Wednesday, January 20, 2016

--(-ခေတ်အမြင်နှင့်ဗေဒင်) (မွေးချိန်သိမှ မှန်မယ်ဆိုရင်)--------

-----------------(-ခေတ်အမြင်နှင့်ဗေဒင်) (မွေးချိန်သိမှ မှန်မယ်ဆိုရင်)--------------------------- ----- ----------------------
တစ်နေ့သော် ကျွန်ုပ်ဟောခန်းရှိရာ မိုးကောင်းဘုရားအရှေ့မုခ်၊ ဓာတုနိယာမနှင့်မဟာဘုတ် နဝင်းစီးဓါတ်ခန်းအတွင်းသို့ တပည့်ဖြစ်သူ မောင်ရာဇာ တစ်ယောက်စောစောစီးစီး ရောက်ရှိလာပြန်၏။
ကျွန်ုပ်သည် ဟောခန်းဖွင့်ချိန်ကို နံနက် (၉းဝ၀) နာရီ မှ ညနေ (၆းဝ၀) နာရီ ရေးထားသော်လည်း တကယ်တမ်းစောရောက်နေတာများ၏
ထို့ကြောင့် ဓာတ်သိ တပည့်တချို့ စောစောစီးစီးရောက်လာတတ်ကြခြင်း ဖြစ်သည်။ မောင်ရာဇာ မထိုင်ဖြစ်ခင် မနက်စာ သုံးဆောင်ဖို့ အဆင်ပြေမယ့် အစားအသောက်သွားမှာလိုက်ပါလား။
]]ဟုတ်ကဲ့ }} --- ဟုဆိုကာ မောင်ရာဇာတစ်ယောက် ဘုရားပတ်လမ်းထောင့် မှ လက်ဖက်ရည်ဆိုင် သို့ သွားရောက်မှာယူလာလေတော့သည်။
( ဆရာ့အတွက် လက်ဖက်ရည်နှင့် ဆီထမင်းပါလာတယ်ဆရာ။ )
ကျွန်ုပ်တို့ ဆရာတပည့်နှစ်ေ ယာက် စား ရင်းသောက် ရင်း ပညာရပ်များ၏ မတူကွဲပြားခြားနားမှုတွေအပေါ် အဓိကပြောဖြစ်ကြလေသည်။
]]တစ်နေ့က ကျွန်တော်နဲ့ပါလာတဲ့ မိတ်ဆွေက ဆရာ့ကိုအားနာလို့ မမေးဖြစ်ခဲ့တဲ့ အကြောင်း အရာလေးတစ်ခု မေးခဲ့ပါဆိုလို့ မေးရဦးမယ်ဆရာ။}}
( မေးမှာသာမေးစမ်းပါ မောင်ရာဇာရယ် စကားဦးသန်းနေတာနဲ့ ---]]
( ဒီလို ဆရာရဲ့ သူတို့က ဗေဒင်ဆရာတော်တော်များများနဲ့ရင်းနှီးသလို နက္ခတ်ပညာကို လည်း လေ့ လာထားကြတာဆိုတော့ သူသိထားတဲ့ စနစ်တစ်ခုနဲ့ ဆရာပြောတာနဲ့ ကွာဟနေတာ ကျွန်တော့် ကိုပြောပြတယ်။}}
(--ဘယ်သူကဘာများ ပြောလိုက်လို့လဲ။ )-------မောင်ရာဇာတစ်ယောက် သူ့မိတ်ဆွေနဲ့ ကျွန်ုပ်ကြားပြန်ပြောရမည်ကို အားနာနေပုံရသည်။
]]ဆရာပြောတာတွေ တော်တော်များများ လက်ခံနိုင်လောက် ပေမယ့် မွေးချိန်နဲ့ပတ်သက်လို့ မရှင်းဘူးဖြစ်နေတယ်ပြောတယ်။}}
( ဘယ်လိုမရှင်း တာတဲ့လဲ။ )
]] ဥပမာ - တနင်္ဂနွေနေ့မှာ မွေးတဲ့ တနင်္ဂနွေသားသမီးတွေ အများကြီး မွေးနေ့ ဖြစ်စဉ်တွေ ကတူနိုင် ပါ့မလား။ နက္ခတ်ပညာမှာ ၅ မိနစ်ကွာသွားရင် ဟောကွက်တော်တော်ကွာနေတာတွေ့ရတော့ ဆရာ့အယူအဆနဲ့ သူတို့လက်ခံ ဖို့ခက်နေပုံရတယ်။ ဖြစ်နိုင်ပါ့မလားလို့ ကျွန်တော့်ကိုလည်းမေးတယ်။}}
(--- မောင်ရာဇာ မေးတဲ့မေးခွန်းမျိုး နက္ခတ်ပညာသင်ဖူးတဲ့သူတိုင်းလိုလို မေးကြတယ်။ တို့တွေရဲ့ လာဘ်ဆန်းပညာရှင်ကြီးတွေ ဒီနည်းနဲ့သုံးစွဲလာခဲ့ကြတာ သူတို့တွေ လက်ထက်ကလည်း ခုလိုမေးခွန်းတွေနဲ့ တွေ့ခဲ့ကြမှာပဲ။ ဘာကို ဦးတည်ပြီး ဟောမှာလည်းဆိုတာ အရင်စဉ်းစားကြရမယ်။
နက္ခတ်ပညာမှာ ဘာနေ့သားသမီးဆိုတာမပါဘဲ တွက်ချက်ဟောပြောနေ တာ လက်ဆန်းပညာရှင်တွေက ဘာနေ့သားသမီး မှန်းမသိဘဲ ဟောနေတာ မှန်ပါ့မလားလို့ ပြောနေကြလား။ )
]] ကျွန်တော်ကတော့ ဆရာနဲ့အနေများတော့ ဆရာ့ဘက်က အဖြေ အကြောင်းအရာကိုသိထားပေမယ့် တခြားသူတွေလည်း ကြားဖူးသွားရအောင် ဆရာ့ဆီကိုလာခဲ့တာပါ။}}
(-ဆရာသင်တန်းတွေမှာ ကြုံရတာလည်း ဒီမေးခွန်းပဲ နောက်ပိုင်းကြတော့ ဆရာလည်း ဘုပြော ပြောလိုက်တယ်။ မွေးချိန်မသိဘဲ ဟောလို့ရတာသိချင်ရင် တနင်္ဂနွေ မနက် (၆းဝ၀) နာရီ မွေးတဲ့လူတစ်ယောက်၊ နေ့လယ် မွေးသူ တစ်ယောက်၊ ညနေမွေးတဲ့လူတစ်ယောက်နဲ့ အမွှာမွေးတဲ့ လူနှစ်ယောက်ပါ ရှာလာပြီး လက်တွေ့လာမေးတာ ပိုမကောင်းဘူးလားလို့ ပြောလိုက်မှ---ငြိမ်သွားကြတယ်။ )
]]ဒီလောက်ထိတောင် ပြောလိုက်ရလား။}}
( ပြောတော့ ဘယ်ပြောချင်ပါ့ မလဲ။ ဒီလိုမှ မပြောပြန်ရင်လည်း မဖြစ်တော့ဘူး။ လူစုံပြီဆိုတာ နဲ့ ဆရာ့ကို ဒီအကြောင်းပဲမေးတော့တာပဲ။ ဆိုလိုတာကတော့ ဆရာ့ကို အရှက်ခွဲချင်တဲ့သဘောပဲ။ ဒါကြောင့် မပြောချင်ဘဲ ပြောလိုက်ရတာပါ။ ]]
(ဆရာ့ဆီကို လက်တွေ့လာမေးကြလားဆရာ}}
( ဆရာပညာအနေနဲ့ မွေးချိန်နဲ့ မပတ်သက်လို့ သတိတောင်ထားမနေပါဘူး။ လာမေးလည်း သူတို့တွေမွေးချိန်ဆိုတာ ဘယ်နေရာမှာ သုံးမှာပါလိမ့်လို့တောင် ထင်သွားပါဦးမယ်။)
--(- ဗေဒင်ဆရာလုပ်ရတာ တယ်မလွယ်ပါလား။ )
(-ဒါ ဘာဟုတ်ဦးမလဲ မောင်ရာဇာရဲ့ ---တစ်နေ့သင်တန်းမှာ တာမွေဘက်က ဆရာတစ်ယောက်ဟာ သင်တန်း နားနေချိန် မေးခိုင်းပုံ မေးခိုင်းနည်းကား ယခုဇာတာရှင်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ရာထူး တက်၊မတက် လာမေးခိုင်းတယ်။ )
]]ဆရာ အဲဒီအချိန်က ပညာလာစမ်းမှန်း သိနေလား။}}
(ဘယ်သိပါ့မလဲ။--ဆရာကထုံးစံအတိုင်း ဟောပေးလိုက်တာပေါ့။ အဲဒါ ဘာများ ပြဿနာ ဖြစ်လို့လဲဆရာ။ သူလာမေးခိုင်းတဲ့ ဇာတာရှင်က လူမဟုတ်ဘူး၊ ပျံလွန်တော် မူသွားပြီဖြစ်တဲ့ (ရဟန်းတော်)ဘုန်းကြီးဖြစ်နေတယ်။
]]အဲဒီတော့ ဘယ်လိုတွေဖြစ်ကုန်လဲဆရာ။}}
(-- အဲဒီဆရာနဲ့သူ့တပည့်ဟာ ဘုရားတကာလှည့်ပြီး ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဘုန်းကြီးကို ဆရာလောကဓံက ရာထူးတက်မယ်။ စီးပွားရေး၊ အိမ်ထောင်ရေးတွေ အားလုံးအဆင်ပြေမယ် ဟောတဲ့အကြောင်း သပုတ်လေလွင့် သိက္ခာကျအောင် လျှောက်ပြောတော့ တာပေါ့။ ]]
(-ဇာတ်ကြောင်းလေးကကောင်းလာပြီ ဆက်ပြောစမ်းပါဦးဆရာ။}}
(-- နောင်မှပဲဖြစ်စဉ် အစအဆုံးရေးမှာဖြစ်လို့ မွေးချိန်ပြဿနာအကြောင်း ဆက်ပြောကြတာပေါ့။ ဗေဒင်ပညာရပ်တွေဟာ ဘုရားဟောမဟုတ်လို့ အကုန် အစင်မသိနိုင်ဘူး။ ဆရာကိုင်တွယ်ဟောပြောနေတဲ့လောကဓံက ဘုရားဟော နော်။ ဒါပေမယ့် ဆရာဟာ အားလုံးကို အကုန်အစင်မသိနိုင်ဘူး။ ကာယကံရှင် ကလည်း ဆရာပြောတာတွေကို အကုန်အစင် လိုက်နာနိုင်မှာမဟုတ်ဘူး။--- အဲဒီမှာနှစ်ချက်လွဲနေပြီ။
ဒါကြောင့် ဆရာ့အယူအဆအရ အားလုံးမမှန်နိုင်ဘူး။ အနီးစပ်ဆုံးတော့ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဓံပညာတစ်ခုတည်းကို (၁၅) နှစ်လုံး လေ့လာခဲ့တာဆိုတော့ ဒီလောက်တော့ သိမြင်ခွင့်ရလောက်ပါတယ်လေ။ တခြား လာဘ်ဆန်းနည်းစနစ်တွေ မပြောတော့ဘူး။ ဆရာ့အတွက် မွေးချိန်မလိုဘူးဆိုတာသိထားဖို့လိုတယ်။ ]]
(--ကျွန်တော့်မိတ်ဆွေက သူတို့နက္ခတ်မှာ မွေးချိန်သိမှ၊ မွေးချိန်မှန်မှ ဟောကွက်မှန်မယ်လို့ တစ်ထစ်ချ ပြောနေကြ တယ်ဆရာ။}}
(--သူ အတွေ့အကြုံနည်းသေးလို့ပါ။ လူတိုင်းမွေးချိန် အမှန် သိနိုင်ပါ့မလား။ မွေးချိန်မှန်တိုင်း တွက်ချက်မယ့် ဆရာအနေနဲ့ အမှန်အတိုင်းတွက်နိုင်ပါ့မလား။ ယခုခေတ်ကွန်ပျူတာတွေပေါ်လာတော့ တစ်မျိုးပေါ့။ မွေးချိန်လည်းမှန်ပြီ၊ တွက်တာလည်းမှန်ပြီ၊ ထားပါဦး။ ဆရာက အကုန်မှန်အောင်ဟောနိုင်မှာလား။
အဲဒီ (၃) ချက်တိုက်ဆိုင်နေတိုင်း မှန်နေမှာလား --- ဆိုတာကို အရင်ဆုံး လေ့လာကြဖို့လိုမယ်။ )
]] ဒါဖြင့် ကျွန်တော်ဘယ်လိုပြန်ပြောလိုက်ရမလဲ ဆရာ။}}
(-- မွေးချိန်သိမှ ဗေဒင်ဟောတာ မှန်မယ်လို့ ယူဆနေသူတွေ လက်တွေ့လာမေးတာ ပိုကောင်း ပါကြောင်း မောင်ရာဇာပြောပြလိုက်ပေတော့။ ပညာရပ်တစ်ခုစီမှာ အားနည်းချက်၊ အားသာချက်ဆိုတာရှိကြတာပဲ။ ---ပြောတာမဟုတ်ဘူး။ မိမိကိုယ်တိုင်ထိုးထွင်းမြင်ပြီး မိမိဘယ်လောက်ထိ လူတွေရဲ့ ဘဝကို လမ်းညွှန်နိုင်ပြီလဲ၊ မိမိနဲ့အတူ ပညာရပ်တွေရဲ့ ပြောင်းလဲလာတဲ့ ခေတ်အပေါ်မှာ အသုံးပြုလို့မရတော့တာတွေကို ခွဲခြားပြီး ကိုယ်ချင်းစာစိတ် မထားနိုင်တဲ့ဆရာတွေကိုပြောတာ။ အထူးသဖြင့် ယတြာဆိုတဲ့ကိစ္စပဲ။ဘဝနဲ့ ရင်းပြီး အခက်အခဲကြုံနေတဲ့ အပူသည်တွေကို စာအုပ်၊ စာပေတွေကပါတဲ့ အတိုင်း လိုက်လုပ်ခိုင်းနေကြတာများတယ်။
ဆရာ ယတြာဆိုတာကို သီးသန့်လေ့လာခဲ့တာ --- ယတြာပေးတဲ့ ဆရာတွေတော်တော်များများ သူတို့ယတြာတွေကို သူတို့မသုံးကြဘူး။ ]]
(-ကျွန်တော် လည်း မေးမလို့စဉ်းစားထားတာ အတော်ပဲဆရာ။}}
--(ဗေဒင်ဆရာတွေ သူတို့ပေးတဲ့ ယတြာတွေကို သူတို့မသုံးကြတာက မယုံလို့ပေါ့။ ]]
(--ဒါဖြင့်ရင် ဘာဖြစ်လို့သူများတွေကိုတော့ သူတို့မယုံတဲ့ယတြာတွေကို ပေးနေရတာလည်းဆရာ။}}
(-- မောင်ရာဇာကို အစပိုင်းမှာပြောခဲ့ပြီးပါပြီ။ မောင်ရင် ကိုယ်တိုင်ဗေဒင်ဆရာလုပ်ပြီး လက်တွေ့ရပ်တည်ဖြစ်တဲ့အချိန်မှာ ကိုယ်တိုင် သိလိမ့်မယ်ဆိုတာလေ။ )။
]] ဟုတ်ကဲ့ --- ဟုတ်ကဲ့ သတိရပြီဆရာ။}}
((((----မောင်ရာဇာရေ မွေးချိန်သိမှ ဗေဒင်ဟောတာမှန်မယ်ဆိုရင် မွေးချိန် မသိတဲ့ လူတွေကို ဆရာ့ဆီလွှတ် လက်တွေ့မေးကြည့်ပါလို့ မောင်ရင့် မိတ်ဆွေ တွေကို ပြောလိုက်ပါလို့မှာရင်း ဒီနေ့တော့ ဒီနေရာမှာပဲ ပညာရပ် အကြောင်း ပြောတာတွေ ရပ်နားလိုက်ကြရအောင် --))))
-----------ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် ၊
-------------------လောကဓံ (အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)------

No comments:

Post a Comment