Wednesday, June 25, 2014

မေးတိုင်းသာဟောရမယ်ဆိုရင်ဖြင့်(၁)


                မေးတိုင်းသာဟောရမယ်ဆိုရင်ဖြင့်(၁)

   ]]-ဧည့်သည်ပြန်တာမြန်လှချည်းဆရာ}}
တပည့်ဖြစ်သူမောင်ရာဇာ၏အမေးကို
ချက်ခြင်းပြန်မဖြေနိုင်သေးဘဲ၊ဆေးရွက်
စုံလဘက်ခြောက်ကျကျလေးခပ်ထားသည့်
ရေနွေးကြမ်းခပ်နွေးနွေးလေးကိုအရင်
မော့လိုက်ရလေသည်။
ကျွန်ုပ်၏ဟောခန်းလေးတ
ည်ရှိရာ၊ရန်ကုန်မြို့။ရန်ကင်းမြို့နယ်။မိုးကောင်းဘုရား၊အရှေ့မုခ်၊အမှတ်(ခ) ။(ဓါတုနိယာမနှင့်မဟာဘုတ်၊နဝင်းစီး ဓါတ်ခန်း)လေးအတွင်းမှဗေဒင်မေးရန် ရောက်လာသည့်ဧည့်သည်အခန်းထဲမှ ခဏနေပြီးမမေးဘဲပြန်ထွက်သွားသည်ကိုမြင်သဖြင့်တပည့်ဖြစ်သူမှမေးလိုက်ြ ခြင်းဖြစ်သည်။
]]ထုံးစံအတိုင်းပေါ့မောင်ရင်
ဘာဆိုင်ဖွင့်မယ်။ညာဆိုင်ဖွင့်မယ်ပေါ့}}
]]အဲဒါဘာဖြစ်လည်းဆရာ၊သူ
တို့ဘာဆိုင်ဖွင့်ဖွင့်ကိုယ်နဲ့မဆိုင်ဘူးလေ၊
ကိုယ့်တာဝန်ကသူတို့မေးတာဟောပြော
လမ်းညွှန်ဖို့ဘဲမဟုတ်လား}}
]]မောင်ရင့်ကိုဆရာမကြာခ
ဏပြောဘူးပါတယ်။သူတို့မေးတိုင်းမ
ဟောနိုင်ဘူး}ဆိုတာလေ၊အထူးသဖြင့်
အိမ်တွင်းအုန်းတို့၊ဘာရိုးရာလုပ်ရမှာ
လည်းတို့၊သိုက်တို့ပဌာန်းဆက်တို့မဟော
ဘူး၊လက်တွေ့ဘဝမှာအဆင်ပြေအောင်
ဘယ်လိုနေထိုင်လုပ်ကိုင်ကြမလည်းဆို
တာကိုဘဲလက်တွေ့ကျကျဟောပြောလမ်း
ညွှန်နေတယ်ဆိုတာလေ}}
]]ခုဏကဧည့်သည်တွေကဘာ
အကြောင်းမေးဖို့လာကြတာလည်းဆရာ}}
]]စားသောက်ဆိုင်ဖွင့်မလို့တဲ့}
]]စားသောက်ဆိုင်ဖွင့်မှာမေးတာဆိုရင်
ဘာဖြစ်လို့မဟောလိုက်တာလည်းဆရာ}}
]]အရက်ပါတွဲရောင်းမယ်ဆို
လို့။တခြားနေရာမှာသွားမေးဖို့အေး
အေးဆေးဆေးပြောပြလိုက်တာပါ}}
]]ဆရာဟောပြောလမ်းညွှန်မ
ပေးတဲ့အကြောင်းအရာတွေကိုပြောပြ
ထားပါလားဆရာ}}
]]အေး--ကောင်းသားဘဲ၊
တဖက်သားအနေနဲ့ကြည့်ရင်ကြီးကျယ်
ရာရောက်နေတယ်ထင်နေပါဦးမယ်}}
]]ရပါတယ်ဆရာ၊ကိုယ် လုပ်နိုင်တာကိုယ်ရေးပြတာဘဲလေ}}
]]အရက်ဆိုင်
ဂိမ်းဆိုင်
ကွမ်းယာဆိုင်}}-နဲ့ပတ်သက်ပြီး
အမည်ပေး၊ရက်ရွေး၊လုပ်ငန်းအကြောင်း
ဟောပြောလမ်းညွှန်မှုမလုပ်ပါ။ဆိုလို တာကအများထိခိုက်နိုင်တဲ့လုပ်ငန်းတွေ
လို့ယျေဘူယပြောလို့ရပါတယ်}}။ကိုယ်လုပ်နိုင်တာတွေကိုဟောပြောလမ်းညွှန်မှုမလုပ်
ပေးတာလည်းဆရာ}}
]]ဘာဖြစ်လို့လည်းဆိုတော့အရက်ဆိုင်ဖွင့်မယ့်လူတွေအတွက်စဉ်း
စားကြည့်တယ်၊မနက်(၆)နာရီက ည(၆)နာရီဘဲ(အရက်ဆိုင်)ဖွင့်တယ်ထား။တနေကုန်မှလူအယောက်(၁၀ဝ)ဘဲအ ရက်လာသောက်တယ်ထား၊သူတို့မှာမိသားစု(၅)ယောက်စီဘဲပျမ်းမျှတွက်အုန်းလူ(၅၀ဝ)ရဲ့သောကတွေကိုကြည့်စမ်း၊
ဆိုင်ထဲမှာမူးရူးရန်ဖြစ်မလား၊လမ်းပေါ်မှာစက်ဘီး၊ဆိုက္တား၊ဆိုင်ကယ်
ကား၊တိုက်မလား၊ကားပေါ်မှာဘာတွေဖြစ်နေမလဲ၊အိမ်ရောက်ရင်မိသားစုတွေ
ရန်ဖြစ်စကားများ၊ငိုယိုနေကြမဲ့ဒုက္ခတွေအိပ်ရာထဲမူးရူးထိုးအံနေလိုမိသားစုတွေ
ရဲ့စိတ်ဆင်းရဲမှုတွေကိုကိုယ်ကဖြန့်ဝေပေးလိုက်သလို၊ဆွပေးလိုက်သလိုဖြစ်နေ
တာကိုသိနေတဲ့(ကိုယ်ခြင်းစာ)မိတဲ့ဆရာ့အနေနဲ့ဝင်မပါခြင်လို့ဟောပြောလမ်း
တာမလုပ်တာပါ။သူတို့လုပ်တာမလုပ်တာကိုဘာမှပြောတာမဟုတ်ဘူး၊ဆရာ
ပါဝင်ပတ်သက်ခြင်းမရှိအောင်နေတာကိုဘဲပြောတာပါ။}}
]]ဒါဖြင့်ရင် (ဂိမ်းဆိုင်)ဖွင့်တာကြတော့ဘာဖြစ်လို့လည်းမဟောတာ
လည်းဆရာ}}]]ဂိမ်းဆိုင်ဖွင့်တာ၊ဘာကို ကိုယ်ခြင်းစာစိတ်ထားရမှာလည်းဆရာ}}
]]ဂိမ်းဆိုင်ဖွင့်ရင်ဘယ်အသက်အရွယ်တွေလာကစားကြတာများလဲ}}
]]လူငယ်၊လူလတ်တွေများပါတယ်}}
    ]]အဲဒီမှာမောင်ရင်တွက်ကြည့်လိုက်။ ခလေးတွေဟာတနေကုန် ကျောင်းပြေးရမယ်။ပိုက်ဆံကုန်မယ်။ပိုက်ဆံမရှိရင်၊ရှိတာလေးကုန်သွားရင်ခိုးရဖွက်ရ။လိမ်ရတော့မယ်။-သားသမီး
ခြင်း၊ကိုယ်ခြင်းစာကြည့်ဖို့လိုလာပြီ။
ကိုယ့်သားသမီးတွေဒီလိုကျောင်ပြေး၊ ဂိမ်းကစားနေရင်၊မိဘတစ်ယောက် အနေနဲ့ကိုယ်ဘယ်လိုခံစားရမလည်း၊ လူလတ်ပိုင်းဆိုရင်လည်း၊လောလော ဆယ် အလုပ် အကိုင်ပျက်ပြီ။နောက်ထပ် ကိစ္စများမြောင်လူတို့ဘောင်ဆိုတဲ့အ တိုင်းပြဿနာပေါင်းသောင်းခြောက်ထောင်ဆိုတာကိုအရင်စဉ်းစား။ အဲဒီလို ကိုယ်ခြင်းစာစိတ်လေးပေါ်လာရင်။ဆရာဘာကြောင့်ဒီကိစ္စလက်ရှောင် တယ် ဆိုတာသိလောက်ပြီထင်ပါတယ်}}။]]နောက်တခုကွမ်းယာဆိုင်
ဖွင့်တဲ့ကိစ္စကဘယ်လိုပတ်သက်မှုရှိလို့
လက်ရှောင်နေလိုက်ရတာလည်းဆရာ}}
]]ဒီကွမ်းယာဆိုင်ဖွင့်တဲ့ အကြောင်းလဲထိုနည်း၎င်းဘဲလေ၊လူကို ဘာအထောက်အကူကောင်းကျိုးကိုဖြစ် စေပါသလဲ။ပထမငွေကုန်မယ်။ဒုတိယရောဂါရမယ်လာလောဆယ်ပါးစပ်မှာမြင်မကောင်းအောင် နီရဲပေ
တေပြီးရွံစရာတောင်ကောင်းနေသေးတယ်။
သွားဖုံးတွေ၊လျာတွေ၊လည်ချောင်းတွေရောဂါပေါင်းသောင်းခြောက်ထောင်ဖြစ်
နေတာတွေနေ့စဉ်နဲ့အမျှတွေ့နေရတာဘဲဒါကိုကိုယ်ကဦးဆောင်ဖြန့်ဖြူးသလိုဖြစ်
နေတာကြောင့်-ဆရာ့အနေနဲ့ဒီလိုကိစ္စမျိုးတွေကိုတော့ဟောပြောလမ်းညွှန်မှု
မလုပ်ပါဘူးလို့ကြိုတင်အသိပေးထားလိုက်ပါတယ်။}}
]]ဆေးလိပ်ခုံဖွင့်ဖို့ဆရာ့ဆီလာမေးရင်ဘယ်လိုလုပ်မလဲဆရာ}}
]]သူလည်း-ဘာထူးသေးလဲမောင်ရင်ရယ်။ဆေးလိပ်ကောင်းကျိုးရယ်လို့မတွေ့ဘူးသေးဘူး။သူလည်းဘဲ
ရောဂါပေါင်းသောင်းခြောက်ထောင်ကိုဖြစ်စေကြောင်းတလောကလုံးကကြေငြာ
ထားတာaဘဲလေ}}
]]ဒီခေတ်ကြီးထဲမှာဆရာရယ်}
]]ဒီခေတ်ကြီးထဲမှာဆိုရင်လည်းသဘောပေါ့မောင်ရင်။ဆရာ့မူမှာနဂိုလ်ထဲကယုံ
ဖို့၊လိုက်နာဖို့မပါဘူး၊ယုံခြင်ယုံ။မယုံခြင် နေ။လိုက်နာခြင်လိုက်နာ၊မလိုက်နာခြင် နေ။ဒါကလာမေးသူကာယကံရှင်ရဲ့အကြောင်း၊ဟောပြောလမ်းညွှန်ရာမှာဖိအား
ပေး။လိမ်ညာ၊ခြိမ်းခြောက်၊မြှောက်ပင့်ဟောပြောမှာမဟုတ်ကြောင်း။သိသမျှ  တော့အကုန်ပြောပြလိုက်မှာဖြစ်ကြောင်းကိုတော့ဆရာ့အနေနဲ့အာမခံပါတယ်။
မောင်ရင်ပြောပြောနေတဲ့ ဒီခေတ်ကြီးထဲမှာ ဆရာရယ်}ဆိုတဲ့ စကားလေးအကြောင်း ဆရာပြောပြခြင်
တယ်။လူကြီးမိဘတွေမသိအောင်။ ဆေးလိပ်ခိုးသောက်တဲ့ခလေး။ အရက်ခိုး သောက်တဲ့ခလေး။ ကွမ်းယာခိုးစား နေတဲ့ခလေး၊ ဂိမ်းဆိုင်အမြဲသွားနေတဲ့ခလေးတွေကိုဘာဖြစ်လို့ဒါတွေလုပ်နေရတာ
လည်းလို့မေးရင်(ဒီခေတ်ကြီးထဲမှာဗျာ)လို့ပြန်ပြောလာရင်မောင်ရင်ဘာကိုဘယ်လိုပြန်ပြော
မလည်း၊}}
]]ဒါကတော့}]
]]မောင်ရင်ဒါဘဲပြောမယ်ဆိုတာစဉ်းစား
မိပါတယ်။]]ဒါဖြင့်ရင်ဘယ်လိုပြန်ပြောရမလည်းဆရာ}}
]]လူကြီးမိဘတွေမသိအောင်အရက်ခိုးသောက်နေတဲ့သူကိုခေါ်လိုက်
အရက်ကိုခိုးမသောက်နဲ့၊ကိုယ့်အိမ်မှာ ကိုယ်သောက်။မသောက်ခင်သေသေချာ ချာမေးအရက်သောက်တာကောင်းကျိုးနဲ့ဆိုးကျိုးဘယ်ဟာကပိုများတယ်ဆိုတာကို
သိအောင်ပြောပြ။အရက်သောက်ရင်ပိုက်ဆံကုန်မယ်။လူတွေအထင်သေးမယ်
ရောဂါရမယ်။သောက်ခြင်သောက်မသောက်ခြင်နေ၊ကိုယ်ဖြစ်ကိုယ်ခံဘဲ။အရက်နဲ့ပတ်သက်
တဲ့ပြဿနာနဲ့ကျန်းမာရေးစတဲ့ဒုက္ခတွေကိုတော့ကိုယ်ဟာကိုရှင်းပေတော့၊သိရဲ့နဲ့မိုက်နေတဲ့မင်း
ဘဝမင်းဘဲကြည့်နေပေတော့လို့ပြောယုံမှတပါး။
]]ဆေးလိပ်ခိုးသောက်နေတဲ့သူလည်းဒီလိုဘဲ၊ဆေးလိပ်ကိုအပြင်မှာ
ခိုးကြောင်။ခိုးဝှက်မသောက်နဲ့ကြိုက်တဲ့နေရာမှာသောက်ပါစေ။သေသေချာချာ
ပြောပြဆေးလိပ်ကောင်းကျိုးဘာရှိလည်းဆေးလိပ်သောက်ရင်ပိုက်ဆံကုန်မယ်။
ရောဂါရမယ်။ပါးစပ်၊လယ်ချောင်း၊အဆုပ်စတဲကရောဂါတွေရမယ်လို့အားလုံး
ကကြော်ငြာထားပြီးသား။သောက်ခြင်သောက်နောင်ကို၊ဆေးလိပ်နဲ့ပတ်သက် တဲ့ပြဿနာတော့ဘာမှလိုက်ရှင်းပေးမှာ မဟုတ်ဘူး။သိပြီးဆက်မိုက်နေတဲ့ မင်း ဒုက္ခ
မင်းဘဲကြည့်ရှင်း}] လို့ပြောထား}။
ကွမ်းစားတဲ့သူလည်းဒီအတိုင်းဘဲ၊ကွမ်းစားလိုတွေ့ရမဲ့ဒုက္ခတွေကို ပြောပြ။
သိပြီးဆက်မိုက်တာသူ့အပိုင်း၊ ကိုယ်ပြောပြထားရမှာက၊ကွမ်းစားလိြု့ ဖြစ် ပေါ်လာမဲ့
ဒုက္ခကိုတော့ ကိုယ့်ဘာ ကိုယ်ရှင်း}] ဆိုတာဘဲပေါ့။
]]ဒီလိုပြောဖို့ဆိုတာက}]
]]မောင်ရင်လည်းဒီစကားမျိုးဘဲပြောမှာ
ဘဲ။တို့လူမျိုးတွေကအများအားဖြင့်အ
သိဥာဏ်ဗဟုသုတနည်းတယ်။တော်တန်
ယုံမသိကြဘူး။သိတယ်မလိုက်နာကြဘူး။
ဂိမ်းဆိုင်အချိန်ပြည့်ထိုင်နေ
ပြီး၊(ဒီခေတ်ကြီးထဲမှာသူများတွေလည်း
ဒီလိုဘ)ဲလို့ပြန်ပြောလာရင်သူများလိုနေ
ခြင်ရင်ဆက်လုပ်လေ၊သူများထက်တော်ြ
ခြင်၊တတ်ခြင်ရင်သူများမကောင်းတာတွေ
အတုမယူနဲ့။သူများတွေတော်တာတတ်
တာတွေအတုယူပြီး၊ဘဝကိုကျိုးစားဖို့ကို
လမ်းညွှန်ပေးယုံဘဲလေ}]
]]ဆရာပြောသလိုသာကျနော်ပြန်ပြောလိုက်ရရင်ဖြင့်---

  ငါသိသလိုသိကြပါစေဟုငါ၏ရင်မှာဖြစ်၏ဤမှန်သောသစ္စာစကားကြောင့်---
              လောကဓံ(အမြင်သစ်)ဆရာဦးထွန်းရီ(မိုးကောင်းဘုရား)

No comments:

Post a Comment

No comments:

Post a Comment