yarzaryarzar

Wednesday, April 27, 2016

-(((---မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က နည်ြး့ပဆရာ--မိုးကောင်း -------------ဘုရားမှာ ဗေဒင်ဟောပါတယ်။-)))

Utun Yee
4 mins · Yangon
-(((---မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က နည်ြး့ပဆရာ--မိုးကောင်း -------------ဘုရားမှာ ဗေဒင်ဟောပါတယ်။-)))
..............
ဇောတိသဝေဒမဂ္ဂဇင်း-အမှတ်-(၁၆၆)၊ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ အင်တာဗျူးး
....................
အမှတ်တမဲ့ပေါ့လေ။
မြန်မာရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ဖူးခဲ့ရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် မကြည့်ချင် မြင်လျက်သားဖြစ် နေတဲ့ ကြော်ငြာဒီဇိုင်းပုံစံမျိုးနဲ့ လွင်မိုးသော်လည်းကောင်း၊ ဝေဠုကျော်သော်လည်းကောင်း၊ မြင်ဖူး ကြမှာပါ။ ဒီတော့ကာ ငါတို့သည် သူတို့နှင့် အတူ နိုင်ငံတာ် တစ်ခုထဲအတွင်းမှာ ပင် မှီတင်း နေထိုင်ကြသူတွေ ချည်းပါလားဆိုပြီး ဖြေသိမ့်ကျေနပ်နိုင်လို့ ရနိုင်ပါသေးသည်။
အဲဒီလိုနဲ့ပေါ့လေ။
ဘုရားဖူးလိုလို့ပဲဖြစ်ဖြစ်၊ လိပ်ဥတူးလိုလို့ပဲဖြစ်ဖြစ်၊ လမ်းကြုံလို့ ပဲ ဖြစ်ဖြစ်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရား ကို ရောက်ဖြစ်မယ်ဆိုရင် အဲဒီ ခုနပြောသလိုမျိုး လွင်မိုး လိုလို ဝေဠုကျော် လိုလို မျက်နှာမျိုးနဲ့ မွန်မွန် ရည်ရည် လူငယ်တစ်ယောက်ကိုတွေ့မိခဲ့ရင် ဘာမပြောညာမေပြော သူ့ရှေ့ သွားရပ်ပြီး လက်ဝါးသာ ထောင်ပြလိုက်ပါ။ (ပြရုံပြပါ ရိုက်တော့မ ရိုက်ကြပါနဲ့နော်) ကျွန်တော် ထင်တယ်။ ခေါင်းညိတ်ပြတယ်ဆိုရင် သူမဖြစ်နိုင်ဘူး။ ခေါင်းခါပြီး ဗေဒင်ပဲအဓိကဟောတယ်။ ဗုဒ္ဓနည်းကျ ဝိဇ္ဇာပညာသည်ပါလို့ဆိုလာရင် သေချာပါတယ်။ မိုးကောင်းဘုရားက ဗေဒင်ဆရာ ဦးထွန်းရီ ဆိုတာပါပဲ။
အဲဒီမိုးကောင်းဘုရားအရှေ့ဘက်မုခ် အခန်း(ခ)ထဲ ဝင်မယ် ဆိုရင်
လူကို မကြည့်နဲ့ မူကိုကြည့်
ရုပ်ကိုမကြည့်နဲ့ အလုပ်ကိုကြည့်။
ငွေအသပြာကိုမကြည့်နဲ့ စေတနာကိုကြည့်
အဲဒီလိုကတစ်မျိုး။
........................
လိုချင်လောဘမရှိကြနှင့်။ ဖြစ်ချိန်တန် ဖြစ်လာလိမ့်မည်။
ဖြစ်လာမည့်အချိန်ကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။ ဖြစ်လာမယ် ဆိုတဲ့ အချိန်မှာ ရပိုင်ခွင့်တွေ တကယ်ရလာအောင် ဘယ်လိုနေထိုင်ရမယ် ဘယ်လိုလုပ်ကိုင်ရမယ် ဆိုတာ သိလိုပါသလား။
အဲဒီလိုကတစ်နည်း
.........................
ပူပင်ကြောင့်ကြမရှိကြနှင့်။ ပျက်ချိန်တန်လျှင် ပျက် လိမ့်မည်။
ပျက်မဲ့အချိန်ကို ကြိုတင် သိထားဖို့ အရေးကြီးပါတယ်။
ပျက်မယ်ဆိုတဲ့ အချိန်မှာ ကြုံတွေ့လာမယ့် လောကဓံရဲ့ အဆိုးအကောင်းတွေကို လွတ်ကင်း သက်သာခွင့်ရအောင် ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ သိလိုပါသလား။
အဲဒီလိုကတစ်ဖုံ
............................
သင့်ဘဝ အနာဂါတ်ကာလမှာ တွေ့ကြုံလာမယ့် အကောင်း အဆိုးရဲ့ အကြောင်းအကျိုး အမှန်ကို မသိဘဲပြောသမျှယုံ၊ ပေးသမျှဆောင်၊ ခိုင်းသမျှလုပ်၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း ဖြစ်ပြီး ဆရာစုံ၍ ဘဝကို စိတ် တိုင်းမကျဖြစ်နေသူများနှင့် ဗုဒ္ဓ နည်းကျဝိဇ္ဇာပညာ၏ ဟောပြော လမ်းညွှန် မှုများဟုတ်၏၊ မဟုတ်၏၊ ဖြစ်နိုင်မဖြစ်နိုင် ဝေဖန်စဉ်းစား၍ လောကဓံကို ရင်ဆိုင်ဖြတ်သန်း လိုသူများအတွက် လောကဓံတရားရှစ်ပါးနယ်မှာ ရင်ဆိုင်ကြုံလာမည့်သင့်ဘဝ အနာဂတ်ကာလ၏ ကျန်းမာရေး၊ စီးပွားရေး အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ အမှုအခင်းပြဿနာများ၏ အကောင်း အဆိုးကို အကြောင်းအကျိုးနှင့် ဟောပြောလမ်းညွှန်ပေးသည်။
အဲဒီလိုကတစ်ပိုဒ်
.........................
ဤပညာသည်အကောင်းအဆိုးကိုကြိုတင်သိနိုင်ပြီး ဓါတ်ဆင်၊ ဓါတ်ရိုက်၊ နဝင်းစီး၊ ဓါတ်ယတြာများဖြင့် ကြိုတင်၍ ကာကွယ်ခြင်း၊ကုသခြင်း၊ တားဆီးခြင်းများကိုပါ လုပ်ဆောင် ထားနိုင်သော ပညာဖြစ်သည်။
အဲဒီလိုက အဲဒီလို။
အဲဒါနဲ့ပေါ့လေ...။
ဓာတုနိယာမနှင့် နဝင်းစီး၊ ဓါတ်ခန်း၊ ဗေဒင်အချုပ် မဟာဘုတ် နိဒါန်းကျမ်းပြု ပညာရှင် မဟာဘုတ်ပါရဂူဆရာကြီး ဦးကြာမြင့်၏တပည့် ဆရာဦးထွန်းရီ(လောကဓံ)ဆိုသူနဲ့ ညီငြိမ်းဆွေဆိုတဲ့ အကောင်းစားလေး နဲ့ ဟောဒီလိုတွေ့ကြပါလေရော . . .
ကျွန်တော်ကို ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဝင်းကမူကျေးရွာ(ကုန်းတန်း)မှာ အဖဦးခင်မောင်၊ အမိအေးပိုတို့က မွေးဖွားခဲ့တာပါ။ မျိုးရိုးမရှိခဲ့ပါဘူး။ ဗေဒင် ပညာနဲ့အသက်မွေးဝမ်းကျောင်း ပညာနဲ့ပေါ့လေ။
အဲဒီလိုနဲ့အရွယ်ရောက် ကြီးပြင်းလာခဲ့တာ။ ၁၉၇၄ခုနှစ် မတိုင်ခင် ကရာတေးတွေ ခေတ်စား -လာကြတယ်။ ကျွန်တော်က လူငယ်ပီပီပေါ့နော် ကရာတေးကိုစိတ်ဝင်စားတယ်။ သံလက်သီး နဲ့ ကရာတေးတို့ ဘာတို့ခေ တ်ေ ပါ့။ အဲဒါနဲ့ ကျွန်တော်သင်ရော၊ ကျွန်တော်က အလုပ်တစ်ခုကို လုပ် ရင် ခြေခြေမြစ်မြစ် လုပ်ရမှ ကျေနပ်တယ်။ အဲဒါနဲ့ ဖိဖိစီးစီး ကရာတေး သင်တယ်။ နောက်ပြီး သိုင်းပညာသင်တယ်။ ဘယ်လောက်တောင်မှ ကျွန်ေ တာ် စူး စူးနစ်နစ် သင်မိခဲ့သလဲဆိုရင် အခြေခံဘဝကနေ ဆရာဖြစ်တဲ့ အ ထိကို သင်ကြားလေ့လာတတ်မြောက်ခဲ့တဲ့အဆင့်ဖြစ်လာတယ်။
အဲဒါနဲ့ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်(အောင်ဆန်းကွင်း)ကျိုက္ကဆံအားကစားကွင်းမှာ ပေါ့လေ သိုင်းနည်းပြဆရာအဖြစ်နဲ့ ခုနှစ်နှစ်ကျော်ကြာအောင် သင်တ န်ြး ပပြီး တပည့်ပေါင်းမြောက်များစွာ မွေးထုတ်ပေးခဲ့ပါတယ်။ ကျွန်တော်ရဲ့သိုင်းဆရာကြီးများကတော့
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှူးဆရာကြီး ဦးတင်ဦး နှင့် လိုင်းမွန်း (ပလောင်) သိုင်းအဖွဲ့က အစိုင်း(ခေါ်)ဆရာ စိုင်းသိန်းဝင်းနဲ့ စိုင်းခင်သောင်းနိုင်နဲ့ ကိုမျိုးအောင်တို့ဖြစ်တယ်ဗျ။
အဲဒီလိုနဲ့ သိုင်းပညာနဲ့ပတ်သက်နေတုန်း ရုပ်ရှင်ပညာနဲ့ ဆက်စပ်လာမိတယ်။ အဲဒါလည်း သိုင်းပညာနဲ့ပဲ အဓိက ပတ်သက်တာပါ။ အဲဒီသိုင်းကိစ္စနဲ့ပဲအေဝမ်းရုပ်ရှင်ခြံမှာ တစ်နှစ်ခွဲလောက် ကြာမြင့်ခဲ့တယ်။ ရုပ်ရှင်တွေဘာတွေလည်း ရိုက်ဖြစ်သေးတယ်ဗျ။ အဲ...မှတ်မိသ၍ ကားတွေ ကတော့ မောင်သန်းဝင်းနဲ့ရိုက်တဲ့ ]တစ်ချက်ခုတ်}၊ ကိုတိုးညွန့်တို့နဲ့ရိုက်တဲ့ ]ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ} ကိုကျော်သူနဲ့ ရိုက်တဲ့ ]သုံးတောင်ပြည့်ခန်း သာလယ်}။ အဲ...အဲဒီကားတွေ ရိုက်ဖြစ်ခဲ့ တယ်။ အဲဒါနဲ့လဲ မပျော်ပြန် ဘူး ဗျ။ နောက်ဒီဘက်ခေတ်ပေါ့...။
ဒီဘက်ဈေးကွက်စီးပွားရေးကာလမှာ ကျွန်တော်ဘာတွေလုပ်သလဲဆိုတော့ အဆောက်အဦး ကန်ထရိုက် လုပ်င န်းတွေ လုပ်ဖြစ်တယ်။
မြောက်ဒဂုံယဉ်ကျေးမှုဌာန အိမ်ယာတို့၊ ဘုရင့်နောင်ပွဲရုံတို့ပေါ့လေ အဲဒါတွေမှာ ကန်ထရိုက် ဖြစ်ခဲ့ပါတယ်။ အဖွဲ့နဲ့ပေါ့ အဲဒီမှာဘာတွေ့ရ သ လဲဆိုတော့ ရိုးသားကြိုးစားနိုးကြားတဲ့ လူရှိသလို၊ မဟုတ်မဟတ် ကလိမ်ေ စ့ငြမ်းဆင်ပြီး လက်တစ်လုံးခြားယုတ်မာတဲ့ လူတွေကို တွေ့လာရပြန်တယ်။
အဲဒါနဲ့ ကျွန်တော်မပျော်ပြန်ဘူးဗျ။
အဲဒီနောက်တော့ ယောင်တောင်ပေါင်တောင်နဲ့ ဘာလုပ်ရ ဘာကိုင်ရ မှန်း မသိ၊ ဘာမှ မလုပ်ဖြစ်တော့ဘဲ စိတ်တွေလေလွင့် နေတာပေါ့ဗျာ။ အဲဒီ ထဲကတော့ ဗေဒင်ပညာနဲ့ဆက်စပ်မှု မရှိသေးတဲ့ အချိန်ပေါ့။ ယုံကြည်လှ တယ်။ လက်ခံလှတယ်၊ မဟုတ်ဘူးဗျ။ ကျွန်တော်ရဲ့ မူလဝါသနာက အနုပညာနော်။----ဒီလိုနဲ့ ဘဝတွေချာချာလည်နေတဲ့အချိန်မှာ ဘာကိုတွေ့မိလိုက်ရသလဲဆိုတော့ စနေသားသမီး အသက်(၃၃)နှစ်မှာ ရောဂါစုံ၊ ဆေးစုံ၊ ဆရာစုံ၍ ဒုက္ခရောက်နေလျှင် ဆရာကြီး ဦးကြာမြင့်ဆီ လာခဲ့ပါဆိုတဲ့ စာပိုဒ်လေးတစ်ပိုဒ်ဗျ။ ဘယ်ကဘယ်လို တွေ့မိလိုက်သလဲမသိဘူး။ အဲ.. ကျွန်တော် ကလည်း အသက်(၃၃)နှစ်မှာ ဖြစ်နေတယ်။ တကယ့်ကို ဘဝစုံ၊ ရင်အနာစုံ၊ ဆေးစုံ၊ ဆရာစုံနေခဲ့ပြီ။ အင်း ပေါ့ ဒုက္ခလည်းရောက်နေချိန်ပေါ့။
အဲဒီလိုတိုက်တိုက်ဆိုင်ဆိုင်ဖြစ်တော့ ဘာရယ်၊ ညာရယ်တော့မဟုတ်ဘူး အဲဒီဆရာကြီး ဦးကြာမြင့်ဆီ ရောက်သွားရော ပြောကြပါတော့။
ဟုတ်တယ်။
အဲဒီမှာတင်ပဲ ကျွန်တော်ရဲ့ ဘဝတစ်ဆစ်ချိုးပြောင်းသွားခဲ့တာ။ မှန်လိုက်တာဗျာ၊ ဟောချက် တွေ ဟောချက်တွေဆိုတာ မပြောပါနဲ့တော့။ ဒါနဲ့ ကျွန်တော်လည်း ဆရာကြီးနဲ့ ဆရာကြီး ပညာကို လေးစားယုံကြည်မိပြီး ဆရာတင်တပည့်ခံလို့မို့ လေးနှစ်လေးမိုး ကြာကြာ ပညာရင်နို့ သောက်စို့ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ မူလအဓိပတိဆရာကြီးပါ။ ဆရာကြီးရဲ့နည်းစနစ်က ဗုဒ္ဓနည်းကျတဲ့ ဝိဇ္ဇာ ပညာရပ်ဖြစ်ပြီး နဝင်းစီးဓါတ်ခန်း ဗေဒင်ချုပ်မဟာဘုတ်မှာ ပါရဂူကြီးတစ်ဆူဖြစ်လို့ပါပဲ။ အဲဒီမှာတင် ကျွန်တော်လည်း ဆရာဦးထွန်းရီ(ဓါတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓါတ်ခန်း)ဆိုတဲ့ ကိုယ်ပိုင် ဆိုင်းဘုတ် တင်နိုင်ခဲ့တာပေါ့။
အစပိုင်းတုန်းက ဗေဒင်ပညာရဲ့အနှစ်ကို မကျွမ်းကျင်သေးတော့ အလွဲလွဲအချော်ချော်တွေ ဖြစ်ဖူးတယ်ဗျ။
ဗေဒင်လာမေးသူကို ကျွန်တော်ကောင်းမယ်ပြောလိုက်ရင် ဆိုးသွားတာတို့၊ ဆိုးမယ်ပြောရင် ကောင်းသွားတာတို့ အဲဒါတွေနဲ့ နပမ်းလုံးနေရသေးတယ်။ နောက်မှ သဘာရင့် ဝါရင့်လာတော့မှ အကြောင်းနဲ့အကျိုး အကျိုးနဲ့အကြောင်းပေါ့။ အဲဒါတွေ ဆက်စပ်ပြီး တိတိကျကျ မှန်မှန်ကန်ကန်တွေ ဟောပြောအောင်မြင်ခဲ့တာ ဒီနေ့အထိပေါ့လေ။
နောက်ကျွန်တော် ပယောဂပညာတွေ ဘာတွေလဲလေ့လာလိုက်စားခဲ့သေးတယ်။ အကြားအမြင်နဲ့ ပါတ်သက်လို့လည်း ဒီလိုပဲ လေ့လာလိုက်စားခဲ့တာပါပဲ။
၁၉၉၅ခုနှစ်မှာ တိုင်းရင်းဆေးလေးဘာသာကို အောင်မြင်ခဲ့ပါတယ်။ ဆရာကြီး ရန်ကုန် ကျော်ရင် ဆီမှာ ပုဂ္ဂလပညတ်ဆေးပညာနှင့် နိယာမဆေးပညာကို သင်ယူခဲ့ပြီး (၂၁.၁၀.၉၇) အင်္ဂါနေ့မှာ ဆရာကြီး ဦးကျော်ရင် ကိုယ်တိုင်(ဓါတုနိယာမ)ဆေးကုသခန်းကို လာရောက်ဖွင့်လှစ် ကုသခွင့် ပေးခဲ့ပါတယ်။------------ကျွန်တော် ခုလိုအပူအပင်ကင်းစွာနဲ့ဟောပြောနေဖြစ်တဲ့ အကြောင်းကလဲ ကျွန်တော့်ဇနီးရဲ့ အထောက်အကူလဲ ပါပါတယ်။ ဘာဖြစ်လို့ဒါတွေကို ထုတ်ဖော်ပြောရတာလဲဆိုတော့ (အလုပ် တစ်ခုမှာ အမျိုးသမီးတွေပါလာရင် လုပ်ငန်းတစ်ဝက် အောင်မြင်နိုင်သလို တစ်ဝက်ကျဆုံးခြင်းကို ဖြစ်စေတယ်)ဆိုတဲ့စကားကြောင့် ခုလိုပြောရတာပါ။ ကျွန်တော့်ဇနီးရဲ့ နားလည်သိတတ်မှု၊ အားပေးကူညီမှုတွေကြောင့် ခုလို စီးပွားရေးမလုပ်ပဲ ပညာမှန်နဲ့ လူတွေကို ဟောပြောပြီးရပ်တည် နေနိုင်တာဖြစ်ပါတယ်။
ဟုတ်ကဲ့ ဆရာပေးတဲ့ ပညာကိုသေရွာသို့ ယူမသွားကြစတမ်းဆိုသလို ကျွန်တော့နည်း ကျွန်တော့်ဟန် ကျွန်တော့်စနစ်ကို အခုလိုပြောပြလိုက်ရင် တခြားရိုက်စား၊ ဟောက်စား၊ ဆရာတု၊ ဆရာယောင်တွေက အဲဒီနည်းနဲ့ လုပ်ကိုင်စားသောက်ကြမှာဖြစ်လို့လဲ သိပ်တော့မပြောလိုပါဘူး။
ဒါပေမယ့် ကျွန်တော်ပြောရဲတာကတော့ ကျွန်တော့်ရဲ့ဆရာကြီးဦးကြာမြင့် မူအတိုင်း မဟာဘုတ်မူရင်းအတိုင်းပေါ့လေ။ အဲဒီနည်းစနစ်နဲ့ဟောပါတယ်။
ပထမနာမည်မေးတယ်။
နောက်မွေးသက္ကရာဇ်မေးတယ်။
နောက် အိမ်ထောင်ရှိ/မရှိမေးတယ်။
နောက် အလုပ်အကိုင် မေးတယ်။
နောက် နေရပ်လိပ်စာ မေးတယ်။
ကျွန်တော်က အခြေခံပိုင်တယ်လေ။ တခြားဆရာတွေလို ရေလာမြောင်းပေးမလုပ်ဘူး။ ကိုယ်ကပညာအနှစ်ကိုပြပြီး ဟောတာကို လူအတော်များများက လက်မခံဘူးဗျ။ ဆိုလိုတာကဗျာ၊ ငှက်ပျောပင်စိုက်ရင် ငှက်ပျောသီးပဲသီးမှာပေါ့ မဟုတ်လား။ အဖြစ်ရှိရင် အပျက်ရှိမယ်။ မထူးဆန်း ဘူးလေ။ ကျွန်တော်က လူတစ်ယောက်ရဲ့သက်တမ်း တစ်ခုလုံးကို ပိုင်းခြားပြီး ဟောတာ။ မမွေးခင်အချိန်၊ မွေးပြီးအချိန်၊ သေတဲ့အချိန်။ အဲဒီလူ့ဘဝသက်တမ်းတိုတိုလေးမှာ မွေးပြီးတဲ့အချိန် ဆိုပါတော့၊ သူ့မှာလူတစ်ယောက်ရဲ့အခွင့်အရေးတော့ ရရမှာပေါ့။ ဆိုပါတော့ အလုပ်အကိုင်၊ အိမ်ထောင်၊ နေစရာအိမ်၊ စီးဖို့ယာဉ်၊ အဲဒါကဖြတ်သန်းခဲ့တဲ့ ဘဝမှာရသင့်ရထိုက်တဲ့ အချိန်အခါ အခွင့်အရေးတွေပဲ။
အလုပ်ပေးမယ်၊ အိမ်ထောင်ပေးမယ်၊ နေစရာအိမ်ပေးမယ်။ စီးဖို့ယာဉ်ပေးမယ်။ အဲဒီ လေးမျိုးဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုမှာ ခြောက်ကြိမ်ကြုံရမယ်။ ရသင့်တယ် ရထိုက်တယ်။ ဒါပေမယ့် ဒီအတိုင်းသက်သက်တော့ မရနိုင်ဘူး။ လုပ်မှရမယ်။ ကံ Óဏ် ဝီရိယ လုံ့လပေါ့လေ။ ဒီလိုနဲ့မှရမယ်။
ကဲ ဘယ်လောက် သိပ္ပံနည်းကျသလဲလို့။
အဲဒါကျွန်တော့မူပဲ။
ဗေဒင်လာမေးတယ်နော်
မေးပြီးသွားတဲ့အချိန်မှာ မယုံပါနဲ့ဦး၊ စဉ်းစား။ လွယ်လွယ်လေးနဲ့ ဖြစ်ရမယ်လို့ ကျွန်တော် မပြောဘူး။ ဒီလိုအသက်အရွယ်မျိုးမှာ သူများတွေ စီးပွားဖြစ်နေတယ်။ သူတို့လို စီးပွားဖြစ်အောင် ကြီးပွားအောင်လုပ်ယူပါ။ လုပ်ယူလို့ရတဲ့အဆင်ပြေစေမဲ့ နည်းစနစ်ကို ကျွန်တော်ပြောပြမယ်။ နေနည်းပေါ့။ နေနည်းပြောမယ်။ ဖြစ်ရင်ပျက်မယ်နော်။ ပျက်တော့မယ်။ အဲဒါမပျက်အောင် (ပျက်မှာသိလျက်နဲ့)မဆောင်ရွက်ဘဲ ယတြာအားကိုးချင်ကြတာ။ အဲဒါမျိုးမရဘူး။ ဆရာကြီးလည်း အဲဒါလို သိပ္ပံနည်းကျဗုဒ္ဓတရားနဲ့ယှဉ်ပြီးဟောဖို့လမ်းညွှန်တယ်။
ယတြာကောင်းရင်မင်းလောင်းပေါ်မယ်။ ယတြာကောင်းရင်မင်းလောင်းပျောက်မယ် ဆိုတာမျိုးက လုံးဝအာမခံချက်မပေးနိုင်ပါဘူး။ အချက်ကိုမသိဘဲနဲ့ အနှစ်ကို မသိဘဲနဲ့ လူတစ်ယောက် သေမယ်။ ရှင်မယ်ဆိုတာ လုပ်လို့မရဘူး။ သေနေတဲ့လူကို ထရှင်အောင် ယတြာ လုပ်လို့မရဘူး။ ထောင်ကျနေတဲ့လူကို ယတြာနဲ့ လွတ်မြောက်အောင်လုပ်ပေးလို့မရပါဘူး။ဆေးရုံမှာ ခွဲစိပ်ကုသခံနေတဲ့ လူနာကိုချက်ချင်းကြီးပိုက်တွေဘာတွေဖြုတ်ပြီး အကောင်းပကတိအတိုင်း ပြန်လာအောင်လုပ်လို့မရပါဘူး။ အဲဒီလိုပဲ ညားခါစ ချစ်စ၊ ခင်စ၊ ကြင်နာစ ချစ်စိတ်မွှန်နေတဲ့ လင်မယားကို ချက်ချင်းကြီး ကွဲသွားအောင် ယတြာနဲ့ခွဲလို့မရနိုင်ပါဘူး။
အဲဒါတွေကို ယတြာလုပ်ပေးတဲ့မူ ကျွန်တော့မှာမရှိပါ။ ဘယ်သူမှလည်းမကယ်နိုင်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး လောကဓံတရားကို ဖြတ်သန်းဖို့ နည်းလမ်းကောင်းတွေသာ ပေးပါမယ်။
အိမ်တွင်းရိုးရာ၊ နတ်၊ သိုက်ဆက်၊ ပဋ္ဌာန်းဆက်များ ရှိသည်ကိုယုံကြည်လက်ခံပါသည်။ သို့သော်ကိုးကွယ်ရန် တိုက်တွန်းအားပေးခြင်း၊ ကန့်ကွက်ခြင်းများ မညွှန်ပြပါ။ မေတ္တာပို့၊ အမျှဝေ ပေးရန်သာ လမ်းညွှန်ပါသည်။
သိုက်တို့နတ်တို့ကို ဘယ်တော့မှ မဟောပါဘူး။-ဘယ်တော့သေမလဲ၊ ဘယ်တော့ဆေးရုံရောက်မလဲ၊ ဘယ်တော့စီးပွားပျက်မလဲပေါ့၊ အဲဒါတွေကို ကြိုတင်ပြီး သိထားခဲ့ရင် သက်သာအောင်နဲ့ လွတ်ကင်းအောင်လုပ်တဲ့နည်းစနစ်မျိုး ကျွန်တော့်မှာရှိပါတယ်။
ဒါကြောင့်မို့-
သင့်ဘဝရှေ့ရေးကို သင်ကိုယ်တိုင်ကြိုတင်သိနိုင်သော လောကဓံရှစ်ပါးအိတ်ဆောင် ကဒ်ပြားလေးတွေကို ပလပ်စတစ်လောင်းပြီး ကျွန်တော်ဖြန့်ဝေပါတယ်။ ဒါတွေက ကျွန်တော့် ကိုယ်ပိုင်နည်းစနစ်တွေပါပဲ။
နောက် ကျွန်တော်ပြောချင်တာတွေကတော့ အရွယ်မရောက်သေးတဲ့ကလေးတွေကို ဗေဒင်မေးကျင့်မပါပါစေနဲ့ တကယ်လို့မေးမယ်ဆိုရင် မေးမယ့်မွေးခွန်းတွေကို ကြိုပြီးရေးထားပါ။
(ဆရာ့ရှေ့ရောက်ရင် မေ့ပျောက်ကုန်မှာစိုးလို့ အိမ်ရောက်မှ လမ်းရောက်မှ တစ်ခေါက် ပြန်လာနေရရင် စရိတ်ကုန်မှာစိုးလို့)
နောက်ပြီးဆရာကို ဘာမှမပြောမိပါစေနဲ့။
အကောင်းဖြစ်မလား၊ အဆိုးဖြစ်မလား။
ဘယ်လိုဆောင်ရမလဲ ဘယ်လိုရှောင်ရမလဲ။
အဲဒါတွေမေးပါ။ ပြီးတော့အခန်းထဲကဈေးနှုန်းကိုကြည့်ပါ။ ရေးထားတာမတွေ့ရင် ဘယ်လောက်လဲလို့ ကြိုတင်ပြီးမေးပါ။ တချို့ဆရာကြီး၊ ဆရာမကြီးများက လူကြည့်ပြီး ရိုက်စား လုပ်တတ်ကြလို့ပါ။ စေတနာနဲ့ အသိပေးတာပါ။ ကျွန်တော်ကတော့ပြတ်တယ်။ ဒီမှာဒီလို ဈေးနှုန်းရေးထားတယ် ဘယ်သူမဆိုအတွက် သင့်တင့်လျောက်ပတ်တဲ့ဈေးပဲလေ။ မရိတ်ဘူး၊ ရိုက်စားမလုပ်ဘူး။ ဟောလို့ရတဲ့ငွေကိုလည်း ကျွန်တော်အိမ်ပြန်ပေးစရာမလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မိသားစုမှာ ပြည့်စုံနေလို့ပါ။ ဒီတော့ကာ ကျွန်တော်ဆရာကြီးဦးကြာမြင့်ကို ကန်တော့ တယ်။ ကျွန်တော်မိဘများကိုထောက်ပံ့တယ်။ တစ်နှစ်တစ်ကြိမ် ကျွန်တော်တို့နယ်ကို ပြန်ပြီး ကထိန်ခင်းလို့လှူဒါန်းတယ်။
နောက်ပြီး ကျွန်တော့်ကို ပညာရေးအကျိုးပေးမလား၊ မပေးဘူးလားတို့၊ ဂုဏ်ထူး ထွက်မလား၊ မထွက်ဘူးလားတို့၊ မေးခွန်းလွယ်မလား၊ ခက်မလားတို့၊ အမှတ်တိုးအောင်တို့ စတဲ့ အဲဒီအကြောင်း အချက်တွေကို ဘယ်တော့မှမဟောပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင်ရင်မအောင်ဘူးဒါပဲလေ၊ ရှင်းနေတာပဲ၊ ကဲဘယ်လောက် လက်တွေ့ဆန်တဲ့ ပညာရပ် မဟုတ်လား။ ကိုယ်လုပ်မှ ကိုယ်ရမှာပေါ့နော်။(အချိန်ကာလနဲ့ နည်းစနစ်တော့ လိုတာပေါ့)
ဆိုတော့ကာ နောက်ဆုံးပြောချင်တာက ဗေဒင်ဆရာတွေဟာ လူလိမ်လူညာချည်းပဲလို့ ပြောလာတဲ့သူရှိရင် ကျွန်တော့်ဆီ လွှတ်လိုက်ပါ။ ကျွန်တော့်ဆီကို လာခဲ့ပါ။ လာတဲ့သူဟာ အလုပ်အကိုင်ရှိရမယ်။ အိမ်ထောင်ရှိရမယ်။ အသက်ကြီးရမယ်ဗျာ။ မယုံလေ ကြိုက်လေ လက်ပေါက်ကပ်လေ ကြိုက်လေဘဲ။ ဆယ်ယောက်လာခဲ့ပါ။ ရှစ်ယောက်မလွဲစေရဘူးလို့ ကျွန်တော်ရဲရဲကြီး ဒီနေရာ ကပြောရဲပါတယ်။
ÄÄ ÄÄ ÄÄ
ဒီလိုဒီလိုဆရာရဲ့ . ..
ဗုဒ္ဓနည်းကျဝိဇ္ဇာပညာနဲ့ နဝင်းစီး၊ ဓါတ်ခန်း၊ ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းကျမ်းပြု ပညာရှင် မဟာဘုတ်ပါရဂူ ဆရာကြီး ဦးကြာမြင့်၏ တပည့်၊ လောကဓံလက်တွေ့အသုံးချ ဆရာကြီးဦးထွန်းရီ ဆိုသူသည် ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားအရှေ့ဖက်မုခ်၊ အခန်း(ခ) တွင် ကျန်းမာ ပကတိ ချမ်းသာစွာရှိလျက် ဆရာ့ ဆရာများ၏ ပညာ Óဏ်၊ ဦးထိပ်မှာ ပန်ဆင်ပြီး သကာလ လူ့လောကတွင် လူတွေ လူလိုနေနည်းကို ဟောဖေါ်ညွှန် ပြလျှက် ရှိပါကြောင်း။
..................
ညီငြိမ်းဆွေ
..................
LikeShow more reactions
CommentShare
Comments
Utun Yee
Write a comment...
Posted by Unknown at 6:38 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Monday, April 25, 2016

-မင်္ဂလာပါလား---ဗေဒင်လောကမှာ-မတွေ့ဘူးသေးတဲ့ --(စိတ်)မှ-(ကံ/ဥာဏ်)-ထိုမှ


-မင်္ဂလာပါလား---ဗေဒင်လောကမှာ-မတွေ့ဘူးသေးတဲ့ --(စိတ်)မှ-(ကံ/ဥာဏ်)-ထိုမှ-လောဘ/မာန/ဒေါသ/မောဟ-ဆီသို့ဆက်သွယ်နေတဲ့- -လောကဓံ(အမြင်သစ်)ရဲ့-တွေ့+မြင်/ပေါင်း-ဖက်။။။။ရန်+တိုက်-/-ခွဲ+ထုတ်-နည်းစနစ်-တခုကို-ဥာဏ်ကြီးသူ-နိုင်ငံခြားသား-ဗေဒင်ဆရာတယောက် ကတော့-ဟောပြောအသုံးပြုနေပြီဖြစ်ပေသည်။----။

Posted by Unknown at 4:09 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

(-မူရင်းမှ-မြန်မာလို ဖြည့်စွက်ထားပုံ)-နှင့်-(ကျွန်ုပ် တွေ့ရှိ အသုံးပြုနေသော-မူရင်းပုံ)

(-မူရင်းမှ-မြန်မာလို ဖြည့်စွက်ထားပုံ)-နှင့်-(ကျွန်ုပ် တွေ့ရှိ အသုံးပြုနေသော-မူရင်းပုံ)

Posted by Unknown at 4:00 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

-- လောကဓံနှင့် ငွေဝင်ကိန်း(သို့မဟုတ်)ထီပေါက်ကိန်း-)))

Just now · Yangon
(((--- လောကဓံနှင့် ငွေဝင်ကိန်း(သို့မဟုတ်)ထီပေါက်ကိန်း-)))
.............
မှတ်မှတ်ရရ သည်နေ့သည်ကား--၂၀၁၃-ဩဂုတ်လ-၂-ရက်-။နံက်(၉)နာရီခန့်....
--(-ဒီအခန်းက ဗေဒင် -ဆရာ--ရှိလား မသိဘူး.).. ဟူသောအသံကြောင့် မနေ့ တနေ့က ထိုးထားတဲ့ ထီစာရွက်တွေ ကိုကြည့်နေရာမှအသံလာရာဆီသို့ ကြည့်လိုက်ရာ မိုးကောင်း ဘုရား ကားမှတ်တိုင် (မြစိမ်းတောင်)ထီဆိုင်မှ ဖြစ်နေ သည်ကိုတွေ့လိုက်ရ၍ သွားတွေ့လိုက်သည်။..
( ဟာ ဆရာ ကျနော့ဆိုင်မှာ ထီ တွတ်(၂)ခုဝင် နေတယ်ဆရာ)
( ဟုတ်လား ကျနော်လည်း ဘာရယ်လို့မဟုတ်ပါဘူး ထီလက်မှတ်လေးတွေပြန်ကြည့်ရင်-ထီဆုတွေခွဲထားတဲ့ ပုံစံလေးတွေကြည့်နေတာ ဘယ်လို ဆုတွေတွတ်ပါ နေတာလည်းဗျ )
( သိန်း-၁၅၀ဝ)မှာ အက္ခရာတူ ရှေ့နှစ်လုံးတူနဲ့ အက္ခရာ တူရှေ့ (၃)လုံးတူ ပါနေတာဆိုတော့(၁)သိန်းဆုနဲ့(၅)သောင်း ဆု-နှစ်ဆုပေါ့ ဆရာနေ့လည်လောက်ဆို လာထုတ်လို့ရပြီနော်ဆရာ ထီလက်မှတ်လေး လည်း မေ့မနေနဲ့ဦး နော)။..-------.ဟုပြောပြောဆိုဆို ပြန်သွားလေသည်။သူပြန်သွားမှ ဪသာ် -ပသာံ/လာဘော မှာ ထီထိုးထားတာ တကယ် တွတ်ဝင်နေပါလား ဆိုတဲ့အတွေးနဲ့ ထီလက် မှတ်နဲ့ ထီပေါက်စဉ်ကို အကြိမ်ကြိမ်တိုက်နေမိသည်။ ထီဆုပေးတဲ့ သဘောတရားကိုလည်း ခုမှရေရေရာရာသဘောပေါက်လိုက်သည်။ထီတွတ်ဝင်လို့ ဝမ်းသာခြင်း ထက် ထီနံပါတ်ဟောစားနေတဲ့ဗေဒင်ဆရာတွေကို မင်းတို့ဗေဒင်ဆရာတွေ သူများတော့ ထီနံပါတ်တွေ ပေးနေပြီး ကိုယ်တိုင်ပေါက်အောင် ထိုးပါလား ဆိုတဲ့ စကားလုံးကိုပြန်လည် ချေပဖို့ နဲ့ ၉ကိုယ်တိုင်ထီနံပါတ်မ ဟောပါ) ကိုယ်တိုင်ဗေဒင် သင်တန်းမှာ သင်ကြားပေးခဲ့စဉ်က (၇)နေ့သားသမီးတ သက် တာ ထီပေါက်ကိန်း (သို့မဟုတ်)ငွေဝင်ကိန်းဆိုပြီးသင်လည်းသင် ဓနသိဒ္ဓိ ဂျာနယ်မှ လည်းဆောင်းပါးတွေရေးခဲ့ပြီးပါပြီ။ မကြာမီ-((၇)နေ့သား သမီးများတ သက်တာထီပေါက်ကိန်း(သို့မဟုတ်)ငွေဝင်ကိန်းနှင့် ထုတ် -ယောက်-ဒိုင်း-မျှား-လှေခါး-စသည့်သဘာဝပညတ်များနှင့် အိမ်ခြံမြေ/တိုက်-ကား-ရောင်းဝယ်ခြင်း လူဝင်လာစေသောနည်း/ လူထွက်သွားစေသော လူနှ င် နည်း) စာအုပ်ကို ထုတ်ဝေတော့မည်ဖြစ်ပါသည်။
ထီထိုးဖြစ်ပုံကလည်းကြည့်လေ တပည့်ဖြစ်သူ မောင်ရာဇာမှ (-ဆရာ့ဆရာကြီး ဆရာကြီးဦးကြာမြင့် က ကိုယ်တိုင်ထီပေါက်အောင် ထိုးပြီး သေမည့်နှစ်ကိုကြိုပြောသွားကြောင်းဆရာရေးထားပြီးပြီနော။ဆရာကိုယ်တိုင် လည်း-ထီပေါက်အောင်ထိုးပြပြီး-သေ မည့် နှစ်ကိုကြိုပြောပြ မသွား/ရေးပြသွားရင်မကောင်းဘူးလားဆရာ)
(၂၀၁၃-မှာ ဓနသိဒ္ဓိစာစောင်မှာ သိတတ်တဲ့အချိန်ကနေ -သေမဲ့အချိန် ထိ-ရေးခဲ့ပြီးပြီလေ)
(ကျနောတို့တောင်မသိလိုက်ပါလားဆရာ)
( အေး ဟုတ်တယ် လူတွေသိပ်မသိလိုက်ကြဘူး။ဆရာအေ၇းအသားလို အပ်နေလို့လည်းဖြစ်နိုင်ပါတယ်။မကြာခင်-ဒီနေရာမှာတင်ပြသွားမှာပါ။)
( ထီပေါက်တဲ့ အကြောင်းပါလားဆရာ)
(ထီအကြောင်းတော့မပါဘူးကွ။ငါမှထီမပေါက်ဖူးသေးဘဲ။ငါကထီထိုးရမှာပျင်းတယ်။)ဒါဆိုအ တော်ဘဲ ဆရာ ( ဆရာ ပသာံ/ လာဘော) မှာ ငွေဝင်ကိန်း (သို့မဟုတ်)ထီပေါက်ကိန်းရှိတယ် ဆိုရင် ဆရာ ခု(ပသာံ/လာဘော)(၂)နှစ် မှာ ထီထိုးကြည့်ပါလားဆရာ)
( မောင်ရာဇာရယ် ဒါဘဲ ခဏခဏပြောနေရတာဘဲ ဗေဒင်ပညာမှာ ထီပေါက်ကိန်းဆိုတာ မရှိပါဘူး။ငွေဝင်ကိန်းဘဲရှိပါ တယ်-ထီပေါက်ကိန်း ဆိုတာ ဒီဘက်ခေတ်ရောက်ပြီးထီ-ပေါ်လာမှ ထီပေါက်ကိန်းဆိုပြီး ခေါ်ဝေါ် အသုံးပြု လာကြတာဆိုတာလေ။-ငွေဝင်ကိန်းရှိတယ်ဆို၇င်လုံလောက်ပါပြီ )။
( ထီ ဆိုတာ နဂိုကထဲ က ရှိနေတာ မဟု တ်ဘူးလားဆရာ)။
( ဘယ်ဟုတ်ရမှာလည်း ဆရာတို့မြန်မာတွေအနေနဲ့ပြန်ကြည့်မယ် ဆို ရင် ဗေဒင်ပညာရပ်ဟာ ဘုရားမပွင့်မီ နှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ေ နသော ပညာရပ်တခုဖြစ်တယ်။တိုတိုသော ခေတ်ကာလ အချိန်ကာ လတွေ က တို့မြန်မာပြည်က ဗေဒင်ဆရာတွေ ထီပေါက်ကိန်းကို ဘယ်လိုဟော ခဲ့ကြသလည်း ဆိုတာကိုစဉ်းစားကြည့်လေ။ မြန်မာပြည်မှာ ထီ-ဆိုတာ မရှိသေးဘူးနော။ အင်္ဂလိပ်တွေအုပ်ချုပ်တဲ့အချိန်ရောက်မှ ကိစ္စတခုဖြစ် တာကြောင့် ရှေးယခင်က ဗေဒင်ပညာအရ ငွေဝင်ကိန်းကို ခေတ်နဲ့ညီအောင် ထီခေတ်ရောက်လာလို့ ထီပေါက်ကိန်း လို့ခေါ်ဝေါ်အသုံးပြုလာကြတာ သဘာဝကြပါတယ်။)
( ဒါဖြင့်ရင် ထီ ပေါက်ကိန်းဆြို့ပီး ရေးနေ ထုတ်နေကြတဲ့ဆရာတွေရှိတယ် မဟုတ်လားဆ၇ာ)
( ဒီဘက်ခေတ်မှ ပေါ်လာတာပါ။ ထီနဲ့ပတ်သက်တဲ့ ဗေဒင် စာအု ပ်ေ တွတော်တော်လေးတွေ့လာရတယ်။အထူးသဖြင့် လူသိများတာကတော့ ပျဉ်းမနားဆရာဦးသန်းမောင်ရဲ့ စာအုပ်ပဲ။ကဲ ဒီလောက်ဆိုရင် ထီနဲ့ ဗေဒင် အကြောင်း အနည်းအကျဉ်း သိလောက်ရောပေါ့ ။)
( လောကဓံ ပညာအနေနဲ့ ဘယ်အသက်အရွယ် တွေမှာ ထီထိုးသင့်လည်း ဆိုတာလေးပြောပြပါလားဆရာ)
( လောကဓံပညာမှာ ခေတ်နဲ့အညီ ထီပေါက်ကိန်းခေါ် (၇)နေ့သား သမီး များ (ငွေအလုံးအရင်းဖြင့်ဝင်နိုင်သော )ထီပေါက်နိုင်သည့် အသက် အပိုင်းအခြားတွေနဲ့ လိုက်နာရမဲ့အချက်တွေကတော့...
................
၁။-- လောကဓံပညာအရ အကောင်ြး၈ိုလ်ခွင်များဖြစ်တဲ့ (ယသော+သုခံ/ပသာံ+လာဘော)လောကဓံများမှာ ကာယကံရှင်ရဲ့ အသက်ရောက်ရှိနေချိန် အထူးသဖြင့် (ပသာံ/လာဘော)လောကဓံနှစ် ကွက်မှာ ငွေအလုံးအရင်းဝင်တာများပါတယ် ။
၂။ ---မိမိမရဏဂြီုလ်နဲ့လွတ်ကင်းချိန်
၃။-- ဘုမ္မိကြီးနယ်မြေအတွင်း လွတ်ကင်းနေချိန်
၎။--- အပျော်အပါး လောင်းကစားနည်းမျိုးစုံ ။ကာမဂုဏ်မှားယွင်း ဖေါက်ပြန် ရှုတ်ထွေးမှုများ မပြုလုပ် မကျူးလွန်မိခြင်း။
၅။-- ဘုမ္မိ+ရန် ပူးတွဲ ကျရောက်မှုများ ကင်းလွတ်ချိန်
၆။ ---မိမိမပိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့် )ငွေကြေး-ရတနာ အစရှိ သည်များကို ယာယီလက်ခံထားမှုမပြုခြင်း စသည့်အချက်များနဲ့
ညီ ညွ တ်ေ နချိန်ကာလများမှာ ထီထိုး ပါလို့အကြံပေးရမှာပါ။
ဆရာက(စနေသား)ဆိုတော့ စနေသားသမီးတွေ ကံ ကောင်းနေ သည့်အသက်များကို ဖေါ်ပြပေးလိုက်ပါ့တယ်။
-------(၂၁-၂၂-)( ၂၉-၃၀ )( ၃၇-၃၈ )(၄၅-၄၆) (၅၃-၅၄)(၆၁-၆၂)နှ စ်ေ တွဖြစ်ပါတယ်။ဆရာ့အသက်(၅၃/၅၄)နှစ် (ပသာံ/လာဘော)အတွဲမှာ ထီ တွတ်(၂)ဆုဝင်တာဖြစ်တယ်။)။-----
.......
....-- (၇)နေ့သားသမီးများ တသက်တာ ထီပေါက်ကိန်း (သို့မဟုတ်)ငွေဝင်ကိန်းများကို ဆက်လက်ရေးသားပါဦးမည်။
ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်.....
လောကဓံ(အမြင်သစ်) ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)
Utun Yee's photo.
Utun Yee's photo.
Utun Yee's photo.
LikeShow more reactions
CommentShare
Comments
Utun Yee
Write a comment...
Posted by Unknown at 2:27 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Saturday, April 23, 2016

--((---(နဝင်းစီး)ယတြာ အကြောင်း တစေ့တစောင်း---))--

--((---(နဝင်းစီး)ယတြာ အကြောင်း တစေ့တစောင်း---))--
....................
သင်္ကြန်တွင်း--တစ်ရက်မှာ-စာအုပ်တွေ(ချ)ကိုက်နေကြောင်းပြော လာ၍ စာအုပ်များရှင်းလင်းရာမှ ဆရာတဦးမှ ယတြာ(၆)မျိုးအကြောင်း ကို ရေး သားဖေါ်ပြထားတာတွေ့ရပါတယ်။ ထိုထိုသောယတြာများထဲမှ နဝင်းစီးပညာအကြောင်း သူ့ကိုယ်တွေ့တွေရေးထားတာတွေ့ သောေ ကြာင့် ပြန်လည်းတင်ပြပေးလိုက်ပါတယ်။စာအုပ်တွေချကိုက်ထားသဖြင့်တချို့စာတွေဖတ်မရတော့သဖြင့်အဆင်ပြေသလိုနဲနဲရေးလိုက်ရပါသည်။မူရင်းဆရာ၏အယူအဆများနှင့်လွဲချော်နေပါကပြန်လည်းဖေါ်ပြသူ-ကျွန်ုပ်၏ အာ။နည်းချက် သာဖြစ်ပါကြောင်း...
-------------------------------------------------------------
ယတြာ(၆) နဝင်းစီးယတြာ
------------------------------------------------------ နဝင်းစီးယတြာသည်အင်္ဂဝိဇ္ဇာပညာ၏ဆောင်ပန်း/နင်းကြမ်းယတြာအားပိုမိုအစွမ်းထက်အောင် ပြုပြင်မွန်းမံထာ၊ခြင်းဖြစ်ပြီး ယတြာအားလုံးတွင်-ဘုရင်-ဟုခေါ်ဆိုလောက်သောနည်းစနစ်တခုဖြစ်ပေသည်။လိုနဝင်းစီးယတြာကို မြန်မာ့ရိုးရာမဟာဘုတ်သက်ခတ် ပညာရှင်ဖြစ်သော]]ဆရာကြီး ဦးကြာမြင့်}} မှစတင်တီထွင်ဖေါ်ထုတ်ခဲ့ပြီး ယခုအခါဆရာကြီး၏တပည့် သားမြေးများက ထိုပညာကို ဆက်လက်၍အမွေထိမ်းသိမ်းလျက်ရှိကြပေသည်။
မိမိကိုယ်တိုင်လည်း အသက်ဘေးနှင့် (၂)ကြိမ် ကြုံခဲ့စဉ်က ထိုပညာ၏ အစွမ်းကြောင့် (၁)ကြိမ်အသက်ဘေးမှ လွတ်မြောက်ခဲ့ရ သည်မှာ ကိုယ်တွေ့ ဖြစ်ပေသည်။နဝင်းစီးယတြာသည် အလွန်ထက် မျက်သောကြောင့် အသက် အန္တရာယ် အလွန်နီး ကပ်သောကျန်းမာရေးကိစများ ထောင် အချုပ်ကျမည့် အမှုအခင်းများ ငွေကြေးစီးပွား ဥ စ္စာ ပြုတ်ပြုတ်ပြုန်းရတော့မည့် ပြသ နာကြီး များအတွက် အသက်ကယ် ယတြာဟု ဆိုလောက်ပေသည်။
အထူးသဖြင့် ထိုနဝင်းစီးယတြာသည်သေအံ့နီးနီးဖြစ်နေသောကျန်းမာရေးကိစ္စ များတွင် အထူး ထက်မျက်လှသည်မှာ တွေ့ရဖူး ပေါင်း များ လေပြီ။နဝင်းစီးယတြာ၏ တန်ခိုးသတ္တိ ကြောင့်ဘေးဆိုးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ရ ပုံများစွာရှိသည့်အနက် မိမိ ကိုယ် တွေ့ မျက်မြင်ဖြစ်သော အဖြစ်အပျက် များမှာ --
-၁။--အသဲခြောက်ဝေဒနာရှင်တဦးကိုဆရာဝန်ကြီးများက(၆)လခန့်မျှသာအသက်ရှင်ရတော့မည်ဟုပြောကြားခဲ့သော်လည်းနဝင်း စီးယတြာကို အကြိ မ်ကြိမ်ြ ပု လုပ်ခဲ့ရာရောဂါပျောက်ကင်းပြီး ယခုတိုင်အသက်ရှင်နေခြင်း။
-၂။--ကင်ဆာရောဂါဟုသတ်မှတ်ခံရပြီးနောက်ဆုံးအဆင့်အနေဖြင့်အသားစယူစစ်ဆေးခံမှုမပြုလုပ်မီနဝင်းယတြာကိုပြုလုပ်ခဲ့ရာအသားစ စစ်ဆေးေ သာ အခါ ကင်ဆာမဟုတ်တော့ဘဲ ကနဦးကင်ဆာရောဂါ လက္မဏာများပါ ပျော က် ကွယ်သွားခြင်း။
-၃။--နာမည်ကျော်အဆိုတော်တဦးအား ထောင်ကျတော့မည့်ဆဲဆဲနဝင်းစီးယတြာပြုလုပ်ခဲ့ရာသူ၏အပေါင်းအဖေါ်အားလုံး ထောင်ကျသွားသော်လည်း သူ တ ဦးတည်းသာ ထူးထူးဆန်းဆန်းလွတ်မြောက်သွားခြင်း။
-၄။--ငွေသိန်း(၈၀ဝ)ကျော် မပေးဆပ်နိုင်လျှင်နာမည်ပျက်တရားစွဲခံ ရ တော့ မည့် လုပ်ငန်းရှင် တဦးသည် နဝင်းစီးတကြိမ်ထိုင်ပြီး ထိုနေ့မှာပင် ထီသိန်း (၉၀ဝ)ကျော်ပေါက်ခြင်း။
-၅။--အထူးစစ်ဆေးခံရမည့် လုပ်ငန်းရှင်တဦးသည်။နဝင်းစီးယတြာ များပြုလုပ်ပြီး နောက် စုံစမ်းစစ်ဆေးရေး အစီအစဉ်ပျက်ပြယ်သွားခြင်း။
(စုံးစမ်းစစ်ဆေးခံရပါက ငွေသိန်းရာပေါင်းများစွာ လျှော်ကြေးပေးရမည်) ။
မကောင်းသောသက်ခတ်များအတွင်းတွင် တပတ်လျှင်တကြိမ် မှန်မှန် နဝင်းစီးယတြာပြုလုပ်သောသူများသည် စီးပွားရေး-ကျန်း မာရေး-အညံ့များ ကိုကြုံပင်မကြုံရ တော့ဘဲ လုံးဝလွတ်မြောက်သွားသည်များလည်း မျက်မြင် ကိုယ်တွေ့များရှိခဲ့ပါသည်။
ဒုက္မမှလွတ်မြောက်ခြင်းထက် ဒုက္မနှင့် မကြုံသည်ကပို၍ကောင်းပါ သည်။ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းမွန်သည် မဟုတ် ပါလော။
..............
ကျွန်ုပ်သည်အထက်ပါအကြောင်းအရာများကိုဖေါ်ပြနေရခြင်းမှာကြော်ငြာနေမဟုတ်ပါ။ကိုယ်တိုင်(နဝင်းပညာ)ကိုလေ့လာသင် ယူထားသော ---------------------------ထိုကဲ့သို့ အစွမ်းထက်မျက်သော ယတြာပြု နည်းများရှိနေသည်ကို သိစေလိုသော စေတနာဖြင့် အခက်အ ခဲကြုံေ နသူများကို အသိပေးပြောပြနေခြင်းဖြစ်သည်။ ------မယုံကြည်သူများအတွက်ဇွတ်အတင်းမယုံုံခိုင်းပါ။
နဝင်းစီးယတြာနည်းစနစ်များကိုလည်း ဤဆောင်းပါးထဲ တွင် ဖေါ်ြ ပခြင်းမပြု တော့ပါ။အဘယ်ကြောင့်ဆိုသော် ထိုနဝင်း စီးယတြာ သည်။ ထက်မြက်လွန်းပြီး မတတ်တ တတ်ဖြင့် ပြုလုပ်လျှင် ဘေးဥပဒ်အန္တရယ် အ လွန်များလှသောကြောင့် ဖြစ်ပေသည်။
မိမိတို့မကောင်းသောကံကြမ္မာနှင့်ကြုံတွေ့နေရပြီး -တခြားသော ယတြာ များဖြင့်အဆင်မပြေပါက----------------- -----နဝင်းစီးယတြာပြုလုပ်လိုသည်ဆိုပါလျှင်ကူညီပေးပါမည်ဆရာကောင်းသမားကောင်းများထံပို့ဆောင်ပေးပါမည်။ငွေကြေးကိ အကြံအဖန်မလုပ်ပါစေ တနာသက်သက်ဖြင့်သာ ကူညီပေးမည်။......ဟူ၏..။
................
(မူရင်း ရေးသားသူ ဆရာ အား-အထူးကျေးဇူးတင်မိပါကြောင်း)။
......လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)။
Utun Yee's photo.
Utun Yee's photo.
Posted by Unknown at 11:14 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Tuesday, April 19, 2016

-- ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊) ဖွင့်ဟဝန်ခံဖြောင့်ချက်များ---

               (((--- ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊) ဖွင့်ဟဝန်ခံဖြောင့်ချက်များ---)))
.................        ဇောတိသဝေဒမဂ္ဂဇင်း - အမှတ်-(၁၇၁)၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ဆရာဦးထွန်းရီ(မိုးကောင်း)
    ကျွန်တော့်အသက် ငယ်ပေမယ့် ကျွန်တော်ဟောပြောလုပ်ကိုင်စားသောက်ခဲ့တဲ့ နှစ်တွေက မနည်းလှတော့ပါဘူး။
    လုပ်ကိုင်တယ်ဆိုတာက ကျွန်တော့ရဲ့ ဃျွဗဇ့ဗေဒင်ဟောပြောခြင်းဖြစ်ပြီး၊ စားသောက် တယ်ဆိုတာက ကျွန်တော့မျိုးနွယ်စုရဲ့ အမာခံရပ်တည်နေနိုင်သည့် အင်အားကြောင့်ပါ။ ကျွန်တော် ကိုယ်တိုင်က ဒီပညာရပ်အပေါ် သုတေသနလုပ်ရင်း ဗေဒင်ရဲ့ ကျေးကျွန်ဖြစ်ခဲ့ရသူဆိုတော့ ရင်ဘတ်နာနာ ဘဝနာနာနဲ့ဘဲ ဒီစာစုကို ရေးဖြစ်ခဲ့ရတာပါ။ လူဘဝတိုတိုလေးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆိုတာ ကိုယ်တိုင်ကြုံ၊ ဆုံ၊တွေ့၊ သိ၊ မြင်ဖူးပါမှ၊ သိကြရတဲ့အဖြစ်ပါဗျာ။ ဪသာ်... ဘုရားမတင် နတ်မဝင် လူတွင်ပန်းဆယ်မျိုးထဲမှာ မပါတဲ့ ဗေဒင်ပညာ။
    ဒါပေမယ့် မြန်မာ့ နန်းသုံးတော်ဝင် အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်ထဲမှာ တော်ရုံတန်ရုံ ပညာရှိက လက်ကမြင်းကြောထပြီး ထည့်သွင်းဖော်ပြခဲ့တာတော့ မဟုတ်ဘူးဗျ။ ဟိုး...ဘာသာတရားတွေ မပေါ်ပေါက်ခင်ကတည်းက တည်ရှိခဲ့တဲ့ ပညာရပ်ဆိုတာ လူတကာသိနေလို့ အကျယ်မချဲ့လိုပါဘူးလေ။
    ဆရာ့ဆရာကြီးများလို ကျမ်းပြုမဟုတ်ခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘဝကြမ်းကြမ်းနဲ့ ယှဉ်ပြီး ကျွန်တော့်ရင်ကို ဖွင့်ပြပါ့မယ်။
    ဗေဒင်များများမေးကြပါ။ (ယုံကြည်ကြဖို့မဟုတ်ဘူးနော်၊ ဗဟုသုတအနေနဲ့ ကိုယ့်အကြောင်းကို ကြိုတင်သိထားဖို့ပါ။ ကံကောင်းချိန်မှာ သူများတွေထက် ပိုပြီး လုပ်ကိုင်နိုင်စွမ်း ရှိရမယ်။ ကံဆိုးချိန်မှာ သူများတွေထက် ဒုက္ခ သုက္ခတွေကို ခုခံကာကွယ်နိုင်ကြဖို့ဘဲဖြစ်ပါတယ်။)
    ဆိုလိုတာက ဗေဒင်ကို မယုံကြည်လို့ပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိသေးလို့ပဲဖြစ်ဖြစ် မမေးဖြစ်ဘဲ နေလာခဲ့ပြီးမှ အိမ်ထောင်ပြုမလို့၊ နိုင်ငံခြားသွားမလို့၊ လုပ်ငန်းကြီးတွေ ရင်းနှီး မြှုပ်နှံတည်ထောင်မလို့ (ဒါမှမဟုတ်)လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ ဒုက္ခတွေကြုံလာမှ ဗေဒင်မေးတော့မယ်ဆိုရင် မိမိစပြီးမေးမြန်းမိတဲ့ဆရာဟာ ပညာရှင်အစစ်မဟုတ်ဘဲ ရိုက်စား၊ မြှောက်စား၊ ပင့်စား၊ ဟောက်စား၊ ဆရာဖြစ်နေခဲ့လျှင် အဲ့ဒီဆရာကို အားကိုးမိခါမှ ဘဝတစ်ခုလုံး ပျက်ရကိန်းကြုံတွေ့ရတာမျိုးဆိုပါတော့။
    ခက်တာက အထူးကုဆရာဝန်ကြီးနှင့် ခွဲစိတ်ကုသချင်ကာမှ လူနာ၊ လူနာရှင်ခမြာ ခွဲစိတ်ခန်းမဝင်ခင် လက်မှတ်ထိုးပေးခဲ့ကြရသေးတာ။ ဒါဟာ အသက်ကို လုတာနော်၊ ကျွန်တော်တို့ ဗေဒင်ဆရာတွေက ဘဝကို ကုစားရတာပါဗျာ။အဲဒီတော့ မှားမယ်၊ မှန်မယ်ဆိုတာ ဘယ်လိုလုပ်ပြီး စာချုပ်ချုပ်လက်မှတ်ထိုးကြမလဲ။ ဒီတော့ မေတ္တာ၊ စေတနာ၊ ပညာနဲ့ ကိုယ်ချင်းစာစိတ်မရှိတဲ့ ဆရာနဲ့သာ တွေ့လျှင် ကိုယ်ဖြစ်ကိုယ်ခံပဲ
    ဒါကြောင့် ဗေဒင်များများမေးမှ အတွေ့အကြုံများများရမယ်။ ဗေဒင်မေး အတွေ့အကြုံ ---များများရမှ ပညာနဲ့ ပညာရှင်တွေအကြောင်းကို သိရမယ်။ ဥပမာ၊ လက္ခဏာ၊ နက္ခတ္တဗေဒင်၊ ဆန်းဗေဒင်၊ မဟာဘုတ်၊ အစရှိတဲ့ ဗေဒင်ပညာရပ်တွေဟာ သူ့အယူအဆ၊ သူ့ရှုထောင့်နဲ့သူ မှန်နေကြတာပါပဲ။ အဲ့ဒီလို မှန်ကန်ကြလို့လဲ ဒီကနေ့ထိ ရပ်တည်နေနိုင်ကြတာဖြစ်တယ်။ ပညာရပ် တစ်မျိုးကို နှစ်ကြိမ်၊ သုံးကြိမ်မေးပါ။ သေချာမှတ်တမ်းပြုစုပြီး လက်တွေ့ အနီးကပ်ဆုံး မှန်ကန်အောင် ဟောနိုင်တဲ့ ဆရာနဲ့ တိုင်ပင်ပြီးလုပ်ဆောင်ပါက ဖြစ်ချိန်မှာ စီးပွားပိုဖြစ်ပြီး ပျက်ချိန်မှာ ဆုံးရှုံးမှုသက်သာပါလိမ့်မည်။ ပညာရပ်တိုင်းဟာ အသုံးပြုသူ ဆရာအပေါ်မှာလည်း မူတည်နေပါတယ်။ ဒါကြောင့် ပညာစစ်၊ ပညာမှန်၊ ဆရာစစ်၊ ဆရာမှန်နဲ့ တွေ့နိုင်စေဖို့ ဗေဒင်များများ မေးခိုင်းခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ဗေဒင်မေးတော့မယ်ဆိုရင် -
(၁)    မိမိမေးချင်တဲ့ အကြောင်းအရာများကို ကြိုတင်ပြီးရေးယူသွားပါ။
    မိမိမေးမြန်းမိတဲ့ဆရာက အပြောကောင်းလို့ဖြစ်စေ ကိုယ်နှင့်အယူအဆမတူလို့ဖြစ်စေ မိမိက မေ့နေလို့ မမေးဖြစ်ခဲ့ရင် နောင်တစ်ချိန်သတိရမှ ထပ်ပြီးသွားပြန်မေးနေလို့ကတော့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ရလိမ့်မယ်။ ဒါကြောင့် မေးခွန်းတွေကို ကြိုရေးသွားပြီး သိချင်တာတွေကို တထိုင်တည်း စိတ်တိုင်းကြမေးကြပါ။
(၂)    Óဏ်ပူဇော်ခအရင်မေးပါ။ ဥာဏ်ပူဇော်ခဈေးနှုန်း ဘယ်၍ဘယ်မျှ ရေးထားသလဲ အရင်ရှာပါ။
    ဥာဏ်ပူဇော်ခဈေးနှုန်းရေးထားတာ မတွေ့ရင် ဈေးနှုန်းမေးပြီးမှ ဗေဒင်မေးပါ။ တော်နေကြာ ရိုက်စားဆရာနဲ့တွေ့နေမှ ရှက်ကြောက်အားနာပြီး တောင်းသမျှပေးနေရမှာစိုးလို့ပါ။ ငွေအပိုပါသွားသူတွက် အရေးမကြီးပေမယ့် ငွေအပိုပါသွားသူမဟုတ်ရင် ဒုက္ခရောက်နေလို့ ဗေဒင်လာမေးမိပါတယ်။ အရှက်ပါထပ်ကွဲနေရပါဦးမယ်။ ဒါ့ကြောင့် ဥာဏ်ပူဇော်ခ ဘယ်လောက် ယူတယ်ဆိုတာ။ အရင်မေးပါ။
(၃)    ဗေဒင်ဆရာရဲ့ ရှေ့ကိုရောက်ရင် တစ်နှစ်စာ၊ တစ်သက်တာအတွက် ရှောင်ရန် ဆောင်ရန် ဟောပေးပါလို့ ပြောပါ။ ဆရာဟောသမျှဆောင်ရန် ရှောင်ရန်ကို နားထောင်ပြီးမှ မိမိ မေးလိုတာ များကို မေးပါ။ အဲဒီလိုမဟုတ်ဘဲ ဆရာဖြစ်သူက ဘာကိစ္စသိချင်ပါသလဲ၊ မေးပါလို့ ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း တချို့ဗေဒင်ဝါသနာရှင်တွေဟာ သူတို့ရဲ့ ဖြစ်ကြောင်းမှကုန်စင်ကို ကုန်ကုန်စင်စင် အားရပါးရကြီး ရင်ဖွင့်ချတတ်ကြပါလေရဲ့။
    အဟင်း...သိတယ်မဟုတ်လား။
    နာပြီမှတ်။
    အမှန်ကတော့ ဆရာ့ဟောကွက်ကို နားထောင်ပြီးမှသာ ကိုယ်သိလိုတဲ့ မေးခွန်းတွေကို မေးပါ။ အဲဒါမှ ဆရာ့ရဲ့ အယူအဆနဲ့ ပညာရပ်ကို သိပြီး ကိုယ့်ဘဝအတွက် အကျိုးရှိမှာဖြစ်လို့ပါ။
(၄)    စာမေးပွဲအောင်ဖို့အတွက် ယတြာမရှိ။ ကျောင်းမှန်မှန်တက်ပြီး၊ စာမှန်မှန်ကျက်ပါ။ အရိုးသားဆုံးဖြေပါ။ ဖြေနိုင်ရင်အောင်မယ်၊ မဖြေနိုင်ရင်ကျမယ်။ မည်သည့်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှ မေးခွန်းကိုကြိုမသိနိုင်သလို၊ ဘယ်ဗေဒင်ဆရာ၊ ဆရာမမှလည်း အမှတ်တိုးပေးလို့ မရနိုင်ပါဘူး။ စာမေးပွဲအောင်အောင် လုပ်ပေးပါဆိုပြီး ဗေဒင်ဆရာဆီမှာ ယတြာချေလို့ ကတော့ အင်း . . . အောင်သွားပါလိမ့်မယ် ဗေဒင်ဆရာ။
(၅)    သင်တကယ်မေးသင့်တဲ့အချက် -
    (က)    ဘယ်တော့ စီးပွားပျက်နိုင်သလဲ၊ ဘာ့ကြောင့်လဲ။
    (ခ)    ဘယ်အချိန်မှာ ကျန်းမာရေး ဆိုးဆိုးဝါးဝါးဖြစ်နိုင်မလဲ။
    (ဂ)    ဘယ်အချိန်မှာ အမှုအခင်းဖြစ်နိုင်မလဲ၊ ထောင်ကျနိုင်မလား။
    (ဃ)    ဘယ်အချိန်မှာ အိမ်ထောင်ရေးပြိုကွဲမလဲ၊ ဘာကြောင့်လဲ။
    (င)    ဘယ်အချိန်တွေမှာ သေကိန်းကြုံတွေ့နိုင်မလဲ၊ ပြေးလို့လွတ်မလား။
    အဲဒီအချက်တွေကို အဓိကထားပြီး မေးပါ။ အဲဒါတွေအားလုံးဟာ ကိုယ့်အတွက် အဆိုးဆုံးတွေ ဖြစ်နေတာကြောင့် ကြိုတင်သိထားရင် လွတ်ကင်းသက်သာတဲ့နည်းလမ်း ရှာဖွေနိုင်အောင် ဖြစ်ပါတယ်။
    (ရိုက်စား၊ ဟောက်စား၊ ခြောက်စား ဆရာတွေနဲ့တွေ့လို့ ကြောက်တတ်ရင်တော့ တစ်မျိုးပေါ့လေ) လူလူချင်း လှည့်ဖြားလိမ်ညာခြင်းမှကင်းဝေးကြပါစေ။
............
..............ဆရာဦးထွန်းရီ(မိုးကောင်း)။


Posted by Unknown at 2:38 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Sunday, April 10, 2016

(((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယတြာ--)။ .................

(((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယတြာ--)။
.................



( ဆရာ ဧည့်သည်) ဟူသောအသံနှင့်အတူ ဘဲလ်မည်သံကြောင့် တခါးဝကိုလှမ်းကြည့်လိုက်ရာ မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းမှ
သင်တန်းသားလူဟောင်း သင်တန်းအမှတ်စဉ်(၇)ကိုဆက်လက် သင်ကြားေ နသော သင်တန်းသားဖြစ်နေလေသည်.။
(လာမောင်ရင် ထိုင်ကွာ မရောက်တာတောင်တော်တော်ကြာေ နပါရောလား)
( ဟုတ်တယ်ဆရာ ..ဆရာမကြာခဏပြောပြောနေတဲ့ ကိစများမြောင်လူ တို့ဘောင်..ဆိုသလိုဘဲဆရာရေ့..နေ့မအားညမအားလူပင်ပန်း စိတ်ပင်ပန်းနဲ့ အပြင်လောကတ်ဝန်းကျင်ကို အဆက်အသွယ်ပြတ်နေ တာကြာပြီဆရာ. ဒီနေ့တော့ ဆရာ့ဆီရောက်အောင်သွားဦးမှဘဲဆိုပြီး ဇွတ်ထွက်လာတာဆရာ)
( ကိစထွေထွေထူးထူးရှိလို့လား)
( ကိစထွေထွေထူးထူးမရှိပါဘူးဆရာ ထုံးစံအတိုင်းမွေးလကျော်လာ လို့ ရှေ့လာမဲ့နှစ်အတွက် ရှောင်ရန် ဆောင်ရန်လေးတွေလာမေးတာပါဆရာ)
(အတော်ဘဲပေါ့ကွာ တနှစ်တာအတွက် အကာအကွယ်အနေနဲ့ ကြိုတင်လုပ်ဆောင်ထားရမဲ့ အုန်းသီးရေမျှောယတြာအကြောင်းရေးေ နတာကွ)
( ဘယ်မဂဇင်းအတွက်လည်းဆရာ)
( မ ဂ ဇင်းအတွက်မဟုတ်ပါဘူးဆရာရေးနေကြ ဓနသိဒိဂျာ နယ်အတွက်ပါ အဲဒီ အုန်းသီးရေမျှောယတြာက တနှစ်အတွက် အကာအကွယ်နဲ့ ကံမြှင့်ထားတဲ့သဘောဘဲ။ ဒီယတြာကိုနှစ်ဟောင်းမှသည်နျစ်သစ်ဆီသို့အကူး နျစ်ဆန်း(၁)ရက်နေ့မှာလုပ်ရမှာကွ။ယတြာလုပ်သူလူတယောက်အတွက် ခြေမန်းကွင်း(၁)ကွင်း လိုတယ်။ ဆံပင်+ခြေသဲ+လက်သဲကိုညှပ် စက္ကူလေးနဲ့တခုစီခွဲထုတ်ထား။ အုန်းသီးအခြွံကတ်တလုံးကို မျက်လုံး-ပါးစပ်အပေါက်လေးတွေထဲက ပါးစပ်ပေါက်ကိုအပေါက်လေးဖေါက် အဲဒီအပေါက်လေးပြန်ပိတ်ဖို့ အုန်းလက်(၃)လက်မလောက်ရှာထားရတယ်ကွနှစ်ဟောင်းရဲ့နောက်ဆုံးညမှာ ခြေမန်းကွင်းကို လည်ပင်းမှာစွပ်အိပ်ရမှာ မနက်အိပ်ရာထမှာ ခြေမန်း ကွင်းကို အောက်ဖက်ကိုချွတ်ချပြီး ကျော်ထွက်သွား သူ့ဆံပင်-လက်သည်း -ခြေသည်း-ထုပ်လေးတွေကို အဲ ဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး- ဖေါက် ထား တဲ့ အပေါက်ထဲကိုထည့် ရေထပ်ဖြည့် အုန်းသားသပ်နဲ့ရိုက်ထဲ့ပြီး စီး ဆင်းနေ တဲ့ မြစ်ချောင်းထဲကို သွားမျှောပြစ်ရမှာ )
( တယောက်ကို အုန်းသီးတလုံးစီ လုပ်ရမှာလားဆရာ)
( အုန်းသီးတလုံးမှာမိသားစု တွေပေါင်းလုပ်လို့ရပါတယ်။ အုန်းသီးထဲရေထပ်ဖြည့်ထားတာဟာ ထည့်လိုက်တဲ့ ရေအလေးချိန်နဲ့ အုန်သီးရေအောက်ထဲရောက်သွားအောင် ထည့်ပေးထားတာကွ)
( ညနေပိုင်း မှာခြေမန်းကွင်းကိုလည်ပင်းမျာစွပ်အိပ်ရတာဆိုတော့ ခလေးတွေအတွက် နဲနဲများခက်နေမလားဆရာ)
( အေး အဲဒီအချက်ကိုပြောပြဖို့မေ့နေတယ် ခြေမန်းကွင်းစွပ် ဖို့ခက်ေ နတတ်တဲ့ လူတွေနဲ့ခလေးတွေအတွက် နျစ်ဆန်း(၁)ရက်နေ့ ဘုရားစဉ်ရှေ့မှာ ဖခြမန်းကွင်းကို စွပ် ဘုရားဝတ်ပြု ခြေမန်းကွင်းကို ချွတ်ချ ကျော်ထွက်သွားခိုင်း ပြီး သူတို့ရဲ့ ဆံပင်-ခြေသည်-လက်သည်း-ထုတ်လေးတွေကို အဲဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး အုန်းသီးထဲ ထည့် လိုက်ရုံဘဲ။ )
( ခြေမန်းကွင်းဆိုတာကို ဘာမှန်းတောင် မသိတဲ့သူတွေ မြင်တောင် မမြင်ဘူးတဲ့သူတွေ ဘယ်လိုလုပ်ပြီးအုန်းသီးရေမျှောယတြာကို လုပ်နိုင် မှာလည်းဆရာ)
( အဲ ဒီ လိုလူတွေအတွက် ခြေမန်းကွင်းပြုလုပ်ပုံပြုလုပ်နည်းလေး ထည့်ရေးထားပါတယ်။အမှန်မှာတော့ နားလည်တတ်ကျွမ်းတဲ ဆရာေ တွ မေးမြန်းပြုလုပ်တာ အကောင်းဆုံးပေါ့ကွာ အခုဟာက သိပ်အ လှမ်းဝေဟနေတဲ့ သူတွေအတွက် လို့ဘဲဆိုရတော့မှာဘဲ။ ...ပထမ အပ်ချည်လုံးအဖြူတလုံးရှာ ဘယ်ညာ လက်တဆန့် (တလံ)လို့ခေါ်တာပေါ့ ။အဲဒီလို(တလံ)ဆွဲပြီးရင် အပြန်အလှန်(၉)ပင် ပြည့်အောင်ဆွဲ ။အဲဒီ
ကြိုးကို အကွာအဝေးအညီအမျှအထုံးလေးတွေ (၈)ထုံးပြည့်အောင် ထုံး ထား။ နောက်ဆုံးအစနှစ်စကိုပြန်ပေါင်းချည်လိုက်တာနဲ့ (၉)အထုံး (၉)ထုံးဖြစ် သွားတာပေါ့။ အဲဒါဆိုခြေမန်းကွင်းဖြစ်ပြီ။)
( အုန်းသီးရေမျှောယတြာ အာနိသင်ကဘာတွေ ထူးခြားေ သး လည်းဆရာ)
( အုန်းသီးရေမျှောယတြဘဟာ တနှစ်တာအေးချမ်းအောင် ကြိုတင် လုပ်ဆောင်ထားတဲ့ ဘောပါ။ တချို့ဆရာတွေက အခြေအနေ အရ မြစ်ချောင်းနဲ့မနီးရင် မိမိရဲ့ ( ဘုမိ)အရပ်မှာမြေမြုတ်ကြတယ်။ တချို့ကလည်း အလွယ်တကူ အမှိုက်ပုံမှာ စွန့်ပစ်နေကြတယ်လို့ ကြားသိနေရတယ်။ ရေထဲမြုတ်အောင်စီမံပြီး အုန်းသီးေ တွကို ရေ လုပ်သားတွေက ဆယ်ယူပြီး အုန်းသီးကိုခွဲစားကြ။ ဈေးပေါပေါနဲ့ ရောင်းစားကြ။မုန့်လုပ်စားကြတယ်ဆိုဘဲ။ အဲဒါတွေကိုကြိုသိထားတဲ့ ဆရာကြီးတွေက နှစ်ဆန်း(၁)ရက်နေ့မှ(၇)ရက်အတွင်း အုန်းသီးနဲ့ လုပ်တဲ့မုန့်ကို ရှောင်ခိုင်းတာပေါ့။ )
( ဘာဖြစ်လို့လည်းဆရာ)
( အုန်းသီးရေမျှောယတြာက ဆံပင်-ခြေသည်း-လက်သည်း-တွေထည့် ထားတာ ရယ်။ အန္တရာယ်အသွယ်သွယ်ကိုချည်နှောင် သယ်ဆောင်သွားတဲ့
နဝင်းကြိုးနဲ့ ထိတွေ့ထားလို့ဘဲ။ )။
( ဆရာကြီးဦးကြာမြင့်ဆီမှာ ပညာသင်ယူစဉ်အခါက အုန်းသီးေ ရမျှောယတြာလုပ်တာကြုံဘူးလားဆရာ)။
( ကြုံ ခဲ့ဘူးတာပေါ့ကွာ ဆရာကြီးဦးကြာမြင့်ဆီ မှာ ပညာသင်စဉ်က နှစ် ဆန်း (၁)ရက်နေ့ဆိုရင် နဝင်းထိုင်ကြာ။အုန်းသီးရေမျှောယတြာလုပ်ကြနဲ့ တနေကုန်လူပြတ်တယ်မရှိဘူး။ လူတွေများမှများဘဲ။ နှစ်ဆန်း(၁)ရက်နေ့ညနေပိုင်းဆို ယတြာလုပ်ထား တဲ့အုန်းသီးတွေ ကိုလေးဘီးကားနဲ့သယ်ပြီး အခုတောင်ဥက္က လာေ ဘ လီတံတားဆောက်ထားတဲ့ ချောင်းမှာသွးမျှောပစ်ရတယ်။)။
( ဒီလောက်တောက်ဘဲလားဆရာ )
( ဒါ့ထက်တောင်ပိုသေးလို့ဆိုရမလိုဘဲ ပေါ့ကွာ)
( သင်္ကြန်အတွင်း ဆရာဟောခန်းပိတ်ထားမှာလားဆရာ)
( ဘယ်ဟောခန်းပိတ်ပါ့မလည်း နှစ်ဆန်း(၁)ရက်နေ့မှာ ခါတိုင်းနှစ်တွေေ တာ့ (နဝင်း)လာထိုင်ကြတဲ့သူတွေ လူရင်းတွေရှိ တယ်။ နောက် တချက် က ရှေ့လာမဲ့နှစ်သစ်မှာ ကိုယ့်တပည့်သားသမီးတွေနဲ့ ဗေဒ င်မေးပ ရိတ် သတ်ကြီးကို တနှစ်တာပူပင်သောတွေငြိမ်းစေမဲ့ အုန်းသီးရေမျှောယတြာ အတွက် ခြေမန်းကွင်းပြုလုပ်ဖို့ အခက်အခဲဖြစ်နေ သူတွေ အတွက် အသင့်ပြုလုပ်ပေးထားတဲ့ ခြေမန်ကွင်းတွေပေးပြီး ကုသိုလ်ယူ။ မုဒိတာပွား ရင်း နှစ်သစ် ကိုစတင် ခြေလှမ်းပြင်ဖို့ စဉ်းစားထားတာပါ)
(ဒါဆိုရင် အဆင်သင့်လိုက်တာဆရာ ကျနော်တို့ မိသားစု လည်း နှစ် ဆန်း(၁)ရက်နေ့ ရောက်မှဘဲ သိခြင်တာလေးတွေမေးမြန်းရင်း နဝင်း လည်းထိုင် အုန်းသီးရေမျှော ယတြာပါ လုပ်ဖြစ်သွားတာပေါ့ဆရာ)။
( ခုမှဘဲသားရွှေအိုးထမ်းလာတဲ့ ကိန်း ဆိုက်တယ်ဆိုရမလို တောင်ဖြစ်နေပြီ။ တချက်ခုတ်သုံးချက်ပြတ်ဘဲဆရာ)။
( ပြောလည်းပြောတတ်ပါ့မောင်ရင်ရယ်)။
( ဒါဆိုလည်းသင်္ကြန်ကြမှာဘဲ အေးအေးဆေးဆေး မေးတော့ မယ်ဆရာ အခုတော့လမ်းထိပ်က မော်ဒန်လဘက်ရည်ဆိုင်မှာ အဟာ ရလေးဖြည့်လိုက်ကြရအောင်ဆရာ)----။
................
-ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ကှ်ျ မှန်သောသစာစကားကြောင့် ---။
Posted by Unknown at 4:16 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Saturday, April 9, 2016

---(((-----စိတ်၏စေရာ----)))----

-------------------------------(((-----စိတ်၏စေရာ----)))--------------------------------------------------
-------------
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (အတိတ်ကံနီးပြီး Óဏ်ကြီးသူ နှင့် ကံကောင်းသူ တို့အတွက် ဥာဏ်သစ်သစ်လောင်းရာ။ ဓါတုနိယာမ နှင့် မဟာဘုတ် နဝင်းစီးဓါတ်ခန်း၊ အမှတ် (ခ) အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ နံနက် (၉းဝ၀)နာရီမှ ညနေ (၆းဝ၀)နာရီထိ ပိတ်ရက် မရှိ ...ဟူသော ဆိုင်ခန်းလေးအတွင်း တပည့်ဖြစ်သူ မောင် ရာဇာနှင့် ဆရာ တပည့် နှစ်ယောက် သစ်ရွက်စုံရေနွေးကြမ်းကိုသောက်ရင်း ပညာအကြော င်း ပြောဆိုနေကြစဉ်...။
]]ဝင်ခွင့်ပြုပါဆရာ}} ဟူသော အသံကြောင့် ဆရာတပည့်နှစ်ယောက် တံခါးဝကို လှမ်းကြည့်လိုက်ရင်း-------
]]လာပါဗျာ လာပါ ဝင်လာခဲ့ပါ}}
ဟု ပြန်ပြော လိုက်ရာ အသက် (၄၀)ခန့် လူရွယ်တစ်ယောက် ဝင်လာ၏။ ။
]]ဘုရားတစ်ဆူ ပူဇော် ချင်လို့ ဘုရင့်နောင်က ကျွန်တော့်အမေ ဒေါ်ပြုံးက ဆရာ့ဆီမှာ အကူအညီ သွား တောင်းဖို့ ပြောလိုက်လို့ပါဆရာ}}
]]အေး...အေး ... ထိုင်ကွာ မောင်ရင်တို့မိသားစုတွေ အဆင်ပြေကြ တယ်မဟုတ်လား}}
]]ဟုတ်ကဲ့ အဆင်ပြေပါတယ်ဆရာ}}
]]ကဲပြောဗျာ}}
]]ဘာသားနဲ့ ဘယ်လိုပုံတော်ပူဇော်ဖို့ မှာလိုက်တာလဲ}}
]]ကျွန်တော်က စနေသားဆိုလို့ သင်အူသား (၉)လက်မ တစ်ဆူနဲ့ ဝင်အူ သား (၉)လက်မတစ်ဆူ (၂)ဆူပါဆရာ}}
]]ပုံတော်က ဘယ်ပုံတော်မှာလိုက်လဲ}}
]]ဓမ္မစင်္ကြာပုံလို့ပြောတယ်ဆရာ}} ကျွန်ုပ်တော်တော်လေး စဉ်းစားရကြပ် နေမိသည်။ ဘုရင့်နောင်က သူ့အမေဒေါ်ပြုံးသည် တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ ဘာကြောင့် ဝင်အူသားနဲ့ သင်အူသားကို ဘုရားပုံထုလုပ်ဖို့ ခိုင်းတာပါလိမ့်။ သူတို့ကိုလည်း စကားဆက်မိလို့ အသားတွေရှားပါးတာရယ်။ ပုံထုလုပ်လို့မရတာရယ်၊ ရှိတတ်တဲ့ အ သားတွေ ပြောပြခဲ့ဖူးပါတယ်။ -]]ဒီအသားနှစ်ခုဟာ မောင်ရင့်အမေ ပြောတဲ့ ပုံတော် အရွယ် ထုလုပ်ဖို့ မရနိုင်သလို ဝင်အူသားက အင်မတန်ရှားပါတယ်။ တော်တန်ရုံ ပန်းပုသမားတွေ ဆီမှာမရနိုင်ဘူး။ မေမြို့က ပိတ်ချင်းမြောင်မှာ သွားရှာမှရမယ့်သဘောပဲ၊ အသားရ ပြန်တော့ လည်း အရုပ်ထုဖို့ဆိုတာ မဖြစ်နိုင်ပြန်ဘူး}}
]]ဘာဖြစ်လို့လည်းဆရာ}}
]]ဘာဖြစ်လို့လည်းဆိုတော့ မောင့်ရင့်အမေကို ဒိလိုအသားတွေနဲ့ ပတ်သက် ပြီးပြောပြခဲ့ဖူး တယ်။ ခု သူက ဒီအသားတွေမှာတယ်ဆိုလို့ ဆရာမေးကြည့်တာပါ}}
]]ဒါဖြင့်ရင် ကျွန်တော့်အမေကို ဘာပြန်ပြောလိုက်ရမလဲဆရာ}}
]]အေးကွာ ... မောင်ရင့်အမေလည်း မေ့နေပုံရတယ် သေချာပြန်ပြောပြ လိုက်ပါဦး ဝင်အူ သားက ရတယ်ထားဦး ပုံတော်ထုဖို့က မဖြစ်နိုင်ပြန်ဘူး}}
]]ဘာဖြစ်လို့လည်းဆရာ အပင်က သေးနေလို့လားဆရာ}}
]]အပင်သေးတာထက် အဲဒီဝင်အူပင်က နွယ်ယောင်အပင်မျိုးမောင်ရင် အခြားသစ်ပင်တွေ လို လုံးချောကြီးမဟုတ်ဘူး။ အသားတွေက ငှက်ပျောပင်လို အဖက်တွေထပ်ထပ်ပြီး တည်ေ ဆာ က် ထားတဲ့ သစ်မာမျိုးဆိုတော့ ပုံတော်ထုဖို့ ဆိုတာ တော်တော်လေး ခက်ခဲတ ယ်။ေ နာ က် တစ်မျိုးက သင်အူပင်ပဲ အဲဒီအပင် ကလည်း ဝါးပင်လိုမျိုးအပင်ဖြစ်နေတော့ မောင့်ရင့် အမေ မှာတဲ့ အရွယ်ဆိုတာ ပုံထု လုပ်ဖို့ မဖြစ်နိုင်ပြန်ဘူး။ သင်အူပင်ဆိုတာ သင်ဖြူးဖျာယက် တဲ့ သင် ပင်ကို ပြောတာ မောင်ရင်ရေ...}}
]]မောင့်ရင့်အမေ မှာတာ ဟုတ်ရဲ့လားမောင်ရင်ရယ်}}
]]ဟုတ်ပါတယ်ဆရာ အမေမှာလိုက်တာပါ၊ ဘာဖြစ်လို့လဲဆရာ}}
]]ဘာဖြစ်လို့လဲဆိုတော့ ပန်းပုထုတဲ့သူ ဝ ရင်သူထုတဲ့ပုံက ဝ၀လေးထွက် လာတတ်သလို + ပိန်တဲ့ ပန်းပုဆရာထုတဲ့ပုံက ပိန်ပိန်သွယ်သွယ်ပုံ ထွက်လာ တတ်လို့ပဲ}}
]]ဟုတ်ပါ့မလားဆရာ}}
]] သိပ်ဟုတ်တာပေါ့မောင်ရင်၊ လူတွေရဲ့ စိတ်နှလုံးသားတွေမှာ ထင်ဟပ်နေ တဲ့ပုံပဲ ထွက် လာတာပါကွာ၊ ဥပမာပြောရရင် နတ်ကိုယုံယုံကြည်ကြည်နဲ့ ကိုးကွယ် တဲ့သူတွေဟာ တဖြ ည်းဖြည်းနတ်ရုပ်ပေါက်လာတတ်သလို ဘီလူး(ယက္ခ)ကို ယုံယုံ ကြည်ကြည်ကိုးကွယ်လာတဲ့ သူတွေလည်း ဘီလူးရုပ်ပေါက်ပေါက်လာတာကို တွေ့ရ ပါလိမ့်မယ်။}}
]]သေချာလှချည်လားဆရာရယ်}}
]]သေချာဆို မိုးကောင်းဘုရားမှာ လက်တွေ့လေ့လာနေခဲ့တာ (၁၆)နှစ်ရှိနေ ပါပြီ ငှက်ပျော ပွဲမေးနေပြီဆိုရင် လူပုံက နတ်ရုပ်ပေါက်လာတော့မယ်ဆိုတာရယ်၊ ဒန်ပေါက်ဆက် ဖို့လာတဲ့ သူတွေရဲ့ရုပ်ဟာ တဖြေးဖြေး ဘီလူးရုပ် (ယက္ခ)ပုံပေါက် လာပြီဆိုတာကို နောက်ထပ် အြ ကား အမြင်မေးစရာမလိုအောင်ပါပဲ မောင်ရာဇာ}}
]]ဒါကြောင့် ကျွန်တော်ပြောတာပေါ့ ဆရာပြောရင် တစ်ခုခုတော့ ထူးမယ် ဆိုတာ ကျွန်တော် ကြိုသိနေတယ် ဆိုတာလေ}}
ထုခိုင်းလို့ ဒီအသားနှစ်ခုလုံး ထုခဲ့ရဖူးတယ်။ တော်တော်လေးကို အခက်အခဲ ဖြစ်ခဲ့ ရတယ် သင်အူကတော့ တွေ့တာမြန်တော့ ပြဿနာက မြန်မြန်ရှင်းသွားတယ်ကိစ္စ သိပ်မရှိလိုက်ဘူး၊ ဝင်အူမှာ ဒုက္ခတွေ့တော့တာပဲ။ ဒါ့ကြောင့် ကိုယ်ချင်းစာစိတ်နဲ့ အမြဲပြောပြနေရတာပေါ့}}
]]ဝင်အူမှာ ဘယ်လိုဒုက္ခတွေ့တာလဲ ဆရာ}}
]]ဒါက ဒီလိုမောင်ရင်ရာဇာရေ...ဝင်အူသားကိုရဖို့ ဆရာ ပိတ်ချင်းမြောင် ကို ရောက်အောင် သွားပြီး ဝယ်ခဲ့ရတာမောင်ရင်၊ နွယ်ပင်မျိုးကွ အပင်ကိုဖြတ်လိုက် ရင် အစေးတွေက သွေးေ ရာင်အတိုင်းပဲ၊ ကားပေါ်ကို နောက်ခန်းက တင်လာတာ သွေးတွေလို သွေးေ ရာင်တွေထွက် လာလို့ မိသားစုနဲ့ အခြေအတင်ပြောယူရသေး တယ်}}
]]ဝင်အူသားအတွက် အခက်အခဲဆိုတာ ဒီအခက်အခဲကို ပြောတာလား ဆရာ}}
]]ဘယ်ကလာ ဟုတ်ရမှာလည်း မောင်ရင်ရယ်၊ ဒီလောက်ဆို စာဖွဲ့စရာမှ မလိုပဲ၊ ပန်းပု ဆရာ ဆီမှာ ပုံအပ်တဲ့အခါမှာ စတွေ့တာပဲ၊ ဆရာက အသားကို မမြင်ဖူးဘူး၊ အသားတွေက အလွာလိုက် ထပ်နေတာဆိုတာလည်း မသိသေး တော့ပန်းပုဆရာနဲ့ အခြေအတင်ဖြစ်ေ တာ့ တာပေါ့}}
]]ဘာဖြစ်လို့လည်းဆရာ}}
]]ဘာဖြစ်ရတာလည်းဆိုတော့ ပန်းပုဆရာက ပုံထုဖို့ ဖြစ်နိုင်တာကို ပြောပြတယ်။ ဆရာကမသိတော့ အဖြစ်မနေ ထုခိုင်းတယ်၊ နောက်ဆုံး ပန်းပုဆရာ က သစ်အလွှာတွေ ကို ကော်နဲ့ကပ် ကြိုးနဲ့စည်းပြီး အခြောက်ခံ မဖြစ်ဖြစ်အောင် ထုပေးတော့တာပေါ့}}
]]အဲဒီ့ ဝင်အူသားနဲ့ပုံ ဆောင်ပြီးတော့ ဘာတွေထူးလာလဲဆရာ}}
--------။]]ဘာဖြစ်ရမှာလည်း မောင်ရင်ရယ် ထုံးစံအတိုင်း ငွေကုန်လူပန်းပါပဲ၊ စိတ်ပြေလက်ေ ပျာက် ဒုက္ခတွေရောက်ပါလို့ ဆရာပြောသားပဲ၊ ဒါ့ကြောင့် ဆရာ ကိုယ်တိုင် လမ်းညွှန်တဲ့ အခါမျိုးမှာ အခက်အခဲဖြစ်နိုင်မယ့်အရာတွေအားလုံးကို အတတ်နိုင်ဆုံး ရှောင်တာပေါ့။ ကိုယ်ချင်းစာစိတ်မွေးရတာပေါ့လေ။ လူတစ် ယောက် ရသင့်ရထိုက်တဲ့အရွယ်မှာ ရသင့်ရ ထိုက်တဲ့ဟာလေးတွေရအောင် လမ်းညွှန်ပေးတယ် ပြိုကွဲပျက်စီးမယ့်အချိန်တွေမှာ သက် သာေ အာင် နေတတ်ဖို့ လမ်းညွှန်ပေးတယ်။ လမ်းညွှန်သူနဲ့ လိုက်နာသူ နားလည္သေ ဘာေ ပါ က်ရင် ယတြာ ဆိုတာ မလိုပါဘူး}}
]]ပုံတော်တွေထုလုပ်ခိုင်းတာနဲ့ ပတ်သက်လို့ဆရာ ဘာတွေများ ပြောပြချင် သေးလည်း ဆရာ}}
]]ပုံတော်တွေအကြောင်းထက် ပန်းပုဆရာနဲ့ ထုလုပ်တဲ့ပုံတွေ အကြောင်း ပြောပြရဦးမ ယ်မောင်ရင်၊}}
]]မထူးခြားဘဲနဲ့တော့ ဆရာပြောမှာမဟုတ်ပါဘူး၊ ပြောပါဆရာ}}
]]ဒီလိုမောင်ရာဇာရဲ့ ပုံတော်ထုတိုင်း ဆရာမေးရတဲ့အကြောင်းက ဘုရား ပုံတော်ကို ဝ၀ပုံတော်လား၊ ပိန်ပိန်ပုံတော်လားဆိုတာကို အဓိကမေးရတယ်ကွ}}
]]ဘာဖြစ်လို့လဲဆရာ၊ ပုံတော်ပဲ ပုံတူအရွယ်တူထွက်လာမှာပဲမဟုတ်လား}}
]]ဘာဖြစ်လို့လဲဆိုတော့ ပန်းပုထုတဲ့သူ ဝ ရင်သူထုတဲ့ပုံက ဝ၀လေးထွက် လာတတ်သလို + ပိန်တဲ့ ပန်းပုဆရာထုတဲ့ပုံက ပိန်ပိန်သွယ်သွယ်ပုံ ထွက်လာ တတ်လို့ပဲ}}
]]ဟုတ်ပါ့မလားဆရာ}}
]] သိပ်ဟုတ်တာပေါ့မောင်ရင်၊ လူတွေရဲ့ စိတ်နှလုံးသားတွေမှာ ထင်ဟပ်နေ တဲ့ပုံပဲ ထွက်လာတာပါကွာ၊ ဥပမာပြောရရင် နတ်ကိုယုံယုံကြည်ကြည်နဲ့ ကိုးကွယ် တဲ့သူတွေဟာ တဖြည်းဖြည်းနတ်ရုပ်ပေါက်လာတတ်သလို ဘီလူး(ယက္ခ)ကို ယုံယုံ ကြည်ကြည်ကိုးကွယ်လာတဲ့သူတွေလည်း ဘီလူးရုပ်ပေါက်ပေါက်လာတာကို တွေ့ရ ပါလိမ့်မယ်။}}
]]သေချာလှချည်လားဆရာရယ်}}
]]သေချာဆို မိုးကောင်းဘုရားမှာ လက်တွေ့လေ့လာနေခဲ့တာ (၁၆)နှစ်ရှိနေ ပါပြီ ငှက်ပျောပွဲမေးနေပြီဆိုရင် လူပုံက နတ်ရုပ်ပေါက်လာတော့မယ်ဆိုတာရယ်၊ ဒန်ပေါက်ဆက်ဖို့လာတဲ့သူတွေရဲ့ရုပ်ဟာ တဖြေးဖြေး ဘီလူးရုပ် (ယက္ခ)ပုံပေါက် လာပြီဆိုတာကို နောက်ထပ် အကြားအမြင်မေးစရာမလိုအောင်ပါပဲ မောင်ရာဇာ}}
]]ဒါကြောင့် ကျွန်တော်ပြောတာပေါ့ ဆရာပြောရင် တစ်ခုခုတော့ ထူးမယ် ဆိုတာ ကျွန်တော် ကြိုသိနေတယ် ဆိုတာလေ}}-----------
.............
Utun Yee's photo.
Utun Yee's photo.


Posted by Unknown at 3:32 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Sunday, April 3, 2016

(((----သိကြားမင်းဆင်းဖျက်လို့ မရပေမယ့်-)))--

(((----သိကြားမင်းဆင်းဖျက်လို့ မရပေမယ့်-)))--
--------------------
]]ကျွန်တော်ကတော့ သတင်းထူးတာလေးတွေ တွေ့တာနဲ့ပဲ ဆရာ့ဆီပဲ ရောက်လာရတော့တာပဲ}}
တပည့်ဖြစ်သူမောင်ရာဇာတစ်ယောက် လူမရောက်သေးဘူး (ပြဿနာ) အသံကအရင်ရောက်လာလေသည်။
]]ဘာတွေများ သတင်းထူးနေရပြန်တာလည်းမောင်ရာဇာ}}
]]ပြောပါ့မယ် ဆရာ ပြောပါ့မယ်၊ ဆရာခရီးသွားတယ်ဆို လို့ ပြန် မှရောက် ပါဦးမလားလို့}}
ကျွန်ုပ်သည် မွေးရပ်မြေသို့ တစ်နှစ်တစ်ကြိမ် ]]ဘုံကထိန်}} သို့ ပြန်လေ့ရှိ သည်။
]]တနင်္ဂနွေနေ့ကပြန်ရောက်တယ်။ တနင်္လာနေ့ဆိုင်ပြန်ဖွင့်တယ်လေ}}
]]ကျွန်တော်က ဘာတွေထူးတယ် ညာတွေထူးတယ်ပြောနေတာ။ ဆရာ -ဘာတွေများ ထူးခြားတာတွေ တွေ့ခဲ့လည်းဆိုတာ ပြောပါဦး}}
]]ဘာတွေထူးလဲဆိုတော့ ဘုံကထိန်ပွဲသွားတာ လှူခဲ့တာတွေဘဲ ထူးတယ် လို့ ပြောရမှာပေါ့}}
]]ဘာဘဲဖြစ်ဖြစ် ကိုယ့်ဆရာ အလှူဆိုတော့ ကျွန်တော်တို့လည်း သာဓု ခေါ်ရတာပေါ့။ ပြောပြပါဦးဆရာ}}
ကျောက်ဆင်းတု (၂)ပေ
အောက်ခံပလင် (၆)ပေ
ခုတွေ့တဲ့ဘုရားဆင်းတုတော်နဲ့ ပလ္လင်လှူခဲ့သလို၊ လူငယ်တွေ အတွက် ပျော်ပွဲရွှင်ပွဲ ဖြစ်စေတဲ့ (မီးပုံးပျံ)လွှတ်ဖြစ်တယ်၊ မီးပုံးပျံ လွှတ်တယ်ဆိုတာ ဆရာတို့ တောနယ် တွေမှာ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေ မမြင်ဘူးကြတော့ဘူး။ ဒါကြောင့် ရှေးရိုးအစဉ်အလာရိုးရာလည်း မပျက်ရလေအောင် မီးပုံးပျံလွှတ်ဖြစ်တာပါ (၁၅)နှစ် ရှိပြီကွ}}
]]မီးပုံးပျံ ဘယ်နှစ်လုံးလွှတ်ဖြစ်လဲဆရာ}}
]]မီးပုံးပျံ (၁၀)လုံးနဲ့ ဆုငွေတွေပါတယ်။}}
]]ဆုငွေတွေက ဘယ်လောက်လည်းဆရာ၊ တခြား ဘာဆုတွေပါသေး လည်း}}
]]မီးပုံပျံ (၁)လုံး ဆုငွေတွေက မီးပုံးပျံတစ်လုံးကို (၁၀ဝ၀)ကျပ်စီပါဘဲ၊ လက်ဆောင်ပစ္စည်းတွေမှာ ကွာသွားတာကွ}}
]]လက်ဆောင်တွေက ဘာတွေလည်းဆရာ}}
]](၁၃၇၅/၂၀၁၄)ခု ပြက္ခဒိန်တစ်စောင်စီ၊ နံပါတ်အကြီးအသေးအပေါ် မူတည်ပြီး (သဘက်၊ အင်္ကျီ၊ လုံချည်၊ ဘောင်းဘီ၊ စာရေးကိရိယာ)စတဲ့ အဝတ် အစားတွေပါသေးတယ်။ အောက်မှာပါတဲ့ပုံတွေကို ကြည့်လိုက်ရင် သိမှာပါ}}
ဆရာပြောစရာရှိတာတွေပြောပြီးပြီ မောင်ရာဇာနဲ့အတူတူ (၃၁)ဘုံမှာ ရှိနေကြတဲ့ (၇)နေ့သားသမီးအားလုံး သာဓုခေါ်ကြဖို့ အမျှဝေပါတယ်။ ဒါနဲ့ မောင်ရင်ပြောတဲ့ သတင်းထူးကိုသာ ဆက်ပြောပေတော့}}
]]တိကျသေချာတဲ့ဟောကိန်းတွေ အခုတလော တွေ့နေရလို့ဆရာ}}
]]ဘယ်လိုဟောကိန်းမျိုးတွေလည်း မောင်ရင်}}
]]၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကြိုတင်ဟောဟိန်းတွေပေါ့ဆရာ}}
]]ဟုတ်ပြီ၊ ပုဂ္ဂိုလ်ရေး၊ နာမည်မပါစေနဲ့၊ ဟောကွက်သဘောလေးတွေ---ပြောရင်ရပါပြီ}}
မောင်ရာဇာတစ်ယောက် ဘာအကြောင်းအရာက စပြီး ပြော ရမှန်းမသိ ဖြစ်နေပုံရ၏။
]]ကဲ့ ...မောင်ရင်ပြောစရာအကြောင်းအရာတွေများနေလို့ ဘယ်က စပြောရမှန်းမသိဖြစ်နေတာလား}}
]]ဆရာကတော့ ပြောတော့မယ်}}
မောင်ရာဇာတစ်ယောက်ပြုံးနေရာမှ
]]ဟိုတလောက အင်တာနက်သတင်းမှာ (ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူဖို့ခက်ခဲနေတာက ဓမ္မစေတီခါင်းလောင်းကြီးစတင်ထုလုပ်တဲ့ နက္ခတ် ကြောင့်လို့) ဆရာတစ်ယောက်က ဆိုထားလို့၊ ဆရာ့ကိုမေး မလို့ေ စာင့်နေတာ}}
]]ဒီလောက်ဆိုသိပြီ၊ ဆရာလည်း ဖတ်လိုက်ရတယ်။ အဲဒီဆိုဒ် မှာ ရေးထား တာလေးတောင် ဖတ်မိလိုက်သေးတယ်}}
]]ဘာရေးထားလို့လည်းဆရာ}}
]]ရေးထားတာလေးက စိတ်ဝင်စားစရာလေး၊ ဒါကြောင့်လည်း မှတ်မိနေ တာပေါ့၊ ရေးထားတာက (ဒီခေါင်းလောင်းလေး အကြော င်းပြောသော ဆရာပြော သည်မှာ ဖြစ်နိုင်ချေရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆရာသည် ပြီးခဲ့သော နှစ်က အကယ် ဒမီ ခန့်မှန်းဟောပြောရာတွင် (၉)ဦးမှာ ဒါရိုက်တာတစ်ဦး အကယ် ဒမီရရှိသည် (၉)ပုံ (၁)ပုံမှန်အောင် ဟောနိုင်သည့် ဆရာဖြစ်သောကြောင့်) ဟု ဆိုထား တယ်}}
]]ကြံကြံဖန်ဖန် ဆရာရယ် (၉)ခွန်းဟော (၁)ခွန်းမှန်တယ်ဆို တဲ့ ဟောကွက်က အင်တာနက်ပေါ် တက်လာပါ့မလားဆရာရယ်}}
]] သတင်းမီဒီယာ အင်တာနက်ခေတ်ဆိုတာ မေ့မထားနဲ့လေ}}
]]နောက်တစ်ခု ဟောကွက်ကလည်း စိတ်ဝင်စားစရာပဲဆရာ}}
]]ပြောမှာသာပြောပါမောင်ရာဇာရယ် မောင်ရင်စကားပလ္လင်ခံနေတာနဲ့ စိတ်ဝင်စားမှုကို လျော့သွားတော့မှာနော်}}
မောင်ရာဇာတစ်ယောက် ကျွန်ုပ်စကားကြောင့် တဟားဟားရယ်မောရင်းမှ
]]မလုပ်လိုက်ပါနဲ့ဆရာရယ် ပြောချင်လွန်းလို့ တကူးတကလာခဲ့ ရတာပါ}}
]]ဒါဆိုလည်း (လို-တို-ရှင်း)ပေါ့မောင်ရင်}}
]]ဟုတ်ကဲ့ပါဆရာ (၂၀၁၅)ခုအတွက်သမ္မတရွေးချယ်ပွဲကို စာစောင် အသီးသီး၊ မဂ္ဂဇင်းအစောင်စောင်မှာ သူ့ပညာရပ်နဲ့သူ၊ သူ့အယူအဆနဲ့ သူတို့ရေး ကြတာပါပဲ၊ ဖတ်ရတာလည်း ပညာရပါတယ်။ ဒါပေမယ့် ]ရှေးဘုန်းရှေးကံကို သိကြားမင်းတောင် ဆင်းဖျက်လို့ မရဘူး}ဆိုတဲ့ ဟော ကွက်လေးကိုတွေ့တော့ ဆရာ့ ကို လာမေးတာပါဆရာ]]
]]အေး ... မောင်ရင်မေးတဲ့မေးခွန်းလေးက မဆိုးဘူး}}
]]စာရေးတာရေးနေကြတာကောင်းစေချင်တဲ့ စေတနာနဲ့ ရေးတဲ့စာတွေကို ပြန်ပြီးဝေဖန်ကြတာ သိပ်မတွေ့ရဘူး}}
]]အဲဒါပိုမကောင်းဘူးလား၊ ဆရာ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ် လုပ် ကြ နေတာလေ}}
]]ကောင်းစေချင်လို့ ပြန်လည်ဝေဖန်ပြတဲ့စာကို ကျေးဇူးတောင် တင်ရ ဦးမယ်။ ရေးမိသူ အားနည်းချက်ကို ပြန်မြင်ရတဲ့အပြင် စာဖတ်သူတွေကို ဗဟုသုတ ရစေတာပေါ့}}
]]ဆရာကသာ ပြောနေတာ အများစုကတော့ ဖာသိဖာသာပဲဆရာရေ}}
]]အဲဒီလိုအတွေးအခေါ်တွေကြောင့်လည်း မတိုးတက်တာပေါ့}}
]]ကဲ့ပါဆရာရယ် လျာရှည်မိတဲ့ ကျွန်တော့်အပြစ်ပါ။ ကျွန်တော်မေးထား တာလေးတွေကို ဖြေပေးပါဦးဆရာ}}
]]မောင်ရာဇာသိထားဖို့က (ဗေဒင်သည် ဘုရားဟောမဟုတ်သည့် အတွက်- ဧကန်/မုချ/ကျိမ်းသေ)ဘယ်တော့မှမပြောနဲ့ကွ၊ ဖြစ်တတ် တယ် ဆိုရင် ရပါပြီ။((----၂၀၁၅-ဒီဇင်္ဘာ-၃၁-ရက်မှာ/သမတဖြစ်မယ်-ဆိုတဲ့ဟော ကွက်တွေကလည်းပေါမှပေါ။တကယ်သမတ-ဖြစ်သလား-)))-- မောင်ရာဇာ ကြားဖူးမှာပါ။ ဖြစ်မယ့်အကြောင်းအရာတစ်ခုကို (သေချာပေါက်/ ကျမ်းသေ )ဖြစ် မယ်လို့ ဟောလိုက်လို့ ပေါ့ပေါ့လေးနေမိလိုက်လို့ နဂိုရပိုင်ခွင့်ပါ ဆုံးရှုံး ရတဲ့ သာဓကတွေရှိခဲ့သလို နဂိုကမှ စိတ်ဓာတ်ကျနေသူကို မကောင်း တာေ တွ (ကျိမ်းသေ)ဖြစ်မယ်လို့ ဟောပြောလိုက်မိတဲ့စကား (ဥပါဒန်)ကြောင့် မထူးပေါက် ဆင်သွားတဲ့သူတွေရဲ့ ဖြစ်ရပ်တွေကလည်း ဒုနဲ့ဒေးပါဘဲ၊ ဒါကြောင့် ဟောပြော လမ်းညွှန်တဲ့နေရာမှာ ဆင်ဆင်ခြင်ခြင်ပြောရတယ်။}}] ]]]ဆရာ ကျွန်တော်တော့ ခေါင်းစားတယ် ဆရာသာ ပြောပါတော့}}
]]ဆရာဆိုတာ ကံကောင်းချိန်မှာ ရအောင်လုပ်ယူဖို့၊ ကံညံ့ချိန်မှာ မပြိုကွဲ မပျက်စီးအောင် ထိန်းသိမ်းဖို့ လမ်းညွှန်ဖို့ မဟုတ်လား၊ ခုတော့ ဒီလိုမဟုတ်ကြဘူး၊ ဘာတွေဖြစ်မယ်၊ ညာတွေဖြစ်မယ်ဆိုတဲ့ ဟောကွက်ေ တွနဲ့ ခြောက်မြောက်ပြီး ယတြာတွေပဲချေခိုင်းနေတာများနေတော့ မခက် လား}}
]]သိကြားမင်းဆင်းဖျက်လို့ မပျက်တဲ့အကြောင်းပြောပြပါဦးဆရာ}}
]]ရှေးဘုန်း ရှေးကံကို သိကြားမင်းဆင်းဖျက်လို့ ပျက်မပျက်မသိဘူး။ ကိုယ့်ကိုကိုယ်ဖျက် ကိုယ့်စနက်ကြောင့် ပျက်ရမယ့်အကြောင်းကို ပြောပြချင် လို့ အခုဟောကိန်းပိုင်ရှင်ကို ဆရာ့ပညာအနေနဲ့ပြောရရင် သူပြုလုပ်ခဲ့တဲ့ သမိုင်း ကို ပြန်ကြည့်ရအောင် - မိမိ မိသားစုရဲ့ လူမျိုး၊ ကိုးကွယ်သည့်ဘာ သာ ၊ မိမိလုပ်ခဲ့တဲ့ အကြောင်းတွေက အခု အကျိုးပေါ်နေပြီလေ။ မိမိသည် ဗုဒ္ဓဘာသာဖြစ်ခဲ့ရင် မိမိ မိသားစုသည် မြန်မာလူမျိုးတွေဖြစ်ခဲ့မယ် ဆို ရင် အေးေ အးဆေးဆေး ရွေး ကောက်ပွဲ ဝင်ရုံပဲမဟုတ်လား၊ လုပ်ချင်ရာ လုပ်၊ ပြီးမှ ရှေးဘုန်းကံကို ယုံနေရင် ဒီအတိုင်းနေကြည့်လိုက်ပါ။ ဘာဖြစ် မယ်ဆိုတာ စောင့်ကြည့်လိုက်တာ ပိုမကောင်း ဘူးလား။---............. .............
....ငါသိသလိုသိကြပါစေဟုငါ၏ရင်မှာဖြစ်၏ကှ်ျမှန်သောသစာစကားကြောင့်......လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)။
ဆရာ ဦးထွန်းရီ's photo.
ဆရာ ဦးထွန်းရီ's photo.
Posted by Unknown at 9:52 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)

ကံကြောင့်မာန်ပျောက်ရပုံ

Unknown
View my complete profile

Blog Archive

  • ►  2017 (47)
    • ►  May (9)
    • ►  April (11)
    • ►  March (7)
    • ►  February (10)
    • ►  January (10)
  • ▼  2016 (129)
    • ►  December (10)
    • ►  November (10)
    • ►  October (14)
    • ►  September (15)
    • ►  August (11)
    • ►  July (13)
    • ►  June (8)
    • ►  May (11)
    • ▼  April (9)
      • -(((---မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်က နည်ြး့ပဆရာ--...
      • -မင်္ဂလာပါလား---ဗေဒင်လောကမှာ-မတွေ့ဘူးသေးတဲ့ --(စိတ်)...
      • (-မူရင်းမှ-မြန်မာလို ဖြည့်စွက်ထားပုံ)-နှင့်-(ကျွန်...
      • -- လောကဓံနှင့် ငွေဝင်ကိန်း(သို့မဟုတ်)ထီပေါက်ကိန်း-)))
      • --((---(နဝင်းစီး)ယတြာ အကြောင်း တစေ့တစောင်း---))--
      • -- ဗေဒင်ဆရာတစ်ဦးရဲ့မှတ်စု၊ (ဒါမှမဟုတ်၊) ဖွင့်ဟဝန်ခ...
      • (((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယ...
      • ---(((-----စိတ်၏စေရာ----)))----
      • (((----သိကြားမင်းဆင်းဖျက်လို့ မရပေမယ့်-)))--
    • ►  March (7)
    • ►  February (13)
    • ►  January (8)
  • ►  2015 (27)
    • ►  December (13)
    • ►  October (6)
    • ►  September (7)
    • ►  August (1)
  • ►  2014 (40)
    • ►  October (1)
    • ►  June (38)
    • ►  May (1)
မင်္ဂလာပါ... Simple theme. Powered by Blogger.