Friday, December 25, 2015

(((--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ )))-?

(((--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ )))-?
----------------
]]ဆရာ လောကဓံကို ဗေဒင်ယတြာနဲ့ ကျော်ဖြတ်တဲ့ ဆောင်းပါးလေး ဖတ်ပြီးပြီလား}}
အမှတ် (ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရားဝန်းအတွင်းရှိ ကျွန်ုပ်၏ ဟောခန်း လေး အတွင်း၌ တပည့်ဖြစ်သူ မောင်ရာဇာရဲ့ ပြောသံကြောင့် ...
]]ဆက်ပြောပါဦး မောင်ရာဇာရဲ့ လောကဓံကို ဘယ်လိုယတြာတွေနဲ့ ကျော်ြ ဖတ်နေ တာတဲ့တုန်း။}}
]]ဒီလို ဆရာရဲ့ လက်ဆန်းဗေဒင်ဆရာ၊ လက်ရိုးဗေဒင်ဆရာ တော်တော် များများ လောကဓံ ကို သူ တို့အမြင်နဲ့ သူတို့ ရေးနေတာများနေပေမယ့် ဆရာလည်း ဖတ်မိမှာပဲလေ၊ အကြောင်း မထူးလို့ နေမှာပေါ့ထင်ပြီး နေလာခဲ့တာ ဒီနေ့ အကြောင်း အရာကို ဆရာဖတ်ပြီးရင် ဆရာ ဘယ် လိုပြောမလဲဆိုတာ သိချင်လို့ လာပြောပြတာ ဆရာ} }
ကျွန်ုပ်စဉ်းစားရချေပြီ ဗေဒင်ဆရာတွေနဲ့ ယတြာအကြောင်းရေးခဲ့ဖူးပါ တယ်။]ဗေဒင်ဆရာနဲ့ ယတြာ၊ ဗေဒင်ဆရာနဲ့ ဘာသာရေး}စသည့် ခေါင်းစဉ်တွေနဲ့ ရေးခဲ့ဖူးပါသည်။ ဗေဒင် ဆရာေ တွ ဟောပြောလမ်းညွှန်တာတွေကို ဘာမှ မပြောလို ပေမယ့် ယတြာပိုင်းမှာ ပြောပြဖို့ လိုလာ ပါပြီ။ တခြား တခြားသော ယတြာနည်း စနစ်တွေကိုတော့ ထားပါတော့လေ။ လောကဓံအ တွက် ယတြာဆိုရင်တော့ မပြော ချင်လည်းပြောရပေတော့မည်။
]]မောင်ရာဇာရေ .. မည်သည့်ဗေဒင်နည်းစနစ်ဖြစ်ဖြစ်၊ မည်သည့် ယတြာ နည်းဖြ စ်ဖြစ် သူ့နည်းသူ့ဟန်နဲ့သူ ရှိမှာပေါ့လေဆိုပြီး မသိဟန်ဆောင်နေလို့ရ လောကဓံနဲ့ယတြာ ဆို ရင်တော့ မ သိ ဟန်၊ မမြင် ဟန်ဆောင်နေလို့ မရတော့ဘူးကွဲ့၊ အမှန်အမှားတွေကိုေ ထာက်ပြေ နတာမဟုတ်ဘဲ၊ အဖြစ်မှန်ကို သိအောင် ဖော်ပြ ပေးမှာပါ}}
]]အဲဒီနည်းလမ်းက ပိုကောင်းတာပေါ့ဆရာ၊ အချင်းချင်း ဆရာဝင်လုပ်တာ မဟုတ်ဘဲ၊ အကြံဥာဏ်ပေးတဲ့ သဘောရောက်သွားတာပေါ့}}
]]ဆရာလည်း ဗေဒင်နဲ့ပတ်သက်တဲ့ စာတော်တော်များများ ဖတ်ဖြစ်ပါ တယ်။ အထူး သဖြင့် လက်ဆန်းပိုင်းမှာတောင်မှ ကိုယ့်ပညာ ညီအစ်ကိုတွေရဲ့ စာတွေကို ပိုပြီးဂရုစိုက် ဖတ်ဖြစ် တယ်။ ပညာအမြင်တွေ ဘယ်လောက် တိုးတက်လာ ကြသလဲ။ ဘယ်အပိုင်းတွေ များ အားနည်းနေမလဲ၊ စတာတွေကို မျက်ခြေမပြတ် အောင် ဖတ်ဖြစ်ပါတယ်။}}
]]ဘယ်လိုအကြောင်းအရာမျိုးမှာ ရေးဖြစ်လဲဆရာ}}
]]ဥပမာကွာ ...ဆရာကြီး ဦးကြာမြင့်နဝင်းစီးပွဲနောက်ဆက်တွဲနဲ့ ---ပတ်သက်၍ဆို တဲ့ ဆောင်း ပါးမျိုးရေးခဲ့ဖူးတယ်။ လောကဓံအကြောင်းရေးတယ်။ ပြောတယ်။ ဟော တယ် ဆိုတာ သိပ်မလွယ်လှဘူးဆိုတာ ဗေဒင်တွေ သိထားဖို့ လိုမယ်။ အထူးသဖြင့် မိမိတို့ ကိုင် တွယ်ေ ဟာပြောနေတဲ့လိုင်းမဟုတ်ဘဲ လောကဓံ ဆိုတာ (၄)နှစ်ကောင်း၊ (၄)နှစ်ဆိုးလော က်ေ လးပဲ(---လာဘော၊ အလာဘော၊ ယသော၊ အယသော၊ နိန္ဒာ၊ ပသံသာ။ သုခံ၊ ဒုက္ခံ-- )-ဆိုတဲ့ လောကဓံ (၈)ပါးပဲ၊ ထွေထွေထူး ထူးမှမဟုတ်ဘဲ သူများတွေလည်းေ ရးနေတာပဲ။ ငါလည်း ရေးဦးမှဆိုတဲ့ ဆရာတွေရယ်။ စာအုပ်ဖတ်၊ တဆင့်ကြားလောက်နဲ့ေ ရးေ န၊ ဟောပြောနေတဲ့ ဆရာတွေအတွက် တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။}}
မောင်ရာဇာတစ်ယောက် ငြိမ်၍ နားထောင်နေရာမှ ...
]]ဘာဖြစ်လို့ စိတ်မကောင်းဖြစ်ရတာလဲဆရာ}}
]]သူတို့တတွေဟာ လောကဓံပညာရပ်ကို သူတို့သင်ကြားထားတဲ့ ဗေဒင် ပညာေ လာက် ထင်နေပုံရတယ်။}}
]]ဆရာ့အမြင်မှာ ဗေဒင်ပညာရပ်တွေနဲ့ လောကဓံပညာ ဘာတွေကွာခြား နေလို့လဲ ဆရာ}}
]]ဒီတစ်ခါတော့ ဆရာ့အမြင်ကို ပြောမှာမဟုတ်တော့ဘူး၊ တကယ့်ဖြစ်စဉ် ကို ပြောပြ မှာ၊ မည်သည့်နိုင်ငံက မည်သည့်ဗေဒင်ပညာရပ်ဖြစ်စေ၊ ဆရာတို့အနေနဲ့ သိထားရမှာက သူတို့ကိုင်တွယ် တွက်ချက်ရေးသားဟောပြောနေသော ဗေဒင် ပညာရပ်တွေလည်း ဘုရားေ ဟာ မဟုတ်ဘူးဆိုတာပဲ}}
]]သူတို့ဟောပြောနေသော ဗေဒင်ပညာဟာ ဘုရားဟောမဟုတ်လို့ အလုံးစုံ မမှန်နိုင်ဘူး၊ ဘုရားဟောဖြစ်တဲ့လောကဓံပညာရပ်ကမှ မှန်တယ်လို့ ဆိုလိုတာလား-ဆရာ}}
]]အဲဒါကို ဆိုလိုတာ မဟုတ်ဘူး ဒါက သူတို့စဉ်းစားဆုံးဖြတ်ရမယ့်အပိုင်း၊ သူတို့ ပညာရပ်တွေက သာမာန်လူတစ်ယောက်တွေ့ထားတဲ့ ပညာရပ်လေးတစ်ခု ပါ။ လောက ဓံပညာရပ်ကို အဘယ်သို့သော ပုဂ္ဂိုလ်သည် အဘယ်မျှသော နှစ်ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကျင့်ကြံ ကြိုးစားရှာဖွေရခဲ့သလဲဆိုတာကို လောကဓံ ပညာကိုင်တွယ်ရေးသားမည့် ဆရာတွေ ပထမဦးဆုံး စဉ်းစားရလိမ့်မည်။ ဗေဒင် ဟောပြောခြင်းနောက်ကွယ်မှာ ကပ်ပါလာတာက ယတြာအပိုင်းပဲ၊ လောကဓံ ပညာရပ်ကို ပထမအစောပိုင်းစမှားတာနဲ့ ဘယ်ကိုသွားထိခိုက် မလဲ၊ ဘယ်သူ့ကို သွားထိခိုက်မလဲ၊ ဘာမဟုတ်တဲ့ မိမိတတ်တဲ့ ဗေဒင်ပညာရပ်လေးနဲ့ မဟာ့မဟာ ဆိုရမည့် လောကဓံကို ရှာဖွေဟောပြောလမ်းညွှန်ခဲ့တဲ့ ပုဂ္ဂိုလ်ကို စော်ကားတာနဲ့ တူတူပဲ ဖြစ်နေမယ်}}
]]ဆရာပြောမှပဲ ကျွန်တော်တောင်မှ လေးလေးနက်နက်တွေးမိတယ်၊ လောကဓံပညာ ရပ်ကို ဟောပြောတာမှားလို့ ဖြစ်ပေါ်လာမယ့် အကြောင်းကို မပြောပါနဲ့၊ ပြည့်စုံခဲ့ရင်တော င် တော်တော်လေး ကြောက်စရာကောင်းနေပြီ}}
]]ဒါကြောင့် ဆရာနောက်ထပ် တပည့်အသစ်တွေ ထပ်မွေးဖို့ ခက်နေ တာပေါ့၊ အ ခုဖြစ် စဉ်ပဲကြည့်လေ၊ ယတြာအပိုင်း မပါသေးဘူး}}
]]ယတြာအပိုင်းမှာ တခြားဗေဒင်တွေနဲ့ လောကဓံပညာ ဘာတွေ ထူးထူး ခြားခြားေ တွ့နေလို့လဲဆရာ}}
]]သိပ်ကွာခြားနေတာပေါ့ မောင်ရာဇာ အခုရေးနေကြတဲ့ဆရာတွေရဲ့ လောကဓံဖြ တ်ကျော် နည်း ယတြာတွေဟာ လိမ်းဆေးနဲ့ စားဆေးမှားပေးနေသလို ဖြစ်နေတယ်။}}
]]ဘာဖြစ်လို့လဲဆရာ}}
]]လောကဓံဆိုတာ ကြိုတင်သိမြင်ထားပြီး ကိုယ်တိုင်လိုက်နာရတဲ့အပိုင်း ကွ။ အဇ္ဈတ္တ အတွင်း ယတြာလို့ခေါ်တယ်။ အဲဒါကိုမသိ မလိုက်နာဘဲ သာမာန် ဗေဒင်ပညာရပ်တွေ အသုံးပြုနေတဲ့နည်းနာနိဿယျတွေနဲ့ ပြုလုပ်လို့ လုံးဝမရပါ။ အဲဒါကိုမှ သူတို့နည်းနာတွေက သူတို့လုပ်ပေးတာ အောင်မြင်ဖြစ်ထွန်းနေပါတယ် ဆိုရင်တော့ ဆရာလည်း အဲဒီပုဂ္ဂိုလ်မျိုး ထိုင်ကန်တော့ချင်လို့ ရှာနေတာကြာပြီ}}
]]ဆိုရဲလှချည်လားဆရာရယ်၊ တော်ကြာ အဲဒီလိုဆရာနဲ့ ထိပ်တိုက်တွေ့နေ လို့ ထိုင်ကန်ေ တာ့နေရပါဦးမယ်ဆရာရယ်}}
]]မောင်ရာဇာက ဆရာစကားအဖြစ်ပြောနေတယ် အောက်မေ့နေတယ်နဲ့ တူ တယ်။ လော က ဓံ ကို သူ့နည်းသူ့ဟန်ကလွဲ၍ မည်သည့်ယတြာ၊ အင်း၊ အိုင်၊ ဆေးဝါး၊ မန္တာန်တွေနဲ့ မှ ကျော်ဖြတ် လို့ မရနိုင်ပါ။ ကိုယ်တိုင်ကြိုတင်သိမြင် ဥာဏ်နဲ့ ရင်ဆိုင်ရ မယ့် အရာသာဖြစ် တယ် လို့ အ တိအလင်းဟောပြောပြီးသားပါ။}}
]]ကျွန်တော်က ဆရာ့အတွက် စိတ်ပူလို့ပြောတာပါဆရာ}}
]]ဆရာ့ရင်ထဲမှာ ဆုံးဖြတ်ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ကား လောကဓံ ကို လေး သင်္ချေ နဲ့ ကမ္ဘာတစ်သိန်းခက်ခက်ခဲခဲရှာဖွေဟောပြောထားခဲ့တဲ့မဟာလူသားကြီးထက် တော် တဲ့ ပုဂ္ဂိုလ်ပေါ်လာတာ ဖြစ်မှာပဲလို့ ယုံကြည်ထားလို့ပဲ}}
]]ဆရာလေးလေးနက်နက်ပြောနေမှ ကျွန်တော်ဆက်နားထောင်ချင်စိတ် တွေ-ပိုပြီး ပြင်းပြ လာတယ်ဆရာ}}
]]နောက်တစ်ခုက ဆရာ့ရဲ့ လောကဓံ (အမြင်သစ်)ကို ဟောပြောတဲ့ အခါမှာ ဘာသာ လူမျိုးမခွဲခြားလိုက်နဲ့၊ ဘောင်ကျဉ်းသွားမယ်၊ လူဆိုရင် ရပြီ၊ ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ေ ဟာ ခန်းမှာ ရေးထားတာကို သေသေချာချာ ဖတ်မိကြပုံမရဘူး}}
]]ဘာများ ထွေထွေထူးထူးရေးထားလို့လဲ ဆရာ၊ ကျွန်တော်တော့ ထူးခြားတာ မတွေ့မိပါဘူး}}
]]မောင်ရာဇာလို လူရင်း တပည့်မျိုးတောင် ဒီလိုပြောနေမှတော့ တခြား လူတွေဆို ရင်တော့ ...}}
]]ဆရာပြောပြမှ သိရမြင်ရတော့မလိုဖြစ်နေပြီဆရာ}}
]]အေးလေ .. ပြောမှသိမယ်ဆိုတော့လည်း ပြောရတာ့မှာပေါ့။ ဓာတု နိယာမ နဝင်းစီးဓာတ်ခန်းဆိုတဲ့ စာလုံးတွေထဲက ဓာတုနိယာမကို သိစေမြင်စေ ချင်တာ}} ---------------------
--လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)ရန်ကင်းမြို့နယ်။ရန်ကုန်မြို့။--------

No comments:

Post a Comment