Saturday, November 19, 2016

.(((((-----လောကဓံ(အမြင်သစ်).ဟူသည်....။)))))-(၂၄)။


...(((((-----လောကဓံ(အမြင်သစ်).ဟူသည်....။)))))-(၂၄)။
..................
(၃)ကြိမ်မြောက် ကံညံ့ချိန်ဖြစ်သည့် အင်္ဂါသားသမီးတစ်ဦး တစ်ယောက် အသက်(၃၄-၃၅/၃၆-၃၇)နှစ် များတွင် ကြုံတွေ့ရမည့် အခက်အခဲများကို (၁၀)တန်း စာမေးပွဲဖြေဆိုတာနဲ့ ဥပမာ ပေးထား ပါတယ်၊ (၁၀)တန်းစာမေးပွဲဆိုတာနဲ့ ဗေဒင်မေး၊ နတ်မေး၊ ယတြာချေ၊ ကျူရှင်ထား၊ ဂိုက်ထား၊ ဘော်ဒါထားနဲ့ အလုပ်ကို ရှုပ်ကုန်ကြတော့တာပါဘဲ၊ ဘယ်လို တွေဘာတွေ ဘယ်လိုပဲလုပ်လုပ်၊ စာမကြိုးစားရင် စာမေးပွဲကျ မယ်၊ ကြိုးစားရင်အောင်မယ်၊ ဒါဘဲ။ ခက်တာက အလုပ်ခေါ်ရင် အနည်းဆုံး (၁၀)တန်းအောင်မှ ဆိုတော့ ဒီနေ့ခေတ်မှာ (၁၀)တန်းဟာ ဘယ်လောက် ဘဝမှာ အရေးပါတယ်ဆိုတာ သိလောက်ရောပေါ့၊ အဲဒီလိုပါပဲ လူ့ဘဝ စာမေး ပွဲ (၆)ကြိမ်မှာ (၃)ကြိမ်ဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို စဉ်းစားလို့ရပြီထင်ပါတယ်၊ နောင်တွေ့ကြုံ လာရမယ့် အင်္ဂါသားသမီးတွေ ရဲ့ အသက် (၄၂-၄၃/၄၄-၄၅)နှစ်နဲ့ (၅၀-၅၁/၅၂-၅၃) (၅၈-၅၉/၆၀-၆၁) အသက်အပိုင်း အခြားတွေဟာ အသက်ကြီးလာလေ ဒုက္ခတွေပိုများ လာေ လ ဆိုပေမယ့်----
၃-ကြိမ်မြောက်မှာ ကြုံတွေ့လိုက်ရတဲ့ ဒုက္ခတွေဟာ ကာယကံရှင် အတွက် တော်တော်လေး အသိတရားတွေ ရသွားစေခဲ့တာကြောင့် ထင် ထားသလောက် မဆိုးပြန်ဘူး၊ လောကဓံဟာ ပုံသေ မဟုတ်တဲ့အတွက် တချို့အင်္ဂါသားသမီးတွေဟာ(၃)ကြိမ်မြောက်မှာ အခြေအနေအရပ်ရ ပ်ကြောင့် လွတ်ကင်းသွားသူတွေ ရှိတတ်တယ်၊ အဲဒါကပြဿနာ ဘဲ။ လော ကဓံရဲ့ (၃)ကြိမ်မြောက်မှာ လွတ်ကင်း သွားသူတွေဟာ (၄)ကြိမ်မြောက် စာေ မးပွဲစစ်ချိန်မှာတော့ စားမေးပွဲခန်းထဲမှာ ရောက် မလာ နိုင်ရှာ တော့ ပါဘူး၊ မိမိရဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည့် ပိုင်ဆိုင်မှုတွေနဲ့ ခွာပြဲပြီး တစ်ယောက်ထဲ လောကဓံရဲ့ ပြင်းထန်တဲ့ ရိုက်ချ က်တွေကြောင့်---
နောက်ထပ်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ(၅)ကြိမ်မြောက် လောကဓံစာမေးပွဲကို ဘာမသိ ညာမသိနဲ့ အောင်မြင်လွတ်မြောက်သွားသူကိုလ ည်း တွေ့မြင်နိုင်ပါသေးတယ်၊ ................သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက်စာမေးပွဲခန်းထဲတော့ ရောက်မလာနိုင်တော့ဘဲ သူ့ကိုတွေ့ချင်ရင် ထောင်(သို့မဟုတ်)ဆေးရုံမှာ သာ သွားစောင့်နေပေတော့။
လောကဓံစာမေးပွဲကို (၁-ကြိမ်၊ ၂-ကြိမ်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်)ထိ ပွတ်ကာသီကာ လွတ်မြောက်သွားသူကိုလဲ တွေ့မြင်နိုင်ပါသေးတယ်၊ ...............သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက် စာမေးပွဲခန်းထဲရော က်ဖို့ နေနေသာသာ (၅)ကြိမ်မြောက်လောကဓံကို လွတ်မြောက်ေ အာ င် ဖြတ်သန်းသွားတဲ့ ပြဿနာအားလုံး စုပုံရှင်းဖို့ လူသေလျှင်သေ၊ လူမသေ လျှင် ဘဝသေဟူသော လောကဓံ၏ စည်းမျဉ်းတွေကြောင့် ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဆိုထားသည့်အတွက် အဲဒီနေရာတွေမှာ သူ့ကို သွားစောင့်နေတာ ပိုသေချာပါတယ်။ ......ရန်ကုန်မြို့ဆိုရင်တော့ ရေဝေးမှာ.သွားစောင့်နေတာ ပိုသေချာပါတယ်။ ဒီလောက်ဆိုရင် အင်္ဂါသားသမီးတစ်ယောက်ရဲ့ ဘဝထဲမှာ လောကဓံ ပညာနဲ့ လူဘဝကို ချုပ်ကိုင်ထားတဲ့ အတိတ်ကကံနဲ့ ယခုလက်ရှိဘဝ ကံ (ကံနှစ်ကံ)ကို ကြိုတင်ဟောပြော အသုံးချသွားတဲ့အကြောင်း တစွန်းတစ ရိပ်မိလောက်ပြီ ထင်ပါတယ်။..။...................................................... .................../
ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

No comments:

Post a Comment