Friday, February 19, 2016

---(---ခေတ်အမြင်နဲ့ဗေဒင် (အသက်ဘယ်လောက်ရှည်မလဲ)----)-------

---------(---ခေတ်အမြင်နဲ့ဗေဒင် (အသက်ဘယ်လောက်ရှည်မလဲ)----)--------- ------- ------- -----------
]]ဒီတစ်ခါတော့ လိုက်ရေးမှတ်မှရမယ်ထင်တယ်၊ စာရွက်တစ်ရွက် နှစ်ရွက် လော က်ေ ပးပါလားဆရာ}} တပည့်ဖြစ်သူ မောင်ရာဇာတစ်ယောက် နားထောင် နေသည်ကို မကျေနပ်နိုင်ဘဲ ရေးမှတ်ရန်ကြိုးစားနေပုံရသည်။
]]ဒီလောက်လည်းမလိုပါဘူးမောင်ရာဇာရယ်၊ ကြားဖူးနားဝဆိုသလို တချို့ အကြောင်း အရာတွေက သိထား၊ ကြားထားရုံနှင့် လုံလောက်ပါတယ်}}
]]ကျွန်တော် မှတ်ဥာဏ်အားနည်းလို့ပါ။ နားထောင်တုန်းခဏပဲ။ ခဏနေ မေ့သွားရော ။ ဒါကြောင့် ကျွန်တော့်မှာ ဘာအကြောင်းအရာဖြစ်ဖြစ် သိချင်ပြီ ဆိုရင် လိုက်ရေးမှတ် ထား တာ အလုပ်တစ်ခုဖြစ်နေတယ်}}
ဆရာ့အနေနဲ့ ခေတ်အမြင်နဲ့ ဗေဒင်ဆိုပြီး အတွေးအခေါ်ဆောင်းပါး တွေ ရေး လာ တာေ တ်ာတော်များနေပြီ။ ခေါက်ရိုးကျိုးနေတဲ့ဟောကွက်၊ ရေးကွက် တွေဖြစ်တဲ့(((-- ဝါ တွင်း ကာလ အိမ်မပြောင်းရ၊ )))(((ဝါတွင်းမင်္ဂလာမဆောင်ကောင်းဘူး၊)) )((( လှေဦးတိုက် လှည်းဦး တိုက်ကြီး မနေကောင်းဘူး၊ )))(((သက်ဦးသက်နှောင်း မယူ ကောင်းဘူး။ )))(((ဘုမ္မိအရပ်ကျနေလို့ အဲဒီမြေမှာ မနေကောင်းဘူး။)))((( သားသမီး အကျိုးပေး၊ မပေး၊ )))(((အိုဇာတာ ကောင်း၊ မကောင်း)))--ဆိုတဲ့ အကြောင်းအရာ တချို့ကိုတော့ ဆရာနားလည်သလောက်ရေးခဲ့ပြီးပြီ။ တခြားပညာရပ်ပိုင်း ဆိုင်ရာတွေ ရေးဖို့ စဉ်း စားနေတာ မောင်ရာဇာ ရောက် လာတာနဲ့ အတွေးအခေါ် ပိုင်းတွေပဲ ဆက်ရေး ရတော့မှာပဲ။
ကဲ- မောင်ရင်မေးတဲ့ အသက်ဘယ်လောက်ရှည်မလဲဆိုတဲ့ မေးခွန်းနဲ့ ဗေဒင် ပညာ ရပ် အကြောင်း ဆက်ပြောကြတာပေါ့။
]]ဟုတ်ကဲ့ပြောပါဆရာ}}
(--ဗေဒင်ပညာရပ်နဲ့အသက်ရှည်မလား၊ အသက်ဘယ်လောက်ရှည်မလဲ ဆိုတဲ့ေ မး ခွန်း ကို ဟောပြောနေတဲ့ဆရာတွေ အများကြီးရှိနေပါသေးတယ်။ဒါကလည်း ဆရာ စဉ်ဆက် ပညာရပ်တစ်ခုအနေနဲ့ မှန်ကန်ခဲ့လို့ ဟောပြောခဲ့ကြ တာဖြစ်မှာပေါ့။_အဲ ဒီနေရာမှာ တစ်ချက်စဉ်းစားရမှာက ပြောင်းလဲလာတဲ့ခေတ်ပဲ၊ ခေတ်ကိုမျ က်ခြေပြတ် လို့မရဘူး။)
]]ခေတ်နဲ့ဘယ်လို ဆက်စပ်နေလဲဆရာ}}
(--ခေတ်နဲ့ပညာရပ်တွေ ဆက်စပ်နေတာပေါ့မောင်ရာဇာ။ ဥပမာ - မည်မျှ အသက် ရှည် မည်ကို ဟောပြောခဲ့သော အတတ်ပညာကို ဘယ်ခေတ်၊ ဘယ် ကာလက ဘယ် အရပ်ဒေသမှာ ဟောပြောခဲ့သလဲဆိုတာ ပြန်ကြည့်ဖို့လိုအပ် တာပေါ့။ အဲဒီခေတ် ကာလနဲ့ ဒီနေ့ခေတ် ဘာတွေပြောင်းလဲကွာခြားသွားပြီလဲ ဆိုတာကို အရင်ဆုံးလေ့ လာရမယ်။)--
]]ဘယ်လို ကွာခြားပြောင်းလဲသွားတာကိုပြောတာလဲ ဆရာ}}
ကျွန်ုပ်လည်း ဒီလောက်တောင်ဒုန်းဝေးရသလားဆိုတဲ့အကြည့်နဲ့ မောင်ရာဇာကို ကြည့်လိုက်ရင်း အသက်ဘယ်လောက်ရှည်မလဲဆိုတဲ့ ပညာရပ် စတင်ဟောပြောခဲ့ တဲ့ ခေတ်ကာလရဲ့အရပ်ဒေသ၊ ရာသီဥတု၊ အစားအသောက် တွေ လတ်ဆတ် သန့် ပြန့်ခြင်း၊ လူတွေကလည်း လောဘ၊ ဒေါသနည်းပါးခြင်း စတဲ့ အချက် တစ်ချက် နှစ်ချ က်ေ လာက်နဲ့ လုံလောက်ပေမယ့်၊ လက်တွေ့ကျကျ ကိုယ်နေထိုင်နေရတဲ့ ခေတ် ကိုကြည့် မယ်ဆိုရင် ဘာတွေကွာခြားသွားပြီလဲ။ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အ စား အသောက်တွေ ပြုပြင်စီစဉ်ထားလို့ ဓာတုဆိုးဆေးတွေ ရောနှောထုတ်လုပ် ထား တာတွေ အရင်ခေတ်က လတ်ဆတ် ပါတယ်ဆိုတဲ့အပင်က လတ်လတ်ဆတ် ဆတ် သီးနှံ၊ အရွက်တွေမှာ ပိုးသတ်ဆေး တွေ ပက်ဖြန်းသုံးစွဲနေတဲ့ အန္တရာယ်၊ လူတွေရဲ့ လောဘ၊ ဒေါသတွေများလာခြင်း၊ ကိုယ်ချင်းစာစိတ် နည်းပါးလာခြင်း၊ အသည်းရောင် အသားဝါ၊ ဘီပိုး၊ စီပိုး၊ အိပ်(ခ်ျ)အိုင်ဗွီ၊ အေအိုင်ဒီအက်စ် စသည့် ကူးစက်ရောဂါေ ပါ င်းေ သာင်းခြောက် ထောင်တွေနဲ့ ရင်ဆိုင်နေရတဲ့ခေတ်ကြီးထဲမှာ ဝေးကွာလှ တဲ့ခေတ် အယူအဆ တွေအတိုင်း ဟောပြောနေဦးမယ်ဆိုရင် ဖြစ်နိုင်ပါဦးမလား။
ဗေဒင်ပညာရပ်အနေနဲ့ကတော့ မူရင်းကျမ်းထဲမှာပါတဲ့အတိုင်း ဟော ---ပြောကြမှာပဲ။ သူ့ခေတ်နဲ့ သူ့ကာလမှာ ဗေဒင်အသက် (၉၆) နှစ် ရှည်မယ်လို့ ဟောပြောခဲ့ တာေ တွ မှန်ကောင်းမှန်ပေမယ့် ၄င်းအချက်အလက်တွေ ကွာခြားမှု ရယ်၊မိမိကိုယ်တိုင်က အနေအထိုင် အစားအသောက် မဆင်ခြင်ခဲ့လျှင် (၆၉ )နှစ် တောင်နေရဖို့ မလွယ်နိုင် တာကြောင့် အသက်ဘယ်လောက်ရှည်မလဲဆိုတဲ့ မေးခွန်းမေးတဲ့သူနဲ့ ဟောပြောမယ့် ဆရာတို့ စဉ်းစားချင့်ချိန်ကြဖို့ပြောတာပါ၊)---
မောင်ရာဇာတစ်ယောက် သူသိချင်တာ သိလိုက်ရ၍ ကျေနပ်သွားပုံ ရသည်။ ခေါင်းတ ညိတ်ညိတ်လုပ်ရင်း ဘာတွေဆက်မေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေပုံရသည်။
]]ဒါဖြင့်လည်းဆရာရယ် ဟို ---}} ကျွန်ုပ်ထင်သည့်အတိုင်း မောင်ရာဇာတစ်ယောက် နောက်ထပ်မေးခွန်းမေးဖို့ အရှိန် ယူနေပြီ ဖြစ်သည်။------
(--- မောင်ရာဇာရေ ဒီနေ့တော့ တခြားအကြောင်းအရာတွေကို ဆ က်ေ မး ဖို့ မစဉ်း စားနဲ့ဦး။ မောင်ရင်ကိုယ်တိုင် သိထားရမယ့်အကြောင်းအရာတချို့ကို ဆရာပြောပြရ ဦးမယ်။)--
]]ဟုတ်ကဲ့ပြောပါဆရာ}}။
(-မည်သည့်ဘာသာ၊ မည်သည့်လူမျိုးဖြစ်စေ လောကတရားဟာ အရေး ကြီးတယ်ကွ ) -- ]]ဘာသာတရားနဲ့ မလုံလောက်သေးဘူးလား ဆရာ}} (--ဘာသာလို့ ပြောလိုက်တာနဲ့သူ့ဘာသာ၊ငါ့ဘာသာဆိုတာပါလာတော့မယ်၊ လော ကတရားဆိုတာ က လူမျိုးဘာသာမရွေး သက်ဆိုင်နေတဲ့အတွက် သူ့ကိုသုံးရတာ။)--
]]နားထောင်ကြည့်ရအောင်ဆရာ၊ ကျွန်တော်နားလည်အောင်တော့ ပြောပါနော်}}
(--လောကတရား (၃)ပါးရှိတယ်၊ မိမိနေထိုင်တဲ့နေရာ၊ မိမိလုပ်ကိုင်နေတဲ့ အလုပ်၊ မိမိနဲ့အတူနေတွေဆီက စကားသုံးမျိုးထွက်မလာသရွေ့ မောင်ရာဇာမှာ တရားရှိ တယ်မှတ်။)--
]]စိတ်ဝင်စားစရာပဲ ဘာစကားတွေများလဲဆရာ}}
(----မောင်ရင်နဲ့ ပတ်သက်နေတဲ့ အဲဒီနေရာကနေ မင်းမတရားမလုပ်နဲ့၊ ဒါတော့ မင်းဘယ်တရားမလဲ၊ မင်း မျှမျှတတလုပ်သင့်တာပေါ့ဆိုတဲ့ စကားသုံးခွန်း ကြားလာ ရပြီဆိုတာနဲ့ မောင်ရင်ဟာ ဆရာပြောတဲ့ လောကတရားပျက်တယ် ခေါ်တယ်ကွ၊ လူတွေဟာ မိမိယုံကြည်ရာ ဘာသာတရားကို ဇောင်းပေးသွားရင် ဒီလောကတရားကို အသေးအမွှားထင်သွားရော၊ ဘာသာတရားက မှန်မှန်မှားမှား ချက်ချင်းဖြစ်မှာ မဟု တ်ေ သးဘူး။
လောကတရားကေ တာ့ ဒီဘဝဖြစ် ဒီဘ၀ရှင်းပဲ။
ဒါကြောင့် လူတွေဟာ ပစ္စုပ္ပန် ကို ေ မ့ေ နၾက တယ်၊ အခုကောင်းမှ နောင် ကောင်း မည်ဆိုတဲ့သဘောကို မေ့နေကြတယ်၊ ဆရာခဏခဏ ပြောဖူးပါတယ်၊ ဒုက္ခဆိုတာ ပစ္စုပ္ပန်မှာပဲရှိတယ်ဆိုတာလေ။)--
]]ကျွန်တော်က မေ့တတ်တယ်။ ဒါကြောင့် စာရွက်လေးတစ်ရွက် တစ်လေ တောင်း တာပေါ့ဆရာ}}
(---မောင်ရင်ပြောလိုက်ရင်တော့ ဆင်ခြေဆင်လက်က အပြည့်ပဲ။)--
]]ဒီလိုလည်း မဟုတ်ရပါဘူး ဆရာရယ်}}
(--- မောင်ရင်နေတဲ့မိသားစုနဲ့ လုပ်ကိုင်နေတဲ့နေရာမှာ ဒုက္ခရှိတာကွ။ ကျန်တဲ့နေ ရာတွေက ဒုက္ခကဝေးသော အကြောင်းလို့မှတ်ထား၊ ခရီးသွားရင်း ရေနစ်ေ သ တာ၊ လေ ယာဉ်ပျံပျက်ကျတာ မျိုးတွေသွားမစဉ်းစားနဲ့။ အဲဒါတွေက ဝေးသောအေ ကြာင်းလို့ခေါ်တယ်။)
]]ဆရာ အခုလိုဗေဒင်ပညာနဲ့ပတ်သက်တဲ့ အတွေးအခေါ် ပညာပေး ဆောင်း ပါးေ တွ ရေးနေတာ ကျွန်တော်အတွက်တော့ တော်တော်အဆင်ပြေတယ် ဆရာ။ ဒါပေမယ့် တချို့အချက်အလက်တွေမှာ တခြားပညာရပ်တွေကို ပုတ်ခတ် သလိုဖြစ်မနေဘူးလား}}
(---ဆရာပြောပြဖူးပါတယ်။ မောင်ရာဇာကိုယ်တိုင် ဗေဒင်လောကထဲ ဝင်ကြည့်လိုက်မှ သိနိုင်လိမ့်မယ်။)--
]]တခြားဆရာတွေက ဒီအကြောင်းအရာတွေကို ဘာဖြစ်လို့မရေးကြတာ ----
လဲဆရာ}}
(--တခြားဆရာတွေလည်း ရေးသင့်သလောက်တော့ ရေးကြပါတယ်။ တချို့ က ဘာဖြစ် လို့မရေးကြတာလဲဆိုတော့ သူတို့ကိုယ်တိုင်က ပုလင်းတူ ဗူးဆို့ ဖြစ်ကြ လို့ပဲ။ နဖူးကွဲတဲ့ လက်ဝှေ့ဆရာက ဓါးခုတ်ခံရတဲ့ သိုင်းဆရာကို ကဲ့ရဲ့သ လို ဖြစ်နေ မှာ ကြောက်လို့ကွ။)--
]]တချို့ပြောတာကတော့ စိတ်ထားပြည့်တဲ့သူတွေက သူများအကြောင်း မကောင်း မပြောကြဘူး။ ကိုယ့်ကိုကိုယ်ပဲ ပြုပြင်ကြတယ်လို့ ပြောကြတယ်ဆရာ}}
(---လူကြားကောင်းအောင် ပြောနေတာပါ။ အဲဒီလို အနေအထား အပြော အဆိုတွေ ဆင်ခြေဆင်လက်တွေနဲ့ လူကြားကောင်းအောင်ပြောပြီး ခေါင်းရှောင် နေကြလို့ လည်း ဗေဒင်လောက တဖြည်းဖြည်း ပျက်စီးလာတာပေါ့။)--
]]ကျွန်တော်ပြောမှ ဆရာကို ဆွပေးသလိုဖြစ်နေပြီ။ တော်ကြာ မှန်တာ ပြောလို့ ရွာပြင်ထုတ်ခံလိုက်တဲ့ပုံပြင်လိုဖြစ်နေပါဦးမယ်ဆရာ}}
((---မောင်ရာဇာပြောမှ သတိရတယ်၊ မှန်တာပြောလို့ ရွာပြင်အထုတ်ခံနေရ ဦးမယ် ဆိုလို့ ဆရာမှန်တာပြောလို့ ရွာပြင်အထုတ်ခံခဲ့ရာတာလေး ပြောပြရဦး မယ်။)--
]]ဆက်ပြောပါဦးဆရာ}} --
((-ဆရာရွာပြင်ထုတ်ခံရတာက ခပ်ကောင်းကောင်း ဖြစ်နေတယ်မောင်ရာဇာ။)x-
]]ရွာပြင်ထုတ်ထားခဲ့ရမှတော့ ကောင်းတယ်ဆိုတာဖြစ်နိုင်ပါ့မလားဆရာ အရှက်ြေ ပပြော သလို ဖြစ်နေမှာပေါ့}}
(---ဒီလို မောင်ရာဇာ ရွာထဲက လူအများစုက (xxxxx-) တွေချည်းဖြစ်နေလို့ပဲကွ ]]
--------------------(---ဗျာ}}- ------------------------------------ ----------------------------
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏။--ဤမှန်သောသစ္စာစကားကြောင့်
-----------------၊လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ ------------------။

No comments:

Post a Comment