ဆရာကြီးဦးကြာမြင့်၏ နဝင်းစီးပညာပွဲနှင့်
နောက်ဆက်တွဲအယူအဆများ
ကိုယ့်ဆရာကတော့ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် အေးအေး ဆေးဆေးပဲ -- ဟူသော အသံနှင့်အတူ တပည့်ဖြစ်သူ မောင်သိန်းဌေးတစ်ယောက် အမှတ်(ခ)၊ အရှေ့မုခ်၊ မိုးကောင်းဘုရား၊ ရန်ကင်းမြို့နယ်ရှိ (လောကဓံ)ဟောခန်း အတွင်းသို့ ပြောပြောဆိုဆိုရောက်ရှိလာ၏ ။ အေးအေးဆေးဆေးမနေလို့ ဆရာက ဘယ်လိုနေပြရမှာလဲ မောင်ရင်ရဲ့ --- ဆရာတကယ်ပဲမ သိသေးတာလား။ ပြောစမ်းပါအုံး --- ဘာတွေဖြစ်လို့ ဘာတွေမသိချင်ဟန်ေ ဆာင် နေရမှာလဲ ။မောင်ရင်ရဲ့ -- ပြီးခဲ့တဲ့အပတ်က ဓနသိဒ္ဓိဂျာနယ်မှာ ဆရာရေးလိုက်တဲ့ ဆရာကြီး ဦးကြာမြင့်၏ နဝင်းစီးပွဲ ကိုင်တွယ်အသုံးပြုနေကြသော ဆရာများသို့ ဆောင်းပါးအကြောင်းပေါ့ဆရာရဲ့ -အဲဒီ့ဆောင်းပါးမှာဘာများ ထူးခြားတာ ပါလို့လဲ။ ကျွန်တော်တို့အတွက်တော့ မထူးလှပေမယ့် ထူးခြားတဲ့ဖြစ်စဉ်တွေ ကတော့ ဒီလို ဆရာရေ ဆရာရေးတဲ့ဆောင်းပါးကို -
ဆရာကြီးဦးကြာမြင့် တပည့်အရင်းတွေနဲ့ ဆရာကြီးပညာနဲ့ ဆရာကြီးကို လေးစားကြတဲ့ ဆရာတွေ ကတော့ သိပ်သဘောကျတာပေါ့။ ဆရာကြီးဦးကြာမြင့် ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ မိမိတို့ပညာကို မပျောက် ကွယ်ရလေအောင် ရေးထားတဲ့ အကြောင်းအရာတွေပဲ။ ဒါဖြင့်ရင် ဘယ်သူတွေက ဘာတွေဖြစ်ေ နကြ လို့လဲ။ ဥပမာ - ဆရာရယ် --- ဆရာရေးထားတာက နဝင်းစီးပွဲကို ကိုင်တွယ်အသုံးပြုကြ မည့် မည်သည့် ပုဂ္ဂိုလ်မဆို ဆရာကြီးဦးကြာမြင့်၏ ]]မဟာဘုတ်နဝင်းစီးပညာ}} ဟူ၍ဆိုင်းဘုတ်တပ်မည်ဆိုမှသာလျှင် သင်ကြားပေးသင့်သည်ဟု ထင်မြင်ယူဆမိ ၍ အကြံဥာဏ်ပေးခြင်းဖြစ်ပါသည်လို့ ရေးထား တယ်မ ဟုတ် လား။
ဟုတ်တယ်လေကွာ။အကြံပေးခြင်းဖြစ်ပါတယ်လို့ပဲရေးထားတာပါ။ လိုက်နာဆောင်ရွက်ရမယ်လို့ မှမပါဘဲ။ ဘာများထူးခြားနေလို့လဲ။
ရာကြီး ဦးကြာမြင့်၏ နဝင်းစီးပွဲကို ကိုင်တွယ်အသုံးပြုနေကြသောဆရာများ ၊
ဆရာကြီး ဦးကြာမြင့်ရဲ့ နဝင်းစီးပွဲပညာဖြစ်ကြောင်း ဆိုင်းဘုတ်တင်ကြပါဆိုတဲ့
ကိစ္စကို ပြောတာပါ။
အဲဒီစာသားတွေထဲမှာ ဘာကိစ္စများထူးထူးခြားခြားပါနေလို့လဲ။
ဒီလိုလေဆရာရဲ့ ဆရာကြီးဦးကြာမြင့် တပည့်တွေထဲက တဆင့်ခံ ရောက်လာခဲ့ကြတဲ့
ဆရာဦးလ င်းအောင်ရဲ့ တပည့်တွေရယ် ဆရာဦးလင်းအောင် မှတဆင့်
ဆရာကြီးဆီရောက်လာကြတဲ့ ]]ဆရာပရ မတ်ရဲ့ တပည့်တွေရယ် အဲဒီဆရာတွေအများစုက
ဆရာကြီးဦးကြာမြင့်အမည်ကို ဆိုင်းဘုတ်မှာရေး မထားကြတော့ သူတို့တွေက
ဆရာ့ဆောင်းပါးဖတ်ပြီး တစ်မျိုးမြင်နေကြမှာပေါ့။ ဒါကသဘာဝကျပါတယ်။
သူတို့အမြင်လည်းမှန်ပါတယ်။ ဒါပေမယ့် လက်ရှိဗေဒင် လောကမှာ ဆရာဦးလင်းအောင်ရဲ့
တပည့်တွေ ဆိုရင် (ဝိဇ္ဇာနည်းကျမြန်မာ့ဗေဒင်) ဆရာပရမတ်ရဲ့ တပည့်တွေဆိုရင်
(အေးချမ်းသူတို့စံပျော်ရာ) ဆိုတဲ့ အမည်နာမ
ခေါင်းစီးတွေတပ်ထားကြတာများပါတယ်။
အဲဒီ အမည်နာမနဲ့ ဆရာတွေကို
ဗေဒင်လောကသားအားလုံးက ဆရာကြီးဦးကြာမြင့် တပည့်တွေရယ်လို့
နားလည်ပြီးသားဖြစ်နေလို့ ဆရာ့အနေနဲ့ သီးခြားခွဲမရေးလိုက်တာပါ။
ဒါတင်မဟုတ်သေးဘူးဆရာ။ တချို့ဆရာတွေကပြောနေကြတယ်။ဘာတွေပြောနေကြလို့လဲ။ ပြောပါအုံး --- ဗဟုသုတရတာပေါ့။
သူတို့ပြောလည်း စိတ်ဆိုးစရာမှမဟုတ်ဘဲ။ သူတို့ပြောတာမှန်နေလို့ ကိုယ်က မှားနေရင်ပြင် ရမှာေ ပါ့။ ကျေးဇူးတောင်တင်ရအုံးမယ်။ နဝင်းစီးပွဲ ပညာဟာ ဆရာကြီးဦးကြာမြင့်ပညာမ ဟုတ်ဘူး ရှေးအစဉ် အလာထဲက ရှိပြီးသား ပါ။ အဲဒါကို မသိတဲ့ဆရာတွေက ယုံနေကြတယ်လို့ပြောနေကြတယ်။ အေးအေး ဒါဆို မောင်ရင် သေချာနားထောင် နဝင်းဆိုတာ ပညာရပ်တိုင်းမှာရှိတယ်။ဆေးကုသတဲ့ေ နရာ မှာေ တာင် နဝင်းဆေးဆိုတာရှိတယ်။ ဗေဒင်လောကမှာလည်း
နဝင်းအသုံးတွေ အများကြီးရှိတယ်။ နက္ခတ်ဗေဒင်မှာလည်း နဝင်းဆိုတာရှိတာပဲ။
ဆရာကြီးဦးကြာမြင့် တီထွင်ကြံဆ ခဲ့တဲ့ နဝင်းဟာ ဘယ်လိုနဝင်းပညာရပ်ကနေ
ဘယ်လိုအဆင့်ဆင့် ဆင်းသက်လာတာလဲဆိုတာ သိထားဖို့လိုမယ်။
သေချာပြောပါဆရာ။ ကျွန်တော်က သေချာမသိတော့ သူများတွေပြော သမျှ ငြိမ်ပြီးနားထောင်ေ နရတာပေါ့။ ဆရာသိသလောက်တော့
သိရမှာပေါ့။ နံပါတ်(၁)အနေနဲ့ပြောရရင် ယနေ့သူရဇ္ဇမဂ္ဂဇင်းမှာ နာမည်ရနေတဲ့
ဆရာဒလ မင်းခေါင်က ၂၀ဝ၈ ဧပြီလထုတ် သူရဇ္ဇမဂ္ဂဇင်းစာမျက်နှာ(၁၉၈) မှာ ]]နဝင်း
ဆိုပါလား}} ခေါင်းစဉ်နဲ့ ]]နဝင်းပညာရပ်၏ အယူအဆသဘောတရားများ}} ဆိုပြီး
ရေးသားေ ဖ်ာပြခဲ့ေ သးတယ်။
ဒါနဲ့ကြားဖြတ်မေးရအုံးမယ်။
ဆရာဒလမင်းခေါင်နဲ့ သိတာကြာပြီလားဆရာ တစ်ခါမှ ပြောမပြဖူးလို့ပါ။သိရုံဘယ်က
မလဲ မောင်ရင် သိပ်ရင်းနှီးတယ်လို့ပြောရမယ်။ ကိုအေးသိန်းဆိုတဲ့
သင်္ဘောသားတစ်ယောက်အိမ်မှာ တွေ့ဆုံကြရင်း ဆရာကြီးဦးကြာမြင့်ရဲ့ညီ
ဆရာဦးစိုးလင်း (ခ) ဦးသံချောင်းဆီမှာ ]]ဗေဒင်အချုပ် မဟာဘုတ်နိဒါန်း
ပညာသင်ကြားနေတာသိခဲ့ရတယ်}} လူစုံ ဆရာစုံ လောကီပညာရပ်တွေကို လေ့လာသင်ယူ
သုတေ သနပြုနေကြတဲ့သူတွေပဲ။
ဆရာဒလမင်းခေါင်းဟာ ဆရာကြီးမြကြီးရဲ့
တပည့်ရင်းဖြစ်သလို ဆရာကြီးရန်ကုန်ကျော်ရင်ဆီကို ပုဂ္ဂလပညတ်ဆေးပညာနဲ့
နိယာမဆေးပညာနှင့် ဆန်းကျမ်းဗေဒင်ကို ဆရာသင်ယူဖြစ်ခဲ့တာ
သူ့ကျေးဇူးတွေပဲပေါ့။ ဆရာကြီး ရန်ကုန်ကျော်ရင်ရဲ့ သစ္စာခံတပည့်ရင်းကြီးပေါ့။
စာပေဗိမ္မာန်က ဦးဥာဏ်ဝင်းထက် ရယ် ဒလမင်းခေါင်ရယ်၊ ဆရာရယ် ဆရာတို့
(၃)ယောက်ပေါင်းပြီး လောကီ ပညာရပ်တွေအကြောင်း တစ်ပတ်ကို (၂)ရက်တွေ့ဆုံပြီး
နှစ်ပေါင်းတော်တော်ကာကြာ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ဆရာကြီးဦးကြာမြင့်ဆီက
တိုင်းရင်းဆေးဖြေခွင့် တောင်းပြီး ၁၉၅၅ခုနှစ်မှာ ဆရာဒလမင်းခေါင်နဲ့အတူ
ဖြေဆိုအောင်မြင်ခဲ့ ကြတာပေါ့။ဆရာကြီးဦးကြာမြင့်ရဲ့ တပည့်ရင်းဖြစ်တဲ့ဆရာက
ဆရာဒလမင်းခေါင် လို ဆရာကြီး ဦးကြာမြင့် ပညာရပ်တွေကို
ဘာဖြစ်လို့မရေးတာလဲဆရာ။ဆရာဒလမင်းခေါင်ဆိုရင်သူရဇ္ဇမဂ္ဂဇင်း ပရိတ်သတ်ရဲ့ရင်ကို
ဆရာကြီးဦးကြာမြင့်ရဲ့ ပညာရပ်နဲ့ ထိုးဖောက်ဝင်ရောက်နေရာယူနိုင်နေပြီ။
ဆရာ ဘာဖြစ်လို့ သူ့လိုမရေးဖြစ်တာလဲ။
အချိန်အခါနဲ့ အကျိုးပေးကလည်း မတူဘူးလေ။
ဆရာဒလမင်းခေါင်က စာရေးတဲ့ဘက်ပိုင်းကို ဦးစားပေးခဲ့တာကိုး။ ဘာပဲဖြစ်ဖြစ်
သူအောင်မြင် လာတာ မုဒိတာပွားရမှာပဲ ဆရာဒလမင်းခေါင် သူရဇ္ဇ မဂ္ဂဇင်းမှာ
အခုလိုရေးသားဖော်ထုတ်မှုကြောင့် ဆရာကြီးဦးကြာမြင့်ရဲ့ ပညာရပ် ဟာ
ပိုပြီးလူသိများလာတယ်လို့ပြောလို့ရတယ်။ ဆရာဦးလင်းအောင်ပြီးရင်
ဆရာကြီးပညာကို လူတွေပိုသိစေတာ ဆရာဒလမင်းခေါင်လို့ အခုအချိန် ထိတော့
ပြောလို့ရသေးတယ်။ ကျေးဇူးတင်ရမယ့်လူတွေပါ။ ဆရာ့အနေနဲ့ ဆရာကြီး
ဦးကြာမြင့်ရဲ့ ပညာရပ်ကို အဲဒီဆရာတွေလို တစ်ဒေါင့် တစ်နေရာက အကျိုးရှိရှိနဲ့
မှတ်တိုင်ကျန်ရစ်အောင် ကူညီပံ့ပိုးဖို့ စတင်ကြိုးစားနေရတာပေါ့။ ဆရာ
ဒလမင်းခေါင် သူရဇ္ဇမဂ္ဂဇင်းမှာ နဝင်းအကြောင်း ဘယ်လိုရှင်းပြထား လဲဆိုတာ
ပြောပါအုံးဆရာ။ ပြောပြမှာပေါ့။
ဆရာဒလမင်းခေါင်ရဲ့ ရေးသားဖော်ပြချက်ကို ပြောပြီးမှ ဆရာကြီး
ဦးကြာမြင့်ပြောခဲ့တဲ့ နဝင်းပညာ အကြောင်းပြောပြမယ်။ ဒါဆိုမောင်ရင် နားလည်
သဘောပေါက်သွားမှာပါ။
ဟုတ်ကဲ့ဆက်ပြောပါဆရာ။၂၀ဝ၈ ဧပြီလထုတ် သူရဇ္ဇမဂ္ဂဇင်း စာမျက်နှာ (၁၉၈)မှာ ဆရာဒလမင်းေ ခါင် နဝင်းအကြောင်းဖော်ပြသွားတာကို ပြန်လည်ရှာဖွေဖတ်ရှုကြတာပေါ့။
နောက်တစ်ခုအနေနဲ့
ဆရာကြီးဦးကြာမြင့်ပြောခဲ့တာက နဝင်းပွဲဟာ ရှေးခေတ်ထဲကရှိပြီးသားပါ။ လက်ဖက်၊
ဆန်၊ ဆီ၊ ကွမ်း၊ ကွမ်းသီး၊ ဆေးနဲ့ ဆီမီးရယ် လူနာရဲ့ လက်နဲ့တစ်လံ
အပ်ချည်ကြိုး တစ်ကြိုးပါတယ်။ ကျီးခြေပုံ မီးဇာကျစ်ပြီး
ဆီမီးပူဇော်ရတဲ့အဆင့်ပဲရှိခဲ့ပြီးသား နဝင်းပွဲကို ရွာထိပ်က
သစ်ပင် ကြီးကြီးအောက်မှာ ညနေနွားရိုင်းသွင်းချိန် နေဝင်အချိန်မှာ ဆီမီး
ပူဇော်ကြရာက ကာလကြာ လာတဲ့အခါ မိမိအိမ်ရဲ့ အိမ်ခြံစည်းရိုး အတွင်းမှ
အိမ်ရဲ့တံစက်မြိတ်မှတဆင့် အခုလိုဘုရားကျော င်းေ ဆာ င်ေ ရှ့ တဖြည်းဖြည်း
ပြောင်းရွှေ့ အသုံးပြုခဲ့ကြတာ တခြားနဝင်းပွဲပြင်နည်းတွေ
ရှိနေကြသေး တယ်။ခြေမန်းကွင်းမပါကြတာများပါတယ်။
လူမမာရဲ့ကိုယ်နဲ့တိုင်းပြီး မန်းကွင်းဆိုပြီး (၁)ကြိုးသုံးတာရှိတယ်လို့
ပြောခဲ့ပြီးသား။ဘြွာကင်း၊ ဘာနေ့သား ဆောင်ပန်း နင်းကြမ်း + ခိုက် + မတွန့်စေ
ရတွေ လေ့လာစမ်းသပ်တီထွင်ခဲ့ရတာဆိုတာ မင်းတို့ကိုပြောပြီးသားပါ။ တခြားသူတွေ
ဘာတွေပြောပြော နားမရောင်သွားကြပါနဲ့ ငါမသေေ သးပါဘူး ကွ။ ကမ္ဘာ့ဗေဒင်လောကမှာ
မရှိသေးတဲ့ ပညာပါလို့ ပြောခဲ့ပြီးသားပါ။
(( အဲဒါကိုမကျေနပ်လို့ ရှင်းချင်ရင် အချိန်မရွေး လာမေးလှည့်ပါလို့ ငါအကြိမ်ကြိမ်ပြောပြီးသားပါကွ-))--လို့
ဆရာကြီးဦးကြာမြင့်ကလည်း ရှင်းပြခဲ့ပြီး သားပါ။ ဒီလောက်ဆိုရင် နဝင်းပွဲ
အယူအဆတွေကို တချို့တဝက်သိလိုက်ရလို့ မောင်ရင် ကျေနပ်လောက်ပြီ ထင်ပါတယ်။ ဟုတ်ကဲ့ အခုလိုသိရတော့ ကျွန်တော့် ရင်ထဲရှင်းသွားတာပေါ့ဆရာရယ်။
ငါသိသလိုသိကြပါစေဟု ငါ၏ရင်၌ဖြစ်၏
ဤမှန်သောသစ္စာစကားကြောင့် ၊
No comments:
Post a Comment