Friday, June 6, 2014
ခေတ်အမြင်နဲ့ ဗေဒင်အကောင်းဆုံးနေ့နံ အရေအတွက်၊ ယတြာ
ရင်သာပိပိရိ ပန်လည်ဝန်ချတောင်းပန် ကျေအေး နေကြတာတွေ ကြားသိနေရတာဝမ်းသာစရာပဲ။မောင်ရင်လည်း မိဘဆ လုပ်တတ်ရင်ဖြစ်ပါတယ်
{ ဆရာကြီးနေကောင်းတယ်နော် }ဟူသော နှုတ်ဆက်သံကြောင့် အသံ လာရာဆီသို့ကြည့်လိုက်ရာ အလုပ်တစ်ခုကို ဇောက်ချမလုပ်ဘဲ ငါးပွက်ရာ ငါးစာချဆိုသလို ကြုံရာအလုပ်ကို ကြုံသလိုလုပ်ကိုင်နေထိုင်သည့် တပည့် တစ်ယောက်ဖြစ်နေလေသည်။
{ လာ ---- လာ ထိုင်ကွာ ပျောက်ချက်သားကောင်းလှချည်လား။}{ ဟုတ်တယ်ဆရာကြီးရယ် ----ထုံးစံအတိုင်း ရေကြည်ရာ မြက်နုရာ လှည့်လည် ကျက်စားနေရတာပဲပေါ့။} အခြေအနေကြည့်ရာတာ အချိန်ကြာကြာပြောနေ ဦးမည့်သဘောကြောင့် ဖတ်လက်စစာအုပ်ကို ပိတ်ထားလိုက်ရင်း ဘာလဲထုံးစံ အတိုင်း ဘာလုပ်ရမလဲ ဆရာကြီးရယ် လမ်းညွှန်ပါအုံးဆိုတဲ့ ဓါတ်ပြားဟောင်းလေးပဲ ဖွင့်ပြမယ့်သဘောပေါ့။{ သေချာလှချည်လား ဆရာကြီးရယ်။ ဒါကြောင့်လည်း ဆရာတင်ရတာ တန်ပါတယ်လို့တွေးပြီး ကျေနပ်နေရတာ။}
မောင်ရင်ဗေဒင် လောကထဲရောက်လာကတည်းက ခေါင်းဆင်နင်းခံရ တာပဲဆိုတဲ့ စကားလိုပဲ ဗေဒင်လောကမှာ မောင်ရင်လှုပ်ရှားမှုကတော့ မကြာခဏ ဆိုသလို တောမီးလိုပျံ့နှံလာတာ မကြားချင်လို့မရဖြစ်နေတာ ဆရာတောင် အကြံပေးရတာ ခပ်လန့်လန့်ဖြစ်လာပြီ။
ဆရာကြီးရယ် မလုပ်လိုက်ပါနဲ့ ။ ကျွန်တော့်ကို စေတနာမရှိရင် တောင် မိသားစုလေးရဲ့ အခြေအနေကိုငဲ့ပါဦး ဆရာကြီးရယ်ဟု မျက်နှာငယ်လေးနဲ့ တောင်းတောင်းပန်ပန်ပြောနေသဖြင့်
ကဲ --- ဒါဖြင့်သေချာနားထောင်နော် ။
မောင်ရင့်ဖြစ်စဉ်က တဖြည်းဖြည်းရင့်လာတဲ့သဘောရှိတယ်။ မောင်ရင့်ကို လမ်းညွှန်လာတာ (၆)ကြိမ်လောက်ရှိနေပြီ။ တစ်ခုခုကို အထိုင်ချလုပ်ကိုင်ဖို့ ပြင်ဆင်သင့်ပြီထင်တယ်။ ဟုတ်ကဲ့ပါ ဆရာကြီးရယ်။
ကျေးဇူးမမေ့ပါဘူး။ သားသမီးလို သဘောထားပြီး ကူညီပါဦး ဆရာကြီး ရယ်။ သူ့ကို လမ်းညွှန်လာခဲ့ရာမှ ဗေဒင်ဟောခန်းဖွင့်တော့မယ်ဆိုရာကနေ ယနေ့အထိလုပ်စားခွင်တွေမနည်းတော့ပေ။သူသာပါးရေနပ်ရေရှိမယ်ဆိုရင် -- စသည်ဖြင့် သူ့အကြောင်းတွေပြန်တွေးနေမိသည်။
နောက်ဆုံးအခေါက်က (အခမဲ့) ပညာဒါနဖွင့်တုန်းက အခြေအနေ ကောင်းနေတယ်ကြားရာက ဘယ်လိုဘယ်လိုဖြစ်သွားရတာလဲ။ အဲဒါက--- ထုံးစံ အတိုင်းပေါ့ ဆရာကြီးရယ်
ကျွန်တော်က လောဘကလည်းကြီးကြီးဆိုတော့---
လုပ်ကွက်တွေကို ရိပ်မိကုန်ကြရာက ပြဿနာမကြီးခင် ကျွန်တော် ဖာသာပဲ အောင်မြင်စွာဆုတ်ခွာလာခဲ့တာပေါ့ ဆရာကြီးရယ်။ဘာရယ်ကွ အောင်မြင်စွာဆုတ်ခွာလာခဲ့တယ်ဟုတ်လား --- ဆိုစမ်းပါဦး။
ဘယ်လို အောင်မြင်စွာ ဆုတ်ခွာလာတာမို့ စကားလုံးတွေကပြောင် မြောက်နေရတာလဲ။ ဒီလိုဆရာကြီးရယ် ပြန်ပြောရမှာတောင်အားနာပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေထဲက ကျွန်တော်နဲ့ အဆင်မပြေတဲ့သူတွေကို ကျွန်တော် ဒုက္ခပေးထားတာတွေ ဝဋ်လည်မှာ ကြိုတင်စဉ်းစားမိလို့ သူတို့ပြဿနာမရှာခင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကြိုထွက်လာတာကို ပြောတာပါ။
ကျွန်ုပ်လည်း ခဏစဉ်းစားနေရာမှ ဒီဝဋ်ကလွတ်မှာမှ မဟုတ်ဘဲ တစ်နေ့ ပြန်ကြုံမှာပဲ။ ကျွန်တော်ကလေးမှမဟုတ်ဘဲ ဒီလောက်တော့သိတာပေါ့ ဆရာကြီး ရယ်။ ဒါနဲ့များမောင်ရင်ရယ်။ ကျွန်တော့်ဘဝနဲ့ ကျွန်တော်ရှိပါစေ ဆရာကြီးရယ်။ မိဘတွေတောင် ဂရုမစိုက်နေလာခဲ့တဲ့ ကျွန်တော်ဘဝက --- ဒီလိုတော့ ဘယ်ဟုတ်မလဲကွာ --- မိဘက မိဘပဲ၊ ခင်ပွန်းကြီး (၁၀)ပါး ပြစ်မှားတဲ့ ဒုက္ခ တွေကို လူတော်တော်များများသိလာကြလို့ြ
ရာ သမားတွေ သက်ရှိထင်ရှားရှိသေးတဲ့သူတွေကို ဒီတစ်ခါလုပ်ငန်းအဆင်ပြေ ရင်တော့ ဝန်ချတောင်းပန်သင့်တာပေါ့။
ခပ်တွေတွေငေးနေရာမှ ဟုတ်ကဲ့ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားပါ မယ် ဆရာကြီးရယ်။ လုပ်ဖြစ်တာ မလုပ်ဖြစ်တာတော့ မောင်ရင့်အကြောင်းပဲလေ၊ ကြားရတာနဲ့ ဆရာ့အနေနဲ့ဝမ်းသာလှပါပြီ။ ဒါနဲ့ဟိုသင်တန်းမှာ တခြားရိုက်စား ခွင်တွေအပြင် မောင်ရင့်မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် မွေးနေ့ပွဲ လုပ်စားလိုက်တာ တော်တော်လေး အဆင်ပြေသွားတယ်ဆို။
ဒါကြောင့်လည်း ခဏခဏပြောမိတာပေါ့။ စားပေါက်စားလမ်းကို ကြံဖန် ရှာတတ်ပြီး လက်ရဲဇက်ရဲလုပ်တတ်တဲ့နေရာမှာတော့ ဆရာ့အသိတွေထဲမှာတော့ မောင်ရင်ဟာစံပြပဲ။
ကျေးဇူးတင်ပါတယ်ပြောရခက်တဲ့ဖြစ်စဉ်ဆိုတော့ တောင်းပန်ပါတယ် ဆရာကြီးရယ်လို့ပဲဆိုပါရစေတော့။ ဘာတွေပဲပြောပြော မောင်ရင့်အတွေ့အကြုံနဲ့ ဖြတ်သန်းလာခဲ့တဲ့နှစ်တွေက မနည်းတော့ဘူးဆိုတော့ ဒီအကျိုးလေးတော့ခံစား နေရမှာပေါ့။
ဘာအကျိုးတွေလည်းဆရာကြီးရယ်။ ဘာတွေဖြစ်မလဲ။ မောင်ရင် ဖြတ်သန်းခဲ့တဲ့ပတ်ဝန်းကျင်မှာပဲ ဆက်လှုပ်ရှားကွာ။ မောင်ရင့်မိတ်ဟောင်း ဆွေဟောင်း ဝါသနာတူတွေ၊ နောက်ထပ်မိတ်တွေထပ်ရှာပြီး ဘာသင်တန်း၊ ညာသင်တန်းဖွင့်ဖို့ ကြော်ငြာများများသုံး ဒီဘက်မှာ မောင်ရင်ကျွမ်းပြီးသားပါ။ ပြီးတော့ ကိုယ်ရပ်တည်တဲ့လုပ်ငန်းပိုင်းမှာ သူများတွေမလုပ်နိုင်တဲ့ လုပ်ရပ်တွေ လုပ်ပြရမယ်ကွ။ ဘာတွေလုပ်ရမလဲဆရာကြီးရယ်။ ဒီလောကမှာ နာမည်ရနေတဲ့ ဆရာ့ဆရာကြီးတွေနဲ့ပေါင်းပြီး လုပ်စားရမယ့်အကွက်ပဲ။ ဆရာကြီးတွေကအကပ်ခံပါ့မလား။ ဒီနည်းကဖြစ်ပါ့မလားဆရာရယ်။ ဖြစ်ပါ့ မလား ဖြစ်ပါ့မလားနဲ့ မောင်ရင် (၆)ပွဲ နွှဲခဲ့ပြီးပြီမဟုတ်လား။
ဆရာကြီးတွေက ရိုးရိုးသား သားကြီးတွေကွ။ မောင်
ရိ လုပ်စမ်းပါ။ ဖြစ်ပါတယ်။ ဥပမာ - ပညာရပ် ဆိုင်ရာဟောပြောပွဲတွေလုပ် အဲဒီပွဲမှာမောင်ရင်ခွကျော်ရိုက်စားလုပ်ထားတဲ့ စာအုပ်စာတန်းတွေ ရောင်းစား ရတဲ့ပွဲလေးတစ်ခုဖြစ်သွားမှာပေါ့။ဖြစ်ပါတယ်ကွာ။
ဆရာကြီးတွေ နာမည်ပါနေမှတော့ သူတို့တပည့်တွေ၊ သူတို့ ပရိတ်သတ် တွေက ပညာကိုမြတ်နိုးလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ ဝယ်ယူအားပေးကြမှာပဲ မဟုတ်လား။ ဟုတ်ပြီဆရာကြီး ကျွန်တော်လည်း တစ်ခါတစ်လေစိတ်ကူးမိပေမယ့် အကောင်အထည်ဖော်ဖို့ခက်ခဲနေတာ ဆရာကြီးအကြံပေးမှတော့ တိုက်ဆိုင်တယ် ပဲပြောရမှာပေါ့။ ကျွန်တော်လုပ်ပါ့မယ်ဆရာကြီး။
နောက်တစ်ခုမောင်ရင့်ကို သတိပေးချင်တာကတော့ ငွေကြေးကိစ္စပဲ။ မောင်ရင်ရောက်လေရာမှာ ငွေကြေးကိစ္စနဲ့ လွတ်လွတ်ကင်းကင်းရှိတယ်လို့ မကြားရသလောက်ပဲ။ လုပ်ငန်းတစ်ခုရဲ့ နေရာ အနေအထားက တကယ်တော့ ဘောင်ကျဉ်းတယ်ကွ။ တော်ကြာမောင်ရင် ခြေချစရာမရှိဘဲဖြစ်နေဦးမယ်။ အဲဒါ တစ်ချက်တော့နည်းနည်းဂရုစိုက်ကွာ။
အဲဒီ တစ်ခုက ကျွန်တော့်အတွက်တော်တော်လေးခက်နေပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်ဆရာကြီးရယ်။ နောက်ဆုံးတစ်ချက်က သူများ ငွေကြေးယူသုံးပြီး ပြန်မပေးဘဲ တိုင်ချင်ရာတိုင်မပေးဘူး။ ဘယ်သူ့ဂရုစိုက်ရ မှာလည်းဆိုတဲ့ အပြောမျိုး မပြောမိလိုက်ဖို့ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခုခေတ်က တိုးတက်နေတဲ့ခေတ်၊ မောင်ရင်လည်းသိမှာပါ။ မောင်ရင်ပြောတာဆိုတာတွေ အသံဖမ်းသွားပြီး ပတ်ဝန်းကျင်ကိုဖြန့်လိုက်ရင်တော့ မောင်ရင်ဒီလောကမှ ပြေးဖို့သာပြင်ထားပေတော့။ အဲဒီလိုမျိုးသက်သေပါသွားရင်တော့ ------
ရိုးသားစွာရပ်တည်နေထိုင်ကြကုန်သော ဆရာကြီးများနှင့်ရိုးသားစွာ
ကြိုးစားနေကြသော ဆရာအပေါင်းတို့အား -----
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)
ခေတ်အမြင်နဲ့ ဗေဒင်အကောင်းဆုံးနေ့နံ အရေအတွက်၊ ယတြာ
မောင်ရာဇာရေ --- မောင်ရင် မမေးခင်ဆရာကပဲဦးဆောင်ပြောသွား ပါ့မယ်။ မောင်ရင်တို့ ရောက်လာတာနဲ့ သိချင်တာတွေမေးမေးနေတာပဲ ပြန်ဖြေ နေရတော့ ဆရာပြောချင်တာတွေပြောခွင့်မရဖြစ်နေတယ်။ ဒီနေ့တော့ ဆရာပြော တာတွေကို နားထောင်ကြပေတော့။
ကျွန်ုပ်သည် တပည့်များလာရောက် မေးမြန်းတာတွေချည်းဖြေနေရ တော့ ကိုယ်ပြောပြထားချင်တာတွေ မပြောဖြစ်ဘူး ဖြစ်နေလို့ တပည့်ဖြစ်သူ မောင်ရာဇာကို ကြိုတင်ပြောထားရ၏။ ဟုတ်ကဲ့ပြောပါဆရာ။ ဆရာပြောတယ်ဆို ကတည်းက ဗေဒင်ပညာနဲ့ ပတ်ဝန်းကျင်အကျိုးပြု၊ မပြု ဆက်စပ်နေတာတွေပဲ ပြောတာများပါတယ်။
အခုလည်းဗေဒင်နဲ့ပတ်သက်တဲ့အကြောင်းပါပဲ။
ဒါပေမယ့် ယတြာအကြောင်းပြောပြချင်လို့ပါ။ ယတြာဆိုလို့မေးရဦးမယ် ဆရာ။ ဘာများလည်း မောင်ရာဇာရယ်။ ဒီနေ့ ဆရာပြောတာနားထောင်ပါလို့ ပြောထားတာတောင်မှ ကဲ မေးပါဗျာ။
မောင်ရာဇာတစ်ယောက် အားနာပြုံးပြုံးရင်း ယတြာနဲ့ပတ်သက်လို့ ပန်း၊ အရွက်၊ အခက်အလက်၊ အညွန့်တွေနဲ့ ယတြာပေးတဲ့အခါ အရေအတွက် မတူတာ ဘာကြောင့်လည်း ဆရာ။ ဘယ်လိုအရေအတွက်မတူတာကို ပြောတာလည်းမောင်ရာဇာရဲ့။ တနင်္လာနံ ကံကော်ပန်းကို ကံ့ကော် (၁)ညွန့်၊ ကံ့ကော် (၂)ညွန့်၊ ကံ့ကော် (၃)ညွန့်၊ ကံ့ကော် (၄)ညွန့်၊ ကံ့ကော် (၅)ညွန့်၊ ကံ့ကော် (၆)ညွန့်၊ ကံ့ကော် (၇) ညွန့်၊ ကံ့ကော် (၈) ညွန့်၊ ကံ့ကော် (၉) ညွန့်၊ ကံ့ကော် (၁၀) ညွန့်၊ ကံ့ကော် (၁၁) ညွန့်၊ ကံ့ကော် (၁၂) ညွန့်၊ ကံ့ကော် (၁၅) ညွန့်၊ ကံ့ကော် - ၆၊ ၁၅၊ ၈၊ ၁၇၊ ၁၀၊ ၁၉၊ ၁၂၊ ၂၁ ညွန့် စသည်ဖြင့် ယတြာ ပေးနေတာ ဘယ်ဟာအမှန်ဖြစ်မလဲဆရာ။
မောင်ရာဇာမေးတဲ့ မေးခွန်းဒီတစ်ခွန်းတော့ သဘောကျတယ်ဟေ့။ လူတွေဟာ သူများပြောတာ ယုံလွယ်တယ်။ ပြောသံကြားတာနဲ့ ဟုတ်မှာပါပဲ၊ ဟုတ်မှာပေါ့လေ ဆိုတာနဲ့ပဲ ပြီးသွားတာပဲ။ ဘာကြောင့်လည်းဆိုတာ မစဉ်းစား ကြတော့ဘူး။ ဟုတ်တယ်ဆရာ ကျွန်တော်ဗေဒင်ကျမ်း လက်ရိုးလက်ဆန်း တော်တော်များများဖတ်ဖူးပေမယ့် ယတြာနဲ့ပတ်သက်လို့ ပန်းအညွန့်၊ အခက် အရွက်အလက် အရေအတွက်အကြောင်း သေသေချာချာ မတွေ့မိဘူး။
ကျွန်တော်မတွေ့သေးလို့လားဆိုတာတော့ မပြောတတ်ဘူး။ မတွေ့မိ သေးတာတော့အမှန်ပဲ။ မောင်ရာဇာအပြောကြောင့် ကျွန်တော်ပြုံးလိုက်မိသည်ကို မောင်ရာဇာတစ်ယောက်မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ဆရာက ဘာကို သဘောတွေ့လို့ ပြုံးတာလဲဆရာ။ မောင်ရာဇာတွေးတတ်လာတာ ဥာဏ်ကစား လာတာသဘောကျလို့ပါ။
နေ့နံ(၇)နေ့နံလုံး ရောမှတ်ထားပေါ့ကွာ။ မူရင်းဖြစ်နိုင်ချေရှိတာက ဂြိုလ်သက်အရယူတာရယ် ၊ နေ့နံကိုကောက်ယူတာ။ တနင်္ဂနွေဆိုရင်ဂြိုလ်သက် အရ (၆)၊ နေ့နံအရ (၁)ခု၊ တနင်္လာဆိုရင် ဂြိုလ်သက်အရ (၁၅)၊ နေ့နံအရ (၂)ခု၊ အင်္ဂါဆိုရင် ဂြိုလ်သက်အရ (၈)၊ နေ့နံအရ (၃)ခု၊ ဗုဒ္ဓဟူးဆိုရင် ဂြိုလ်သက်အရ (၁၇)၊ နေ့နံအရ (၄)ခု၊ ကြာသပတေးဆိုရင် ဂြိုလ်သက်အရ (၁၉)၊ နေ့နံအရ (၅)ခု၊ သောကြာဆိုရင် ဂြိုလ်သက်အရ (၂၁)၊ နေ့နံအရ (၆)ခု၊ စနေဆိုရင်ဂြိုလ်သက်အရ (၁၀)၊ နေ့နံအရ (၇)ခု။
အဲဒီလို (၂)မျိုး (၂)စားကို အသုံးများတယ်။တနင်္ဂနွေသားဖြစ်လို့ (၆)ခု၊ (၁)ခုပေးသလို၊ တနင်္ဂနွေဒေါင့်နဲ့ပတ်သက်လို့လည်း (၆)၊ (၁)ကိုသုံးတတ်ကြ ပါတယ်။ တနင်္လာသားဖြစ်လို့ (၁၅)၊(၂)ကို အသုံးပြုသလို တနင်္လာဒေါင့်နဲ့ ပတ်သက်လို့လည်း (၁၅)၊ (၂)ကို အသုံးပြုတတ်ကြပါတယ်။
အင်္ဂါသားဖြစ်လို့ (၈) ၊ (၃)ကို သုံးတတ်ကြသလို၊ အင်္ဂါဒေါင့်နဲ့ ပတ်သက် လို့လည်း (၈)၊(၃)ကို သုံးတတ်ကြပြန်ပါတယ်။ ဗုဒ္ဓဟူးသားဖြစ်လို့ (၁၇)(၄)ကို သုံးတတ်ကြသလို ဗုဒ္ဓဟူးဒေါင့်နဲ့ပတ်သက်လို့လည်း (၁၇)၊(၄)ကို သုံးတတ်ကြ သလို၊ ကြာသပတေးသားဖြစ်လို့ (၁၉)၊(၅)ကိုသုံးတတ်ကြသလို၊ ကြာသပတေး ဒေါင့်ဖြစ်လို့လည်း (၁၉)(၅)ကို သုံးတတ်ကြပါတယ်။
သောကြာသားဖြစ်လို့ (၂၁)(၆)ကို သုံးတတ်ကြသလို၊ သောကြာဒေါင့် ဖြစ်လို့လည်း (၂၁)၊(၆)ကိုလည်း သုံးတတ်ကြပါတယ်။ စနေသားဖြစ်လို့ (၁၀)(၇) ကို သုံးတတ်ကြသလို၊ စနေဒေါင့်ဖြစ်လို့လည်း (၁၀)(၇)ကို သုံးတတ်ကြပါတယ်။ ရာဟုသားသမီး ရာဟုဒေါင့်မပါတော့ဘူးလားဆရာ။ ရာဟုသားသမီးနဲ့ ရာဟုဒေါင့် မပါတာက လောကဓံက ဘုရားဟောဖြစ်နေတာရယ်၊
ကမ္ဘာသုံးပြက္ခဒိန်တွေမှာ နေ့ (၇)နေ့ပဲပါလာလို့ပဲ။ ဘုရားဟောတာ တွေကလည်း နေ့ (၇) နေ့ပဲရှိတာတွေ့ရတယ်။ ရာဟုဆိုတာ ဒေါင့် (၈) ဒေါင့်၊ အရပ် (၈)မျက်နှာကိုခေါ်တာပါ။ ကျန်တဲ့ ၉၊ ၁၀၊ ၁၁၊ ၁၂ စသည့်အသုံးတွေက ဘာအတွက်သုံးကြတာလည်းဆရာ။ (၉)ကိုသုံးတာက နဝင်းကိုက်ဆိုပြီး သုံးကြ တာများပါတယ်။ (၁၀)ကိုတော့ ဆယ်မိအောင်ဆိုပြီးသုံးသလို။ (၁၁)ကိုတော့ (၁၁)မီးငြိမ်းအောင်သုံးတယ်လို့ ဆိုကြပြန်တာပဲ။
နေ့(၇)နေ့ရယ်ကျန်တဲ့ မိမိတို့လိုအပ်တာတွေနဲ့ ပေါင်းစပ်ပြီးသုံးလိုက် တော့ အမျိုးအမည်ပေါင်းများစွာဖြစ်လာတော့တာပါပဲ။ ကျွန်တော်သိချင်တာက ဘယ်ဟာအမှန်လည်းဆိုတာ သိချင်တာဆရာရဲ့။ ပြောလေ ဆိုးလေ ဖြစ်နေပြန် ပါပြီ။ ဘယ်ဟာမှအမှန်မဟုတ်ဘူး။ လိုအပ်ရင် လိုအပ်သလို သုံးနေကြတဲ့အတွက် သူ့နေရာနဲ့သူမှန်နေတာပဲလို့ ဖြေရမှာပါ။ ပြောလက်စနဲ့ ဆက်ပြောပါဦးဆရာ။
နောက်တစ်ချက်က အညွန့်၊ အခက်အရွက်၊ အလက်နဲ့ပတ်သက်တဲ့ နေ့နံတွေကောက်ယူတဲ့နေရာမှာ တွေ့ရပြန်ရော။ ဘာတွေများတွေ့လာရပြန်တာ လည်းဆရာ။ ဒီလိုမောင်ရာဇာရဲ့ တနင်္ဂနွေနံကို အုန်း ၊ ဥ ၊ အင် တို့ တနင်္လာနံကို ကံ့ကော်၊ ငွေပန်း၊ ကုက္ကိုလ်၊ အင်္ဂါနံကို ဇီး၊ ဇော်စိမ်း၊ ညောင်၊ဇွန်ပန်း။ ဗုဒ္ဓဟူးနံကို ရွက်လှ၊ လင်းလွန်၊ ရဲယို၊ ဝါး။ ကြာသပတေးနံကို မေမြို့၊ ပျဉ်းမ၊ ပေါက်သား။သောကြာနံကို သီဟိုဋ်၊ သီးသား၊ သံသတ်။ စနေနံကို ထိန်၊ ထန်း၊ ထနောင်း၊ ဓနိ၊ ဒေါန၊ နာနတ် စသည်တို့ကို သုံးတဲ့အခါမှာလည်း ပညတ်ကောင်းတာကို အသုံးများကြပါတယ်။
ဥပမာ - တနင်္ဂနွေကတော့ အုန်းကိုပဲ အသုံးများပါတယ်။ တနင်္လာ ကြပြန်တော့ ကံ့ကော်၊ ငွေပန်းကိုပဲ အသုံးပြုကြတာများပါတယ်။ အင်္ဂါနံကြတော့ ဇီး + ဇော်စိမ်း (၂)မျိုးကို သုံးတာများပါတယ်။ ဗုဒ္ဓဟူးနံကြတော့ လင်းလွန်း + ရွက်လှကို အသုံးများပါတယ်။ ကြာသပတေးနံကြပြန်တော့ မေမြို့၊ ပျဉ်းမ၊ ပိန်းပန်း၊ ပေါက်သား။ သောကြာနံကို သီဟိုဋ်၊ သီးသား၊ သံသတ်။ စနေနံကို - ထိန်၊ ထန်း၊ ထနောင်း၊ ဓနိ၊ ဒေါန၊ နာနတ် စသည်တို့ကို သုံးတဲ့အခါ မှာလည်း ပညတ်ကောင်းတာကို အသုံးများကြပါတယ်။
ဥပမာ - တနင်္ဂနွေကတော့ အုန်းကိုပဲအသုံးများပါတယ်။ တနင်္လာကြ ပြန်တော့ ကံကော်၊ ငွေပန်းကိုပဲ အသုံးပြုကြတာများပါတယ်။ အင်္ဂါနံကြတော့ ဇီး၊ ဇော်စိမ်း (၂)မျိုးကို သုံးတာများပါတယ်။ ဗုဒ္ဓဟူးနံကြတော့ လင်းလွန်း၊ ရွက်လှကို အသုံးများပါတယ်။ ကြာသပတေးနံကြပြန်တော့ မေမြို့ပန်း၊ ပျဉ်းမ၊ ပေါက်သားကို အသုံးများပါတယ်။ သောကြာနံကို - သီဟိုဠ်၊ သီးသား၊ သံသတ်။ စနေနံကိုတော့ ထန်းကိုအသုံးများပြီး တစ်ခါတစ်လေထိန်သားကို သုံးကြတာများ ပါတယ်။ စုံသလောက်ရှိနေပါပြီ။ တခြားဘာတွေများရှိနေသေးလဲဆရာ။ ပြောမယ်ဆိုရင်တော့ အများသား ဆရာမသုံးတာ၊ ဆရာ မသိတာတွေ အများကြီး ရှိနေဦးမှာပဲ။
နှစ်ရှည်ပင်၊ ပင်ကြီးမျိုး၊ ပင်သေးမျိုး၊ အသီး၊ အရည်၊ အရွက်၊ အမြစ်၊ ပင်စည်၊ အပွင့်ဆိုပြီး နည်းပေါင်းမြောက်များစွာရှိနေသေးတယ်။ ကျွန်တော် ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေလိမ့်မယ်မထင်ခဲ့ဘူး။ ဒါကမောင်ရာဇာကို ပြောတာက ပစ္စည်းအကြောင်းပဲ ရှိသေးတယ်။ ပစ္စည်းအကြောင်းပဲ ရှိသေးတယ် ဆိုတော့ ဘာအကြောင်းတွေများ ရှိနေသေးလဲဆရာ။
မိမိပြုလုပ်ရမယ့် အကြောင်းအရာပေါ်မူတည်ပြီး နေ့၊ အချိန်၊ နေရာ၊ အရပ်ဒေသ စသည်ဖြင့် များစွာလိုအပ်နေသေးတယ်။ အားလုံးပြီးပြည့်စုံ တာနဲ့ နောက်ဆုံးချုပ်လိုက်တာကတော့ ကာယကံရှင်ရဲ့ကံ၊ ဆရာလုပ်သူရဲ့ ကံ၊ သီလ၊ သမာဓိ၊ သစ္စာပဲ။ ဆရာရယ် ဒီလောက်များပြားတဲ့နည်းစနစ်တွေအားလုံး တိကျမှန်ကန်ဖို့ဆိုတာ လွယ်ပါ့မလား။
ကျွန်ုပ်လည်းဘာမှပြန်မပြောဘဲ ခေတ္တငြိမ်နေရာမှ မောင်ရာဇာရေ -
ဆရာဝိဇ္ဇာလမ်းစဉ်က ပြန်လည်ထွက်ခွာလာခဲ့တာလည်း အဲဒီလိုဖြစ်နိုင် ချေနည်းပါးလာတဲ့ နည်းစနစ်တွေနောက်မလိုက်ဘဲ ထွက်လာတာ။ ဒီနေ့ဗေဒင် လောကမှာလည်း ဒီလိုပဲနည်းစနစ်တွေ အမှန်အကန် ရှိနေပေမယ့် ဖြစ်နိုင်ချေ မရှိတဲ့ လုပ်ရပ်တွေ တွေ့လာရပြန်ပြီဆိုတော့ မကြာမီ ပြန်လည်ထွက်ခွာရ မလိုဖြစ်နေပြီ။ ဗေဒင်ပညာဟာ သင်ကြားတတ်မြောက်ပြီး ဟောပြောတိုင်း မှန်ကောင်းမှန်နိုင်ပေမယ့် ယတြာပိုင်းမှာကြတော့ ဒီလိုမဟုတ်ဘူး။လုပ်တိုင်း မဖြစ်တော့ဘူး။
ဒါတွေကို ဆရာလုပ်တဲ့သူတွေက အဖြေရှာရမှာ ဘာဖြစ်လို့လုပ်တိုင်း မဖြစ်တာလဲ။ ဒီအကြောင်းအရာကို ဆရာ့အနေနဲ့ ဘယ်လိုယူဆထားလဲဆရာ။ နောက်ဆုံးတော့ ဆရာ့ဆီပဲရောက်လာတော့တာပဲ။ထားပါတော့လေ။ဆရာ့အမြင် ကိုပြောမှာပါ။
ကိုင်တွယ်တဲ့ပညာရပ်၊ လုပ်ကိုင်ပေးတဲ့ဆရာရဲ့ လုပ်ကိုင်တဲ့နည်းစနစ်၊ လုပ်ကိုင်ပေးတဲ့ဆရာရဲ့ အကျင့်၊ သီလ၊ သမာဓိ၊ သစ္စာ လာမေးသူရဲ့ကံနဲ့လည်း ဆိုင်နေတယ်။ အဓိက ကံကချုပ်ထားပြီးသားဆိုတာ ဆရာမကြာခဏ ပြောထားဖူးပါတယ်။ ကံကချုပ်ပြီးသားဆိုတာဟုတ်မယ်ဆရာ။ ဘာတွေနဲ့များ ထောက်ခံချက်ပေးအုံးမလို့လဲ။ နာမည်ကြီးလှပါတယ်ဆိုတဲ့ နေရာတွေမှာ တွေ့ကြုံလာခဲ့ရတဲ့အကြောင်းအရာတွေပါ။ တစ်ခုခုလုပ်ပေးလိုက်လို့ မအောင်မြင် ဆိုရင် မင်းအမြင်ပဲ ဆရာလုပ်ပေးတာ တော်တော်များများ အောင်မြင်နေတာပဲ၊ အခုမောင်ရင့်ကိစ္စမှာ ဘယ်လိုဖြစ်တယ်မသိဘူး မောင်ရင့် ကံပဲပေါ့လေ ဆိုတဲ့ စကားတွေကို ပြန်ကြားနေမိလို့ ဆရာပြောတဲ့လူတွေရဲ့ ဘဝကို ကံကချုပ်ပြီးသား ဆိုတာကို လူတွေဟာကိုယ့်ဟာနဲ့ကိုယ် ပြောလို့ပြောမိလိုက်မှန်းတောင် မသိလိုက် ကြဘူးဖြစ်နေတယ်။
ကျွန်တော်တို့တတွေတော့ ဆရာနဲ့အနေများပြီး အလေ့အကျင့် ဖြစ်နေလို့ ပြောလိုက်တာနဲ့ သူဘာကိုဆိုလိုတယ်ဆိုတာ------ ကဲမောင်ရာဇာရေ စကား ပြောလို့လည်းကောင်းပါတယ်။ ကျန်တဲ့အကြောင်းအရာတွေကို နောက်မှဆက် ပြောကြတာပေါ့။ ဒီနေ့တော့ ----
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)
ဗုဒ္ဓတိုင် (သို့မဟုတ်) လူတိုင်
]]မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်း အခမဲ့ပညာဒါနသင်တန်းမှာ ဆရာသင်ပြပေးခဲ့တဲ့ ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်အကြောင်း ဆရာသင်တာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြားလိုက်ရတယ်။ ကျွန်တော်လည်းအလုပ်ကိစ္စအရေးကြီးတာ ကြောင့် ပြန်လာခဲ့ရတာနဲ့ ပြီးအောင်နားမထောင်လိုက်ရဘူး။အဲဒီလူတိုင် အကြောင်း ကျွန်တော့်ကိုပြန်ရှင်းပြပါလားဆရာ}} ဟု ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်းပြည့်ဘုရားကြီးရဲ့ အရှေ့ဘက်မုခ် ဆိုင်ခန်းအမှတ်(ခ)ရှိ ကျွန်တော်၏ လောကဓံဗေဒင်ဟောခန်းအတွင်း ဝင်ရောက်လာရင်းမေးမြန်းလာ သူကား သင်တန်းသားတပည့်ဖြစ်သူ မောင်အောင်ကျော်ဝင်းပင်တည်း။ ကျွန်တော်လည်း ရေးလက်စပညာဒါနသင်တန်းအတွက် သင်ရိုးညွှန်းတမ်းများကို အသာချထားလိုက်ရင်းကနေ -
]]ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်အကြောင်း မကြာမကြာပြောဖြစ်ပါတယ်။ မောင်ရင်နဲ့မကြုံလို့နေမှာပါ}} ဟု ပြောလိုက်လျှင် အောင်ကျော်ဝင်းက ဟောခန်း အတွင်း ကျွန်တော့်ရှေ့ကခုံမှာ ဝင်ထိုက်ခိုင်းလိုက်ရင်း -
]]ကျွန်တော်တော့ တစ်ခါမှ မကြားရသေးဘူးဆရာ}} ဟု ပြောကာ မှတ်စု စာအုပ်ကို ထုတ်ရင်းရေးမှတ်ရန်ပြင်နေသဖြင့် ကျွန်တော်က -
]]ကဲ ဒါဖြင့် ဗုဒ္ဓတိုင်ထူကြည့်လိုက်ရအောင်}} လို့ပြောရင်း အောက်ပါ အတိုင်း ဗုဒ္ဓတိုင်ထူပြလိုက်ရပေတော့သည်။
အောင်မြင်မှု ၁ အိုးအိမ်၊ အိမ်ထောင်၊အုပ်စု၊ အဖွဲ့အစည်း
စီးပွား ၅ ပညာအတွေးအခေါ်
စုတ် ၂ ငွေ၊ အြွကား
______
မူလ ၄ လူမှုအပေါင်းအသင်း
______
နာ ဝ ထင်ပေါ်၊လောဘ၊မာန
ခိုက် ၃ မိတ်
ထွက်၊ပျက် ၆ ခရီးစကား၊ သွားလာလှုပ်ရှား
အင်္ဂဝိဇ္ဇာအခေါ်ဗုဒ္ဓတိုင်ဂြိုလ်ပရိယာယ်များ - ]]အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး (၃) ကြိုးဖြစ်တဲ့ -
(၁) ပင်းယကြိုးကိုကြည့်ရင် စတုရန်းစနေနဲ့ ပဉ္စပွတ်တနင်္ဂနွေကိုကြည့်ရင် အကြောင်းကြောင့် အကျိုးဖြစ်တာတွေ့ရမယ်။ သဘောတရားကတော့ စနေဆိုတဲ့ ထင်ပေါ်၊ လောဘနဲ့ မာနတွေက နာ နေရာမှာရှိနေတယ်။ ဒီတော့ မမှန်ကန်တဲ့ ထင်ပေါ်လိုမှုတွေ၊ မမှန်ကန်တဲ့လောဘတွေ၊ မမှန်ကန်တဲ့မာနတွေထားမိရင် အပေါ်က တနင်္ဂနွေဂြိုလ်ရဲ့အောင်မြင်မှုကို ထိခိုက်မိပြီး အုပ်စုကလက်မခံတဲ့ သဘော၊ အုပ်စုမှာ မအောင်မြင်တဲ့သဘော၊ အိုးအိမ်မတည်မြဲတာတွေ၊ ပြောင်းရွှေ့ရတာတွေ၊ အိမ်ထောင်ဖက်နဲ့ အဆင်မပြေတာတွေ ဖြစ်လာမယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ နာ နေရာက စနေဖြစ်တဲ့ ထင်ပေါ်မှုတွေ၊ လောဘတွေ၊ မာနတွေကို မှန်ကန်မှုရှိအောင် ပြုပြင်နေထိုင်ပေးတဲ့ အကြောင်းတရားကြောင့် အောင်မြင်မှုနေရာက တနင်္ဂနွေက အကျိုးတရား ဖြစ်လာပြီး အုပ်စုမှာ အောင်မြင်လာမယ်}} ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်း က - ]]ဒါဆိုရင် နာ နေရာက စနေနံက အကြောင်းတရားဖြစ်ပြီး အောင်မြင် မှုနေရာက တနင်္ဂနွေက အကျိုးတရားပေါ့နော် ဆရာ။ (နာ)ကိုကောင်းအောင် ပြုပြင်နေထိုင်ရင် အောင်မြင်မှုအကျိုးကိုခံစားရမှာလို့ ဆိုလိုတာလားဆရာ}}ဟု ပြောလာသဖြင့် ကျွန်တော်က - ]]ဟုတ်လိုက်လေ အောင်ကျော်ဝင်းရေ ။ နောက် ဆက်ပြောပြမှာက အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး (၃)ကြိုးထဲက ဒုတိယကြိုးဖြစ်တဲ့
(၂) သာစည်ကြိုးကို ကြည့်ရင် တြိရန်းသောကြာနဲ့ ဆပွတ်တနင်္လာကို ကြည့်ရင် သောကြာဆိုတဲ့ ခရီး၊ စကားနဲ့ သွားလာလှုပ်ရှားတွေက ထွက်၊ ပျက် နေရာမှာရှိနေတယ်။ ဒီတော့အကျိုးမရှိတဲ့ခရီးသွားတာတွေ၊ အကျိုးမရှိတဲ့ စကားမျိုးပြောတာတွေ၊ အကျိုးမရှိတဲ့သွားလာလှုပ်ရှားမှုတွေ လုပ်မိရင် အပေါ်တနင်္လာဂြိုလ်ရဲ့
ပရိယာယ်ကြောင့် ငွေကြေးအဆင်မပြေဖြစ်လာမယ်။ အြွကားပို တယ်ဆိုပြီး လူမုန်းများမယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ ထွက် ၊ ပျက် နေရာက သောကြာ ဖြစ်တဲ့ မှန်မှန်ကန်က န်ပြော ဆိုလုပ်ကိုင် နေထိုင်သွားလာမယ်ဆိုရင် ငွေကြေးရှာ ဖွေရလွယ်လာမယ်။ အကူအညီအထောက်အပံ့ပေး မယ့် သူတွေ ပေါများလာမယ်။ ဒါကြောင့် စုတ်၊ လာဘ်တွေ ဝင်လာမယ်}} ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်း က ]]ဒါဆိုရင် ထွက်၊ ပျက်၊ နေရာက သောကြာက အကြောင်းတ ရားဖြစ်ပြီး စုတ်နေရာက တနင်္လာက အကျိုးတရားပေါ့နော် ဆရာ။ (ထွက်၊ ပျက်) ကို ကောင်းအော င်ပြုပြ င်ေ နထိုင်ရင် စုတ်လာဘ်ဝင်တဲ့အကျိုးကို ခံစားရမှာလို့ ဆိုလိုတာလားဆရာ}} ဟု ပြောလာသဖြင့် ကျွန်တော်က -]ဟုတ်လိုက်လေ}} အောင်ကျော်ဝင်းရေ။
နောက်ဆက်ပြောပြမှာက အင်္ဂဝိဇ္ဇာပညာရပ်အရ ကြိုး(၃)ကြိုးထဲက နောက်ဆုံးကြိုးဖြစ်တဲ့ - (၃) အမြစ်အညွန့်ကြိုးကိုကြည့်ရင် စိုက်အင်္ဂါနဲ့ စီးပွားကြာသပတေးကိုကြည့်ရင် အင်္ဂါဆိုတဲ့ စိတ်က စိုက်နေရာမှာရှိတယ်။ ဒီတော့စိတ် စိုက် နေတဲ့သဘောအရ စိတ်ကောင်းမထားဘဲ စိတ်ထားညံ့နေရင်အပေါ်က ကြာသပတေးဂြိုလ်ရဲ့ ပရိယာယ်ကြောင့် အတွေးအခေါ်တွေ မမှန်ကန်နိုင်တော့ပဲ ဖြစ်မယ်။ ပညာကောင်းတွေ မရနိုင်ဘူးလို့ ဆိုလိုတယ်။
ဒါကြောင့် ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်မှာ ခိုက်နေရာက အင်္ဂါဖြစ်တဲ့စိတ်ထား ကောင်းကောင်းထားမယ်ဆိုရင် ပညာကောင်းတွေရလာမယ်။ အတွေးအခေါ်ကောင်း တွေရလာပြီး စီးပွားနေရာက ကြာသပတေးဂြိုလ်အားကောင်းလာပြီး အောင်မြင်လာ ကာ စီးပွားဥစ္စာတွေရလာပါလိမ့်မယ် ]] ဟုပြောပြလိုက်လျှင် အောင်ကျော်ဝင်းက
]]ဒါဆိုရင် စိုက်နေရာက အင်္ဂါက အကြောင်းတရားဖြစ်ပြီး စီးပွားနေရာက ကြာသပတေးက အကျိုးတရားပေါ့နော်ဆရာ။ (စိုက်)ကို ကောင်းအောင်ပြုပြင်နေထိုင် ရင် စီးပွားဥစ္စာအောင်မြင်ချမ်း သာပြီလို့ ဆိုလိုတာလားဆရာ}} ဟုပြောလာသဖြင့် ကျွန်တော်က -
]]ဟုတ်တယ်အောင်ကျော်ဝင်းရေ။ အင်္ဂဝိဇ္ဇာပညာရပ်အရ ဗုဒ္ဓတိုင်လို့ခေါ်တဲ့ လူတိုင်ကလူတွေဘယ် လိုနေ ထိုင်ကျင့်ကြံနေထိုင်ရမယ်ဆိုတာကို ပြသနေတယ်လို့ ပြောရင်မလွန်ဘူးကွ}} ဟုပြောလိုက်လျှင် အောင်ကျော်ဝင်းက -
]]အင်္ဂဝိဇ္ဇာပညာရပ်က အရမ်းကျယ်ပြန့်ပြီး နက်ရှိုင်းလွန်းတယ်နော်ဆရာ။ လူ့ဘဝရဲ့ နေပုံနေနည်း ကိုပါ ညွှန်ပြပေးနေတယ်။ ဒါကြောင့်လူတိုင်းသိထားသင့်တယ်။ ဆရာတို့ကလည်းဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကနေမပြတ်တင်ပြပေးသင့်တယ်}}ဟု ပြောရင်း သက်ပြင်တချချဖြစ်နေသဖြင့် ကျွန်တော်က ]]အနှစ်ချုပ်အဖြစ်သိမှတ်ထား သင့်တာက - လူတစ်ယောက်ဟာ - (၁) ထင်ပေါ်မှု (စနေ)မှန် ကန်နေရင် အကျယ်ချဲ့ပြောရရင် မှန်မှန်ကန်ကန် ကြိုးစားပြီးထင်ပေါ်လာရင် အောင်မြင်မှုရလာမယ်။ မိသားစု၊ အိမ်ထောင်စု၊ အုပ်စုမှာ ကိုယ်ပြောသမျှအောင်မြင်မယ်။
(၂) ခရီး၊ စကား၊သွားလာလှုပ်ရှားမှု (သောကြာ)ကောင်းမွန်နေရင် အကျယ်ချဲ့ ပြောရရင် အကျိုးရှိအောင် သွားလာပြေဆိုနေထိုင်မယ်ဆိုရင် ငွေကြေးတွေ၊စုတ်တွေ၊လာဘ်လာဘတွေဝင်လာမယ်။ ငွေကြေးရှာရှာဖွေရလွယ်ကူလာမယ်။
(၃)စိတ်(အင်္ဂါ)ကောင်းကောင်းထားရင်အကျယ်ချဲ့ပြောရရင်စိတ်ထား ကောင်းကောင်းထားပြီးလုပ်ကိုင်နေ ထိုင်ပြောဆိုရင် စီးပွားဥစ္စာတွေဝင်လာရမယ်။ လူတစ်ယောက်ဟာ စိတ်ကောင်းထားရင် ချမ်းသာမယ်ဆိုတဲ့ သဘောပဲ}}ဟု ပြောပြလိုက်လျှင် အောင်ကျော်ဝင်းတစ်ယောက် ဝမ်းသာအားရဖြင့် -
ဆရာပြောမှပဲ ဗေဒင်ပညာရပ်ဟာ လူတစ်ယောက်အောင်မြင်ကြီးပွား ချမ်းသာအောင် လမ်းညွှန်ပေးနိုင် တဲ့ ပညာရပ်ဖြစ်ကြောင်းတွေ့ရပြီး အရမ်းကိုလေးစား လာတယ်ဆရာ။ ဒါကြောင့်လူတွေအားလုံး ဗေဒင်ပညာကိုစနစ်တကျသင်ကြားပြီး အောင်မြင်ချမ်းသာအောင်ကြိုးစားကြပါလို့ တိုက်တွန်းပေးရမယ်ဆရာ}}ဟု ပြောသဖြင့် ကျွန်တော်လည်း မနေသာတော့ဘဲ ]]အောင်ကျော်ဝင်းရာ အဲဒီလိုလူတွေကို အောင်မြင်ကြီးပွားချမ်းသာရာရစေမယ့် ဗေဒင်ပညာရပ်တွေကို မြန်မာနိုင်ငံဗေဒင်ပညာရှင်များ အသင်းက အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ ပညာဒါန(အခမဲ့)သင်တန်းတွေသင်ပေးနေကြောင်းကိုပါ ထည့်ပြောပြလိုက်အုံးလေကွာ}} ဟု ပြောလိုက်လျှင် အောင်ကျော်ဝင်းက ]]စိတ်ချဆရာ၊ မြန်မာနိုင်ငံဗေဒင်ပညာရှင်များအသင်းက စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖွင့်လှစ်သင်ကြားတဲ့ ပညာဒါန(အခမဲ့)သင်တန်းတွေတက်ချင်တယ်ဆိုရင်တနင်္ဂနွေနေ့ကလွဲပြီးနံနက်(၉းဝ၀)နာရီကနေ နေ့လယ်(၃းဝ၀)နာရီ အတွင်းသိမ်ကြီးဈေး(စီရုံ)၊ပထမထပ်၊အမှတ်(၄၉၊၅၀)၊ဓမ္မရောင်ခြည်အနီးမှာရှိတဲ့ မြန်မာနိုင်ငံဗေဒင်ပညာ ရှင်များအသင်းရုံးခန်းကိုဖြစ်စေ၊ဖုန်း၃၇၁၈၀ဝ(လိုင်းခွဲ၃၆၀)ကိုဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်လို့ ပြောပေးလိုက်မယ်ဆရာ}} ဟု ပြောရင်း အားပါတရရယ်မောနေပေတော့သည်။
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏၊ဤမှန်သောသစ္စာစကားကြောင့် ၊ လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)
သက်သတ်လွတ်စားခြင်းဖြင့် ကျန်းမာရေးကို ထိန်းသိမ်းပါ သက်သတ်လွတ်စားခြင်း အကျိုးကျေးဇူးများ
အခါကြီးရက်ကြီးများတွင်အပါအဝင်ဖြစ်သော ဝါတွင်းကာလသည်လည်း မြန်မာလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားတဲ့ဝါတွင်းကာလဖြစ်၏။ သံဃာတော်များဝါတွင်းကာလ၌ ဝိနည်းပညတ်ချက်များနှင့် နေထိုင်ရခြင်းတစ်ရပ် လောကီလူသားများအနေဖြင့် အဓိဌာန်အမျိုးမျိုးဝင်ရောက်ကျင့်ကြံခြင်း၊ ဝါတွင်း (၃)လ သာသနာ့ဘောင်ဝင်ရောက်အားထုတ်ခြင်း၊ ယုတ်စွအဆုံးအရက်သမား များပင် ဝါတွင်း၌ အရက်ကို (၃)လဖြတ်ကြ၏။ ထိုအမျိုးအမည်ပေါင်းများစွာ အနက် သက်သတ်လွတ်စားခြင်း အလေ့အထတစ်ခုလည်း အထူးကဏ္ဍအနေဖြင့် ပါဝင်နေပေသည်။ သက်သတ်လွတ်စားခြင်းကို တစ်ချို့က ဘုရားဟောမဟုတ်ဟူ၍ အားမပေးကြ၊ တစ်ချို့ကလည်း သက်သတ်လွတ်စားရခြင်း၏ ကောင်းကျိုးကို အကိုးအကားများဖြင့် များစွာတင်ပြနေကြ၏။ မိမိတို့ကြိုက်နှစ်သက်ရာ အယူအဆတွေကို မည်သို့ပင်ဆိုစေကာမူ (၁၅)နှစ်တာမျှ သက်သတ်လွတ်စား နေခဲ့သူ ကျွန်ုပ်အနေနှင့် ကျွန်ုပ်နှင့်သက်သတ်လွတ်ကောင်းကျိုး၊ ဆိုးကျိုးကို လက်တွေ့ကျကျတင်ပြလိုပါသည်သက်သတ်လွတ်စားခြင်း၏ အကျိုးကျေးဇူးများ
သည်းခံစိတ်နှင့် မေတ္တာထားနိုင်ခြင်း။ -လူ၊ နတ်၊ ဝိဇ္ဇာ သတ္တဝါတို့ချစ်ခင်ခြင်း။
နတ်၊ သိကြား၊ ဗြဟ္မာ၊ ဝိဇ္ဇာများ စောင့်ရှောက်ခြင်း။ ဂါထာမန္တာန်များ ရွတ်ဆိုရာ၌ အောင်မြင်ပေါက်မြောက် ခရီးရောက်ခြင်း။ àလောကုတ္တရာတရားကျင့်ရာ၌ ကိစ္စနည်း၍ ခြိုးခြံရာကျခြင်း။
áစိတ်ကိုကြည်လင်စေခြင်း၊ ဆီး ဝမ်း လေကို မှန်စေခြင်း။áအကုန်အကျသက်သာစေခြင်း၊ အရိုးမစူးခြင်း။
áအညှီအပုပ်အနံ့သက်သာခြင်း။áသတ္တဝါတို့မှ ရောဂါမကူးခြင်း။áအစားအသောက်၌ စွဲလမ်းမှု နည်းပါးလာခြင်း။
သတ္တဝါတို့အား မေတ္တာထားခြင်းကို လက်တွေ့ပြရာရောက်ခြင်း။
စာဖတ်သူမိတ်ဆွေများအနေဖြင့် ယခု စာပိုဒ်လေးကို ဖတ်ပြီးပြီဖြစ်တဲ့ အတွက်
အကျိုးရှိမည်ထင်လျှင် လက်တွေ့ကျကျ အသုံးပြုကြည့်ကြပါရန် အကြံပြုအပ်ပါသည်။
ငါသိသလို သိကြပါစေဟု ငါ၏ရင်၌ဖြစ်၏
ဤမှန်သောသစ္စာစကားကြောင့် ၊
လောကဓံ (အမြင်သစ်) ဆရာဦးထွန်းရီ (မိုးကောင်းဘုရား)
Subscribe to:
Post Comments (Atom)
ကျေးဇူးပါ..
ReplyDelete