----(((--ခေတ်အမြင် နှင့် ဗေဒင် )))---(((--သက်ဦးသက်နှောင်း ပေါင်းဖြစ်အောင်ပေါင်း-)))။
----------------------
ဆရာကိုအေးဝင်းပြောသလို ရှေးလူကြီးသူမတွေရဲ့ ပြောဆိုဆုံးမခဲ့တဲ့ စကားလုံးတွေဟာ အဓိပ္ပါယ်သိပ်ရှိတာပေါ့။ အကြောင်းအကျိုး ဆက်စပ်ပြော ဆို ဆုံးမထားတဲ့ စကားလုံးတွေပါ။ ကျွန်ုပ်၏ လူတွေအတွက် ဘဝနေ နည်း များကို ဟောပြောလမ်းညွှန်ပေးနေသော အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်း ဘုရား၊ ရန်ကင်းမြိ့နယ်၊ ရန်ကုန်မြို့ရှိ လောကဓံဆရာဦးထွန်းရီ (ဓါတုနိ ယာမနှင့် မဟာဘုတ်နဝင်းစီးဓါတ်ခန်း) အတွင်း တနင်္ဂနွေေ န့ ကျောင်း ပိတ်ရက်ဖြစ်သဖြင့် မြောက်ဥက္ကလာပ၊ (၂)ရပ်ကွက် မှ ကျောင်း ဆရာ ကိုအေး ဝင်း နှင့် ဓနသိဒ္ဓိဂျာနယ် တွင်ပါသောကျွန်ုပ်၏ဆောင်းပါးများ အကြော င်းဝေဖန်ပြောဆိုနေကြရာမှ ရှေးခေတ်လူကြီးသူမများ၏ အယူအ ဆ အတွေးအခေါ်များအကြောင်း ပြောဆို နေစဉ် ဆရာကိုအေးဝင်းမှ အိမ်ထောင်ပြုကြရာမှာ - မြန်မာလူမျိုးအများစု လိုက်နာရှောင်ကြဉ်ကြတဲ့ အယူအဆအမျိုးမျိုးကြားမှ ]]သက်ဦးသက်နှောင်းမယူကောင်း}} ဆိုသည့် စကားရပ်ကို မေးမြန်းနေခြင်းဖြစ်သည်။
ကျွန်ုပ် နေ့စဉ်တွေ့မြင်နေရသော ဗေဒင်လာမေးသူတို့မေးလာသော မေးခွန်းများသည် ဗေဒင်ပညာနှင့် မည်သို့မျှ မပတ်သက်သော ကိစ္စမျိုးတွေ တွေ့ လာ ရသည်။
ဥပမာ - အိမ်ထောင်သည်သမီးအိမ်၌ အတူလိုက်ပါနေထိုင်သော မိခင်ကြီးနှင့် မြေးများ၊ သမက်ဖြစ်သူတို့နှင့်နေထိုင်ရတာ အဆင် မပြေ သည့် ပြဿနာများကြား ဗျာများနေရသည့် သမီးဖြစ်သူ၏ သောကကို ဗေဒင် လာမေး တာမျိုး၊ သားဖြစ်သူအိမ်မှာ အတူလိုက်နေရသည့် မိဘနှစ် ပါးနှ င့်ချွေးမ၊ မြေး တွေကြား ဗျာများနေရသည့် သားဖြစ်သူ မိသားစုရဲ့အခက် အခဲသည် ဗေဒင်နှင့် မည်သို့ဖြေရှင်းကြမည်နည်း။
သို့သော် မေးနေ၊ ဖြေနေကြ၏။
သဘာဝဖြစ်စဉ်ကား လူကြီးမိဘများသည် အဘိုးအဘွား အရွ ယ် ရောက်လာသောအခါ အတူနေသား၊ သမီး မိသားစုများနှင့်အတူ လိုက်နေသည့် အခါ မိသားစုအရေး၌ ဝင်ရောက်အကြံပေး ပြောဆို မိ၍ နေရာတကာပါလာ သလိုဖြစ်နေရခြင်း၊ အရာရာကိုသိချင်လာခြင်း၊ သား၊ သမီး မြေးဟူသော အသိစိတ်၊ စေတနာဖြင့် ဝင်ရောက်ပြောဆိုေ နမိခြင်းကြောင့် သားသမီးမြေးမြစ် များ၏ ငြိုငြင်မှုကို ခံနေရခြင်း၊ မိမိပြောတိုင်း အရာမရောက်သောအခါ ငါအမေပဲ ဆိုတဲ့အသိနဲ့ ပိုမိုဒေါသဖြစ်လာပြီး မိသားစုနှင့် အဆင်မပြေ ဖြစ်လာလေသည်။ ထိုကိစ္စမျိုး၌ အဖိုးအဖွားများအနေဖြင့် မိမိပြောသင့်သလောက် အတိုင်းအတာ အထိ ပြောကြည့်လိုက်ပါ။ သူတို့တွေမကြိုက်ဘူးဆိုလျှင် မပြောရုံဘဲ မဟုတ်လား။ သမီးဖြစ်သူက ငါ့အမေပဲလေ ဒီလောက်တော့ရှိ မှာပေါ့ ဆိုပြီး တော်ရုံတန်ရုံကိစ္စကို နားလည်အလျော့ပေးလိုက်ရင် ဒီကိစ္စက အတော်အသင့် ပြေလည်နိုင်ပါသေး တယ်။ အခုဟာက မည်သည့် အကြောင်းကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာကို အဖြေမရှာဘဲ ဗေဒင်မေး၊ ယတြာပေးတော့ အပိုအလုပ်ရှုပ်ကုန်တာပေါ့။
အခုလည်း ကျောင်းဆရာကိုအေးဝင်းမှ သက်ဦးသက်နှောင်း အိမ်ထောင် မပြုကောင်းဘူးဆိုတဲ့ စကားကြောင့် အိမ်ထောင်မပြုဖြစ် လိုက်ကြတဲ့ လူတွေ တွေ့နေရသဖြင့် သူတို့နှစ်ဦးယူလျှင် ဘာဖြစ် မလဲဆိုတဲ့ မေးခွန်းကြောင့် အခုလို ပြန်ဖြေပေးလိုက်တာပါ။
ဒီလိုဆရာကိုအေးဝင်းရဲ့၊ သက်ဦးဆိုတာ မိသားစုတစ်စုမှာ ပထမဦးဆုံး မွေးလာတဲ့သူ ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ သက်ဦး လို့ ခေါ်ကြသလို၊ မိသားစုတစ်စုရဲ့ သားသမီးတွေထဲမှာ နောက်ဆုံး မှ မွေးလာတဲ့သူ ယောကျာ်း ဖြစ်စေ၊ မိန်းမဖြစ်စေ သက်နှောင်းလို့ ခေါ်ကြတာပေါ့။
]]သူတို့နှစ်ယောက် အိမ်ထောင်မပြုကြဖို့ ဘာဖြစ်လို့ ပြောဆိုေ နကြတာ လဲ ဆရာ။}}
ဘာဖြစ်လို့လဲ ဆိုတော့ သက်ဦးဆိုတာအိမ်တစ်အိမ်မှာ အကြီးဆုံး ဆိုတော့ မိဘတွေက သူ့ကို အရာရာဦးစီးခိုင်းထားတော့ နေရာတကာမှာ သူမပါ မပြီး ဖြစ်နေတယ်။ သူ့နောက်မှ မွေးလာတဲ့ကလေးတွေကို သူက ဦးဆောင်နေရတာ ဆိုတော့ သူဗိုလ်ဖြစ်တာက လုပ်ချင်ရာ လုပ်လာခဲ့တဲ့ သူ ဖြစ်နေလို့ သူဆိုးတာက တစ်မျိုး။
နောက်တစ်ယောက်က သက်နှောင်းဆိုတဲ့လူပဲ။ သူကတော့တစ်မျိုး၊ မိသားစုတစ်စုရဲ့ နောက်ဆုံးမှ မွေးလာတဲ့သူကို ပြောကြာတာပါ။ အိမ်မှာ အငယ်ဆုံးဆိုတော့ သူလိုချင်တာရဖို့ သူလုပ်နိုင်တာက နွဲ့ဆိုးဆိုးလို့ပဲ ရနိုင်တာ လေ။ အဲဒီအိမ်တစ်အိမ်ရဲ့ ကြီးဆိုးနဲ့ငယ်ဆိုးတို့ တွေ့ဆုံေ ပါင်း ဖက် နေထိုင်ရ မယ့်ပွဲ။ မိသားစု ညီအကို မောင်နှမများတဲ့ အိမ်တွေမှာ ပိုဆိုးသွားနိုင်တယ်။ သက်ဦးဆိုတဲ့လူ ဖြတ်သန်းလာတဲ့ ခေတ်အတွေ့အကြုံနှင့် နောက်ဆုံးမှ မွေးလာတဲ့သူရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံကို နှိုင်းယှဉ်လိုက်ရင် တော်တော် ကွာဟနေတာတွေ့ရလိမ့်မယ်။
အဲဒီအချက်အလက်တွေဟာ အရေးကြီးဆုံးပဲ။ လူကြီးမိဘတွေက သက်ဦးဆိုတဲ့လူကို ပြောပြရမှာက အခုအိမ်ထောင်ပြုတော့မှာဆိုတော့ မိသားစု နှစ်စု ပေါင်းစပ်နေထိုင်ကြရတော့မှာ ကိုယ့်အိမ်မှာလို ငါအကြီးပဲဆိုတဲ့ စိတ်နဲ့ နေချင်သလိုနေလို့မရနိုင်တော့တဲ့အကြောင်းနဲ့ တစ်ဖက်က သက်နှောင်းဆိုတဲ့ လူကိုလည်း ခုလိုသက်ဦးဆိုတဲ့လူ သူ့အိမ်မှာနေလာခဲ့ရတဲ့အခြေအနေတွေကို သိအောင်ပြောပြထားဖို့ သက်နှောင်းဆိုတဲ့ လူကိုလည်း ကြိုတင်အသိပေး ပြောပြ ထားရမှာက မိမိသည် ကိုယ့်အိမ်မှာ အသက်အငယ်ဆုံးဆိုပြီး ဆိုးချင်တိုင်းဆိုး လို့ရလာခဲ့ပေမယ့် အခုကိစ္စက မိမိတို့အိမ်မဟုတ်တော့ကြောင်း၊ မိသားစုနှစ်စု ပေါင်းစပ်နေထိုင်ရမှာဖြစ်တဲ့အတွက် အနေအထိုင်ပြုပြ င်နေထိုင်ဖို့ကို သွန်သင် ပြောဆိုထားရမှာဖြစ်သလို----
တစ်ဖက်လူကိုလည်း မိမိတို့ဘက်က သက်ဦးရဲ့အားနည်းချက်တွေကို ညှိညှိနှိုင်းနှိုင်းနေထိုင်ကြဖို့ကို နှစ်ဖက်လူကြီးမိဘတွေက အခုလို အကြောင်း အကျိုးနဲ့ ပြောဆိုပြုပြင်နေထိုင် သည်းခံဖို့ လမ်းညွှန်ဖို့ကို မသိကြတော့ သက်ဦး သက်နှောင်း အိမ်ထောင်မပြုကောင်းဘူးဆိုတဲ့ စကားရဲ့ အဓိပ္ပါယ် သဘောတရားကို နားလည်အောင် မကြိုးစားဘဲနေလာခဲ့ကြတဲ့အတွက် ဒီစကားအတိုင်း နားထောင် နေလာကြရင်း ယနေ့အထိ သက်ဦး သက်နှောင်း အိမ်ထောင် မပြုကောင်းဘူး ဆိုတာကို ပြောနေကြတာပါ ဆရာကိုအေးဝင်းရယ်။
]]ဟုတ်မယ်ဆရာ ကျွန်တော်လည်း ဆရာနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ အရာရာကို စဉ်းစားချင့်ချိန်လာတယ်။တွေးခေါ်မြော်မြင်ဥာဏ်ေ ပ်ါလာ တယ် ပြောရမှာပဲ။}} သိပ်မကြာပါဘူး။ ပတ်ဝန်းကျင်မှာ ဘုဂလန့်လူလို့ အထင်ခံလာ ရလိမ့်မယ်။ အဲဒီစကားသံတွေကို ကျော်လာနိုင်ပြီဆိုရင်တော့ ဘဝမှာတဝက် လောက်တော့ နေသာထိုင်သာရှိလာပါလိမ့်မယ်။
]]ကျေးဇူးတင်ပါတယ် ဆရာရယ် ကျွန်တော်လည်း မငယ်တော့ ဘူး၊ လောကဓံကို ဖြတ်သန်းရင်ဆိုင်လာခဲ့ရတာ တော်တော်လေး ခံလိုက် ရတယ် ဆရာနဲ့တွေ့တာ နောက်ကျသွားတယ်၊ စောစောကသာ ဆရာနဲ့ တွေ့လိုက်ရရင် ဆရာရယ်}}။
စောစောက ဆရာနဲ့သာတွေ့လိုက်ရရင်ဆိုတဲ့စကားကို လူတော်တော် များများ ပြောနေကြတာနဲ့ ကျွန်တော် ဟိုစာတန်းလေးကို ချိတ်ဆွဲထား လိုက် တယ်၊ ဆရာကိုအေးဝင်းသည် ကျွန်ုပ်လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရင်းမှ (အတိတ်က ကံနီး၍ ယခုဘဝ ဥာဏ်ကြီးသူတို့အတွက် လောကဓံ (အမြင်သစ်) ဟူသော စာတန်းလေးကို အသံထွက်ဖတ်ပြရင်း ---
]]ဒီစာတန်းလေးက ဘာကိုဆိုလိုတာလဲဆရာ}} ဟုမေးလာသဖြင့်- လူတစ်ယောက်ဟာ ကျွန်တော်နဲ့တွေ့ကြုံဆွေးနွေးဖြစ်ဖို့က သိပ်မလွယ် ဘူးဗျ။
]]ဘာဖြစ်လို့လဲဆရာ}}
(--ဘာဖြစ်လို့လဲဆိုတော့ ဟောခန်းအပြင်ဘက်မှာ စာစောင်ေ တွ၊ ကြောငြာ တွေမှာ ထီပေါက်မယ်၊ ချမ်းသာမယ်၊ စာမေးပွဲအောင်ရမယ်၊ ဘာတွေလုပ်လိုက်ပါ၊ ယတြာတွေနဲ့ကယ်ပေးမယ်ဆိုတာမရေးထားဘူး။ အတိတ်ကံက သူ့ဖြစ်စဉ်အမှန် သိချိန်တန်လို့ အတိတ်က ကံနီးလာရင် ကြံဖန်ရောက်လာပါလိမ့်မယ်။ အတိတ် ကံနီးလို့ ရောက်လာကြပြန်တော့ လည်း ယခုဘဝဥာဏ်ကြီးမှ ဆရာဟောပြော လမ်းညွှန်မှုတွေကို နားလည် မှာ ဆိုတော့ -------------
--ငါသိသလိုသိကြပါစေဟုငါ၏ရင်မှာဖြစ်၏က်ျှမှန်သောသစာစကားကြောင့်-----။

No comments:
Post a Comment