.............(လောကဓံ(အမြင်သစ်)-ဟူသည်။.(၈)
.........
နောက်တစ်ချက်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ လက်ရှိပစ္စုပ္ပန်ဘဝကို ဘာနဲ့ တည်ဆောက် နေကြလဲ။ ဘဝတည်ဆောက်မှု-၄-မျိုး။ ၄-စားတွေ့ ရတယ်။
၁။ ဘုရားတည်၊ ကျောင်းဆောက်၊ လှူဒါန်းမှုကို ဘဝလို့ ရှေ့တန်းတင်ထား တဲ့လူတစ်စု။
၂။ ရိပ်သာမှာ အနှစ်-၃၀-၄၀ နေပြီး ဘဝကိုတည်ဆောက်နေကြသူတစ်စု။
၃။ ငှက်ပျောပွဲ၊ အုန်းပွဲတွေလှူဒါန်းပြီး ဘဝကိုတည်ဆောက်နေကြ သူတွေ က တစ်စု။
၎။ တစ်နေ့တစ်နေ့ ပုတီးအပတ်ရေထောင်သောင်းစိပ်၊ ပရိတ်၊ပဌာန်း၊ဂါ ထာ၊ မန်တ န်တွေ ထောင်သောင်း ရွတ်ပြီး ဘဝတည်ဆောက်နေသူတစ်စု။
(အဲဒီ-၄-မျိုး)မကောင်းဘူး၊ လုပ်စရာမလိုဘူးလို့ပြောနေ တာလဲမဟုတ် ဘူး၊ ကောင်းပါ တယ်။ဘာကောင်းတာလဲ၊ကိုယ်ယုံကြည်ရာ ဘာသာအ ရကောင်းတဲ့အလုပ်တွေဘဲ။စိတ် တည်ငြိမ်မယ်၊ အကုသိုလ် နည်းမယ်၊ ကျန်းမာရေးအထောက်အကူ ဖြစ်စေမယ်၊ အတွေးအခေါ် အယူ အဆြေ ပာင်း လာမယ်၊နူးညံ့သိမ်မွေ့လာမယ်။ဒါလက်တွေ့ ဘယ်သူမှ မငြင်းနိုင်တဲ့ ကိစ္စဘဲ။
ဒါတွေမကောင်းဘူး၊ ငါ့ဟာကောင်းတယ်လို့ ပုတ်ခတ်စော် ကား တာမျိုး မဟုတ်ဘဲ၊ နှိုင်းယှဉ် ခြင်းတစ်ခုအနေနဲ့မြင်ပေးဖို့လိုပါမယ်။ ဥပမာ- လူတစ်ယောက် အရပ်ပုတယ်၊ ရှည်တယ်ဆိုတာကို အရပ်ပုသူနဲ့ အရပ် ရှည်သူနှစ်ဦးယှဉ်ကြည့်မှ သိရတဲ့သဘောပါ။ ဘယ်သူကပိုဝတယ်/မဝဘူး ဆိုတာ လူနှစ်ယောက်ယှဉ်ကြည့်မှ ဘယ်သူကပိုဝတယ်၊ မဝဘူးဆိုတာ သိအောင် နှိုင်းယှဉ်ကြည့်တဲ့ သဘောပါ၊ အရပ်ရှည်တာကောင်းတယ်၊ အရပ်ပုတ်ာကောင်းတယ်ဆိုတဲ့အကြောင်းမပါ၊ ရှည်ခြင်း၊ ပုခြင်း၊ ဝခြင်း၊ ပိန်ခြင်းကိုသာဆိုလိုသည်၊ ကောင်း-မကောင်း မပါသလိုပဲ၊ တခြားပညာ ရပ်တွေ ကောင်း/မကောင်း၊ ငါ့ပညာကောင်း/မကောင်း မပါ။ မတူကြွဲ ပားခြားနားမှုကိုသာ တင်ပြခြင်း ဖြစ်သည်။
ဘုရား-၁၀ဆူ-တည်ထားပြီး၊ ကျောင်း-၁၀ကျောင်း-ဆောက်လုပ် လှူဒါန်းထားသော ကုသိုလ်ကောင်းမှုသည် ယခုလက်ရှိ သင်နှင့် သင့်မိသားစု၏ လူမှုရေး၊ ကျန်းမာရေး၊ အမှုအခင်း ကိစ္စများ၊ ကြုံတွေ့ နိုင်သည်ကို ကြိုတင်ပြောပြနိုင်မည်လား၊ ကာကွယ်တဲ့နည်းလမ်း ရှိပါသလား။ ----/..ရိပ်သာမှာ အနှစ်-၃၀-နေပြီး တရားမှတ်နေတဲ့သူ သည်လည်း ယခုကဲ့သို့ မိမိ မိသားစုအရေးကို ကြိုတင်ပြောပြ ပြင်ဆင်ရင် ဆိုင်ဖို့ နည်းရှိပါသလား။...^... တစ်နေ့ကို ပုတီးအပတ်ရေ ထောင်နဲ့ေ သာင်း နဲ့ စိပ်နေတဲ့သူတွေကော ယခုကဲ့သို့ မိမိတို့ဘဝကို ကြိုတင်သိမြင် ကာ ကွယ်နိုင်တဲ့ နည်းရှိပါသလား။...^.. ငှက်ပျောပွဲတွေနဲ့ အဘတွေအား ကိုးနေ လို့ ကော ယခုကဲ့သို့ ကိုယ့်ဘဝတွေကို ကြိုတင်သိမြင်နိုင် ကာကွ ယ်နို င် ပါမည်လား။((( ဒီကောင်းမှုက ကောင်းတာတမျိုး ))) .....ယခုကျွန်ုပ်ပြောပြနေသည့် လောကဓံ(အမြင်သစ်)သည် ဘုရားဟော ပင်ဖြစ် သည်။ ပစ္စုပ္ပန်၌ ((( ကိုယ်နဲ့ကိုယ့်မိသားစုဘယ်သူဘာ လုပ်ေ တာ့မည်။ဘာလုပ်မိရင်ဘာဖြစ်တော့မည် လုပ်ရင်ဖြစ်မည်။မလုပ်ရင်မဖြစ် ဘူးဆိုတာ ကို ကြိုတင် သိမြင်နိုင်သောပညာဖြစ်ပါသည်။ )))အလွန်အသုံး တည့်နေ သည်ကို တွေ့မြင်ရသောကြောင့် ယခုကဲ့သို့ရေးသားပြောဆိုနေ ရခြင်းဖြစ်သည်ကို နားလည်ပေးစေ လိုပါသည်။
.........................//
.

ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါမျှဝေရန်
No comments:
Post a Comment