ယောက်က( မင်းတို့ ဒီပြဿနာတွေဖြစ်လာရတာ ရိုးရာမလုပ်လို့ )တဲ့၊ ကျွန်တော် အုန်းသီး ဆွဲထားပြီးပြီဆရာဆိုတော့( အဲဒါကိုပြောတာမဟုတ်ဘူးကွ၊ အဲဒါအိမ်တွင်းခေါ်တယ်၊ ရိုးရာဆိုတာ အဘမြင်းဖြူရှင်၊ နန်ကရိုင်းမယ်တော်၊ ဦးရှင်ကြီး၊ ကိုးမြို့၊ အန်းကုန်း၊ ကွမ်ယင်၊ လချမီးမယ်တော် )စသည်ဖြင့် တစ်မျိုးပြီးတစ်မျိုး လုပ်လာလိုက် ရတာ နောက်ဆရာတစ်ယောက်နဲ့တွေ့မှ( အဲဒါတွေ အားလုံးမှားနေတယ် ။ဒါကြောင့်အလွဲလွဲအ ချော်ချော်ဖြစ်နေတာ တကယ်ဖြစ်နေတာက သိုက်ကြောင့်ကွ၊ သိုက်ကြောင့် -) ဟုတ်ကဲ့ ပေါ့။ ပြင်လိုက်ရတဲ့ပွဲတွေ။ ငှက်ပျော-၂ဖီး - ၃ဖီး -၅ဖီး -၉ဖီး -၁၀၈ဖီး၊ ငှက်ပျောပွဲ - ၃ပွဲ - ၅ပွဲ - ၉ပွဲ -၁၀၈ပွဲ- စသည်စသည်တို့နဲ့လဲ ပြဿ နာ တွေ ဟာ အေးမသွားခဲ့ပါဘူး၊ နောက်ဆုံးသိုက်ချုပ်ပွဲ၊ သာသနာ ပွဲတွေ နဲ့ကုန်လာခဲ့တဲ့အချိန်၊ငွေတွေဟာဒီလိုဘာမှန်းမသိနိုင်တော့တဲ့ ရှေးခေတ် အယူအဆ ဟောင်းတွေ မစွန့်လွှတ် နိုင်ကြသေးတာေ ကြာင့် မြန်မာ လူမျိုးေ တွ အဖက်ဖက်က နိမ့်ကျနေတာပါလို့ ပြောရင် လွန်မည် မဟုတ်ဟုထင်ပါသည်။ဒီဒုက္ခတွေကိုသေသေချာချာမြင်အောင်၊လောကဓံ(အမြင်သစ်)အနေနဲ့နားလည်လွယ် အောင်ပြောပြမယ်၊ဥပမာ-မန္တလေးကို တရုတ်ကြီးသွားလဲ အိုက်မယ်၊ ကုလားသွားလဲအိုက်မယ်၊ လူမိုက်သွားလဲအိုက်မယ်၊လူ လိမ္မာ သွားလဲအိုက်မှာဘဲ၊လူမျိုးဘာသာမရွေးအိုက်ကြမှာဘဲ၊အိုက်တဲ့နေရာသွားရင်အိုက်တဲ့သဘောဘဲ၊(အဆိုးလောကဓံ )ဒုက္ခနယ်ဖြတ်ရင်အားလုံးဒုက္ခဘဲ။မတူတာကဆိုက္ကားသမားကဆိုက္ကားဒုက္ခ၊ကားသမားကကားဒုက္ခ၊ပွဲရုံထောင် ထား ရင်ပွဲရုံဒုက္ခဘဲ။ လောကဓံ( အမြင်သစ် )အနေနဲ့ ပြောရရင်ဒုက္ခလို့ပြောတာကအရင်ဘဝက ကံ၊ ဒုက္ခလို့ သိတာက Óဏ်၊ဒုက္ခဆိုတာကိုယ်လုပ်မှ ဖြစ်တာပေါ့။ဘယ်အသက်အရွယ်မှာဘာတွေလုပ်နေလဲ- ဘယ်သူတွေနဲ့နေလဲဆိုတာကိုသိလိုက်တာနဲ့ ဒါတွေတွေ့ ကြုံေ တာ့မယ်လို့ ကြိုပြောနိုင်တဲ့ ပညာပါ။ ဒုက္ခဖြစ်မဖြစ်ကကာယကံရှင်ရဲ့ ကြိုတင်သိထားမှု၊ခံနိုင်ရည်၊ ပြန်လည်တုံ့ပြန်မှုက အဖြေဘဲ။ နဲနဲ တုံ့ပြန်ရင် နဲနဲ ဒုက္ခရောက်မယ်၊ များများတုံ့ပြန်ရင် များများဒုက္ခတွေ့မှာဘဲ မဟုတ် လား။ ပူအိုက်တဲ့ ရာသီမှာ မန္တလေးရောက်ရင် အိုက်မှာဘဲ၊ အေးနေရင် အအေးပတ်လို့ဖြစ်မယ်။ ခဏပေါ့၊ အိုက်တာကအိုက် တာပါဘဲ။ အိုက်တာ ကို လွတ်လမ်းမရှာနဲ့ -သက်သာတဲ့နည်းဘဲရှိတယ်၊ သဘာဝကဖန်တီး ပြီးသားပါ။အိုက်ရင်အင်္ကျီပါးပါး၊ ယပ်တောင်၊ အဲယားကွန်းနဲ့ နေပေါ့၊ ပူအိုက်လို့ ရေသွားမချိုးလိုက်နဲ့သေတတ်တယ်။ ဆိုလိုတာကဒုက္ခ ကိုမှန်တယ်၊မှားတယ်၊မတရားဘူး၊ တရားတယ် ဆိုပြီး ဒေါသ၊ မာနတရားေ တွနဲ့ ရင်ဆိုင်လို့ မရဘူး၊ ဒုက္ခကို Óဏ်နဲ့ရင်ဆိုင်မှရတယ်။ တဖြည်းဖြည်း စဉ်း စားရင်ပေါ်လာမှာပါ။
------ ...............
မှတ်ချက်ပေးပါ

Tuesday, August 23, 2016

---............(((((-----လောကဓံ(အမြင်သစ်)ဟူသည်။-(-၃-)။----)))))

---............(((((-----လောကဓံ(အမြင်သစ်)ဟူသည်။-(-၃-)။----)))))
.................................(မြန်မာလူမျိုးများနှင့် မမြင်ရတဲ့ ဥပဒေ).................................................... ...........................
မြန်မာလူမျိုးတွေ ဘယ်လောက်လွဲမှားစွာ အရိုးစွဲနေလဲဆို တာ နောက်တချက် ကြည့်ရအောင်။ ရန်ကုန်မြို့က အမှိုက်ပုံတော်ေ တ်ာများများမှာ (အမှိုက်မပုံရ၊ ဒဏ်ငွေ ၁၀ဝ၀ဝ/ကျပ်) ဆိုင်းဘုတ် ထောင် ထားလဲ လူလစ်ရင်လစ်သလို အမှိုက်ကိုသွန်တာဘဲ။ ဘာဖြစ်လို့လဲဆိုရင် မြင်နေရတဲ့ ဥပဒေဆိုတော့ သိပ်မကြောက်ကြဘူး။ ကဲ--ဟုတ်ပြီ-ဒါဆိုရင် ညပိုင်းလူခြေတိုက်ချိန်မှာ အဲဒီ အမှိုက်ကို ရေ နဲ့ပက်ဖြန်းသန့်ရှင်းအောင်လုပ်ထားပြီး သစ်သားတိုင်လေးတတိုင်စိုက်၊ အဲဒီထိပ်မှာ နတ်ခေါင်းပေါင်းအဖြူအနီနဲ့ အုန်းဆိုင်းလေးချိတ်ထားလိုက် ပါ။ နောက်နေ့မနက် အမှိုက်သွန်ဘို့ လာတဲ့ အမျိုးသမီး-၁၀-ယောက်မှာ -၈-ယောက်လောက် အဲဒီအမှိုက်ပုံမှာ စွန့်ပြစ်ဖို့ပါလာတဲ့ အမှိုက်ကို အဲဒီအမှိုက်ပုံမှာမစွန့်ဘဲ၊ တခြားနေရာမှာသွားစွန့်ပစ်ကြတာ ကို တွေ့ရပါ လိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင် နတ်လုပ်မှာကြောက်လို့ဘဲ။ သေချာ စဉ်းစား မယ်နော်၊ ဒဏ်ငွေတပ်မထားဘူး၊ ဘာအကြောင်းအရာ ဘာဥပဒေ၊ ဘာပုဒ်မမှ ရေးထားတာမရှိဘူး၊ အဲဒီလောက်တောင် အ ကြောက် တရား များပြီး အတွေးအခေါ်ညံ့နေရင် ဆက်လက်အလိမ်ခံနေကြရဦးမှာဘဲ ။နောက်တစ် ချက်က ဆရာ အညာဘက်ကို ခရီးသွားစဉ်က အညာဘက်က သစ်တော တချို့မှာ ထူးထူးခြား ခြား(တောင်ပိုင်ဘိုးဘိုးကြီးစိတ် ဆိုးနေ သည်၊သစ်၊ဝါးမခုတ်ရ)(ရုက္ခစိုးမင်းစိတ်ဆိုးနေသည် သစ်ဝါးမခုတ်ရ) ဆိုတဲ့ စာတွေရေးထားတာတွေ့လို့ မေးကြည့်တယ်၊ အဲဒီစာတွေ ဘာဖြစ်လို့ ကပ်ထားတာလဲဆိုတော့- လူတွေဟာ သစ်တစ်ပင်ခုတ် (အချုပ်-၆-လ၊ ထောင်-၃-လ)ဆိုတဲ့ ဥပဒေတွေရေးထားလဲ သစ်ဝါးတွေခု တ်နေကြတာဘဲ။ အဲဒါနဲ့ ဘယ်လိုကဘယ်လို အကြံဥာဏ်ရ သွားလဲ မသိဘူး အဲဒီစာလေးတွေလိုက်ကပ်ထားလိုက်တာ တိုက်တိုက်ဆိုင် ဆိုင်- တော်တော်လေး ကို သစ်ပင် ဝါးပင်တွေ ခုတ်တာနဲပါးသွားတယ်တဲ့၊ အဲဒါကြောင့် အဲဒီစာလေးကို ဆက်လက်ပြီး ကပ်ထား လိုက်တာလို့ြေ ပာကြ တာပါဘဲ။ ဪသာ် ဒါကြောင့်လဲ---?
လူတစ်ယောက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အမှုအခင်းတ ခုခု ဖြစ်လို့ ဗေဒင်သွား မေးလိုက်ရင် ဗေဒင်တော်တော်များများက ကွက် တိမှန်နေတာတွေ တွေ့ရလိမ့်မယ်။ ဘာဖြစ်လို့ မှန်နေရတာလဲဆိုတော့ ဒီကိစ္စတွေကို တွက်ချက်ဟောပြောရတဲ့ ပညာတွေဖြစ်နေလို့ဘဲ။ ဒုက္ခတွေ ကိုတော့ ဟောပြောတာ မှန်နေကြပြီ ဘာကြောင့် ဒီဒုက္ခတွေ ဖြစ်ရတာလဲ ဆိုတဲ့ အဖြေလဲ ရှာရော-.........--ဒီပြဿနာတွေ ဖြစ်ရတာ--မင်းတို့လင်မယား (နေ့နံမတဲ့လို့) တနင်္လာနဲ့ သောကြာ- ဓမ္မာသောက-ကိန်းမိနေလို့။ (အိမ်တွင်းမဆွဲလို့)... (ရိုးရာမှားနေလို့) ......(သိုက်ကလိုက်နှောက်ယှက် နေလို့)..... (အိမ်ကလှေဦးတိုက်၊ လှည်းဦးတိုက် ကျနေလို့)...... (အိမ်ရှေ့မှာ သစ်ပင်ကြီးရှိနေလို့)...... (အိမ်ခေါင်းရင်းမှာ ကမူကြီးရှိနေလို့) .......(မင်းတို့အိမ်က - ဘုမ္မိအရပ်မျက်နှာလှဲ့ထားလို့).....
မင်းတို့အိမ်က ခိုက်နေလို့......
မင်းတို့မြေက ခိုက်နေလို့......
မင်းတို့အိမ်က ဘုရားကခိုက်နေလို့........... စသည်စသည်ဖြင့် ရှုဒေါင့်အမျိုးမျိုးက အမြင်အမျိုးမျိုးနဲ့ လမ်းညွှန်ကြတော့တာပါဘဲ။ နေ့နံနှစ်ခု မတဲ့လို့ဆိုတော့ နေ့နံနှစ်ခုပေါင်းနေတာလား၊ လူနှစ်ယောက် ပေါင်းနေ တာလား။ ဒါအကြောင်း ဒါအကျိုး ဒါကြောင့် ဒါဖြစ်လာ ဒါကိုဒီလိုပြော ဒီလိုနေဆိုပြီး လူနှစ်ယောက်နားလည်မှုရအောင် ညှိနှိုင်းပေးပြီး သွန်သင်လမ်းညွှန်ဆုံးမရမှာ မဟုတ်လား။----။---------ခုတော့.....၊......။-
မှတ်ချက်ပေးပါ
မှတ်ချက်များ
Utun Yee
မှတ်ချက်ပေးပါ...

Sunday, August 21, 2016

...(လောကဓံ(အမြင်သစ်)ဟူသည်။-(-၂-)။


....................................(လောကဓံ(အမြင်သစ်)ဟူသည်။-(-၂-)။
...................
.............................လင်မယားရန်ဖြစ်တော့ အုန်းသီးသွားကြည့်တယ်၊ အုန်းသီးခြောက်နေလား၊ြွကက်မြှီးကျွတ် နေလား၊ ဗောင်းတော်ြွကက်ကိုက်သွားလား- စသည်စသည်ဖြင့် လွဲမှားစွာသော အယူအဆပေါင်း များစွာနဲ့ ဆုံးဖြတ်ကြပြန်ရော- လင်မယားရန်ဖြစ်တာက ဘောလုံး ပွဲလောင်းလို့ -နှစ်လုံးထီထိုးလို့ မူးပြီးရမ်းလို့ - မယားငယ်နေလို့ ဖြစ်ကြတာ အုန်းသီးနဲ့ ဘယ်လိုပတ် သက်နေ လဲ--? အဲဒီလို လူတွေရဲ့ လွဲမှားတဲ့ အယူအဆ အဟောင်းတွေကို ခေတ်နဲ့အ ညီ ပြုပြင်ပြောင်း လဲမ ပေးဘဲဆက်လက်မှိုင်း တိုက်ပြီးလိမ်ညာစားသောက်နေကြတဲ့လမ်းညွှန်နေတဲ့သူတွေကြောင့် လူတွေဟာ မွဲပြီးရင်းမွဲရင်းဖြစ်နေကြတာကို တွေးမိရင် ရင်နာစရာပါ။ သူတို့တွေသေသေချာချာ မတွေးလို့ပါ၊ကြုံတုံးဆုံတုံး ခေတ်-သုံး-ခေတ် အကြောင်း ပြောလိုက်အုံးမယ်၊ ခေတ်-၃-ခေတ်ရှိ တယ်၊ ဗုဒ္ဓခေတ်၊ ဝိဇ္ဇာခေတ်၊ သိပ္ပံခေတ်ရယ်လို့ ခေတ်-၃-ခေတ်ဆိုပြီး ရှိလေရဲ့၊ အဲဒီမှာ ကာလ အားဖြင့် -၅ကြိမ်မှာ
ပထမ((      ဥုံဖွခေတ်ကာလ    ))- ဥုံဖွခေတ်ဆိုတာ က ရောဂါတခုဖြစ်လာ လို့ အဲဒီခေတ်က ဆရာကိုသွားပြရင်--ဘာရောဂါဖြစ်ဖြစ် ခေါင်းလေးကိုကိုင်ပြီးပါးစပ်က- ဥုံဖွ--ဆိုတာနဲ့ အဲဒီ ရောဂါဟာ ချက်ခြင်းပျောက်သွားတော့တာပါဘဲ အဲဒီလိုကုသပျောက်ကင်းခဲ့တဲ့ခေတ်ကို (ဥုံဖွ)ခေတ် လို့ခေါ်တယ်။
((-ရေမန်းခေတ် )) -ရေမန်းခေတ်ဆိုတာက နောက်တကြိမ် ခေါင်းကိုက်လို့ အဲဒီဆရာဆီ သွားပြပြန်ရော ဆရာလုပ်သူက မင်းရောက်လာပြန်ပြီလား -ဆိုပြီး ခေါင်းကိုင်ပြီး- ဥုံဖွ--အကြိမ် ကြိမ်ဆိုပေမဲ့ ခေါင်းကိုက်က မသက်သာဘူး ပိုဆိုးလာတယ်။ အဲဒီတော့မှ ကဲ ဒါဆို ရေတစ်ခွက် သွားခပ်ကွာ ဆိုပြီးရေကိုမန်းပြီးခေါင်းကိုရေနဲ့တောက် လိုက် တာ ခေါင်းကိုက်ချက်ခြင်းပျောက် သွားတယ်၊ အဲဒီခေတ်ကို    (ရေမန်း)ခေတ်လို့ခေါ်တယ်။
နောက်တစ်ခေတ်က(( သစ်ဥသစ်ဖုတွေ ))ထုထောင်းတိုက်တဲ့ခေတ် ဆိုတာက နောက် တစ်ကြိမ် ခေါင်း ကိုက်လို့ အဲဒီဆရာဆီ သွားပြပြ န်ရော ဆရာလုပ်သူက မင်းရောက်လာပြန်ပ လား- ကဲ-ကဲ၊အရင်အခေါက်က လိုရေတစ်ခွက်သွားခပ်ကွာ-ဆိုပြီးခပ်လာတဲ့ရေကိုမန်းပြီးရေနဲ့ တောက်ပေ မယ့် ရောဂါက မသက်သာဘူးဖြစ်နေတယ်၊ ရောဂါကပိုတိုးလာတယ်။ အဲဒီတော့မှ ဆရာ က ဟိုး ငါ့အိမ်ခြံထောင့်မှာ စိုက်ထားတဲ့ ဆေးပင်ေ တွ့တယ်မဟုတ်လား၊ ပဉ္စငါးပါးပါအောင် နှုတ်လာခဲ့၊ နှုတ် ရတာလွယ်ပါ တယ်ဆိုတော့- အဲဒီဆေးပင်နှုတ်ပြီး ဆရာ့ကိုပေးလိုက်တော့ ဆရာက အဲဒီဆေးပင်ကို ထုထောင်းလိုက်တာ ခေါင်းကိုက်ရောဂါဟာ တခါ ထဲ ပျောက်ခြင်းမလှ ပျောက်သွားပြန်တယ်။ အဲဒီခေတ်ကို (((-----သစ်ဥသစ်ဖုထုထောင်းတိုက်တဲ့--))))ခေတ်လို့ခေါ်တယ်။
နောက်တစ်ကြိမ်သွားပြတော့ ဆရာ့ထုံးစံအတိုင်းဆေးပင်ကို ထုထောင်းတိုက်ပေမဲ့ ရောဂါက မသက်သာဘူး ပိုကိုက်လာတယ်ဒီတော့ -ပြောင်းလဲမှုဆိုတဲ့သဘာဝတရားကြီးကြောင့်-((-ဆေးထိုးအပ်-))ဆို တာပေါ်လာရတယ်၊ တင်ပါးဆိုတဲ့အသားထဲကိုသံချွန်နဲ့ထိုးမှရောဂါ က ပျောက်တော့တယ်။ နောက်တစ်ကြိမ်ခေါင်းကိုက်လို့ သွားပြေ တာ့ ဆေးထိုးအပ်နဲ့ မရတော့ ဘူးဖြစ်နေတယ်။
(( ဓါးနဲ့ ခွဲစိပ် ))ချုပ်ရိုးတွေနဲ့ဆွဲချုပ်စတီးရိုးတွေထိုးထည့် မှရော ဂါ ပျောက်တော့တယ်။
ခုခေတ်အနေနဲ့ ရောဂါသွားပြလို့ကတော့ အဲဒီနည်းေ တွနဲ့ ပျောက်ဘို့မလွယ်တော့ဘူး၊ လူနာကို တွင်းတူးမြေကြီး ထဲထည့် မြေမြှုပ်ပြီး ပိုးသတ်ဆေးပါဖြန်းမှ ရတော့မယ်။ ရောဂါက မပျောက်နိုင်တော့ဘူး၊ (ဒါမှမဟုတ်) ရောဂါဖြစ်နေတဲ့လူနာကို ကမ်းပါးခပ်မြင့်မြင့်ပေါ်တင် အောက်ကနေ အမြှောက်နဲ့ထုမှရမယ်၊............ (( ...လူပျောက်မှ ရောဂါပါပျောက်မယ့်ခေတ်ဖြစ်နေပြီ ... ))။
အဲဒီလိုပြောင်းလဲလာပြီဖြစ်တဲ့ ခေတ်ကာလကြီးထဲမှာ(( ..ဥုံဖွ..) )နောက်လိုက်နေလို့ကတော့။--?
........................................။

Friday, August 19, 2016

...(...........လောကဓံ(အမြင်သစ်)ဟူသည်။......


.............................................................(...........လောကဓံ(အမြင်သစ်)ဟူသည်။.............)..................... .............................. ..................
လက်ရှိယနေ့ခေတ်။ မြန်မာပြည်မှာ လူတော်တော်များများဟာ မိမိနေထိုင်ရာ အရပ်ဒေသ၏ ဓလေ့ထုံးတမ်းပေါ် အမှီပြုပြီး အိမ်တွင်းအုန်း၊ ရိုးရာ။ သိုက်ဆက်၊ ပဋ္ဌာန်းဆက်၊ သာသနာပွဲ စသည်ဖြင့် မိမိတို့အိမ်ပေါ် မှာ တဆောင်တယောင် တခမ်းတနားပြုလုပ်ထားကြ ကုန်၏။ ဗေဒင် လာေ မးသူ-၁၀ဦးမှာ-၈ဦး-၉ဦးလောက်ကတော့ အဲဒီ-၅-မျိုးထဲမှာ တစ်မျိုးမဟုတ် တစ်မျိုးတော့ ငြိနေကြသေးတာဘဲ၊ ဆရာကမေးမိတယ်- အဲဒီ-၅-မျိုးသော လုပ်ရပ်ေ တွဟာ မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဝါဒမှာပါလို့လား-?၊ ဒါမှမဟုတ် လက်ရှိရပ်တည်နေတဲ့ ခေတ်ကာလအရ သိပ္ပံနည်းကျ လိုအ ပ်နေလို့လား၊ ဆိုတော့ ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဗုဒ္ဓဝါဒမှာလဲမပါ၊ ရပ်တည် နေတဲ့ ခေတ်အရလည်း လိုအပ်သည်ဟူ၍ပြဋ္ဌာန်းချက်မရှိ၊ ဘာဖြစ်လို့ ဆက်လက်လုပ်ဆောင် နေကြသလဲဆိုတော့လဲ အဖြေက အမျိုးမျိုးပါဘဲ ဘာမှရေရေရာရာမရှိ ဖြစ်နေတယ်။ ဆိုလိုတာက မိမိတို့ ယုံကြည်လက်ခံထားတာက လမ်းညွှန်ခြင်းဆိုတဲ့ ဗုဒ္ဓဝါဒ၊ ရပ်တည်ေ နထိုင်ရတာက လက်တွေ့ဝါဒဖြစ်တဲ့ သိပ္ပံခေတ်၊ သူတို့တွေမျှော် လင့်နေကြတာက အလကားချောင်ရမလားဆိုတဲ့ စိတ်နဲ့(ကယ်မခြင်း ဝါဒ)ဆိုတဲ့ ဝိဇ္ဇာလမ်းစဉ်ဖြစ်နေတော့ မွဲနေကြတာနဲ့တောင် နဲသေးတယ် ဆိုရ မှာဘဲ။ ယနေ့ လူများစုဟာ - ဘဝတစ်ခုတည်ဆောက်ရာမှာ အနာတခြား ဆေးတခြား ဖြစ်နေတယ်။ ဘာနဲ့တူနေလဲဆိုတော့ ခလုပ် တိုက်လို့ ခြေမကွဲတာ ကွဲသွားတဲ့ ခြေမ ဆေးမထည့်ဘဲ ဘာမှမဆိုင်တဲ့ မျက်လုံးဆေးသွားထည့်သလို အနာအခြားဆေးတခြားဖြစ်နေ ကြတယ်။
တွေးကြည့်လေ့ကမ္ဘာပေါ်မှာ အုန်းသီးကြောက်တာ ဗမာလူမျိုးဘဲရှိ တယ်၊ အုန်းပင်ပေါ်က အုန်းသီးမကြောက်ဘူး၊ဈေးဆိုင်ပေါ်က အုန်းသီးလ ည်း မကြောက်သေးဘူး။ အဲအုန်းသီးလေးဈေး ကဝယ်လို့(သို့မဟုတ်) အုန်းပင်ပေါ်ကခူးပြီး ကိုယ့်အိမ်ရောက်လာလို့အုန်းသီး လေးရေ ဆေး နံ့သာဖြူလေးပက်ဖြန်းပြီးအိမ်ခေါင်းရင်းပိုင်း ဒေါင့်တနေရာမှာအုန်းသီးလေး ချိတ်ဆွဲပြီး ရင်အဲဒီအုန်းသီးလေးကိုကြောက်သွားရော။ဒီတော့ ဆရာကမေး တယ်မနက်ကကိုယ်ဝယ်လာ တဲ့အုန်းသီးအခုဘာဖြစ်လို့ကြောက် သွားရ တာလဲ အုန်းသီးထဲမှာ(ဗုံး)ပါလာလို့လား ဆိုတော့---?
စဉ်းစားရမှာက အုန်းသီးဆွဲတဲ့အယူအဆကို ဘယ်ခေတ် ဘယ်ကာ လဘယ်လူမျိုးစုတွေ ဆွဲခဲ့ကြတာလဲ အဲဒီလူမျိုးစုတွေထဲမှာ မိမိတို့ မိသားစု ပါနေလား၊ ပါနေရင်အုန်းသီးဆက်ဆွဲရင် ဘာဖြစ်မလဲ/မဆွဲရင်ကော ဘာဖြစ် မလဲ။ နောက်တစ်ချက်က အုန်းသီးထဲမှာ ဘယ်သူတွေ နေကြ သလဲ၊ ဘယ်နှစ်ယောက်နေပြီး၊ ဘယ်လိုနေကြသလဲ--? အိမ်-၁၀-အိမ်မှာ တစ်အိမ် လောက်တော့ အုန်းသီးဆွဲထားကြတာဘဲ၊ အဲဒီလောက်အိမ်တွေ များနေတော့ ကိုယ့်အိမ်က အုန်းသီးဆီ နတ်က----ဘယ်နေ့တွေမှာ ဘယ် လို လာနေမှာလဲ။ နေကောနေကြသေးရဲ့လား၊ ပြီးတော့နောက်တစ်ချက် က အုန်းသီးထဲမှာနေတယ်ဆိုတဲ့ မနှဲလေး ခုထိအပျိုမဖြစ်သေးဘူးလား၊ သူ့ဦးလေးအရင်းခေါက်ခေါက် ပန်းပဲမောင်တင့်တယ်ကနေ နှစ်တွေကြာ လာတော့ အသက်ကြီးပြီး အိမ်တွင်းအဖေကြီး ဖြစ်နေပြီ တူမအရင်းခေါက်ေ ခါက် မနှဲလေးက ဘာဖြစ်လို့ အသက်ကြီးပြီး အပျိုမဖြစ်သေးတာလဲ ဆိုတာ နဲနဲလောက်တော့ စဉ်းစားသင့်ပါတယ်။ -- ။-...................................... .... .........
။((( ယနေ့ ဗုဒ္ဓဘာသာအမည်ခံ( တချို့ )သည်။ အရက်သ မားေ လာင်းကစားနှင့် ကြာကူလီ နတ်များကို ယုံကြည် ကိုယ်းကွယ်-အားကိုး နေကြလေ၏။-----((((( -မှားလေစွ-))))။
..................
ဗေဒင်ဆရာဆိုသူ( တချို့ကလည်း )ဗုဒ္ဓဘာသာမှသွေဖီစေသော အတွေးအခေါ်-အယူအဆ မှားများကိုပြုပြင်မပေးဘဲ-----မှားယွင်းသော လုပ်ရပ်များ ဖြင့်- ထိုထိုသောလူများကြားသို့- မြောက်ထိုး ပင့်ကော် လုပ်ပြီး မရှက်မကြောက်-ဝင်ရောက် လုပ်ကိုင်-စားသောက်နေကြ၏-။
((((( ဝမ်းနည်းဖွယ်ကောင်းလေစွ )))--


....(((------လောကဓံ(အမြင်သစ်)ဟူသည်။.(၁)။-------)))...................... ...... ...........

Tuesday, August 9, 2016

....(--မေးနေကြပြန်ပြီဆရာ--)

................................(--မေးနေကြပြန်ပြီဆရာ--)
................
ကျွန်ုပ်၏-ဘဝနေနည်းများကို ဟောပြောလမ်းညွှန်ရာ-ရန်ကင်းမြို့ နယ်၊ မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ)။ ( ဓါတုနိယာမနှင့်မဟာ ဘုတ် နဝင်းစီး )ဓါတ်ခန်းအတွင်း၌ ဆရာတပည့်နှစ်ယောက်ထဲရှိနေစဉ်-တပည့်ဖြစ်သူမောင်ရာဇာ မှ---
]] ဆရာ ဆရာကဗေဒင်လာမေးတဲ့သူတွေကို ရတနာ-သုံး-ပါးမှတပါး ဘာမှမကိုးကွယ်သင့်ကြောင်းပြောဟောနေပေမဲ့ ဆရာ့ဘုရား ခန်းထဲက-ဘိုးတော်-ရုတ်ထုကြီးနှစ်ခုကို ခန့်ခန့်ညားညားနဲ့ထားထားတာတွေ့ လို့မေးတဲ့သူတွေကဆရာ့ကို အားနာလို့မမေးပေမဲ့ ကျနော့်ကို မေးေ နကြပြန်ပြီ ဆရာ။}}ဟုရုတ်တရက်မေပါလေတော့သည်။
( ဘာတွေများမေးနေလို့လည်းမောင်ရင် )
]] မောင်ရင်တို့ဆရာက သူများတွေကို ရတနာသုံးပါကလွဲရင် သာဘာမကိုး ကွယ်နဲ့ ညာမကိုးကွယ်နဲ့ပြောနေတာ-သူ့ဓါတ်ခန်းထဲမှာကတော့ ဘိုး ဘိုးေ အာင်နဲ့ ဘိုးမင်းခေါင် ပုံကြီးတွေ ဟီးနေတာဘဲ။အဲဒါလေးတ ချက်ေ လာက်တော့ မောင်ရင့်ဆရာကို ဘဝင်မကျဖြစ်တယ်ကွ }လို့ပြောကြေ မးကြ တယ်ဆရာ}}
( အေးကွ သူတို့မေးလည်းမေးစရာဘဲ ငါကလည်း အဲဒါမေးပါေ စတော့ ရယ်လို့ တမင်မြင်အောင်ထား ထားတာကွ မောင်ရင်ပြော သလို အားနာပြီးမမေးကြတာနဲ့သူပါတယ်။ )။
]] နောက်တခါမေးရင်ကျနော် ဘယ်လိုပြန် ပြောပြလိုက်ရမလည်းဆရာ }}
( မောင်ရင်တို့ကို ငါပြောထားသလိုဘဲပြောပြလိုက်ပေါ့ကွ။ကွေ့ ဝိုက်ပြောနေစရာမလိုပါဘူး။ )
]] ဘယ်လိုပြောရမှာလည်းဆရာ လိုအပ်တာလေးတွေမပါ သွား အောင် ထပ်ပြေပါဦးဆရာ နှစ်ထပ်ရှိတော့မှတ်မိတာပေါ့ဆိုသလိုပေါ့။}}
( ဪသာ် ထွေထွေထူးထူး မဟုတ်ကြောင်းဆရာ အရင်(ဝိဇ္ဇာ) လမ်းစဉ်လိုက်စဉ်က-ပုံတွေ သေသေသပ်သပ်လေးဖြစ်လို့ နှမြောလို့ထား ထားတာရယ်။ခုလိုဗေဒင်မေးတဲ့သူတွေမေးအောင်လို့တမင်ထားတာဖြစ်ကြောင်း ပြောပြလိုက်ပေါ့ကွ )။
]] တမင်ဘာဖြစ်လို့ထားတာလည်းဆိုတာက ထပ်လာဦမယ်ဆရာ တခါထ ည်းပြောခဲ့ပါဦးဆရာ }}
( တချို့ဗေဒင်မေးသူတွေက ဆရာ့အနေနဲ့ အယူအဆမတူလို့ အိမ်တွင်းတွေရိုးရာတွေ-သိုက်ဆက် ပဌာန်းဆက်တွေ အဘ-ဘိုးတော် မယ်တော်တွေ ကို တဖက်စောင်းနင်းပြောနေတာထင်တာတွေကြောင့် ဆရာကိုယ်တိုင် ဝိဇ္ဇာလမ်းစဉ်ကို(၁၀)နှစ်လောက် လေ့လာလိုက်တာ ထင်သလိုဖြစ်မလာတာရယ်။ခေတ်နဲ့ သိပ်မကိုက်ညီတာတွေကြောင့် ဆက်မလေ့လာ တာဖြစ်တဲ့အကြောင်းသိအောင်လို့ပါ။ )။
]] နောက်တခုက ဆရာဆီဗေဒင်လာမေးတဲ့သူတွေကိုတခါမှ ဂါထာမန္တာ န်တွေ-ပုတီး-တွေ။အဓိဌာန်တွေ။အကြောင်းဘာဖြစ်လို့ လမ်းမညွှန် တာ လည်း။ဘာဖြစ်လို့ အကြံဥာဏ်မပေးတာလည်း။ဆိုတာလည်း မေးကြပြန်တယ်ဆရာ }}
( ဒါကလည်း ရှင်းပါတယ်။ငါက ဘဝနေနည်းလမ်းညွှန်တာလေ။ သူတို့(ကံ)ကိုဖေါ်ပြတယ်။ရယူဖြတ်သန်းနိုင်ဖို့ အကြံ(-ဥာဏ်-)ပေး တယ် ကွာ။အဲဒီတော့ သူတို့ပြောတာတွေနဲ့ ငါ့ပညာနဲ့ မဆိုင်ပြန်ဘူးလေ။ )။
]] ဆရာရယ် ဒါတွေက ဘဝကြီးပွားချမ်းသာဖို့ နည်းလမ်းတွေမဟုတ် လားဆရာ }}
( ဘယ်ကလာဟုတ်ရမှာလည်း မောင်ရင်ရဲ့ ဒါကမိမိယုံကြည်ရာဘာသာရဲ့ ကောင်းတဲ့အလေ့အထတခုပါ။ဒါပေမဲ့ ကြီးပွားချမ်းသာ စေတဲ့အရာသာဆိုရင်မောင်ရင်တို့တတွေအားလုံးချမ်းသာကုန်မှာပေါ့။ ခရယဇ်ယန်/မွစ္စလင်တွေလည်း ချမ်းနေတာဘဲ။ ဒါကြောင့်ဘာသာ သည်။ဘဝတခုရဲ့ အထောက်အပံ့မျှဘဲဖြစ်လိမ့်မယ်။တို့ ဗုဒ္ဓဘာသာရဲ့ အားသာချက်က-ထူးခြားတဲ့ နူးညံ့သိပ်မွေ့ခြင်းနဲ့ အရာရာ ကိုအကြောင်း အကျိုးနဲ့မလွတ်ကြောင်းကိုလမ်းညွှန်ပြနိုင်တာဘဲ )။
]] နောက်တခုက ဆရာ ထုတ်ဝေပြီးခဲ့တဲ့ စာအုပ်တွေရယ် ခုရေးနေ တဲ့ ဆောင်းပါးတွေမှာလည်း ဘဝကိုဘာသာရေးနဲ့ဆက်စပ်တာတွေ ဂါထာမန္တာန်တွေ+ ပုတီးတွေ+ပရိတ်+ပဌာန်း+အကြောင်းတွေရေး တာမတွေ့တာကိုလည်းမေးကြတာဘဲဆရာ }}
( ဒါကလည်း ရှင်းပါတယ်။ငါကဘာကိုမှအားမကိုးဘူး။မိမိဘာသာရဲ့ ဆိုဆုံးမမှု( ကံ )ကိုယုံတယ်။အထိုက်အလျောက် ( ဥာဏ် ) လေးရှိတယ် ။ဒါကြောင့် ဗေဒင်လာမေးသူတွေကိုလည်း မိမိဘဝမှာတွေ့ရမဲ့(-ကံ- )ကြို တင် သိမြင်ပြီးဘဝတသက်တာရင်ဆိုင်ဖြတ်သန်း ဖို့လမ်းညွှန် တာ ဆိုေ တာ့ သူတို့တွေလည်းငါလိုဘဲ အတတ်နိုင်ဆုံး ဥပါဒ်ဒါန်ကင်းအောင်ပြောေ နရတာပေါ့။)။
]] ဆရာပြောတာတွေ သူတို့တွေ သူသစ်တွေ ဆိုတော့-တခါရောက်ပြီး စနားထောင်ရုံနဲ့ နားလည်ပါ့မလားဆရာ }}
( ဒါကတော့ သူတို့အပေါ်မူတည်တာပေါ့။ဆရာခေါင်းစဉ်တတ် ထား သလိုပေါ့ကွာ။(((-အတိတ်ကံနီးရင်သူတို့တွေ ကြံဖန်ပြီးရောက်လာ ကြပါ လိမ့်မယ်။ အေးယခုဘဝဥာဏ်မကြီးရင်တော့လည်း ပါသွားမှာမဟုတ်ဘူး )))ဒါက -သူတို့အကြောင်းဘဲလေ။သိအောင်ပြောပြရမှာက ကိုယ့်အကြော င်း လေ။ )။
]] နောက်ဆုံးအနေနဲ့ ဆရာ့ပညာအကြောင်း လူတွေနားလည်အောင် ဘာတွေပြောခြင်သေးလည်းဆရာ }}
( ဆရာပြောခြင်တာကတော့ ဆရာ့အတွေ့အကြုံအရ လူမျိုးမရွေး+ဘာသာမရွေး+လူတန်းစားမရွေး+မိမိတို့ လူမှုရေး+ စီးပွားေ ရး+ ကျန်းမာရေး+အိမ်ထောင်ရေး အောင်မြင်မဲ့အချိန်ဆိုတာ ရှိတယ် ။ဒါကိုသိအောင်လုပ်-ရအောင်ယူနိုင်ဖို့ နဲ့ ဒါတွေဟာပြိုကွဲပျက်စီးမဲ့အချိန် ဆိုတာရှိတယ်။ကြိုသိထားပြီးလွတ်ကင်းသက်သာအောင်ဖြတ်သန်းတဲ့နည်းကအရေးအကြီးဆုံး မဟုတ်ဘူးလား။ဆရာတွေ့ထား တဲ့ လောကဓံ( အမြင်သစ်) မူအရပြောရရင် ဖြစ်ခြင်း/ပျက်ခြင်းဆိုတဲ့ အကောင်းလောကဓံ နဲ့-အဆိုးလောကဓံကို မတွေ့ခြင်လို့မရဘူး။ဘာသာပြောင်း လည်း တွေ့ ရမှာဖြစ်သလို နိုင်ငံပြောင်းလည်း တွေ့ရမှာဘဲ။တွေ့ရုံတွေ့မှာနော ။ ကောင်းတာရောဆိုးတာရော ကိုယ်လုပ်မှဖြစ် မှာပါ။ ဒါကြောင့် ဆရာ့ အနေနဲ့ နှစ်ပေါင်း(၁၀ဝ)ကျော်ကဘုရင်လက်ထက်က ပေပရပိုဒ်တွေ ကျောက်စာတွေ ဇာတာတွေနဲ့ နှစ်ပေါင်း(၂၀ဝ၀) ကျော် ဘုရားလက်ထက် ကေ ပ ပရပိုဒ်တွေ ကျောက်စာတွေ ဇာတာတွေ အကြောင်းတွေမ ပြော/မဟော ဘူး။စာအုပ်+ကျမ်း အကိုးအကားတွေနဲ့ ညှိနှိုင်းငြင်းခုန်နေတာမဟုတ်ဘဲ ဒီနေ့ ခေတ်ထဲက လူတွေအကြောင်းကိုလက်တွေ့ နှိုင်းယှဉ်ပြောပြတာဖြစ် တဲ့အတွက်-ဆရာ့စာ အုပ်တွေ ဆောင်းပါးတွေ ဖတ်လို့ နားမလည်နိုင်သူေ တွ/ မယုံကြည်သူတွေကို လူမျိုးမရွေး ဘာသာမရွေး ကြိုဆိုလျက်ရှိပါကြော င်းပြောရင်း။-----။
..................
ငါသိသလိုသိကြပါစေဟုငါ၏မှာဖြစ်၏ဤမှန်သောသစ္စာစကားကြောင့် -
လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)
မှတ်ချက်ပေးပါ

Thursday, August 4, 2016

....(.. ကျွန်ုပ်ထံသို့ရောက်ရှိလာသော အဆောင်များအကြောင်း (-၂..)။..

.................(.. ကျွန်ုပ်ထံသို့ရောက်ရှိလာသော အဆောင်များအကြောင်း (-၂..)။..

မနေ့တနေ့.ကပါ...(ဆရာ ပြီးခဲ့တဲ့အပါတ်က ရေးခဲ့တဲ့ ကျွန်ုပ်ထံသို့ ရောက်ရှိလာသော အဆောင်များအကြောင်း ဆက်ရေးမယ် ဆို တာ ရေးပြီးပြီ လား ဆရာ)က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့ နယ်၊ မိုးကောင်းဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမ နှင့်မဟာ ဘုတ်န ဝင်းစီး ) ဓါတ်ခန်းအတွင်း သို့ စောစောစီးစီးရောက်လာေ သာ မော င်သိန်းဌေးမှ လှမ်းမေးလိုက်ခြင်းဖြစ်သည်။
..........အေး အဲဒီ အဆောင်တွေအကြောင်း ဆောင်းပါးရေးမလို့ အချက်အလက်တွေ ရှာနေတာ ခုတော့ အဆင်ပြေ သွားပါပြီ.....
( ဒါဆိုလည်း ထုံးစံအတိုင်း ဘာတွေရေးထားလည်းဆိုတာကျနော့ ကိုကြို ပြော ပါဦး ဆရာရယ်)
..... ခေါင်းစဉ်က ကျွန်ုပ်ထံ ရောက်ရှိလာ သော အဆောင်များ အမှတ်(၂) လို့ ပေးထား တယ်ကွ.....
( ဒီတခါလည်း ဒီဝါးအဆစ် တွေကိုဖေါက်ထွက်နေတဲ့ ဝါး အကြောင်းဘဲ လား ဆရာ)
............ဟုတ်တယ်မောင်ရင်-ဒါပေမဲ့ မဟုတ်ပြန်ဘူး.....
( ဆရာကလည်း ဟုတ်တယ် မဟုတ်ဘူးနဲ့ နားရှုတ်အောင်လုပ်နေပြန်ပါပြီ။ ဟုတ်ရင်လည်း ဟုတ်တယ်။ မဟုတ်ရင်လည်းမဟုတ်ဘူးပေါ့)
.....ဟုတ်တယ်ဆိုတာက ဒီဝါးအဆစ် တွေကိုဖေါက်ထွက်နေတဲ့ ဝါးတန်းေ လး အကြောင်း ဟုတ်ပေမဲ့ သူကနဂိုကထဲက နဂါးရုပ်(နဂါးပုံ) ဖေါ်ထားသ လိုမျိုးပါလာ တာကြောင့် အရင်လိုမဟုတ်ဘူးလို့ပြောတာပါ။....
( ဆရာကတော့ပြောလိုက်ရင် ဒီအတိုင်းဘဲ ခေါင်းစားအောင် အမြဲလုပ်တယ်)
.....ဒီနဂါးပုံ ဝါးလေးတွေက ဆရာဆီရောက်လာတာက(၇) ပုံလောက်ရှိ တယ်။ ပုံစံတွေတော့မတူကြဘူး။မောင်ရင်မြင်တဲ့အတိုင်းဘဲကြည့်လေ. အဆစ်ကိုဖေါက် ထွက်နေတဲ့အပြင် နဂါးပုံပါ ပါလာတာ ။ရောက်စ က ဖြူေ ဖွးပြီး အစိုလေးတွေ ကြာတော့ဝါးသဘာဝအတိုင်းတဖြေြးေ ဖး ခြောက် လာတာ ပုံတော့ပြောင်းမသွာဘူး.....
( ဒါတွေအယုံအကြည်မရှိတဲ့ ဆရာ့ဆီကိုမှဆိုက်ဆိုက်မြိုက်မြိုက်ေ ရာက် လာတာ ထူးဆန်းမနေဘူးလားဆရာ ဘယ်ကနေ ဘယ်လိုရောက်လာ တာလည်းဆရာ)
.....မောင်ရင် နဲ့ တွေ့ရင်တွေ့ဘူးလိမ့်မယ်.လွန်ခဲ့တဲ့(၉)နှစ်လောက်က ဆရာ့ဆီရောက်လာတဲ့ ဆရာ့တပည့်ရှမ်းမလေ-သူကိုယ်တိုင်ဗေဒင်ဟော သလို ယတြာလည်းပေးတယ်။သူ့ ယတြာကတော့နဲနဲကြမ်းတယ် ဆိုရ မယ်။လမ်းဆုံလမ်းခွ(လမ်းလေးခွဆုံ)တွေမှာကြက်လယ်လှီးပြီးသွေြးွေကးတဲ့ ယတြာကိုသုံးတဲ့ ရှမ်းပညာ လို့ပြောတာဘဲ.....
( ဒီဝါးနဲ့ န၈ါးပုံတွေ သူကဘယ်ကနေ ဘယ်လိုရလာတာလည်းဆရာ ဆရာကိုပြောပြလား)
.....ပြောပြပါတယ် သူတို့ မိသားစု အဲဒီအချိန်က ရွှေကျင် မဒေါက်ဘက် မှာ ရွှေတူးကြတယ်။ရွှေတူးဖို့ဝယ်ထားတဲ့ မြေကွက်ထဲက ဝါးပင်တွေ ရှင်းလင်း ခုတ်ထွင်တဲ့ အချိန်မှာ အဲဒီ ဝါးတွေထဲကရတာသူကေ တာ့နဲနဲရှား တယ်၊ ဒီတပင် ဘဲပါလာတာလို့ပြောတယ်.....
(နှစ်တွေဒီလောက်ကြာနေမှတော့ လူနဲ့နာမည်တော့တွဲပြီး မမှတ်မိပေမဲ့ လူမြင်ရင်တော့သိနိုင်ပါတယ် ဆရာ)
.....အဲဒီ ဝါးနဂါးပုံတွေနဲ့ တွဲရက်တွေ့နေရတာ ရှမ်းမပုံပေါ့.......
(သူက သူကိုယ်တိုင် အသုံးမပြုဘဲ ဘာဖြစ်လို့ ဆရာ့ဆီယူလာပြီးထား ထားတာလည်းဆရာ)
......အဲဒီအချိန်က ဆရာ့ကို ဒီလိုအကြောင်းအရာတွေ ဝါသနာပါတဲ့ ဆရာထင်ပြီး အားရဝမ်းသာ သူနဲ့ ထိုက်မထိုက် အကျိုးပေး မပေး ဘယ်လိုအသုံးပြု ရမလည်း လာပြောရင်း ယူလာတာပါ...
( တခြားဆရာတွေ ဆီမသွားမပြ ဘူးတဲ့လားဆရာ)
.....တခြားဆရာတွေဆီမသွားဖြစ်သေးပါဘူး။(နဂါး.....)ဆရာတော်ဆီရောက်တော့ ဆရာတော်က ဘာမှမမေးဘဲ ]] ညည်းဆီရောက်နေတဲ့ နဂါးတွေ ဘုန်းကြီးကိုလှူမ လား လို့ }}တန်းပြောတော့ သူလည်းတော်တော်လေး အံ့ဩသွားတယ်ပြောတယ်....
( သူကဘာပြန်ပြောလိုက်တယ်တဲ့လည်းဆရာ သူ့နဂါးပုံတွေ လှူလိုက်လား)
.....သူကလည်းရှမ်းမဆိုတော့ စကားပြောကလည်းပြတ်တယ်ကွ တပည့်တော်မနဲ့ ထိုက်လို့ တပည့်တော်မဆီရောက်လာတာ မလှူနို င်ဘူးဘုရားလို့ ပြန်လျှောက် လိုက်တယ်။တဲ့......
( တော်တော် သတ္တိရှိတဲ့ ရှမ်းမဘဲနော်)
.....အလှူခံလို့မရမှန်းသိသွားတော့ ဒါဆိုရင် ညည်းဆီက နဂါးတကောင်နဲ့ ငါ့ဆီက နဂါးဥ တခုခြင်းလဲမလားလို့ ဆရာတော်က ထပ်ပြောတယ်..
( ဆရာတော်ပြောတဲ့ နဂါးဥနဲ့ သူ့ ဝါးနဂါးပုံ လဲဖြစ်လိုက်လားဆရာ)
......ဆရာတော့်နဂါးဥနဲ့ သူ့ ဝါးနဂါးပုံ မလဲဖြစ်လို့ ခုလိုမောင်ရင်မြင်ရတာပေါ့။......
( ဘာဖြစ်လို့မလဲ ဖြစ်တာလည်းမသိဘူးဆရာ တကယ့်နာမည်ကြီး ဆရာတော်ကြီးဘဲ သူ့အတွက် အကျိုး ထူးနိုင်တာဘဲ )
......သူ့စိတ်ထဲမှာ တမျိုးကြီးဖြစ်နေတာနဲ့ မလဲ ခဲ့တာ လို့ပြောတာဘဲ......
( သူ့ စိတ်ထဲမှာ ဘယ်လို တမျိုးကြီးဖြစ်နေတာတဲ့ လည်းဆရာ သူနဲ့ ထိုက်လို့ သူ့ဆီရောက်လာတာ ပစ္စည်းလာပေးတဲ့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာက မကျေမနပ်ဖြစ် မှာစိုး ရိမ်လို့များလား မသိဘူး ဆရာ)
.....သူ က လည်း ဆရာတပိုင်း အဲဒီလိုင်းဆိုတော့ ဒါတွေယုံကြတယ်လေ ။ဆရာ့ကို လည်း သူတို့လိုမျိုး လိုင်းထင်ပြီးအကြံဥာဏ်တောင်းဖို့ အာရုံများနေတာ. ဒါကြောင့် လည်း ဆရာ့ကိုလာပေးတာပေါ့။.....
( ကျနော်က ဆရာအရင်ကဒီလိုင်းမှာနေခဲ့ ဘူးတော့ ဆရာ့ဆီလည်းေ ရာက်ချိန် တန်လို့ ပဌာန်းဆက်တွေက များပို့လိုက်တာလားလို့ပါ)
.....ဝါသနာပါတဲ့လူဆိုရင်တော့ ဒီလိုဘဲယူဆမှာဘဲလေ။ ကိုယ့်တ ပည့်ဖြစ်တဲ့ ရှမ်းမနဲ့အတူ လူတွေအထင်ကြီးအောင် ]] အေး အိမ်မက်ထဲမှာ ပုဂ္ဂိုလ်ကြီးတဦးက တနေ့ ဒီလို ပစ္စည်းမျိုးလာပေးလိမ့်မယ်လို့ လာပြော သွား တာတို့ ဘယ်မှာအဓိဌာန် ဝင် တုံးက အဘကလည်းကြိုပြီး လာပြော သွားတာဒါကြောင့်ဒီ နေ့ရောက်လာတာပေါ့ ဆိုပြိး ဖေါ်လိုလိုက် နေလိုက် လည်းရတာဘဲလေ....
( ဝါးနဂါးလေးတွေက ပီပီပြင်ပြင်ဖြစ်နေတဲ့အပြင် တခုနဲ့တခုမတူတာကို ကထူးခြားတယ်ဆရာ)
.....ဆရာ့ဆီမှာနှစ်နဲ့ချီပြီးထားသွားတာ နောက်ဆုံပြန်ယူခါနီးမှ ဝါးနဂါးပုံတွေကို ရွှေချ သွား တာ။မူရင်းအသားကဖြူဖွေးနေတာပါ....
(ဝါးနဂါးပုံတွေရောက်လာတော့ ထူးထူးခြားခြား ဘာတွေ တွေ့ကြုံခဲ့ လည်းဆရာ)
.....မောင်ရင်ကတော့ ပြောပြန်ပြီ ဆရာကဒါတွေကိုဦးစားပေးတာမဟုတ်လို့ ဘာတွေထူးခြားလည်းဆို တာလည်း စိတ်မဝင်းစားဘူး။ထူးခြားတာတွေတွေ့လည်း ဝါးန၈ါးပုံေ တွကြောင့်မဟုတ်ဘဲ ဆရာ့(ကံ)ကြောင့်လို့ဘဲ ခံယူထားတာဆိုေ တာ့ ေ မာင်ရင်မေးတာကိုဖြေဖို့ အဖြေမရှိဘူးဖြစ်နေတာပေါ့.....
( ဒီဝါးနဂါးပုံတွေရောက်လာပြီးတဲ့ နောက်ပိုင်းအဲဒီ ရှမ်းမတို့ မိသားစု အခြေ အနေဘာတွေထူးခြားတာတွေ့လည်းဆရာ သူတို့ မိသားစု ထူးထူြး ခားခြား အော င်မြင် ချမ်းသာမသွားဘူးလားဆရာ)
.....ရှမ်းမတို့မိသားစုလည်း ဝါးနဂါးပုံတွေဆောင်ထားလို့ ကြီးပွားကယ် လို့တော့ မတွေ့ မိပါဘူး။ဖြစ်ချိန်မှာလုပ်လို့ဖြစ်သွားသလောက်ပါဘဲ။ ဟိုတပါတ်ကဆရာပြော ခဲ့သလိုပေါ့ ဒီဝါးနဂါးဆောင်လို့ ကြီးပွားချမ်းသာ မယ်ဆိုရင် တောထဲမှာ ဝါးလုပ် ငန်း လုပ်တဲ့သူတွေဝါးနဂါးဘဲရ အောင် လိုက် ရှာပြီး အရင် ချမ်းသာအောင် လုပ်ကုန်ကြ မှာပေါ့..ဆိုလိုတာက အဲဒီလို အဆောင်တွေဆောင်လိုက်ရုံနဲ့ အကျိုးပေးမည်။ ချမ်းသာမည်ဆို လျှင် နည်းသိနေတဲ့ ဗေဒင်ဆရာတွေအားလုံး သူဌေးဖြစ်ကုန်မည်။ ပန်းပုထု တတ် တဲ့ ပန်းပုဆရာတွေ လည်းသူဌေးဖြစ်ကုန်မှာပေါ့။ ။ပုဗ္ဗေစကတပုညတ ဆိုေ သာ မင်္ဂလာ တရားတော်ကို လွန်သွားမယ်။ရှေး ကံ မပါဘဲ ဘာမျှမဖြစ် နိုင်ဘူး။ မိမိ၌ရှေးကကံပါလျှင်ယတြာတွေချေချ င်ချေ။မချေချင်နေ။အဆောင်တွေ ဆောင်ချင်ဆောင်။ မဆောင်ချင်နေ။ ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် လောကဓံ သဘောအရ ကြီးပွားချိန် ကြီးပွားဖို့ကြုံမှာဘဲ။ချမ်းသာချိန် ချမ်းသာဖို့ ကြုံမှာဘဲ ။ ပြိုကွဲပျက်စီးမဲ့ အချိန် ပြိုကွဲ ပျက်စီးဖို့ ကြုံမှာဘဲ မောင်ရင်.လို့.ထပ်ပြောရင်း........
.....(...မိမိတို့ ကောင်းကံ ဆိုးကံကို မိမိကိုယ်တိုင် ကြိုတင်သိမြင်ပြီး လိုက်နာနိုင်တဲ့သူတွေဖြစ်ကြပါစေ...)။..
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ
မှတ်ချက်များ
ဆရာ ဦးထွန်းရီ
မှတ်ချက်ပေးပါ...

Wednesday, August 3, 2016

(...ကျွန်ုပ်ဖတ်ခဲ့မိသော ဗေဒင်ရယ်/ယတြာရယ်/ကံရယ်..)..


...............(...ကျွန်ုပ်ဖတ်ခဲ့မိသော ဗေဒင်ရယ်/ယတြာရယ်/ကံရယ်..).............
(မဂ္ဂဇင်း ဗေဒင်အဟောခံ ကြည့်စေချင်။)
( ဒီတပါတ် အတွက် ဘာတွေရေးထားပြီလည်းဆရာ ) က}ျွန်ုပ်၏-ဟောပြောလမ်းညွှန်ရာ ရန်ကင်းမြို့နယ်၊မိုးကောင်းဘုရား၊ အရှေ့မုခ်၊ အမှတ်(ခ)။(ဓါတုနိယာမ နှင့်မဟာဘုတ်နဝင်းစီး ) ဓါတ်ခန်း အတွင်း၌ တပည့်ဖြစ်သူမောင်ရာဇာနှင့် ပညာအကြောင်းတွေကိုပြောဆိုနေ ရာမှ ရုတ်တရက် မောင်ရာဇာမှ မေး လိုက်ခြင်းဖြစ်သည်။
.....ဒီတပါတ် နဲနဲထူးတယ်ပြောရမယ်ကွ ....
( ဘာအကြောင်းတွေ များဖြစ်နေလို့လည်းဆရာ)
.....တခါက ဆရာဖတ်ခဲ့ဘူးတဲ့ ဗေဒင်ဆောင်းပါးတွေ အကြောင်း ပြန်ရေး ထားတာပါ။.....
( ကြည့်လည်းလုပ်ပါဦးဆရာရယ် တော်တော်ကြာ ဗေဒင်ဆရာ တွေ အကြောင်းရေးတယ်ဆိုပြီး ဆရာ့ကို မေတ္တာပို့နေကြပါဦးမယ်)
.....ဒါကသူတို့ အပိုင်းပါ။ဆရာ့အနေနဲ့ ပညာရှင်ပိုင်း-လူမှုရေးပိုင်းမပါဘူး။ ရက်စွဲ နေ့စွဲ လပိုင်းနှစ်ပိုင်းတွေနဲ့ ပြန်တင်ပေးမှာပါ။
အဓိကကတော့ စဉ်းစားစရာလေးတွေပါလို့ ပြန်တင်ပေးတာပါ။.....
( ဒါဆိုလည်း ဘာတွေရေးထားလည်းဆိုတာပြောပါလာ့းဆရာရယ်)
.....ခေါင်းစဉ်က ကျွန်ုပ်ဖတ်ခဲ့မိသော ဗေဒင်ရယ်/ယတြာရယ်/ကံရယ် လို့အမည်ပေးထားတာပါ.....
( ဟုတ်ပြီဆရာ ခေါင်းစဉ်ကတော့ နဲနဲအဆင်ပြေသလားလို့)
...-ကျွန်ုပ် ဖတ်ခဲ့မိသော ဗေဒင်ရယ်/ယတြာရယ်/ကံရယ်.....
( ၁၉၉၇-ရတနာသစ်ဂ္ဂဇင်း-စာ-၇၁-မျက်မှောက်ခေတ် ပုံရိပ်များ။)
မဂ္ဂဇင်း ဗေဒင်အဟောခံ ကြည့်စေချင်။
မိမိအားမဂ္ဂဇင်လေးအုပ်က အောက်ပါအတိုင်းဟောချက်ရေးထားပါသည်။(ဒီဇင်္ဘလာအတွက်)မှကောက် နုတ်ပြချင်ပါသည်။
.....အတွေး အခေါ်အကြံအစည်များ မှားယွင်းစွာကြံစည်လုပ်ကိုင်မိ တတ် သည်။မိမိလုပ်ကိုင်သောအလုပ်အကိုင်များ မအောင်မြင်ဘဲ ကြန့်ကြာနေ တတ်သည်။
ဆရာအောင်သန်းဦး.............................................(သပြေ)။
.....သင့်ရဲ့အလုပ်တွေနဲ့ ပတ်သက်တဲ့သတင်ကောင်းတွေ လည်း ဆက်တိုက်ကြားရပါလိမ့်မယ်။
မင်းသိင်္ခ....................................................(ကလျာ)။
.....စကားပြောရသောအလုပ်ကောင်းတခု တိုးပွားလုပ်ဆောင်ရမည်။
ဥမ္မာရီ.....................................................(ချယ်ရီ)။
.....အသွားအလာများမယ်။ အထင်အမြင်လွဲမယ်။ပြစ်တင် ခံရမယ်။ လုပ်ငန်းတိုးချဲ့ရမယ်။
ဦးဝင်း.....................................................(ဓန)။
စာဖတ်သူဖတ်ရှု့သည့် မ၈္ဂဇင်းများမှဗေဒင်များကို ယှဉ်တွဲရေး ချကြည့်ပါ။တလလုံးတွင်သင်သည် ဆန့်ကျင်ဘက်များ စွာဖြင့်ဖြစ် ချင်တိုင်းဖြစ် နေပေလိမ့်မည်။
( ဆရာတခါက ဒီဟောစာတန်းတွေလိုဖြစ်နေမှာကို စဉ်းစားမိလို့ အပါတ်စဉ် စာစောင်တွေမှာ ဟောစာတန်းမရေး ဘူးပြောတာလားဆရာ)
......ဟုတ်တယ်မောင်ရင် ပညာနဲ့ပတ်သက်လို့ ခုလိုလူတွေပြောင် စရာ နောက်စရာ လူအထင်သေးစရာ ဖြစ်မဲ့အနေအထားမှာ ကိုယ် နာမည်ရဖို့ လူသိဖို့ ဘာမဟုတ်တဲ့ စာမူခလေးရဖို့ မလုပ်သင့်ဘူး ထင်လို့ စဉ်းစာရတာပါ......
( နောက်ပိုင်းမှာဘာ အကြောင်းတွေရေးထား သေးလည်းဆရာ)
......ဆက်သာနားထောင်ပေတော့မောင်ရာဇာရေ...ပထမဆုံး (ဆရာစန္ဒရ) ပြော ခဲ့တာလေးစပြောပြမယ်။
အိမ်နံပါတ် ကားနံပါတ်ပြောင်းရုံဖြင့်....(ဆရာစန္ဒရ)
အိမ်နံပါတ် ကားနံပါတ်ပြောင်းရုံဖြင့် နာမည်ပြောင်းရုံနဲ့ အကျိုးပေးမည်။ ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာတွေအားလုံး
သူေ ဌြး ဖ စ် ကုန်မည်။ နာမည်ပြောင်းရုံနဲ့ ချမ်းသာမည်ဆို လျှင် ဗေဒင် ဆရာသားသမီးတွေ အားလုံးသူဌေးဖြစ်ကုန်မည်။ပုဗ္ဗေစကတပုညတဆိုသော မင်္ဂလာ တရားတော်ကို လွန်သွားမည်။ ရှေးကံမပါဘဲ ဘာမျှမဖြစ်နိုင်ချေ။ မိမိ၌ ရှေးကကံပါလျှင် ဘယ်လိုကားနံပါတ်ကိုဝယ်ဝယ်ဘယ်ဘက်အိမ် လှည့်ဆောက်ဆောက် ကြီးပွားမည်။ချမ်းသာမည်။ ( လက္ခဏာဆရာကြီး -ဆရာစန္ဒရ)။
( ကောင်းလိုက်တာဆရာရယ် ဆရာစန္ဒရ စာစုက ဒီတခုထဲလား ဘာရှိသေးလည်းဆရာ)
.....ဆရာဖတ်မိတာ နောက်တခု ရှိသေးတယ် ကွ.....
- အလွဲလွဲအမှားမှားတွေ......
နာမည်ဟူသည် ကား ပညတ်များဖြစ်သည်။အမည်ဖြင့်ပြီးစီးသည်မရှိ။ ကံဖြင့်သာလျှင်လုပ်ကြရသည်။ အလွန်မှန်သည်။ နာမည်ကြောင့် ချမ်းသာမည်ဆိုလျှင် ဗေဒင်ဆရာသားသမီးတွေ ချည်း ချမ်းသာနေမည်။ ဤသို့နားမလည်ဘဲ အလွဲလွဲအမှားမှားတွေ ဖြစ်နေသည်။
( လက္ခဏာဆရာကြီး -ဆရာစန္ဒရ)။
ဒါကမိမိအတွေ့အကြုံတွေကို အမှန်အတိုင်းလူတွေကိုချပြသွားတဲ့ ဆရာကြီးတွေရဲ့အတွေ့အကြုံ အရပြောပြခဲ့တာတွေနော်။အကြောင်းအကျိုး ကိုဆက်စပ်ကြည့်ရတဲ့လောကဓံပညာကိုကိုင်တွယ်လမ်း ညွှန်နေတဲ့ ဆရာ့ အတွေ့အကြုံအရပြောရရင်လည်း ဘယ်နည်းနဲ့ ဘာယတြာတွေ ဘယ်လို လုပ် လုပ် ကံမပါရင် မရပြန်ဘူး။.....
(လူတယောက်ဘဝမှာ ကံ က အဲဒီလောက်အရေးကြီနေလားဆရာ တချို့တွေပြောနေကြတာက ပညာမှန်ရင် ကံမရွေးဘူး ဆိုပါလား ဆရာ )
.....မောင်ရင်ကလည်း ပြောလေဝေးလေ ဖြစ်နေပြန်ပါပြီ ဘယ်ပညာတွေ ဘယ်ကံတွေကိုပြောနေတာလည်းမှမသိတာ သူတို့အမြင်နဲ့သူတို့လည်း ဟုတ်ခြင်ဟုတ်နေမှာပေါ့။ အဲဒီလူတွေကဘာသာခြားဖြစ်ရင်ဖြစ် ဘာသာခြား မဟုတ်ရင် ဗုဒ္ဓဟောပြော လမ်းညွှန်ခဲ့တဲ့ ကံအကြောင်း သေသေချာချာ မသိသေး လို့ဖြစ်ပါလိမ့်မယ်။လူတယောက်ဘဝမှာ ယတြာထက် (ကံ)ကဘ ယ်ေ လာက်အရေးကြီနေတယ်ဆိုတာကို ဆရာမင်းသိင်္ခပြော သွားတာေ လးကြ ည့်လိုက်ရအောင်......
.......ဆရာမင်းသိင်္ခကိုယ်တိုင်လည်း..သူ့ယတြာတွေထက် ကံကအရေးကြီးကြောင်းကို (ကံထနေလို့ဘဲ)ဆိုပါတော့လို့ ဆိုသွားခဲ့တယ်ကွ.....
( ဟုတ်လား လုပ်ပါဦးဆရာရယ် ခုမှဘဲ ဆရာ့ဆရာကြီးတွေရဲ့ (ကံ)ပေါ်မှာမြင်သွားတဲ့အကြောင်းတွေသိရတော့တယ်။)
.....ဒီလိုကွ ..တစ်ကျပ်မတန်တဲ့ ပစ္စည်းတခုကို ဘယ်လိုအဆောင်မျိုးနဲ့ ရောင်းရောင်း တဆယ်မရပါဘူးကွာ၊ --ဪသာ်--တခုတော့ရှိတယ်၊ တကျပ်တန်တဲ့ပစ္စည်း ခြင်းယှဉ်ရောင်းမယ်ဆို ရင်တော့ အဆောင်ရဲ့ အစီအမံလေးနဲ့ဆိုရင်တော့ နည်းနည်းပိုပြီးသွက်မလား (မဆိုနိုင်ဘူးကွာ)။(ဒါလည်းအာမခံချက်အနေနဲ့တော့ပြောတာမဟုတ်ပါဘူး။)ကိုယ့်အတွေ့အကြုံအရပြောရင်နည်းနည်းလေးသွက်တယ်။(ထင်တယ်ကွာ)ကိုယ့် စာအုပ်လေး အရောင်းသွက်နေတာက တော့ ကံလေးက ခုတလောနည်း နည်းလိုက်နေတယ်ဟ.. (ကံထနေတယ်လို့ဘဲ ) ဆိုပါတော့ကွာ // ။(မင်းသိင်္ခ...၆-၁၉၉၅-ရွှေအောင်လံ-စာ-၁၁၈)။
(ဒီနေ့ဆရာနဲ့တွေ့မှဘဲ(ကံ)မပါဘဲ ဘာမှလုပ်မရဘူးဆိုတဲ့ ဗုဒ္ဓဟြော့ကားလမ်းညွှန်ခဲ့တဲ့ (ကံ)နဲ့ လောကဓံတရားကို ပို သဘောပေါက်သွား တယ်ဆရာ)
.....ကဲ ...မောင်ရာဇာရေ.....ယတြာကိုပြောသွားတာတွေ့တယ်နော်.ဟုတ်ပါတယ်လို့တခွန်းမှပြောမသွားခဲ့ဘူး။(မဆိုနိုင်ဘူးကွာ)/(။(ဒါလည်းအာမခံချက်အနေနဲ့တော့ပြောတာမဟုတ်ပါဘူး။)။(ထင်တယ်ကွာ)လို့ပြောသွားတာနော။
( စာဆိုတာသေချာဖတ်မှသေချာမြင်နိုင်တာဘဲ ကိုး ဒါကြောင့်လည်း ဆရာကအမြင်သစ်လို့ဆိုထားတာကိုး)
.....နောက်တပါတ်ကြမှဘဲ ယနေ့ ဗေဒင်လောကမှာ အဓိပတိဆရာကြီးတွေပြောခဲ့တဲ့ ဗေဒင်ပညာရယ်.. ယတြာရယ် (ကံ)နဲ့ လူသားတွေ အကြောင်းတွေ ကို ဆက်ပြောကြတာပေါ့.....
( ဟုတ်ကဲ့ပါဆရာ)။
LikeShow more reactions
Comment

Monday, August 1, 2016

--( ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာနှင့်ပတ်သက်ပြီး)---

.
-----( ဗေဒင်အချုပ်မဟာဘုတ်(နိဒါန်း)န၀င်းစီးပညာနှင့်ပတ်သက်ပြီးဖြစ်စေ-ဆရာကြီးစာအုပ်များလေ့လာ - ၀ယ် ယူ လိုသည်ဖြစ်စေ..ဆရာကြီး ဦးကြာမြင့် မိသားစုထံမှာ-စုံစမ်း--လေ့လာ -မှာယူ -သင်ကြားနှို်င်ပါသည်။