Friday, January 29, 2016

-(((-----ဆရာကို ကာပြန်၍ အာခေါင်လှံစူးရပုံ-----)))-

----------------(((-----ဆရာကို ကာပြန်၍ အာခေါင်လှံစူးရပုံ-----)))---------------
-----------
]]ဆရာလောကဓံ ကျောက်စာပုံ စာရွက်တွေကိုင်ပြီး ဘာတွေစဉ်းစားနေ တာလဲ}} အမှတ်(ခ)၊ အရှေ့ဘက်မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ် ရှိ လောကဓံဟောခန်းအတွင်းသို့ -ဓနသိဒ္ဓိဂျာနယ်မှ ပင်တိုင်ဆောင်း ပါးရှင် ပေါ့ပေါ့ပါးပါး ဆရာဦးအောင်ခန့်တို့နှစ်ဦး သား ပြောပြော ဆိုဆို ရောက် ရှိလာကြ၏။
(-ဆရာတို့ပါလား။ လာ---ထိုင်ဗျာ။)
လူရှင်းတုန်းလက်ဖက်ရည်မှာသောက်ရင်း အေးအေးဆေးဆေးစကား ပြောကြတာပေါ့။ ကျွန်တော်လည်း အဲဒီကျောက်စာပုံ စာရွက်ရိုက်ထားတဲ့ အကြောင်းကို ပြောပြ ချင်နေ တာကြာပြီ။ ဆရာတို့ရောက်လာတာနဲ့ အတော် ဖြစ်သွားတာပေါ့။)
(ဘာတွေများ ထူးခြားနေလို့ ဒီကျောက်စာပုံစာရွက် အကြောင်း အရေးတကြီးပြော ချင်နေရတာလဲ။ ဒီကျောက်စာတိုင်ပုံပါ စာရွက်ကို လွန်ခဲ့တဲ့ (၅) နှစ်ခန့်က ဆရာ ကန်တော့ပွဲမှာ ဆရာကြီးဦးကြာမြင့်သား ဆရာလေး ကိုကျော်ခိုင်မှတစ်ဆင့် တင်ပြ ခဲ့ဖူးတယ်။
ကျွန်တော်ရဲ့ ဟောခန်းရှေ့မှာလည်း ဆိုဒ်ကြီးကူးချဲ့၍ ပလပ်စတစ် လောင်းပြီး ကပ်ထားလိုက်တယ်)
။ ]]အဲဒါကို အခုမှ ဘာဖြစ်လို့ အရေးတကြီး တူးဖော်ထုတ်ပြ ချင်နေ ရတာလဲ။ ဘာတွေများရေးထားလို့ ကျောက်စာတင် လောက်အောင်ဖြစ်နေရတာလဲ}} -(--ဒီကျောက်စာပုံက သတိပေးလွှာနဲ့ပတ်သက် လို့ နောက်ပိုင်းကာလတွေ မှာ ဗေဒင်လောကထဲ ဝင်ရောက်ဟောပြောလာတဲ့ ဗေဒင်ဆရာ၊ ဆရာမတွေ သိရလေအောင် ပြန်လည်တူးဆွဖော်ပြချင်နေရတာပါ။) ]]ဘယ်လိုများပတ်သက်နေလို့လဲ ဆရာလောကဓံရဲ့}}
(-ဘယ်လိုပတ်သက် နေလဲ ဆိုတော့ - ဆရာကြီးဦးကြာမြင့်ရဲ့ နဝင်းစီးပွဲပညာနဲ့ပတ် သက်လို့ ဓနသိဒ္ဓိ စာစောင်ထဲမှာ ကျွန်တော်ရေးလိုက်တော့ နဝင်းစီးပွဲပညာကို မျိုး စုံရောစပ်ပြီး သုံးနေတဲ့ ပညာကို ခိုးယူသုံးစွဲနေတဲ့ ဆရာတွေနဲ့ ငါတို့ဆရာကြီး သင်ပေးလို့ ငါတို့ပြန်သုံးတာပဲ။ ငါတို့ဆရာကြီးပညာဆိုပြီး သူတို့ပြောတဲ့ သူတို့ ဆရာကြီး ကိုယ်တိုင်က ဆရာကြီးဦးကြာမြင့် နဝင်းစီးပွဲကို ခိုးယူသုံးစွဲပြီး သူ့ပညာ ကဲ့သို့ တပည့်များကို သင်ကြားပေးသွားပါတယ်ဆိုတာကို မသိသေးလို့ ယုံနေ သူတွေရယ်၊ ငါတို့ဆရာကြီးပညာမဟုတ်ဘူးဆိုတာသိပေမယ့် သိရက်နဲ့ လုပ်စားေ နတဲ့ ဆရာတချို့ မကျေမချမ်းဖြစ်နေကြတယ်ဆိုပဲ -)--
]]သူတို့ဘက်ကကြည့်တော့လည်း ဒေါသဖြစ်စရာဖြစ်မနေဘူးလား}}
(- အဲဒါ ကို ကျွန်တော်ပြောပြချင်နေတာပေါ့။ ၂၀ဝ၂ ခုနှစ် နောက်ပိုင်းမှာ ဟောခန်း ဖွင့်ပြီး နဝင်းစီးပွဲကို ခိုးယူကိုယ်တွယ်နေကြတဲ့ ဆရာတချို့က သူတို့ကို မနာလိုလို့ ခုမှ ရေးတာထင်နေကြလို့ အဲဒီဆရာတချို့သိအောင် ရေးသားဖော်ပြပေးရ တာ ပါ။ ကျွန်တော် ဆရာကြီးဦးကြာမြင့်ဆီမှာ ပြောပြပြီးမှ ဒီစာကို ၂၀ဝ၃ ခုနှစ် ကတည်း က ထုတ်ဖော်ရေးသားထားသလို ကျွန်တော်ရဲ့ ဟောခန်းအပြင်မှာ ဖော်ပြထား တဲ့ အကြောင်း အဲဒီဆရာတွေသိစေချင်လို့ပါ။ )
]]အဲဒီလိုအထောက်အထားနဲ့ ရှင်းပြနိုင်ရင်တော့ ကောင်းတာပေါ့ ဆရာရယ်}}
(-နဝင်းစီးပွဲနှင့်ပတ်သက်လို့ ဆရာခန့်တို့ကို ပြောပြရ အုန်းမယ်၊ )
]]ဘာများလည်း ဆရာလောကဓံ}}
(-ဆရာကြီးဦးကြာမြင့် နဝင်းစီးပညာ ကို အသုံးပြုနေပြီး ဆရာကြီးဦးကြာမြင့်ပညာ ပါလို့ ဖော်မပြောတဲ့ဆရာတွေ အတွက် ကျွန်တော်တို့ ငယ်ငယ်ကသင်ခဲ့ရတဲ့ ဖတ်စာ အုပ်ထဲက ]ဆရာကို ကာပြန်လို့အာခေါင်လှံစူး}}တဲ့ ပုံပြင်လေးကို သတိရလို့ပါ။)
]]ဆက်စမ်းပါဦး စိတ်ဝင်စားစရာပဲ}}
(- ဆရာတို့နဲ့အတူ လူတော်တော် များများသိပြီးသားပါ။ ကတွတ်ပေါက်မှာ စောင့်နေ တဲ့ဗျိုင်းတစ်ေ ကာင် ဟာ ငါးကို--ရတော့လည်း ချက်ချင်းမစားသေးဘဲ ငါးကို ပါးစပ် နဲ့ ကိုက်ပြီး အပေါ်ကိုမြှောက် လိုက် ၊ ပြန် ကျ လာရင် ပါးစပ်နဲ့ဖမ်းလိုက် ကိုက်လိုက်နဲ့ အကြိမ်ပေါင်းများစွာ ဆော့ကစားနေတာကို တွေ့လိုက် ရတဲ့ လူတစ်ယောက်ဟာ အဲဒီဗျိုင်းရဲ့ လှုပ်ရှားပုံ ကို အတုယူပြီး ဝါးချွန်လေးကို မြှောက်ကြည့်လိုက်၊ ပါးစပ်နဲ့ ဖမ်းလိုက် တဖြည်း ဖြည်းကျင့်သားရလာတော့ လှံကိုအပေါ်မြှောက်ပြီး ပြန်အကျမှာ လှံသွား ကို ပါးစပ်နဲ့ ဖမ်းကိုက်စားနိုင်တဲ့အထိ လေ့ကျင့်နိုင်ခဲ့တယ်ဆိုပဲ။
နောက်ဆုံးတော့ ဘုရင့်ရွှေနားတော်ပေါက်ကြားပြီး ဘုရင်ကခေါ်ပြီး လှံပါးစပ်နဲ့ ဖမ်းတာ ကို ပြခိုင်း ရတဲ့အထိ ကျော်ကြားလာတယ်။ ဘုရင်ကြီးက ဒီပညာရပ်ကို ဘယ်လိုဆရာမျိုးဆီက သင်ယူဆည်းပူးခဲ့ရ သလဲလို့ မေးတော် မူ၏။ ထိုအခါ ပညာရှင်က သူဟာ တိရိစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဗျိုင်းဆီက မြင်ခဲ့ ရ ၍ လေ့ကျင့်ခဲ့ရာမှ ဒီလိုကျွမ်းကျင်တတ်မြောက်လာတာပါလို့ ပြောရမှာရှက်တာ ကြောင့် ဆရာမရှိပါ။ ကိုယ်တိုင်တတ်သိသော ပညာဖြစ်ကြောင်း ဆရာကို ကွယ်ဝှက်၍ လိမ်လည်ပြီး ပြ န်ပြောလိုက်ပါသည်။
နောက်တစ်ကြိမ် လှံကိုအပေါ်မြှောက်ပြီး ပါးစပ်နဲ့ လှံသွားကို ပြန်ကိုက် အဖမ်းမှာ အာခေါင်လှံ စူး၍ သေပွဲဝင်သွားရတယ်ဆိုတဲ့ ]ဆရာကိုကာပြန် အာခေါင်လှံစူး} ---ဆိုတဲ့ ပုံပြင်လေးကို သတိရပြီး သင်ယူတတ်မြောက်ခြင်းမရှိဘဲ ဆရာကြီးကြာမြင့် နဝင်းစီးပညာရယ်လို့ စိတ်ထင်တိုင်းလုပ်ကိုင်ပြီး ဆရာကြီးရဲ့ နဝင်းစီးပွဲကို အသုံးပြုေ နကြတဲ့ ဆရာတွေအတွက် နဝင်းကျိုးခြင်း၊ နဝင်းလောင် ခြင်းဆိုတဲ့ နဝင်းဒဏ် သင့် ပြီး ကြောက်စရာကောင်းတဲ့ ဘေးဆိုးကြီးတွေနဲ့ မတွေ့ ရလေအောင် လိုက်နာဖို့စေ တနာနဲ့ သတိပေးခြင်းလို့ ခုလိုကျောက်စာပုံနဲ့-ဖြစ်ရပ်ကလေးကို အရေးတကြီး ပြန် လည် တူးဖော်ပေးလိုက်ရတာဆရာတို့ ])
(-]အော် ဆရာလောကဓံရယ် ဒီနေ့လက်ဖက်ရည်ကောင်းသလားမှတ်ရတယ်၊ ဇာတ်လမ်း ကလည်း ကောင်းနေတာကိုး}}-------

No comments:

Post a Comment