Wednesday, October 19, 2016

...(((( လောကဓံ(အမြင်သစ်).ဟူသည်။-(၁၇)။..)))))

...................................(((( လောကဓံ(အမြင်သစ်).ဟူသည်။-(၁၇)။..)))))
...............................................
.......သေချာပြန်ဖတ်၊နားမလည်မရှင်းသေးရင်၊စိတ်တိုင်းကျထပ်မေး၊ဖတ်ပြီးလို့ ကျေနပ်ပြီဆိုရင်ပလတ်စတစ်လောင်းပြီး မိမိတို့ အိမ်မှာကပ်ထား လိုက်၊ အိမ်လာ တဲ့လူတိုင်းကိုပြပါ၊ လောကမှာ ကိုယ့်အကြောင်းကိုယ်ကြို သိမြင်ေ အာ င် လမ်းညွှန်တဲ့ပညာ ပေါ်နေပြီဖြစ်ကြောင်း တော့ ပြောပြသင့် တာပေါ့။နောက်တခုက-နောင် အနှစ်(၂၀ )ကြာ လို့လူမှုရေးစီးပွားရေး ကျန်း မာ ရေးဘက်စုံဒုက္ခတွေကြုံနေလို့--တခြားနည်းတွေအရ-ဘာမလုပ်လို့၊ ဘာမှားနေလို့၊စသည်ဖြင့် ဟောပြောလာရင်-ဒီစာရွက်ထုပ်ပြလိုက်။ပြီးခဲ့တဲ့ အနှစ်(၂၀)ကမိုးကောင်း ဘုရား မှာမေးထားပြီး သား၊ကျနော်-ဒုက္ခဖြစ်မဲ့ အချိန်-ကျနော်လုပ်မိလို့ကျနော်ဒုက္ခဖြစ်တာဆိုရင်-သူတို့ဆက်လိမ် လို့မ ရတော့ဘူးပေါ့။
နောက်တစ်ခုကြုံရတဲ့အခက်အခဲတစ်ခုက--လူမျိုး၊ ဘာသာကိစ္စဘဲ၊ ဆရာအခုဟောပြော နေသောမူသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကို သီးသန့်ဟောတဲ့ ပညာရပ်မဟုတ်တဲ့အတွက် (၁) မိမိသည် ဘုရား တည်ေ ကျာ င်းဆောက် အလှူဒါနတွေပြုလုပ်ထားတာပဲဆိုတဲ့ အတွေး ကို ခဏမေ့ထားပါ။ (၂) မိမိသည် မိမိ ယုံကြည် ရာ ရိပ်သာ၌ အနှစ်-၂၀-ရှိနေတာပဲဆိုတဲ့ အကြောင်း အရာကို သွားမစဉ်းစားလိုက်ပါနဲ့။ (၃) တနေ့ ကို အဓိ ဋ္ဌာန်နဲ့ ပုတီးပတ်ရေ-၁၀ဝ၀-စိပ်နေတာပဲ ဆိုတဲ့ မိမိ ယုံကြည် ရာ ကောင်းမှုတစ်ခုကို ပြန်တွေးပြီး ဆရြာေ ပာတာကို နားမထောင် ပါနဲ့ ခဏေ မ့ ထားပါ။ (၄) မိမိရိုးရာဟုဆိုနေကြသည့် အိမ်တွင်း၊ ရိုးရာ၊ သိုက် ဆက်၊ ပဋ္ဌာန်းဆက်၊ ကွင်းပိုင်၊ နယ်ပိုင်၊ ဘိုးတော်၊ မယ်တော်တွေကို ကိုး ကွယ်လာတာ နှစ်ပေါင်းကြာနေတာပဲ ဆိုေ နကြ တဲ့ အဘ .ငှက်ပျောပွဲတွေ၊ အုန်းပွဲတွေအကြောင်းသွားမစဉ်းစားလိုက်ပါနဲ့၊ အကုန်ရှုပ်ကုန်ပါလိမ့်မယ်။ ဆရာ အခုပြောနေတာကဘဝအကြောင်းနော်၊လူမျိုး၊ဘာသာ၊ကိုး ကွယ် ယုံကြည်မှုတွေပါလာရင်၊ ရှုပ်ကုန်ပါလိမ့်မယ်။ လူဘဝမှာ ဒါတွေလုပ်နေ စရာ မလိုဘူးလို့အလကားပါပဲလို့ပြောနေတာ မဟုတ်ဘူးနော်၊ မိမိ တို့ ယုံကြည်ကိုးကွယ်ရာဘာသာဓလေ့ရဲ့ကောင်းမှုကုသိုလ်တစ်ခုလို့ ပြောပြီး သားပါ။
ဆိုလိုတာက - စပ်ပါတယ်ဆိုတဲ့ ငရုပ်သီးကို ဘယ်လူမျိုးစားစား စပ်မှာပါဘဲ။ တရုတ်ကြီး စားလဲစပ်မယ်၊ ဗမာစားလဲစပ်မှာပါဘဲ၊ ခရစ်ယာန် ငရုပ်သီးစားလဲစပ်မယ်၊ မွတ်စလင် ငရုပ်သီး စားလဲ စပ်တာပါဘဲ၊ ဗုဒ္ဓဘာသာ ငရုပ်သီးစားလဲစပ်တာပါဘဲ၊ အဲဒီလိုပဲ ဒုက္ခနယ်ကို ဖြတ် သန်းရပြီ ဆိုတာနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခနဲ့ကြုံတွေ့ရတော့တာ ပါဘဲ။ ဒါကြောင့် လောကဓံ(အမြင်သစ်)မူကို နားထောင်နေ တဲ့အ ခါမှာ --(ငါ၊ လူ)ဆိုတာကလွဲရင် လူမျိုး၊ ဘာသာ၊ အစွဲအားလုံးကို ခဏလေး ဖြုတ် ထားပြီး နားထောင်ပေးကြ ပါလို့ ကြိုတင်ပြောပြထားရပါတယ်။ အထက်မှာပြောခဲ့သလို လူ့ဘဝသည် (၈)နှစ်လျှင်တကြိမ်နှုန်း ပြောင်း လဲနေပါသည်။ ゞင်း-၈-နှစ်တွင် -၄-နှစ်ကံကောင်း နေ၍ ကျန်-၄-နှစ်သည် ကံညံ့နေမည်ဖြစ်သည်ကို ကြိုတင် သိထားရန် လိုအပ်မည်ဖြစ်ပါသည်။ ゞင်းကံကောင်းချိန်-၄-နှစ်တွင် -၂-နှစ်သည်အကြောင်း၊ ကျန်-၂-နှစ် သည် အကျိုးဖြစ်သည်။ ကံကောင်းနေသည်ဆိုသော အသက်အပိုင်းအခြားတွင် မိမိလိုအပ်သည်များကို ကြိုးစားလုပ်ဆောင်ထား၍ကံညံ့သည်ဆိုသော-၄-နှစ်တွင်မိမိရှာဖွေရရှိထားသော စည်းစိမ်ဥစ္စာ များကိုတိုးပွားလာဖို့ထက် မပြိုကွဲမပျက်စီးရလေအောင်ထိန်းသိမ်းစောင့်ရှောက်ထားရမည် ဖြစ်ကြောင်းကို ကြိုတင်သိမြင်ထားရမည်ဖြစ်ပါသည်။
..................။

ကြိုက်ပါနောက်ထပ်တုံ့ပြန်မှုများကို ပြပါ
မှတ်ချက်ပေးပါ

No comments:

Post a Comment