Saturday, December 26, 2015

(--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ -(၂ )-? --------------

(--ဘယ်လိုလောကဓံကို ဘယ်လို (ယတြာ)နည်းတွေနဲ့ ကျော်ဖြတ်ကြမှာလဲ -(၂ )-?
--------------

-------------- မောင်ရာဇာတစ်ယောက် ခဏတာမျှ စဉ်းစားနေရာမှ -
]]ဟုတ်တယ်ဆရာရေ ...ဆရာရေးထားတဲ့ လောကဓံ ဆရာဦးထွန်းရီ ဓာတုနိယာမနှင့် မဟာဘုတ်နဝင်းစီးဓာတ်ခန်းဆိုတဲ့စာကို တွေ့ပေမယ့် ဘာတွေကို ဘယ်လိုဆိုလိုမှန်း မသိခဲ့ဘူး။ အဓိပ္ပါယ်ကိုလည်း ထူးထူးခြားခြား မစဉ်းစားမိခဲ့ ဘူး}}
]]မောင်ရင့်လိုလူတွေအတွက် သတိမမူ၊ ဂူမမြင်ဆိုတဲ့ စကားကို ထားခဲ့ပုံ ရတယ်ကွ၊ သေေ သချာချာနားထောင်ပေတော့မောင်ရာဇာ၊ ဓာတုဆိုတာ ဓာတ်တွေကို ဆိုလိုပြီး နိယာမ ဆိုတာက ဖြစ်ခြင်း၊ ပျက်ခြင်း၊ ကိုဆိုလိုတာပဲ မောင်ရာဇာ။ ဒါကြောင့် ဗေဒင် ဆရာတွေ မျက်စိလည်နေတာပေါ့}}
]]ဒါဆိုရင် ဗေဒင်ဆရာတွေ မျက်စိလည်နေတယ်ဆိုတဲ့ ဟောကွက်လေး တစ်ခုေ လာ က် ပြော ပ ပါလားဆရာရယ်။}}
]]ကောင်းပြီ မောင်ရာဇာ၊ မောင်ရင်လည်း ဥာဏ်မှီသမျှ စဉ်းစားပြီး ဆရာ့ ဟောကွက်ကိုကြိုက်တဲ့ ဗေဒင်နည်းတွေနဲ့ တွက်ချက်ပြီး ပြန်ပြောပြလေ}}
]]ကောင်းပါပြီဆရာ၊ အရင်ပြောကြည့်ပါဦးလေ၊ ဒီလောက်တောင် ညွှန်းနေ တော့ ကျွန်တော်လည်း ပညာရတာပေါ့}}
]]မောင်ရာဇာ အသက် ၄၆၊ ၄၇လောက်က တွေ့တဲ့မိတ်ဆွေတွေက ဟိတ်ကောင် ရာဇာကြီး အသားတွေဘာတွေဖြူပြီး လှလို့ ဝလို့ပါလား။ ကြည့်စမ်း ပါဦး ဗိုက်ကလေးေ တာင် ရှေ့ထွက်လို့ သူဌေးရုပ်တောင်ပေါက်နေပါလား၊ ဘာဆေး တွေများစားထားလို့လဲလို့ ပြောတာတွေကို ကြုံခဲ့တာတွေကို ဘယ်လိုဗေဒင်နည်း နဲ့သိနိုင်ပါ့မလဲ ဆရာ့ကိုပြောပြစမ်းပါဦး}}
မောင်ရာဇာတစ်ယောက် တအံ့တဩဖြစ်နေပြီး ...
]]ဟာ ...ကောင်းလိုက်တဲ့ဟောကွက်ပဲ၊ ကျွန်တော် တော်တော် ပြန်စဉ်းစားယူရတယ်}}
]]ဒီလောက်ဆိုရင် သာမာန်ဗေဒင်ဆရာတွေ မသိနိုင်ဘူးဆိုတဲ့ ဓာတုနိယာမ ပညာ ဆိုတာကို ရိပ်မိလောက်ပြီ ထင်ပါတယ်။}}
]]ဆရာ ကျွန်တော်တို့ တပည့်ရင်းတွေတောင် လျှိုထားတာပေါ့}}
]]မဟုတ်ရပါဘူး မောင်ရာဇာရယ်။ လိုအပ်ရင် ဆရာထည့်ထည့်ဟော ပါတယ်။ ခုန ဆရာပြောခဲ့သလို သတိမမူ၊ ဂူမမြင်တဲ့သဘောဖြစ်လိမ့်မယ်}}
]]နောက်တစ်ကွက်လောက် ထပ်ပြောပြပါလားဆရာ}}
]]နောက်တစ်ကွက်လောက်ပြောပြပါလားဆရာဆိုလို့ ဒီဟောကွက်က သမားဂုဏ်ြ ပဟော ကွက်မဟုတ်ဘူး၊ လူတိုင်းကို ထိုင်ဟောနေလို့မရဘူး။ သူ့အတွက် တကယ်လိုအပ် မှ ပြောရတဲ့ ဟောကွက်၊ လိုက်နာဆောင်ရွက်ရမယ့်အပိုင်းကွ}}
]]ဘာပဲဖြစ်ဖြစ် ဆရာရယ်၊ ကျွန်တော့်ကို ...}}
]]ကဲ ...ကဲ ရှိပါစေတော့ မောင်ရာဇာရေ၊ မောင်ရာဇာအကြောင်းပဲ ဆက်ပြောလိုက် ပါ့မယ်။}}
]]ဟုတ်ပြီ အဲဒီလိုလုပ်ပါကိုယ့်ဆရာရယ်}}
မောင်ရာဇာတစ်ယောက် သူသိချင်တာသိရမည်ဆိုတော့ မိမိလိုချင်တာ ရမယ်ဆိုတဲ့ ကလေးတစ်ယောက်လို ဖြစ်နေလေသည်။
]]မောင်ရာဇာကို လှလို့ ဝလို့ ပါလားလို့ ပြောခဲ့တဲ့သူတွေဟာ မောင်ရာဇာ အသက် ၅၀၊ ၅၁မှာ ပြန်တွေ့တော့ ဘာတွေပြောကြပြန်သလဲ}}
]]ဒါတော့ ကျွန်တော်ဘယ်မှတ်မိမလဲဆရာ}}
]]အခု ဆရာပြောပြရင် မောင်ရာဇာ သတိပြန်ရလာမှာပါ}}
]]ဆရာရယ် ကျွန်တော့အကြောင်း ကျွန်တော်တောင် ပြန်မမှတ်မိတာ ဆရာက ပြ န်ပြော မယ်ဆိုတော့ ...}}
]]မောင်ရာဇာ ...မောင်ရာဇာ ဆရာအခုနေပြောလိုက်ရင် မောင်ရင် ဒီနေ့အိမ်ပြန်ရဲ မှာတောင် မဟုတ်ဘူး}}
]] ဖြစ်ချင်ရာဖြစ် ပြောမှာသာပြောပါဆရာ}}
]]ဟာ ...ဟိတ်ကောင်ရာဇာကြီး မတွေ့တာတောင်ကြာနေပြီ၊ နေရော-ကောင်းရဲ့လား၊ မင်းကြည့်ရတာ လူကလည်းပိန်ပြီး အသားတွေကလည်း ညစ်နေ ပါလား။ နေ မကောင်း ဘူးထင်တယ်။ ဆေးခန်းလေးဘာလေးပြဦးလေ ဆိုတဲ့ ဟောကွက်ကို မောင်ရာဇာ သိတဲ့ နည်းပေါင်း သောင်းခြောက်ထောင်နဲ့ ပြောပေ တော့}}
]]ဆရာပြောမှ သတိရလာတယ်။ ဟုတ်တယ်ဆရာ။ အဲဒီအချိန်မှာ ကျွန်တော်စီး ပွားေ ရး ကလည်း ချွတ်ခြုံကျပြီးြွေကးတွေလည်း ပြန်မဆပ်နိုင်၊ မိသားစု အတွင်းရေးကလည်း အဆင်မပြေဖြစ်နေတော့ စိတ်ထောင်းတော့ ကိုယ်ကျေ ဆိုသလို ကျွန်တော့်ဖြစ်စဉ်က ဆ ရြာေ ပာတဲ့ အတိုင်း လူတောင် အသက်ရှင်အောင် မနည်းကြိုးစားခဲ့ရတယ်}}
]]ဒီလောက်ဆိုရင် မောင်ရာဇာ ဓာတုနိယာမပညာရဲ့ အတိမ်အနက်ကို သိလောက်ပြီ ထင်ပါတယ်}}
မောင်ရာဇာသည် ကျွန်ုပ်ပြောပြနေသည်များကို နားထောင်နေရာမှ -
]]ဆရာ ...ကျွန်တော်တစ်ခုမေးမယ်နော် ဆရာစိတ်မဆိုးရဘူး}}
]]ဖြစ်ရလေ မောင်ရာဇာရယ်၊ သိချင်တာရှိလို့ မေးတာ စိတ်ဆိုးစရာလား}]
]]ဆရာ ကျွန်တော့်ကို အခုပြောနေတာ အဲဒီတုန်းက ကျွန်တော်နဲ့တွေ့ တဲ့ ကျွန်တော့် သူငယ်ချင်းနဲ့တွေ့လို့ သူပြောပြလို့ ပြန်ပြောတာ မဟုတ်လားဆရာ}} ကျွန်ုပ်လည်း မောင်ရာဇာပြောလိုက်သည့် စကားကြောင့် ခဏစဉ်းစား လိုက်ရင်းမှ -
]]ဟား ... ဟား ...ဟား}}ဟု အားရပါးရ ရယ်မောလိုက်မိလေရာ မောင်ရာဇာ တစ်ယော က် ကြောင်တောင်တောင်ဖြစ်သွားပုံရသည်။
]]မောင်ရာဇာပြောတာ သဘောကျလို့ပါ။ အဲဒီအချိန်တုန်းက မောင်ရာဇာ က ဘယ်မြို့၊ ဘယ်နိုင်ငံမှာ ဘာတွေလုပ်ပြီး ဘယ်အပေါင်းအသင်းတွေနဲ့ နေမှန်းတောင် မသိ တာမောင်ရာဇာရယ်}}
]]ဟုတ်တော့ ဟုတ်ပါတယ်။ ဆရာ ကျွန်တော်လည်း ဆရာဒီလောက်ထိ ပြောနိုင်မယ် မထင်လို့ ထင်မိထင်ရာ ပြောလိုက်မိတာပါ ဆရာပြောသလို အိမ်ပြန် ရမှာတော င်ေ ကြာ က် လာပြီဆရာ}}ဟု ပြောရင်း သူ့စကားသူ သဘောကျကာ တဟားဟားဖြင့် ရယ်မောနေ လိုက် ပုံကား ... ။-----------
----လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)ရန်ကင်းမြို့နယ်။ရန်ကုန်မြို့။-------------အျမှတ်(ခ)။အရှေ့မုခ်။မိုးကောင်းဘုရား။--
LikeComment

No comments:

Post a Comment