(((---တစ်နှစ်တာအတွက် အဆင်ပြေစေရာ-အုန်းသီးရေမျှော ယတြာ--)။
.................
( ဆရာ ဧည့်သည်) ဟူသောအသံနှင့်အတူ ဘဲလ်မည်သံကြောင့် တခါးဝကိုလှမ်းကြည့်လိုက်ရာ မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းမှ
သင်တန်းသားလူဟောင်း သင်တန်းအမှတ်စဉ်(၇)ကိုဆက်လက် သင်ကြားေ နသော သင်တန်းသားဖြစ်နေလေသည်.။
(လာမောင်ရင် ထိုင်ကွာ မရောက်တာတောင်တော်တော်ကြာေ နပါရောလား)
( ဟုတ်တယ်ဆရာ ..ဆရာမကြာခဏပြောပြောနေတဲ့ ကိစများမြောင်လူ
တို့ဘောင်..ဆိုသလိုဘဲဆရာရေ့..နေ့မအားညမအားလူပင်ပန်း စိတ်ပင်ပန်းနဲ့
အပြင်လောကတ်ဝန်းကျင်ကို အဆက်အသွယ်ပြတ်နေ တာကြာပြီဆရာ. ဒီနေ့တော့
ဆရာ့ဆီရောက်အောင်သွားဦးမှဘဲဆိုပြီး ဇွတ်ထွက်လာတာဆရာ)
( ကိစထွေထွေထူးထူးရှိလို့လား)
( ကိစထွေထွေထူးထူးမရှိပါဘူးဆရာ ထုံးစံအတိုင်းမွေးလကျော်လာ လို့ ရှေ့လာမဲ့နှစ်အတွက် ရှောင်ရန် ဆောင်ရန်လေးတွေလာမေးတာပါဆရာ)
(အတော်ဘဲပေါ့ကွာ တနှစ်တာအတွက် အကာအကွယ်အနေနဲ့ ကြိုတင်လုပ်ဆောင်ထားရမဲ့ အုန်းသီးရေမျှောယတြာအကြောင်းရေးေ နတာကွ)
( ဘယ်မဂဇင်းအတွက်လည်းဆရာ)
( မ ဂ ဇင်းအတွက်မဟုတ်ပါဘူးဆရာရေးနေကြ ဓနသိဒိဂျာ နယ်အတွက်ပါ အဲဒီ
အုန်းသီးရေမျှောယတြာက တနှစ်အတွက် အကာအကွယ်နဲ့ ကံမြှင့်ထားတဲ့သဘောဘဲ။
ဒီယတြာကိုနှစ်ဟောင်းမှသည်နျစ်သစ်ဆီသို့အကူး
နျစ်ဆန်း(၁)ရက်နေ့မှာလုပ်ရမှာကွ။ယတြာလုပ်သူလူတယောက်အတွက်
ခြေမန်းကွင်း(၁)ကွင်း လိုတယ်။ ဆံပင်+ခြေသဲ+လက်သဲကိုညှပ်
စက္ကူလေးနဲ့တခုစီခွဲထုတ်ထား။ အုန်းသီးအခြွံကတ်တလုံးကို
မျက်လုံး-ပါးစပ်အပေါက်လေးတွေထဲက ပါးစပ်ပေါက်ကိုအပေါက်လေးဖေါက်
အဲဒီအပေါက်လေးပြန်ပိတ်ဖို့ အုန်းလက်(၃)လက်မလောက်ရှာထားရတယ်ကွ
ွနှစ်ဟောင်းရဲ့နောက်ဆုံးညမှာ ခြေမန်းကွင်းကို လည်ပင်းမှာစွပ်အိပ်ရမှာ
မနက်အိပ်ရာထမှာ ခြေမန်း ကွင်းကို အောက်ဖက်ကိုချွတ်ချပြီး ကျော်ထွက်သွား
သူ့ဆံပင်-လက်သည်း -ခြေသည်း-ထုပ်လေးတွေကို အဲ ဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး-
ဖေါက် ထား တဲ့ အပေါက်ထဲကိုထည့် ရေထပ်ဖြည့် အုန်းသားသပ်နဲ့ရိုက်ထဲ့ပြီး
စီး ဆင်းနေ တဲ့ မြစ်ချောင်းထဲကို သွားမျှောပြစ်ရမှာ )
( တယောက်ကို အုန်းသီးတလုံးစီ လုပ်ရမှာလားဆရာ)
( အုန်းသီးတလုံးမှာမိသားစု တွေပေါင်းလုပ်လို့ရပါတယ်။
အုန်းသီးထဲရေထပ်ဖြည့်ထားတာဟာ ထည့်လိုက်တဲ့ ရေအလေးချိန်နဲ့
အုန်သီးရေအောက်ထဲရောက်သွားအောင် ထည့်ပေးထားတာကွ)
( ညနေပိုင်း မှာခြေမန်းကွင်းကိုလည်ပင်းမျာစွပ်အိပ်ရတာဆိုတော့ ခလေးတွေအတွက် နဲနဲများခက်နေမလားဆရာ)
( အေး အဲဒီအချက်ကိုပြောပြဖို့မေ့နေတယ် ခြေမန်းကွင်းစွပ် ဖို့ခက်ေ နတတ်တဲ့
လူတွေနဲ့ခလေးတွေအတွက် နျစ်ဆန်း(၁)ရက်နေ့ ဘုရားစဉ်ရှေ့မှာ ဖခြမန်းကွင်းကို
စွပ် ဘုရားဝတ်ပြု ခြေမန်းကွင်းကို ချွတ်ချ ကျော်ထွက်သွားခိုင်း ပြီး
သူတို့ရဲ့ ဆံပင်-ခြေသည်-လက်သည်း-ထုတ်လေးတွေကို
အဲဒီခြေမန်းကွင်းနဲ့ပတ်ချည်ပြီး အုန်းသီးထဲ ထည့် လိုက်ရုံဘဲ။ )
(
ခြေမန်းကွင်းဆိုတာကို ဘာမှန်းတောင် မသိတဲ့သူတွေ မြင်တောင် မမြင်ဘူးတဲ့သူတွေ
ဘယ်လိုလုပ်ပြီးအုန်းသီးရေမျှောယတြာကို လုပ်နိုင် မှာလည်းဆရာ)
( အဲ ဒီ
လိုလူတွေအတွက် ခြေမန်းကွင်းပြုလုပ်ပုံပြုလုပ်နည်းလေး
ထည့်ရေးထားပါတယ်။အမှန်မှာတော့ နားလည်တတ်ကျွမ်းတဲ ဆရာေ တွ မေးမြန်းပြုလုပ်တာ
အကောင်းဆုံးပေါ့ကွာ အခုဟာက သိပ်အ လှမ်းဝေဟနေတဲ့ သူတွေအတွက်
လို့ဘဲဆိုရတော့မှာဘဲ။ ...ပထမ အပ်ချည်လုံးအဖြူတလုံးရှာ ဘယ်ညာ လက်တဆန့်
(တလံ)လို့ခေါ်တာပေါ့ ။အဲဒီလို(တလံ)ဆွဲပြီးရင် အပြန်အလှန်(၉)ပင်
ပြည့်အောင်ဆွဲ ။အဲဒီ
ကြိုးကို အကွာအဝေးအညီအမျှအထုံးလေးတွေ
(၈)ထုံးပြည့်အောင် ထုံး ထား။ နောက်ဆုံးအစနှစ်စကိုပြန်ပေါင်းချည်လိုက်တာနဲ့
(၉)အထုံး (၉)ထုံးဖြစ် သွားတာပေါ့။ အဲဒါဆိုခြေမန်းကွင်းဖြစ်ပြီ။)
( အုန်းသီးရေမျှောယတြာ အာနိသင်ကဘာတွေ ထူးခြားေ သး လည်းဆရာ)
( အုန်းသီးရေမျှောယတြဘဟာ တနှစ်တာအေးချမ်းအောင် ကြိုတင် လုပ်ဆောင်ထားတဲ့
ဘောပါ။ တချို့ဆရာတွေက အခြေအနေ အရ မြစ်ချောင်းနဲ့မနီးရင် မိမိရဲ့ (
ဘုမိ)အရပ်မှာမြေမြုတ်ကြတယ်။ တချို့ကလည်း အလွယ်တကူ အမှိုက်ပုံမှာ
စွန့်ပစ်နေကြတယ်လို့ ကြားသိနေရတယ်။ ရေထဲမြုတ်အောင်စီမံပြီး အုန်းသီးေ
တွကို ရေ လုပ်သားတွေက ဆယ်ယူပြီး အုန်းသီးကိုခွဲစားကြ။ ဈေးပေါပေါနဲ
့ရောင်းစားကြ။မုန့်လုပ်စားကြတယ်ဆိုဘဲ။ အဲဒါတွေကိုကြိုသိထားတဲ့ ဆရာကြီးတွေက
နှစ်ဆန်း(၁)ရက်နေ့မှ(၇)ရက်အတွင်း အုန်းသီးနဲ့ လုပ်တဲ့မုန့်ကို
ရှောင်ခိုင်းတာပေါ့။ )
( ဘာဖြစ်လို့လည်းဆရာ)
( အုန်းသီးရေမျှောယတြာက ဆံပင်-ခြေသည်း-လက်သည်း-တွေထည့် ထားတာ ရယ်။ အန္တရာယ်အသွယ်သွယ်ကိုချည်နှောင် သယ်ဆောင်သွားတဲ့
နဝင်းကြိုးနဲ့ ထိတွေ့ထားလို့ဘဲ။ )။
( ဆရာကြီးဦးကြာမြင့်ဆီမှာ ပညာသင်ယူစဉ်အခါက အုန်းသီးေ ရမျှောယတြာလုပ်တာကြုံဘူးလားဆရာ)။
( ကြုံ ခဲ့ဘူးတာပေါ့ကွာ ဆရာကြီးဦးကြာမြင့်ဆီ မှာ ပညာသင်စဉ်က နှစ် ဆန်း
(၁)ရက်နေ့ဆိုရင် နဝင်းထိုင်ကြာ။အုန်းသီးရေမျှောယတြာလုပ်ကြနဲ့
တနေကုန်လူပြတ်တယ်မရှိဘူး။ လူတွေများမှများဘဲ။
နှစ်ဆန်း(၁)ရက်နေ့ညနေပိုင်းဆို ယတြာလုပ်ထား တဲ့အုန်းသီးတွေ
ကိုလေးဘီးကားနဲ့သယ်ပြီး အခုတောင်ဥက္က လာေ ဘ လီတံတားဆောက်ထားတဲ့
ချောင်းမှာသွးမျှောပစ်ရတယ်။)။
( ဒီလောက်တောက်ဘဲလားဆရာ )
( ဒါ့ထက်တောင်ပိုသေးလို့ဆိုရမလိုဘဲ ပေါ့ကွာ)
( သင်္ကြန်အတွင်း ဆရာဟောခန်းပိတ်ထားမှာလားဆရာ)
( ဘယ်ဟောခန်းပိတ်ပါ့မလည်း နှစ်ဆန်း(၁)ရက်နေ့မှာ ခါတိုင်းနှစ်တွေေ တာ့
(နဝင်း)လာထိုင်ကြတဲ့သူတွေ လူရင်းတွေရှိ တယ်။ နောက် တချက် က
ရှေ့လာမဲ့နှစ်သစ်မှာ ကိုယ့်တပည့်သားသမီးတွေနဲ့ ဗေဒ င်မေးပ ရိတ် သတ်ကြီးကို
တနှစ်တာပူပင်သောတွေငြိမ်းစေမဲ့ အုန်းသီးရေမျှောယတြာ အတွက်
ခြေမန်းကွင်းပြုလုပ်ဖို့ အခက်အခဲဖြစ်နေ သူတွေ အတွက် အသင့်ပြုလုပ်ပေးထားတဲ့
ခြေမန်ကွင်းတွေပေးပြီး ကုသိုလ်ယူ။ မုဒိတာပွား ရင်း နှစ်သစ် ကိုစတင်
ခြေလှမ်းပြင်ဖို့ စဉ်းစားထားတာပါ)
(ဒါဆိုရင် အဆင်သင့်လိုက်တာဆရာ
ကျနော်တို့ မိသားစု လည်း နှစ် ဆန်း(၁)ရက်နေ့ ရောက်မှဘဲ
သိခြင်တာလေးတွေမေးမြန်းရင်း နဝင်း လည်းထိုင် အုန်းသီးရေမျှော ယတြာပါ
လုပ်ဖြစ်သွားတာပေါ့ဆရာ)။
( ခုမှဘဲသားရွှေအိုးထမ်းလာတဲ့ ကိန်း ဆိုက်တယ်ဆိုရမလို တောင်ဖြစ်နေပြီ။ တချက်ခုတ်သုံးချက်ပြတ်ဘဲဆရာ)။
( ပြောလည်းပြောတတ်ပါ့မောင်ရင်ရယ်)။
( ဒါဆိုလည်းသင်္ကြန်ကြမှာဘဲ အေးအေးဆေးဆေး မေးတော့ မယ်ဆရာ အခုတော့လမ်းထိပ်က
မော်ဒန်လဘက်ရည်ဆိုင်မှာ အဟာ ရလေးဖြည့်လိုက်ကြရအောင်ဆရာ)----။
................
-ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ကှ်ျ မှန်သောသစာစကားကြောင့် ---။
No comments:
Post a Comment