(-နက္ခတ္တရောင်ခြည် မဂ္ဂဇင်း - အမှတ်-(၁၇၅)၊ စာမျက်နှာ - (၂၅၁) အင်တာဗျူးး)-- ------
....(---ဆရာဦးထွန်းရီ(လောကဓံရှစ်ပါးနှင့်တွေ့ဆုံခြင်း-----)။
.............
ဗေဒင်ဆရာ၊ဆရာမများစုဝေးရမိုးကောင်းဘုရားသို့ ရောက်ရှိခဲ့သည့်နေ့မှာဖြစ်သည်။ပထမဦးစွာမြင်ဖြစ်ခဲ့ရသည်က စာတန်းများပင်ဖြစ်၏။
.... .....လိုချင်လောဘမရှိကြနှင့်။ ဖြစ်ချိန်တန်လျှင်ဖြစ်လာလိမ့်မည်။
ဖြစ်လာမည့်အချိန်ကို ကြိုတင်သိထားဖို့ အရေးကြီးသည်။ ဖြစ်လာမည့်
အချိန်တွင်ရပိုင်ခွင့်များ အမှန်တကယ် ရလာအောင် ဘယ်လိုနေထိုင်၊
ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ သိရဲ့လား။
ပူပင်ကြောင့်ကြမရှိ ကြနှင့်။
ပျက်ချိန်တန်လျှင် ပျက်လိမ့်မည်။ ပျက်မည့်အချိန်ကို ကြိုတင်သိထားပြီး
ကြုံတွေ့နေရသည့် လောကဓံအဆိုးတွေကို သက်သာလွတ် ကင်းအောင်ဘယ်လို
နေထိုင်လုပ်ကိုင်ရမယ်ဆိုတာ သိရဲ့လား။ ကိုယ်ချင်းစာ တရားနဲ့ဆရာ
ဒီမှာရှိသည်တဲ့။......
................. နိုင်ငံခြားမှာတော့မသိဘူး၊
မြန်မာပြည် တစ်နံတလျားမှာ ဒီလိုဆိုင်းဘုတ်မျိုး၊ ဒီလိုဗေဒင်
ဆရာမျိုးတစ်ခါဆိုတစ်ခါမှ မကြုံ၊ မဆုံ၊ မတွေ့ဖြစ်ဖူးဘူးလို့
ကျွန်တော်စိတ်ဝင်တစားနဲ့ ဝင်ရောက် ဆွေးနွေးဖြစ်ခဲ့သမျှ အကြောင်းအရာများကို
နက္ခတ္တရောင်းခြည် စာဖတ်ပရိတ်သတ်ကြီး အား လေးေ လးစားစားဖြင့်
ပြန်လည်တင်ပြအပ်ပါသည်။ ယူသော်ရ၏ ဟူသောစေတနာ အရင်း ခံနှင့်သာ ဖြစ်၏။
...ဆရာ့ဆီရောက်လာတဲ့ ဗေဒင် မေးသူက သူ ဘယ်တော့ ထီပေါက်မှာ လဲ၊ ငွေ အစု
လိုက်အပြုံလိုက် ဝင်မှာလဲ၊ ထီပေါက်/မပေါက်၊ ငွေဝင်/ မဝ င် မေးလာခဲ့ရင်
ဆရာ့အနေနဲ့ ဘယ်လိုတွက်ပြီးဘယ်လိုအကြံဥာ ဏ်ေ ပးနိုင်ပါသလဲဆရာ။
္ဓ .....ကျွန်တော်တို့ရဲ့ လောကဓံ(၈)ပါးပညာရပ်အနေနဲ့ပြောရမယ်ဆိုရင်
၁။ ဂြိုလ်ရှစ်ခွင်ဇယားကွက်သဘောအရ အကောင်းဂြိုလ်ခွင်များဖြစ်ကြတဲ့
(ရာဟု-သောကြာ- တနင်္ဂနွေ-တနင်္လာ) ဂြိုလ်ခွင်များမှာ လာမေးသူ ကာယကံရှင်ရဲ့ အသက်
ရောက်ရှိနေချိန်။
၂။ မေးသူကာယကံရှင်ရဲ့ မရဏဂြိုလ်နှင့်လွတ်ကင်းခြင်း။
၃။ ဘုမ္မိကြီးနယ် အတွင်းမှလွတ်ကင်းနေချိန်။...။၎။ မေးသူကိုယ်တိုင်က
အပျော်အပါး၊ လောင်းကစားနည်းမျိုးစုံ၊ ကာမဂုဏ်မှားယွင်း-ဖောက်ပြန်
ရှုပ်ထွေးမှုများ မပြုလုပ်၊ မကျူးလွန်မိခြင်း။
၅။ ဘုမ္မိရန်ပူးတွဲကျရောက်မှုများမှ လွတ်ကင်းချိန်။
၆။ မိမိမပိုင်ဆိုင်သည့် (ကိုယ်ပိုင်မဟုတ်သည့်) ငွေကြေး၊ ရတနာ အစရှိသည်များကို ယာယီ လက်ခံထားရှိမှု မပြုခြင်း။
စတဲ့အချက်များနဲ့ တိုက်ဆိုင်ညီညွတ်ပြည့်စုံနေတဲ့ကာလမှာ ထီထိုးပါ။
အထူးသဖြင့် လောကဓံရှစ်ပါးရဲ့ လာဘော(ငွေကြေးပြေွါကယ်ခြင်း)
တနင်္လာဂြိုလ်တွင် တိုက်ဆိုင်မှုအလွန်များတာကိုတွေ့ရပါတယ်။
ကျွန်တော်အထူးပြောချင်တာကတော့ ကျွန်တော်ဖတ်မိခဲ့သမျှ ရှေးခေတ်က
ဘယ်ဗေဒင်ကျမ်းမှာမှ ထီပေါက်ကိန်း၊ ထီပေါက်ကံ၊ ထီပေါက်မယ်၊ မပေါက်ဘူးဆိုတာ
လုံးဝရှာလို့ မတွေ့ရဘူးဗျ။ ဟိုတုန်းကလဲ ထီတွေဘာတွေရှိချင်မှရှိမှာ။ အခုကျမှ
ခေတ်ကာလကို လိုက်ပြီးဟောပြောနေရခြင်း ပါပဲ။
တကယ်တော့
ငွေဝင်ကိန်းရှိတယ်ဆိုရင်ပဲ လုံလောက်ပါပြီ ဗျာ။ ငွေဝင်ကိန်းရှိတယ်ဆိုတဲ့
နေရာမှာ အခုအခါလို ထီပေါ က်ခြင်း၊ ငွေ အလုံးအရင်း
အကူအညီထောက်ပံ့မှုရရှိခြင်း၊ အိမ်၊ ခြံ၊ မြေ၊ ကား စတဲ့
တစ်ခုခုကိုရောင်းလို့ငွေရရှိခြင်း၊ အမွေရရှိခြင်း၊ စီးပွားရေးလုပ်ငန်း တိုး
တက်/အရောင်းအဝယ်လိုက်ခြင်း၊ တစ်ပါးသူက လာရောက်အပ်နှံ ထားခြ င်းများနဲ့
အကြောင်း အကျိုး တိုက်ဆိုင်မှုများသာ ဖြစ်တယ်ဗျ။
္ဓ ကိုယ်ရဲ့အိမ်ထောင်ဖက်
အိမ်ပေါ်ကဆင်းသွားလို့ ကိုယ့်ဆီပြန် လာဖို့အတွက် ဘယ်လိုလုပ်ရမလဲဆရာ ဆိုပြီး
ရောက်လာတဲ့ သူမျိုးအ တွက်ဆိုရင် ဆရာ့အနေနဲ့
ဘယ်လိုဆောင်ရွက်ပေးနိုင်ပါသလဲဆိုတာ သိပါရစေ ဆရာ။
အမျိုးသားဖြစ်စေ၊
အမျိုးသမီးဖြစ်စေ၊ အိမ်ပေါ်ကဆင်းသွားတယ်။ သူပြန်လာအောင် ဘယ်လို
ဆောင်ရွက်ရမလဲဆိုရင် ဥပမာ-တနင်္ဂနွေ သား/သမီး ဆိုကြပါစို့။
ထွက်သွားသူရဲ့ မွေးနံ နဝင်းပေါ်ချိန် တနင်္ဂနွေနေ့ နံနက်(၉)နာရီမှ
(၁၀)နာရီခွဲအတွင်း (၉နာရီ၄၅ခန့်)ထွက်ခွာသွားသူရဲ့ အိပ်ရာ(သို့မဟုတ်)
ဘုရားစင် ရှေ့တွင်ရွက်လှ(၁၇)ညွန့်၊ ဇော်စိမ်း(၈)ညွန့်၊ အဖျားပိုင်း ကို ခြေ
ရင်း ဘက် လှည့်ထားပြီး နှစ်ခုခွဲ၍ခင်းပါ။ အဲဒီအညွန့်ပေါ်မှာ ဖျာခင်း၊ ဖျာေ
ပ်ါမှာ အိမ်မှထွက်သွားသူရဲ့ အဝတ်အစားကို ခေါက်လျက် (လုံချည်ပေါ်မှာ
အင်္ကျီထားရန်)တင်ထားပါ။ အင်္ကျီရဲ့အလယ်လောက်မှာ ပန်ကန်ပြား အဝို င်လေးတင်၊
ပန်းကန်ပြားပေါ်မှာဖန်ခွက် တစ်ခွက်ထဲရေဖြည့်။ ကံ့ကော်ညွ န့်(၁၅)ညွန့်ကို
အဲဒီဖန်ခွက်ထဲမှာ ထိုးလှူထား။ မေတ္တာသုတ်ကိုရွတ်ဖတ် ပူဇော်ပါ။
သောကြာသားသမီးတစ်ယောက်ယောက်က ကူညီဆောင်ရွက်ပေးရမည့် ကိစ္စဖြစ်ပါတယ်။ ဒါကဥပမာသဘောပါ။
ကျန် ရက်သားသမီးတွေအတွက်ဆိုရင် သိပ်ရှည်နေမှာစိုးလို့ ဒီလော
က်ပဲကောင်းပါတယ်။ ကျွန်တော်ရဲ့ သုတေသနပြုချက်များအရ လူဆယ်ေ ယာက်မှာ
ရှစ်ယောက်ပြန်ရောက်လာတာတွေ တွေ့ရှိ မှတ်တမ်း တင် ထားတယ်။အဲဒီလိုပဲ
ကျန်တဲ့နေ့နံသားသမီးများအတွက်ဆိုရင် သူတို့နဲ့  နေ့နံသင့် အညွန့်
ဆောင်ပန်းများ ကိုသုံးပေးရပါမယ်။
္ဓ ဆရာ့အနေနဲ့ ကလေးတစ်ယောက်ကို နာမည်ပေးတော့မယ်ဆိုရင် ဘယ်လိုနည်စနစ်မျိုးနဲ့ ပေးလေ့ရှိပါသလဲဆရာ။
မ ........အလွယ်ကူဆုံးနဲ့ အ အောင်မြင်ဆုံးနာမည်ပေးနည်း ကျွန်တော်ပြော ပြရင် ဥပမာ -
ÄÄÄ......၁၃၂၂ ခုနှစ်ဖွား၊ တနင်္ဂနွေ သားသမီးများအတွက် မူကို
ကျွန်တော်သုံးတဲ့ နည်းစနစ်အတိုင်း ပြောပါမယ်။ ပထမဆုံးမွေးတဲ့ခုနှစ်ကိုတည်၊
အြွကင်းကို မဟာဘုတ်ဇယားနဲ့ချတွက်တယ်။
အဲဒီဇယားကွက်ရဲ့ ဘေးမှာ
မွေးနံဓါတ်တိုင်ထူး။ မူလမဟာဘုတ်မှ ပုတိ၊ ဘင်္ဂ၊ မရဏ
အောက်သုံးလုံးနေ့နံများကို မသုံးပါဘူး။ (၂၊၆၊ဝ)ဖြစ်တယ်။
မွေးနံဓါတ်တိုင်ရဲ့အောက်ခြေ သုံးလုံးကိုလဲ မသုံးပါဘူး။ (၄၊ဝ၊၃)ပေါ့။
မွေးနံနဲ့ ဓါတ်တိုင်ရဲ့အပေါ် အပေါ်ချင်းအကောင်းဆုံး အတွဲကိုပေးပါတယ်။
တနင်္ဂနွေသားဖြစ်တဲ့အတွက် မူလဓါတ်ကောင်း မဖျက်ကောင်းဆို တဲ့စကားအရ
နာမည်ပေးလျှင် တနင်္ဂနွေအစနှင့် မူလဓါတ်တိုင်ရဲ့ အေ ပ်ါဆုံးအလုံးဖြစ်တဲ့
ကြာသပတေးနံနှင့်သာ တွဲဖက်မှည့်ခေါ်အမည် တွင်စေပါတယ်။
မူလမွေးနံတိုင်ရဲ့
အပေါ်မှာရှိနေတဲ့ တနင်္လာနဲ့သောကြာ (၂/၆)ဟာ မူလမဟာဘုတ်ရဲ့
အောက်ခြေသုံးကွက်မှာ ရှိနေတာကြောင့် တနင်္ဂနွေနံ အစနဲ့ တနင်္လာ၊ သောကြာ တို့ကို
တွဲ မမှည့်ပါဘူး။
မဟာဘုတ်ဇယားမှ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ အကွက် ရှိ နေ့နံများနှင့် မွေးနံတိုင်မှ အပေါ်သုံးလုံးနဲ့ ညှိပြီး မှည့်ခေါ်ပေးပါတယ်။
္ဓ တိုက်၊ ခြံ၊ မြေ၊ ကား အမြတ်ဆုံး ဈေးကောင်းနဲ့ ရောင်းထွက်စေဖို့
အစီအရင်လုပ်ပေးပါဆိုရင်ကော ဆရာ့အတွေ့အကြုံအရ ဘယ်လိုနည်း သုံးပြီး
အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါသလဲ ဆရာ။
ဆ
......ပစ္စည်းရောင်းမယ့်သူ ကံကောင်းစေဖို့ သူရဲ့ကံကိုပြင်မြှင့်ပေးတဲ့အနေနဲ့
နဝင်းစီးဓါတ် ယတြာကို ပထမဆုံး ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ သူနဲ့ပတ်သက်
တဲ့ ဆောင် ပန်းအညွန့်ကို ဓါတ်ယတြာအနေနဲ့ လုပ်ဆောင်ပေးရပါတယ်။
ဥပမာ - ၁၃၂၂ခုဖွား၊ စနေသားသမီး က အိမ်၊ ခြံ၊ မြေ အရောင်းထွက်ချင်တယ် ဆိုပါစို့။
သု့ရဲ့မွေးနေ့ စနေနေ့ နံနက်(၉)နာရီမှ (၁၀)နာရီ(၃၀)မိနစ်
အတွင်း(အကောင်းဆုံးက ၉နာရီ၄၅မိနစ်)အချိန်မှာ ရေဖလားတခုထဲေ ရတစ် ဝက်ထည့်ပါ။
ငွေကြေးနှင့်ပတ်သက်တဲ့ ပစ္စည်း (ဥပမာ)ကျပ်ေ စ့(၉)ခု၊ ရွှေထည်ပစ္စည်းတစ်မျိုး၊
နံ့သာဖြူ(အမွှေးနံသာရည်)၊ တရော်၊ ကင်ပွန်း၊ ခေါင်းလျှော်ရည်ထည့်ပါ။
ရွက်လှညွှန့်(၁၇)ညွှန့်နှင့် မိမိနေအိမ်ဘုရားခန်း၊ ဆိုင်ခန်း၊ အဆောက်အအုံရဲ့
ခေါင်းရင်းပိုင်းမှ စတင်ပက်ဖျန်းရမည်။ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်းမှ
အိမ်ရှေ့အဝင်ဝအထိ တစ်ခန်းလုံး အနှံ့ ပက်ဖျန်းပေးရပါတယ်။
---ပိုနေတဲ့ရေနဲ့ ゞင်းဆောင်ပန်းအညွန့်ကို ဇောက်ထိုးကိုင်ပြီးအိမ်လှေ
ကားဝ(သို့မဟုတ်) ခြံအဝင်ဝမှာ လောင်းချပေးခိုင်းတယ်။ အဲဒီဆောင်ပန်းကို
သီးခြားပန်းအိုးနဲ့ ဘုရားစင်မှာ လှူဒါန်းရပါမယ်။
တစ်ပတ်(သို့မဟုတ်)သုံးပတ်တစ်ကြိမ် မွေးနေ့မှာ မွေးနဝင်းပေါ်ချိန်မှာလဲç
လှူပေးရမယ်။(ရွှေရည်၊ ငွေရည်ပက်ဖျန်းဖို့မလိုတော့ပါဘူး။
ဆောင်ပန်းအညွန့်ကိုသာ လဲလှူပေးရမှာဖြစ်တယ်) ဒီကိစ္စကို ကြာသပတေး(အဓိက)
တနင်္ဂနွေ၊ ဗုဒ္ဓဟူးသားသမီးတစ်ယောက်က ကူညီဆောင်ရွက် ပေးရမယ်။ ဘုရားစင်ပေါ်မှာ
လှူထားတဲ့ ဆောင်ပန်းအိုးကို မပြောင်းမရွှေ့ရပါဘူး။
ကျွန်တော့်ရဲ့သုတေသနပြုချက်အရ ဒီနည်းဟာ အရောင်းအတွက် အထူးပဲ ထိရောက် အောင်မြင်တာကို တွေ့ရှိခဲ့ရပါသည်။
္ဓ ဗေဒင်ဆရာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မယ်လို့ ဆရာယုံကြည်လက်ခံ ကျင့်သုံးပါသလဲ ဆရာ။
ဆ...... ဗေဒင်ဆရာတွေ လိုက်နာသင့်တဲ့ ဆောင်သင့်၊ ရှောင်သင့်
တဲ့ကိစ္စတွေကတော့ အများကြီးပါပဲ။ ကိုယ့်အပေါ်အားကိုးတကြီးနဲ့ရောက် လာတဲ့
ဗေဒင်မေးပရိတ်သတ်ကို အဆောင်အယောင် ဟိတ်ဟန်တွေသုံးပြီး
ခြိမ်းခြောက်ဟိန်းဟောက်ရိုက်စားမလုပ်ဘဲနဲ့ ကိုယ်ချင်းစာနာ စိတ် မွေးနို
င်ဖို့ အရေးကြီးပါတယ်။
ကိုယ်ကျင့်သီလကောင်းရမယ်။ပညာရပ်ဝမ်းစာဖူလုံရမည်။သိက္ခာသမာဓိရှိဖို့လိုမယ်။
ရှေ့ဆောင်လမ်းပြလမ်းညွှန် ကူညီသူတစ်ယောက်အနေနဲ့ ဆရာ ဟာ ဆရာနဲ့တူအောင်
ကျင့်ကြံ၊ ရိုးသားကြိုးစားအားထုတ်ရပါလိမ့်မယ်။
ဒီတစ်ဘဝစာ၊ ကွက်ကွက်၊
မြက်မြက်လေးကိုပဲ မကြည့်ဘဲ နဲ့ နော င်သံသရာ ရေရှည်အထိ မျှော်ကြည့်တတ်ဖို့
အထူးပဲလိုအပ်တယ်ဆိုတာကို ကျွန်တော်လက်ခံယုံကြည်စွာနဲ့ ကျင့်သုံးပါတယ်။
္ဓ ဗေဒင်ပညာနဲ့ပတ်သက်လို့ မျိုးရိုးရှိပါသလား ဆရာ၊ ဆရာရဲ့ ကိုယ်ရေးအကျဉ်းလေး ပြောပြစမ်းပါဦး။
ဆ ......ဖခင်ဦးခင်မောင်၊ မွေးမိခင် ဒေါ်အေးပိုတို့က -__ ပဲခူးတိုင်း
ကဝမြို့နယ်၊ ဝင်းကမူ-(ကုန်းတန်း)-ရွာမှာ မွေးခဲ့တာပါ။ ဘာဗေဒင်မျိုးရိုးမှ
မရှိပါဘူး။
ဗေဒင်ကို မယုံလို့ လေ့လာလိုက်စားရင်းနဲ့
ဗေဒင်အချုပ်မဟာဘုတ် နိဒါန်းကျမ်းပြု ပညာရှင် ဆရာကြီးဦးကြာမြင့်၊
ဆန်းကျမ်းဗေဒင်နှင့် ပုဂ္ဂလပညတ်သင်တန်းနည်းပြ ဆရာကြီး
ရန်ကုန်ဦးကျော်ရင်တို့ရဲ့ ပညာရည်နို့သောက်စို့ခဲ့ပြီး
ကိုယ့်လိုဒုက္ခရောက်ခဲ့ဖူးတဲ့ သူတွေကို ကိုယ်ချင်းစာတရား၊ ရှေ့ထားပြီး
လမ်းကောင်းညွှန် ကူညီနေတာပါ။
အသက်ငယ်ငယ်၊ မျက်နှာထားတင်းတင်း၊
စကားသံပြတ်သားပေမယ့် အဲဒီဆရာရဲ့ နှလုံးသား ဖြူစင်မှုများကို
ကြားသိတွေ့မြင်မိခဲ့လို့ ဆရာနဲ့ ဆွေးနွေးမေးမြန်းဖြစ်ခဲ့တဲ့
အကြောင်းအရာများကို တစ်ဆင့်ပြန်လည်ဖောက်သည်ချလိုက်ရခြင်းပဲဖြစ်ပါတယ်။
ဆရာနဲ့တွေ့ဆုံ ကြုံကြိုက်လိုပါက .....
.........
လောကဓံ(အမြင်သစ်)
ဆရာဦးထွန်းရီ (ဒ-ဘ-န-ဝ/တဆ-ဝ၄၅၅၅)
ကံကောင်းလိုသူတို့အတွက် ဥာဏ်သစ်လောင်းရာ
ဓာတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓာတ်ခန်း
အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။(-၀၉/၇၃၂၁၉၁၂၀)။
လိပ်စာအတိုင်း(ပိတ်ရက်မရှိ)သွားရောက်တွေ့ဆုံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ခင်ဗျား။
No comments:
Post a Comment