Wednesday, June 25, 2014

ခါတော်မှီ(၁)အိမ်ထောင်ပြုခြင်း(၁)

              Thursday, June 25, 2014

                  ခါတော်မှီ(၁)အိမ်ထောင်ပြုခြင်း(၁)

      ခါတော်မှီ            သီတင်းကျွတ်နှင့်-အိမ်ထောင်ပြုခြင်း
ဝါလကင်းလွတ်သီတင်း ကျွတ်ပြီ ဆိုရင်ဖြင့်ကျွန်ုပ်တို့မြန်မာလူမျိုး
များပြုလုပ်လေ့ရှိသောကိစ္စအမျိုး မျိုးတွင်အိမ်ထောင်ပြုခြင်းအ လေ့ အထတစ်ခုလည်းပါဝင်လေ သည်။
    အိမ်မထောင်ပြုခြင်း
သည်လူ့ဘဝသက်တန်းတစ်ခုအ တွက်ဘဝတစ်ခုလုံးပုံအပ်လိုက်
ရမည့်ကိစ္စတစ်ခုဖြစ်သည်။ထီထိုး သလို၊ကံစမ်းမဲနိုက်သလိုပေါက်လဲ ရ၊မပေါက်လည်းနေ၊မပေါက်မခြင်း ထိုးနေလို့ရနိုင်သည့်ကိစ္စမျိုးမဟုတ်။
    ]]အိမ်ထောင်မှု-ဘုရား
တည်၊ဆေးမှင်ကြောင်စုတ်ထိုး
ထို(၃)မျိုးပြန်ပြင်ရန်ခက်လိမ့်အမျိုး}}ဟုပင်ဆိုထားခဲ့ကြသည်
မဟုတ်ပါလား။အိမ်ထောင်ဘက်
ရွေးနည်းအမျိုးမျိုးထဲမှမိမိကြိုက်
သည့်နည်းစနစ်(သို့မဟုတ်)မိမိ
ယုံကြည်အားကိုးရာမိသားစုဆရာ
များနှင့်တွက်ချက်စစ်ဆေး၍အိမ်
ထောင်ဘက်ရွေးပြီးလက်ထပ်ကြ
လေသည်။
    ကျွန်ုပ်လေ့လာတွေ့ရှိ
အသုံးပြုနေသောအိမ်ထောင်ဘက်
ရွေးနည်းလေးကိုအိမ်ထောင်ပြု
လိုသူတွေအတွက်အထောက်အကူ
ဖြစ်စေရန်အကြံဥာဏ်ပေးဖို့စာ ရေးနေစဉ်--]]အလုပ်တွေများနေ လားဆရာ}}ဟူသောအသံနှင့်အ
တူမောင်ရာဇာတစ်ယောက်ရောက်
လာလေသည်။
    ]]အေးကွာ-သီတင်း ကျွတ်အမှီဓနသိဒ္ဓိစာဖတ်ပရိတ်
သတ်အတွက်ဘာလက်ဆောင်ရေး
ရမလည်းလို့စဉ်းစားနေရာကအ
ခုတော့ ဝါကျွတ်နဲ့ကိုက်ညီမဲ့-
(အိမ်ထောင်ဘက်)ရွေးတဲ့အ ကြောင်းလေးရေးလိုက်ရရင်ပိုအ
ကျိုးရှိမလားလို့အခုဘဲရေးနေတာ}}
    ]]အဲဒါကောင်းတယ်ဆ
ရာ၊သူကောင်းကိုယ်ကောင်းဆို
သလိုနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့
ကိစ္စဆိုတော့-အိုကေပေါ့။}}
    ]]ဒီလိုမောင်ရာဇာရဲ့
မင်္ဂလာကိစ္စဆိုတာသူ့လူမျိုးနဲ့သူ့ဓ    လေ့သူ့အရပ်နဲ့သူ့ဇာတ်ဘဲပြောရ မလား။သူ့ဟာနဲ့သူတော့လည်း
]ုဟုတ်နေကြတာဘဲ။အခုလိုအ ကြံဥာဏ် ပေးရတဲ့အကြောင်းက ဘဝတစ်ခုလုံးအတွက်ဖြစ်နေတော့
ပိုအကျိုးရှိနိုင်မယ်ထင်လို့ပါ}}။       ]]ဘယ်လိုအကြောင်း အရာတွေရေးနေတာလည်းဆရာ}}
]]ဟိုအရင်ကရေးခဲ့ပြီးသားပါ။အခုရေးတာကဝါကျွတ်ခါနီးအ
ရေးပေါ်ဆိုပါတော့-
    -တခြားနည်းတွေလို
(ဓမ္မာ-သောက)(ရာသီဘွား)
(ဘာနက္ခတ်)(ဘာနေ့သား)တွေ
မလိုဘူး။}}
    }}ဒါဖြင့်ဘာတွေလို
လိုအပ်မလည်းဆရာ}}
    လိုအပ်တာက            ]]၁။ အိမ်ထောင်ဦးစီး
ကံကောင်းချိန်မှာပြုသင့်တယ်။

    ၂။ မိမိပြုမည့်အိမ်
ထောင်ဘက်သည်ကံညံ့နေချိန်
ဖြစ်ရမယ်}}
    ]]ကံကောင်းနေသူနဲ့
ကံညံ့နေသူနှစ်ယောက်ကိုပေါင်း
ပေးထားတဲ့သဘောလားဆရာ}}
    ]]ဟုတ်တယ်မောင်ရာ
ဇာ။ဟုတ်တယ်}]
    ]]အိမ်ထောင်ပြုမဲ့သူနှစ်ယောက်ဘယ်သူကံကောင်း နေတယ်ကံညံ့နေတယ်ဆိုတာဘယ် လိုသိနိုင်မှာလည်းဆရာ}}
    ]အဲဒါကိုတော့ပြန်ပြီး
အကျယ်ချဲ့ရေးမနေတော့ဘူး
ဓနသိဒ္ဓိအဟောင်းတွေမှာပြန်
ရှာကြည့်ကြဖို့ဘဲလမ်းညွှန်ရတော့
မှာဘဲ။}}
    ]]အိမ်ထောင်ပြုဖို့ရွေး
ချယ်မှုမှားရင်တွေ့ကြုံရမဲ့အ ကြောင်းအရာတွေကိုပြောပြထား
မှာကွ}}
    ]]တခြားအိမ်ထောင်
ဖက်ရွေးနည်းတွေနဲ့ဘာတွေများ
တမူထူးခြားနေလို့လည်းဆရာ}}
    ]]သိပ်ထူးခြားပါပြီ    ကောလားမောင်ရင်-}}            ]]ဥပမာဆရာရယ်----
မိန်းခလေးတစ်ယောက်ကသူ
ရွေးချယ်မဲ့အိမ်ထောင်ဖက်(၅)
ယောက်ထဲကဘယ်သူ့ကိုရွေးရ    မလည်းမေးလာတယ်ဆိုပါတော့
ဆရာဘယ်လိုရွေးချယ်ပေးမလည်း}}
    ]]ဒီမှာမောင်ရာဇာသူ
ကြိုက်တာသူရွေးပါစေ၊ဆရာက
ဘယ်သူနဲ့ယူပါလို့လူမိုက်ဝင် လုပ်ပြီးရွေးပေးမှာမဟုတ်ပါဘူး}]
    ]]မဟုတ်သေးဘူးလေ
ဆရာ့ကိုယုံကြည်အားကိုးလို့လာ
တာဘဲ။ဆရာရွေးပေးရမှာပေါ့။
ဆရာရွေးမပေးမဲ့အတူတူဆရာ့ဆီ
မလာဘဲသူ့ဟာနဲ့သူရွေးမှာပေါ့}}
    ]]ဒီလိုမောင်ရာဇာဒီလို]]ဆရာ့အနေနဲ့သူရွေး
ထားတဲ့(၅)ယောက်ထဲကတစ်
ယောက်စီအကြောင်းတွေပြောပြ
တယ်။ပြီးတော့သူစဉ်းစားကြိုက်
တာယူပေါ့}}
    ]]ဆက်ပြောပါတော့ဆ ရာ။ မရှင်းတာရှိမှကျနော်မေး
တော့မယ်}}
    }]သူစဉ်းစားထားတဲ့ပ
ထမလူကိုယူရင်(၆)လပြည့်ရင်
ကိုင်ပေါက်ပြီးလယ်ပင်းနင်းလိမ့်
ဆိုတော့(ဟုတ်ပါ့မလားဆရာရယ်
သူကပိန်ပိန်သေးသေးလေးတဲ့)
ယူကြည့်လိုက်လေ-(၆)လပြည့်
တော့ ကိုင်ပေါက်ပြီးလယ်ပင်း
နင်းတော့တာဘဲ၊အဲဒီအချိန်ကျမှ
ပြန်ကွဲလည်းမထူးတော့သလိုနောက်တစ်ယောက်ပြောင်းတမျိုးဆိုးနေ
ကြတာဘဲ။ဆရာ့မူမှာလူကောင်း
မှမရှိဘဲ}}
    ]]ဒုတိယလူယူပြန်ရင်
(၆)လပြည့်ရင်မိသားစုကိုခိုင်းစား
လိမ့်မယ်။ဆိုတော့(ဒါတော့ဆရာ
မှားနေင်္ပြထင်တယ်သူကလူပျိုကြီး
သူ့မိသားစု(၁၀)ယောက်ကိုတစ်
သက်လုံးလုပ်ကျွေးလာတာတဲ့)
]] ဟုတ်တယ်မိသားစုဖြစ်နေလို့
မဖြစ်မနေလုပ်ကျွေးနေတာကိုယ့်
လက်ထဲရောက်ရင်လုပ်ခြင်မှလုပ်
တော့မှာနော်}}ဆိုတော့လက်မခံ
ကြပြန်ဘူး၊တကယ်တန်းယူလည်း
ပြီးရော ဆရာပြောတဲ့အတိုင်းဘဲ။
    ]]ဒါဖြင့်လူကောင်းမရှိ
ဘူးဆိုရင်အိမ်ထောင်မပြုရတော့
ဘူးလားဆရာ}}
    ]]ဒီလိုဆိုလိုတာမဟုတ်
ပါဘူး၊တဖက်လူရဲ့အားနည်းချက်
ကိုသိတော့သည်းခံနိုင်မယ်။ညှိနိုင်းလို့ရအောင်ပြောပြထားတဲ့
သဘောပါ။
    ]]အိမ်ထောင်ကျပြီးမှ ဘာဖြစ်လို့ဆရာပြောသလိုဖြစ်
ကုန်ကြတာလည်းဆရာ}}
    ]]လူတွေကလူတစ်ဦး
ရဲ့နေထိုင်လုပ်ကိုင်နေတာကိုကြည့်
ပြီးအမြင်အတိုင်းထင်ပြီးဆုံးဖြတ်
နေကြတာတကယ်တန်းအတူနေ
ပြီး(၆)လောက်ရှိမှသူ့မူရင်စိတ်
နဲ့အလေ့အကျင့်ကိုသိနိုင်တာဆို
တော့အထင်နဲ့အမြင်မှားနေကြ
တဲ့သဘောပါ}}
    ]]ကံကောင်းနေတဲ့သူ
နှစ်ဦးနဲ့ကံညံ့နေတဲ့သူနှစ်ဦး၊မှာ
ဘာဖြစ်လို့ကံတူနေတဲ့သူတွေကို
မယူဖို့တားမြစ်တာလည်းဆရာ}}]]ကံကောင်းနေတဲ့သူနဲ့
ကံညံ့နေတဲ့သူကိုရွေးပေးရတာက
ကံနှစ်ကံကိုလက်တွေ့အသုံးချဖို့
ဘဲ၊(ဥပမာ)အိမ်ထောင်ဖက်နှစ်ဦး
တစ်ယောက်ကံကောင်းနေရင်ကံ
ကောင်းနေတဲ့တစ်ယောက်နာမည်
နဲ့ပေါင်နှံချေးငှားလုပ်ကိုင်လို့ရ
သလို။ကံကောင်းနေပါတယ်ဆို တဲ့သူကံညံ့သွားရင်ခုချိန်မှကံစ
ကောင်းမဲ့သူရဲ့ကံကိုမှီပြီးလုပ်ကိုင်
စားသောက်ကြဖို့ပါ}}
    ]]ဆရာပြောမှဘဲတွေး
မိတော့တယ်၊ကံညံ့နေသူနှစ်ဦးနဲ့
ကံကောင်းနေသူနှစ်ဦးမှာအကောင်း
အကောင်းခြင်း၊အဆိုးအဆိုးခြင်း
ယူလိုက်ကြရင်ဘာတွေတွေ့ကြုံ
လာနိုင်မလဲဆရာ}}
    ]]ကံအတက်အကျစုံကျ
နေတဲ့အတွက်စီးပွားဖြစ်ချိန်ကြ
တော့လည်းသူတော်လို့ငါတော်လို့
ဆိုပြီးပြဿနာဖြစ်ကြပြန်ရော။
အေး--စီးပွားကျချိန်ရောက်ပြန်
တော့နှစ်ယောက်ကံကြောင့်ဆိုတာ
သိမထားရင်သူ့ကြောင့်ငါ့ကြောင့်
ဆိုပြီးပြဿနာဖြစ်ပြန်ရော၊မသိ
ရင်အမတန်ရှင်းရခက်တဲ့ကိစ္စကွ
ဒါ့ကြောင့်ဒီလိုစုံတွဲတွေကို(သူဌေး
ဖြစ်၊ခွေးဖြစ်)လို့ခေါ်တာပေါ့။

    ]]ကံကြမ္မာအဖြူအမဲ
ကဒီလောက်တောင်အရေးကြီး
လားဆရာ}}
    ]]အရေးကြီးတာပေါ့
ဆရာလေ့လာတာကြာပြီ။ဥပမာ
ပြောရရင်-
၁။ မွေးဖွားချိန်တွေဘယ်လောက်
ကောင်းတာရွေးပြီးမွေးထာ မွေးထား။
၂။ နာမည်ကိုအကောင်းဆုံးရွေး
မှည့်ခေါ်ခေါ်။
၃။ တစ်သက်တာအကျိုးပေးလုပ်
ငန်းဘယ်လိုဘဲတွက်ချက်ပြီးရွေး
လုပ်လုပ်။
၎။ ဆိုင်ဖွင့်ပွဲကိုအကောင်းဆုံး
နေ့၊အချိန်၊နာရီတွေရွေးဖွင့်ဖွင့်။
ဒီလောကဓံ(အဖြူ+အမဲ)ကိုမကြုံ
ခြင်လို့မရဘူး။ဆိုတာသိလာရတဲ့
အချိန်ကစပြီးအဓိက(ဖြစ်ချိန်/
ပျက်ချိန်)တွေကိုဘဲဟောပြောလမ်း
ညွှန်လာတော့တာပေါ့}}
    ]]ဆရာဘာကိုဆိုလို
တာလည်းဆရာ}}
    }]လူတွေဟာမည်သည့် ဘာသာကိုကိုးကွယ်သည်ဖြစ်စေ။မည်သည့်လူမျိုးဖြစ်စေ ဘဝ
ကို(ကံ)ကချုပ်ကိုင်ထားတာကို
သိပုံမရကြသေးဘူး}}
    ]]သိတော့သိကြမယ်
ထင်ပါတယ်ဆရာ}}
    ]]ဘဝကိုကံကချုပ်ထာ
းတာကိုသိနေကြရင်ဘာဖြစ်လို့
လူတွေကိုအမှန်အတိုင်းမပြော ကြတာလည်း}}
    ]]ဘာကိုအမှန်အတိုင်း
မပြောဘူးလို့ဆိုလိုတာလည်းဆရာ}}
    ]]ဟောပြောလမ်းညွှန်
တဲ့ပညာရပ်ကိုတော့မဝေဖန်လို
ပါဘူး}}
    ]]ဒါဖြင့်ဘာကိုပြော လိုတာလည်းဆရာ]]
    ]]ယတြာနဲ့ပတ်သက်
လို့တော့နဲနဲပြောပြခြင်တယ်။
ယတြာဆိုတာအတုလုပ်တဲ့သ
ဘောပါ။ဆရာဆိုတာလမ်းညွှန်
တဲ့သဘောကိုဆောင်ရမယ်၊ကယ်မ
တဲ့ဝါဒပုံစံမျိုးနဲ့ယတြာဦးစားပေး
လုပ်ဆောင်နေတာကတော့ဆရာ့
အနေနဲ့ရှက်စရာလို့ထင်တယ်}}
]]ဒါကတော့ဆရာရယ်}
]]ဒါကတော့ဆရာရယ်လုပ်မနေနဲ့
အဖက်ဖက်ကပျက်စီးယို့ယွင်းနေ
တဲ့ခေတ်ကြီးထဲမှာမိမိသိထားတဲ့
ပညာရပ်လေးနဲ့လောကကြီးကို တဖက်တလမ်းကအကူအညီ အထောက်အပံ့လေးတော့ပေး သင့်တာပေါ့။
၅။ အိမ်ထောင်ဘက်ရွေးတဲ့ နေရာမှာလည်းဇာတာနှစ် စောင် သေချာစီစစ်တွက်ချက်ပြီးယူ လိုက်ကြတာ-လောကဓံသတ် မှတ်ထားတဲ့နေရာလဲရောက်ရော လင်မယားကွဲကြပြန်ရော အဲဒီမှာ -ဘဝရဲ့အရေးကြီးတဲ့အဓိက အချက်ဟာ(ဖြစ်ချိန်ကြိုသိဖို့နဲ့ ဖြစ်အောင်လုပ်ယူထားနိုင်ဖို့။ ပျက်ချိန်ကြိုသိထားဖို့နဲ့ မပြိုကွဲ မပျက်စီးအောင်ဘယ်လိုလုပ် ကိုင်ရမလဲ)ဆိုတာသိလိုက်ရ တာ ဘဲ။ဒါ့ကြောင့်အိမ်ထောင်ဖက်
ရွေးတဲ့နေရာမှာအိမ်ထောင်ဖက် နှစ်ဦးအဆင်မပြေရတဲ့အကြောင်း နဲ့ အဆင်ပြေအောင်ကိုယ်တိုင် ရွေးရတဲ့ နည်းကိုလမ်းညွှန်ပေး တာကြောင့် တခြားမူတွေနဲ့မတူဘူးပြောတာပေါ့}}

         ငါသိသလိုသိကြပါစေဟုငါ၏ရင်၌ဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်-----
                   လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်း)

No comments:

Post a Comment

No comments:

Post a Comment