------ ခေတ်အမြင်နှင့်ဗေဒင်------
- (အိုဇာတာကောင်း ၊ မကောင်း)--------
-----------
---]]မေးလက်စနဲ့ ဆက်မေးလိုက်ပါဦးမယ်ဆရာ။ အိုဇာတာကောင်း မကောင်းဆိုတဲ့
ကိစ္စကို ဆရာ့အမြင်နဲ့ ရှင်းပြပါဦး။}} ------တပည့်ဖြစ်သူ မောင်ရာဇာ တစ်ယောက်
ကြုံတုန်းကြိုက်လိုက်ဦးမှ ဆိုတဲ့သဘောမျိုးနဲ့ စကားကိုအဆုံးမသတ် နိုင်ေ
အာင် ဖြစ်ေ နလေတော့သည်။ အကျိုးပေးတဲ့သားကြီးနဲ့ ဒုက္ခပေးတဲ့ သားငယ်
ဂြိုလ်ကောင်လေး ဆိုတဲ့သားနှစ်ယောက်နဲ့ သူ့မိတ်ဆွေကတော့ အိမ်ပြန်ရောက်ရင်
သားတွေနဲ့စခန်း သွားမည့်အရေးကို တွေးပြီးကြည်နူးနေပုံရသည်။
((--ဆရာ့အတွေ့အကြုံအရ တချို့မေးခွန်းတွေက ဗေဒင်ပညာနဲ့ ဘယ်လိုမှ မပတ် သက် တဲ့ မေးခွန်းမျိုးတွေဖြစ်နေတတ်တယ်။
}}ဗေဒင်နဲ့မဆိုင်တဲ့ မေးခွန်းမျိုးတွေဆိုတာ ဘယ်လိုအကြောင်းအရာတွေ ဖြစ်နေ လို့လဲဆရာ။}}
ကျွန်ုပ်သည် မောင်ရာဇာ နားလည်နိုင်မည့် ဥပမာကို စဉ်းစားရင်းမှ -
ဥပမာ - အိမ်တစ်အိမ်မှာ မိဘနဲ့ သားသမီး၊ ယောက္ခမနဲ့ သားမက်၊ ယော က္ခမ နဲ့
ချွေးမ၊ အဖိုးအဖွားနဲ့ မြေးတွေ ကိစ္စတချို့ဟာ လူ့လောကသဘာဝ တရား ဖြစ်နေ တာ
ဗေဒင်မေးပြီး ဖြေရှင်းလို့ မရနိုင်တာကို သတိထားမိပုံ မရဖြစ်ေ နတယ်။
မိသားစုသဘာဝကျကျ ညှိနှိုင်းရမယ့်ကိစ္စမျိုးတွေပါ။
ဆရာ့ အနေနဲ့
ဗေဒင်သဘောမပါဘဲ လမ်းညွှန်လိုက်လို့ ပြေလည်သွား တာလည်း ရှိပါတယ်။
အကုန်အစင်မဟုတ်တောင်မှ ပြောပြရင်နားလည်လွယ်တဲ့ ကိစ္စမျိုးတွေပါ။
ဆရာတခြားစာမူတွေမှာလည်းရေးဖူးပါတယ်။))-----
]]ကျွန်တော်တို့လို
ဗေဒင်ယုံတဲ့လူတွေကတော့ ထစ်ကနဲဆို ဗေဒင်ဆရာ၊ အကြား အမြင်၊ ဘိုးတော်၊
ဘွားတော်၊ နတ်ကတော်ပါ မကျန်အောင် ပြေးကြ တော့တာပဲ။
ကျွန်တော်ကိုယ်တိုင်
ဆရာနဲ့တွေ့ပြီးတဲ့အထိ လိုက်မေးဖြစ်နေသေး တာပဲ။ မေး ရင်း မေးရင်း - သေ၊
ကွဲ၊ မွဲ၊ ပြုတ်၊ ကုန် မှ ဆရာပြောတဲ့ လူဟာ ဖြစ်ချိန်တန်ဖြစ်၊
ပျက်ချိန်တန်ပျက်ဖို့ ကြုံမှာကို ကြိုသိထားဖို့၊ ဆရာပြောတဲ့ သဘောတရားတွေကို
နားလည်အောင်တွေးဖို့ ပြောခဲ့ပေမယ့် ကျွန်တော်မယုံခဲ့ မိလို့
ကိုယ်တွေ့ဖြစ်မှပဲ ကျွတ်တန်းဝင်သွားတယ်ဆိုရမှာပဲ။}}
မောင်ရာဇာတစ်ယောက်
လောကဓံ(အမြင်သစ်)နဲ့တွေ့ပြီးနောက်ပိုင်း သူ့ကိုယ်ေ တွ့ဖြစ်စဉ်တွေကို
ပြန်လည်တွေးမိရင်း နောင်တရနေသော လေသံဖြင့် ပြန်ပြောနေလေသည်။
]]ဒါဖြင့်ရင် ဒီနေ့စာစောင်တွေပါနေတဲ့ နည်းစနစ်တွေက မမှန်လို့လား ဆရာ )) ။
မောင်ရာဇာမိတ်ဆွေ မေးလာသော မေးခွန်းကို မကြာခဏမေးကြ၏။ ((---နည်းစနစ်တွေ၊
ပညာရပ်တွေကတော့ မှန်နေမှာပေါ့။ ကိုင်တွယ်အသုံးပြုတဲ့ လူနဲ့ ပြောင်းလဲလာတဲ့
သဘာဝတရားကြီးနဲ့ အများကြီးသက်ဆိုင်တယ်။ သူတို့ခေတ်နဲ့
သူတို့အချိန်အခါမှာတော့ အဆင်ပြေချင်ပြေနေမှာပါ။ ဒီကနေ့ခေတ်မှာတော့
ယနေ့ခေတ်ဆရာတွေ ရေးနေ ပြောနေသလောက် မဟုတ်တော့ဘူး။ စိတ်ပြေ လက်ပျောက်
ဒုက္ခရောက်ဆိုတဲ့ အဆင့်ပဲရှိတော့တယ်။ သူတို့ပြောသလို ရေးထား သလို
ဖြစ်နေကြမယ်ဆိုရင် ဒုက္ခသည်တောင်ရှိမှာ မဟုတ်တော့ဘူး။-))
]]ဒါဖြင့်ရင် မဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို ရေးနေ ပြောနေကြတာ လဲဆရာ။}}
-(--ဒါကတော့ မောင်ရင်ကိုယ်တိုင် သူတို့နေရာဝင်ကြည့်မှ ကိုယ်တွေ့သိပြီး
ကိုယ်ချင်းနည်းနည်းစာမိလိမ့်မယ်ထင်တယ်။ဆရာပြောထားပါတယ်။ ပြောင်းလဲ လာတဲ့
ခေတ်အခြေအနေရဲ့ စီးပွားရေးအခြေအနေကြောင့်ရယ်၊ ကိုယ်ချင်းစာ စိတ်နဲ့
(စေတနာ)မထားနိုင်တော့တာရယ်ကြောင့် ဘဝရပ်တည်ဖို့ ရေးနေကြရတာ ပဲေ ပါ့ )) ။((
တွေးကြည့်လိုက်ရင် ရင်လေးစရာကြီးပါလားဆရာ။))--
-(--အဲဒါကြောင့်
ဘယ်သူကိုမှ အပြစ်ပြောမနေတော့ဘဲ ယနေ့ခေတ် သဘာဝ အြေ ခအနေနဲ့
မိမိတို့ဘဝဖြစ်စဉ်အမှန်တွေကို လူတွေသိအောင် ဆရာ့ အနေနဲ့ ဗေဒင် ပညာနဲ့
ပတ်သက်တဲ့အတွေးအခေါ် ဆောင်းပါးတွေကို ရေးနေ တာပေါ့။-))--
]]ကျွန်တော်ကိုယ်တွေ့ဖြစ်လို့ကျေးဇူးတင်ပါတယ်ဆရာ။}}
-(--ကဲမောင်ရ--လက်တွေ့အသုံးချပညာဖြစ်တယ်ဆိုတာလေ။))--
}}ဟုတ်ကဲ့မှတ်မိပါပြီ ဆရာ။ }}
-(--ဗေဒင်ဆရာက သားသမီးအကျိုးပေးတယ်လို့ ဟောလိုက်ရင် မိဘဖြစ်တဲ့ အစ်မအနေနဲ့ ဘယ်လောက်ပျော်လိုက်မလဲ။ }}-
(--သားသမီး အကျိုးပေးတယ်လို့ ပြောတာကို ဝမ်းမသာတဲ့ မိဘ ရှိပါ့မလားဆရာ။ }}
-(----ဟုတ်ပြီ သေချာနားထောင်ကြည့် ရအောင် သားသမီးအကျိုးပေးတယ်လို့ပြော
လိုက်တော့ အစ်မကြီးအနေနဲ့ သားသမီး (၅)ယောက်တောင်ဆိုတော့ ပိုပျော်သွားမှာေ
ပါ့။ ပြန်ခါနီးမှ ဗေဒင်ဆရာ က အစ်မကြီးအိုဇာတာလည်း ကောင်းနေတာပဲပြော
လိုက်ရော ဘာပြောကောင်း မလဲ။ဝမ်းသာအားရပြန်သွားလိုက်တာြေ ခထောက်
နဲ့မြေကြီးတောင်ထိမယ် မထင်ဘူး။
အဲဒီမှာ ကာယကံရှင်တွေ စဉ်းစားရမှာက
ဗေဒင်ဆရာပြောတဲ့အတိုင်း အလိုလို အိုဇာတာကောင်းမှာလား။
ချမ်းသာဖို့လုပ်ယူရမယ့်အချိန် ဖြစ်ပြီးရင် ပျက်ရဦး မှာ ဆိုတော့
မိမိဘဝတစ်လျှောက်မှာ ကြုံတွေ့လာမယ့် ဖြစ်ချိန်၊ ပျက်ချိန်နဲ့ ကြိုတင်ကာ
ကွယ်လိုက်နာဖို့ နည်းစနစ်တွေ မလိုဘူးလားဆိုတာပဲ။
ဒီလိုနဲ့
ဖြစ်ချိန်သိအောင် မကြိုးစား ရအောင်လုပ်မထား၊ ပျက်ချိန်သိ အောင် မကြိုးစား၊
မပြိုကွဲမပျက်စီးရလေအောင် မထိန်းသိမ်းထားခဲ့လေတော့ မိမိအသက်ကြီးလာတဲ့အခါ
မိမိကချမ်းသာဦးမှ၊ သားသမီးတွေကလည်း ပြေလည် ဦးမှ ပြေလည်တော့လည်းေ ပးဦး
ကမ်းဦးမှ၊ သားသမီးတွေကလည်း ဖြစ်ချိန်၊ ပျက်ချိန် မသိလေတော့ ကြိုကြိုတင်တ င်
မစုဆောင်းထားလေတော့၊ သူမွဲကိုယ်မွဲ ဆိုရင်တော့ တစ်ဘဝစာလူညွန့်တုံးပြီး သား
သမီးအကျိုးပေးပြီး အိုဇာတာ ကောင်းနေသားပဲ။ ဟောခဲ့တဲ့ဗေဒင်ဆရာကို လိုက်ရှာရ
န်ေ တွ့နေလို့ ချမ်းသာ လာမှာ မဟုတ်သလို တရားစွဲရအောင်လည်း
စာချုပ်မှမရှိဘဲ။
အဓိက ကိုယ့်ကံကြမ္မာကိုယ်
ကြိုတင်သိမြင်ဖန်တီးနိုင်မယ့် နည်းစနစ်ကို ရှာပြီး ကိုယ့် ဘ ဝ
ကိုယ်တိုင်လက်တွေ့ကျကျ ဖြတ်သန်းကြတာ အကောင်းဆုံး ဆိုတာ လူတိုင်း သာသိထား၊
လိုက်နာကျင့်သုံးကြမယ်ဆိုရင် သားသမီး အကျိုးပေး၊ မပေး၊ အိုဇာ တာကောင်း၊
မကောင်းဆိုတာ ကိုယ်တိုင်ကြိုတင်စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။-)) -
}}ဟုတ်ကဲ့ ခုလိုစဉ်းစားစရာတွေသိထားလိုက်ရတာပဲ ကံကောင်းတယ်လို့ မှတ်ရမှာပဲ။
လိုက်နာနိုင်တာ၊ မလိုက်နာနိုင်တာကတော့ ကျွန်မတို့အပိုင်းဖြစ်လို့
ကျေးဇူးတင်ပါ တယ်ဆရာ}} ဆိုပြီး ပြန်သွားလေရဲ့။-----
ကျွန်ုပ်စကားလည်းဆုံးရော မောင်ရာဇာသည် သူ့မိတ်ဆွေကို ကြည့်ရင်း---
]]ကဲ--- သူငယ်ချင်း ဒီလောက်ဆို လောကဓံ(အမြင်သစ်)ပညာအကြောင်း ငါပြော
တာတွေဟုတ်မဟုတ် ကိုယ်တွေ့သိလိုက်ရပြီဆိုတော့ ထုံးစံအတိုင်းပဲပေါ့ကွာ}}
----ဟုဆိုကာ ကျွန်ုပ်ဘက်သို့ လှည့်ကြည့်ပြီး---
]]ဆရာရေ
သန့်ရှင်းသပ်ရပ်ပြီး လူရှင်းတဲ့ ထမင်းဆိုင်လေးမှာ ကျွန်တော့်သူငယ်ချင်း
ဒါနလေးမြောက်သွားအောင် အားပေး လိုက်ကြရအောင် --- ဆရာ}} --------------
-----ဟု ရယ်ရယ်မောမောဖြင့် ထမင်းဆိုင်လေးဆီသို့ -------
-------------
-------ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏။-ဤမှန်သောသစ္စာစကားကြောင့် ၊
-------------------လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ