------------(------ ဗေဒင် ယတြာနှင့် ဘာသာရေး (-၂-)----------------------
-------------
-(( မင်္ဂလာပါဆရာ}}မြန်မာနိုင်ငံ ဗေဒင်ပညာရှင်များအသင်း၏ ပညာဒါန(အခမဲ့)သင်တန်းအမှတ်စဉ်(၃)။သင်တန်းတည်နေ ရာ ရွှေတိဂုံ ဘုရားအရှေ့ ဘက်မုခ်။သမဝါယမဝန်ကြီးဌာန ဓမ္မာရုံမှာအပတ်စဉ် စနေတနင်္ဂနွေနေ့ နေ့လည် (၁၁း၃၀)နာရီမှ ညနေ(၅း၃၀)အထိ။ဘဝတွင်နေထိုင်လုပ်ကိုင်နည်းများကို ကျွန်ုပ် တာဝန်ယူ လမ်းညွှန်သင်ကြားပေးနေသော လောကဓံမဟာဘုတ်ဗေဒင်ပညာရပ်ကို
သင်ကြားပေးနေချိန် သင်တန်းသားများ၏ ညီညာစွာနှုတ်ခွန်းဆက်လိုက်သော အ သံဖြစ်ပါသည်။
]] မင်္ဂလာပါ}} ဟုပြန်လည်နုတ်ခွန်းဆက်ရင်း...
]] မနေ့ကသင်ကြားခဲ့တဲ့ ဗေဒင်ယတြာနဲ့ ဘာသာရေးအကြောင်းကို ဒီနေ့ဆက်ပြီး သင်ကြား ပေး မှာဖြစ်တယ်။မနေ့ကသင်ကြားပေးခြံတဲ့အကြောင်းအရာတွေ ထဲ မှာ ဗေဒင်ဆရာနဲ့ ယတြာကိစ္စာကို အဓိကပြောပြခဲ့တာမှတ်မိကြရဲ့လား}}
(မှတ်မိပါတယ်ဆရာ)
]] အဓိကအတိုချုပ်မှတ်ရမှာက ဆရာတယောက်အနေနဲ့ ယတြာပေးတဲ့အခါမှာ မိမိဟောပြောနေတဲ့ ကာလဒေသအလိုက် ရှာဖွေရလွယ်ကူတဲ့ သစ်ပင်.အညွန့်. အခက်. အရွက်အလက်နေ့နံအသားတွေကို ရွေးချယ်ပေးဖို့ပါဘဲ}}
]] ဟုတ်ကဲ့ပါဆရာ}}
( ဒီနေ့ဆက်သင်ကြားပေးမှာက ဗေဒင်ဆရာတယောက်အနေနဲ့ ယတြာပေး တဲ့အခါမှာ ဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာကပါလာကြဦးမှာဆိုေ တာ့ ဥ ပမာ ဂုဏ်တော်ပုတီးစိတ်ခိုင်းတာ-ပရိတ်-ပဌာန်းရွတ်ဖတ်ပူဇော်ခိုင်းတာတို့ (၉)ပါး သီလနဲ့အဓိဌာန်ဝင်ခိုင်းတာစတဲ့အ ကြောင်းအရာတို့ဟာဘုရားရှင်၏နုတ်ခပါတ် တော် မှ တရားတော်များဖြစ်၍ လောကီအနေနဲ့ မည်သို့ပင်ဖြစ်စေ အကျိုးရှိသည် မှန်သော် လည်း ဘုရားဆင်းတုတော်ပူဇော်ဖို့ ၊ထုလုပ်ကိုးကွယ်ဖို့ လမ်းညွှန်တဲ့အခါ နည်းနည်းသတိထားဖို့တော့လိုကြလိမ့်မယ်)
ဆိတ်ငြိမ်စွာနာေးထောင်နေကြရာမှ သင်တန်းသားတဦးမှ ..
]] ကျွန်တော်တို့ ဖတ်ဘူး မှတ်ဘူး သင်ကြားဘုတဲ့ အတိုင်း ဗေဒင်လာမေးသူ ကာယ ကံရှင်နဲ့ ကိုက်ညီမဲ့နေ့နံအသား ကိုဘဲ ရွေးချယ်ပြီး ဘုရားဆင်းတုတော် ထုလုပ်ကိုး ကွယ် ခိုင်းရမှာမဟုတ်ဘူးလားဆရာ}}
ဟုကြာဖြတ်မေးမြန်လာသဖြင့်.....
]] သာမန်အနေနဲ့ပြောမယ်ဆိုရင်တော့ သူ့နည်းမှန်တယ်။ငါ့နည်းမှန်တယ်။ ပြော မနေ ဘဲ မိမိသင်ကြားထားတဲ့ပညာရပ်နဲ့ လမ်းစဉ်အတိုင်း ဟောပြောရွေး ချယ်ပေး ရမှာပါ။}
]]ဒါဆိုရင် အခုဆရာပြောလိုတဲ့သဘောက ဘယ်လိုနည်းစနစ်မျိုးကိုပြော တာလည်းဆရာ}}သင်တန်းသားအများစုမှပြန် လည်မေးမြန်းလာ သောအ သံဖြစ်လေသည်။
]] အေး..အခုလိုသင်ကြားပေးနေတဲ့အချိန် မသိတာ မရှင်းလင်းတာတွေ ရှိရင် တခါတည်းမေးမြန်းကြတာပိုကောင်းတာပေါ့။တချို့သင်တန်းသားတွေ တချို့သင်တ န်းတွေ မှာ သင်တန်းပြီးမှ ဒါမှမဟုတ် တခြားမှာတွေ့မှကြုံသလိုမေးကြတာများတယ်}}
]] ဆရာဘဲ မသိတာ မရှင်းတာ ရှိရင် အချိန်မရွေးလားမေးကြဆိုလို့ပါဆရာ}} ဟူသောအသံကြား၍ လှည့်ကြည့်လိုက်ရာ (၃/၃) မစိုးစိုးမင်းဖြစ်နေ၍ပြုံးလိုက်မိသည်။ သင်တန်းတန်းခွဲတခုမှာ (ဝ)နှစ့်(၃)တဦးတယောက်ပါလာလျင် အမေးအမြန်း ထူခြ င်း ကော က်ခါငင်ခါ မေးတတ်ခြင်း များလုပ်တတ်သည်ကို တွေ့ရမြဲဖြစ်သည် ကိုေ တွးမိသောကြော့င့် ဆရာကြီးဦးကြာမြင့်၏ဘဝနှင့်ရင်းကာရှာဖွေတွေ့ရှိ ခဲ့ေ သာ ေ ဗ ဒင်အချုပ်မဟာဘုတ်(နိဒါန်း)ပညာရပ်များထဲမှ ( ဥာဉ်စရိုက် )ပညာရပ်၏မှန်ကန်အသုံး ဝင် မှု ကို တွေး မိသဖြင့် နှစ်နှစ်ကာ ကာပြုံး လိုက်မိခြင်းဖြစ်သည်။
]] သမီးပြောသလိုသင်တန်းသားတွေအနေနဲ့ အချိန်မရွေးလာမေးလို့ ရတယ်ဆို တာမှန်ပါတယ်။သင်တန်းချိန်မဟုတ်တဲ့အခါမှာ လာမေးရင် လာမေးတဲ့သူတဦးတေ ယာက် ဘဲ သိမှာပေါ့။ အခုလိုသင်တန်းချိန်မှာတဦးတယောက်က အကြောင်းအရာတ ခု ကို သိခြင် လို့ သင်တန်းသားတွေ မသိတာမရှင်းတာ မေးတော့သင်တန်းသားတွေ အားလုံးသိသွားရတာပေါ့....သင်တန်းအချိန်မှာ သင်တန်းသား(၁၀)ဦးမေးရင် (၁၀)မျိုး သင်တန်းသားတိုင်း သိသွားရမှာဖြစ်လို့ သင်တန်းချိန်မှာမေးတာပိုကောင်း တယ်လို့ ပြော တာပါ}}
]]ဟုတ်ကဲ့ နားလည်ပါပြီ ဆရာ}}
]]ကဲ..ကဲ..အခုဆရာပြောမဲ့အကြောင်းအရာကို သေသေချာချာနားထောင်မှတ်ထားကြပါ။တချိန်မှာ ဗေဒင်ဆရာ/ ဆရာမ တွေဖြစ်လာကြမဲ့ သင်တန်းသားတွေအတွက် အခု သင်ပေးမဲ့အကြောင်းအရာက ဘုရားထုလုပ်ကိုးကွယ်မဲ့သူတွေအတွက် နေ့ နံ-အ သား ရွေတဲ့နည်း မဟုတ်ဘဲ ထုလုပ်ကြမဲ့ပုံတော်တွေအကြောင်းကိုပြောပြမှာပါ။ ဘု ရားေ ဟာပိဋကတ် ကျမ်းတွေမှာမပါတဲ့ ပုံတော်တွေကို ထုလုပ်ကိုးကွယ်ဖို့ မပေး လိုက် မိဖို့ဘဲ။}}
]] အဲဒီလိုပုံတောတွေက မကိုးကွယ်ကောင်းလို့လားဆရာ}}
]] မကိုးကွယ်ကောင်းတဲ့ ပုံတော်ရယ်လို့ဘယ်ရှိပါ့မလည်း}}
]]ဒါဖြင့်လည်း ဘာများရွေးချယ်နေစရာလိုဦးမလည်းဆရာ ဘယ်ဘုရားပုံတော် ကိုဘဲကိုးကွယ်ကိုးကွယ် ပြီးနေတာဘဲမဟုတ်လားဆရာ}}
]]မည်သည့်ဘုရားပုံတော်ကိုဘဲမဆို ကိုးကွယ်၍ရတာမှန်သော် လည်း စောစော ကဆရာပြောခဲ့တဲ့ ( ဆင်ခံဘုရား/မြင်းခံဘုရား။) ပုံတော်တွေ ဟာ ထုလုပ်မကိုးကွယ် သင့်ဘူး။ဘုရားဟောကျမ်းတွေမှမပါသလို တကယ့်စာတတ်ပေတတ်ဆရာတော်ကြီးေ တွ က လည်း စာအုပ်ထုတ်ဝေ၍တနည်း တရားပွဲတွေမှာလည်းတဖုံ အကြိမ်ကြိမ်ေ ဟြာေ ပာထုတ်ဝေနေကြပါတယ်}}
]]ဘာဖြစ်လို့ အဲသလိုဟောပြောနေရသလဲဆိုရင်တို့ဗုဒ္ဓဘုရားရှင်ဟာ မည် သည့် တိရစ္ဆာန်၊မည်သည့်သတ္တဝါကိုမှစီးနင်းခဲ့သည်ဟူ၍မရှိခဲ့တာကြောင့် ဖြစ် တယ်။နောက်တခုက တခြားဘာသာဝင်တဦးတယောက်က ]]မင်းတို့ဘုရားရှင်က မဟာမေတ္တာဂရုဏာရှင်ကြီးဆိုပြီး ဆင်မြင်းစတဲ့သတ္တဝါတွေ ကို •စီးနေတာ သတ္တ ဝါတွေကို ငြှင်းဆဲရာရောက်မနေဘူးလား }} လို့မေးလာခဲ့ရင် အဲဒီပုံတော်ထုလုပ်ကိုး ကွယ်ခိုင်းတဲ့ မိမိတို့ဗေဒင်ဆရာတွေမှာ တာဝန်ရှိတာကြောင့် မိမိတို့တတ်ကျွမ်း တဲ့ ဗေဒင်ပညာရပ်ကြောင့်( ဘာသာရေး)ကိုမ ထိခိုက်ပါစေနဲ့ လို့ ဆရာ့အနေနဲ့ အထူးတလည်သိ အောင်ပြောပြ သင်ကြားပေး နေရတာပါ}}
]]နောက်တချက်အဆိုးဆုံးကတော့ မင်းတို့မိသားစုတွေ ခုလိုဒုက္မတွေ ပင်လယ်ဝေနေတာ မင်းတို့ကိုးကွယ်ထားတဲ့ ဘုရားကခိုက်နေလို့ဆိုတဲ့ ဟောချက်ဘဲ။ ဘုရားက]]ခိုက်တယ်}}ဆိုတာကတော့ လွန်လွန်းပါတယ်။ဒီကြားထဲ အိမ်တွေမှာေ ကျာ က် ဆင်းတု မကိုးကွယ်ကောင်းဘူးဆိုတော့ကား ဘုရားတောင်မှဗေဒင်ဆရာနဲ့တွေ့မှ ဘဲ အစိမ်းသူရဲ-သူဘက်-လိုအပြောအဆိုခံရတာ သိပ်အရုပ်ဆိုးလှပါတယ်။ ကို ယ့်ေ ကြာင့် အဲဒီလို ဘာသာရေး နဲ့ပတ်သက်တဲ့ အမှားမျိုးကြီးတွေ မမှားမိကြရလေအောင် ဆရာထပ်မံသတိပေးပြောကြားရင်း ဒီနေ့သင်ခန်းစာကို ဒီမှာဘဲရပ်နား လိုက်ကြ ရ အောင်...}}
]]အားလုံးဘဲ မင်္ဂလာပါ}]
]]မင်္ဂလာပါဆရာ}}
--------
.......ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်...
........လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)။
ု

No comments:
Post a Comment