Saturday, January 14, 2017

လောကဓံ(အမြင်သစ်).ဟူသည်။-(၃၆)။.....

လောကဓံ(အမြင်သစ်).ဟူသည်။-(၃၆)။.....

......
၃-ကြိမ်မြောက်မှာ ကြုံတွေ့လိုက်ရတဲ့ ဒုက္ခတွေဟာ ကာယကံရှင်အတွက် တော်တော်လေး အသိတရားတွေ ရသွားစေခဲ့တာကြောင့် ထင်ထားသလောက် မဆိုးပြန်ဘူး၊ လောကဓံဟာ ပုံသေ မဟုတ်တဲ့အတွက် တချို့စနေသားသမီးတွေဟာ(၃)ကြိမ်မြောက်မှာ အခြေအနေ အရပ်ရပ်ကြောင့် လွတ်ကင်းသွားသူတွေရှိတတ်တယ်၊အဲဒါကပြဿနာဘဲ။ လောကဓံရဲ့ (၃)ကြိမ်မြောက်မှာ လွတ်ကင်းသွား သူတွေဟာ (၄)ကြိမ်မြောက်စာမေးပွဲစစ်ချိန်မှာတော့ လောကဓံစာမေးပွဲ ခန်းထဲမှာ ရောက်မလာနိုင်ရှာတော့ပါဘူး၊ မိမိရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ အလုပ်၊ အိမ်ထောင်၊ နေဖို့၊ စီးဖို့၊ စသည့် ပိုင်ဆိုင်မှုတွေနဲ့ ခွာပြဲပြီး တစ်ယောက်ထဲ လောကဓံရဲ့ ပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့်---
နောက်ထပ်ရှားရှားပါးပါး ဖြစ်တောင့်ဖြစ်ခဲ(၅)ကြိမ်မြောက် လောကဓံစာမေးပွဲကို ဘာမသိ ညာမသိနဲ့ အောင်မြင်လွတ်မြောက်သွားသူကိုလည်း တွေ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံစာမေးပွဲခန်းထဲတော့ ရောက်မလာနိုင်တော့ဘဲ သူ့ကိုတွေ့ချင်ရင် ထောင်(သို့မဟုတ်) ဆေးရုံမှာသာ သွားစောင့်နေပေတော့။
လောကဓံစာမေးပွဲကို (၁-ကြိမ်၊ ၂-ကြိမ်၊ ၃-ကြိမ်၊ ၄-ကြိမ်၊ ၅-ကြိမ်)ထိ ပွတ်ကာသီကာ လွတ်မြောက်သွားသူကိုလဲ တွေ့မြင်နိုင်ပါသေးတယ်၊ သူကတော့ လောကဓံရဲ့(၆)ကြိမ်မြောက် စာမေးပွဲခန်းထဲရောက်ဖို့ နေနေသာသာ (၅)ကြိမ်မြောက်လောကဓံကို လွတ်မြောက်အောင် ဖြတ်သန်းသွားတဲ့ ပြဿနာအားလုံး စုပုံရှင်းဖို့ လူသေလျှင်သေ၊ လူမသေလျှင်ဘဝသေဟူသော လောကဓံ၏ စည်းမျဉ်းတွေကြောင့် ထောင်၊ ဆေးရုံ၊ ဘုန်းကြီး၊ ကွဲ၊ သေ၊ အမှု ဆိုထားသည့်အတွက် အဲဒီနေရာတွေမှာ သူ့ကိုသွားစောင့်နေတာ ပိုသေချာပါတယ်။
ရန်ကုန်မြို့ဆိုရင်တော့ ရေဝေးမှာ သွားစောင့်နေတာ ပိုသေချာပါတယ်။ ဒီလောက်ဆိုရင် စနေသားသမီးတစ်ယောက်ရဲ့ ဘဝထဲမှာ လောကဓံပညာနဲ့ လူဘဝကိုချုပ်ကိုင်ထားတဲ့ အတိတ်ကကံနဲ့ ယခုလက်ရှိဘဝကံ (ကံနှစ်ကံ) ကို ကြိုတင်ဟောပြော အသုံးချသွားတဲ့အကြောင်း တစွန်းတစ ရိပ်မိလောက်ပြီ ထင်ပါတယ်။
...။.
လောကဓံ(အမြင်သစ်)မူအရလောကဓံကို(၈)နှစ်တကြိမ်-(၄)နှစ်တကြိမ်-(၂)နှစ်တကြိမ်-(၁)နှစ်-ဆိုပြီး-(၄)ပိုင်းခွဲခြားပြီးလိုက်နာကျင့်သုံးနေထိုင်လုပ်ကိုင်ရသောပညာဖြစ်ပါတယ်။-လူမျိုး-ဘာသာ-ရိုးရာ-ဓလေ့ထုံးစံ-တွေနဲ့မပတ်သက်ဘဲ၊။.....လူသားတဦးရဲ့ မွေးရာမှသည်-သေဆုံးသည်အထိ-.ပါလာသည့်(ကံ).ကြိုသိနိုင်သည့်(ဥာဏ်) .မိမိပြုလုပ်ဖန်တီး သည့်  (ကြမ္မာ). .။ .
မွေးရာပါ(စိတ်)သောက်ကျင့်+မိဘအုပ်ထိမ်းသူတွေနဲ့နေစဉ်က သူတို့လုပ်ကိုင်နေ ထိုင်ကြ သည်ကိုမြင် တွေနေခဲ့တဲ့(စိတ်)သောက်ကျင့်နဲ့ မိမိပိုင်ဆိုင်ထားတဲ့-အလုပ်+အိမ်ထောင်+သားသမီး-ဆိုတဲ့(သံယောဇဉ်)ပေါ်မှာရောက်ရှိခံစားနေတဲ့(စိတ်)ကိုကြိုတင်သိမြင်နိုင်ပြီးမိမိကိုယ်တိုင် ပြုပြင်လိုက်နာနေထိုင်ရန်ညွှန်ကြားပေးသောပညာဖြစ်ပါသည်။

No comments:

Post a Comment