Friday, June 6, 2014

အမြင်သစ်၏မူ(၁)ယခု ဆရာဟောပြောလမ်းညွှန်မှုများသည်

    ယခု ဆရာဟောပြောလမ်းညွှန်မှုများသည် ကာယကံရှင်မွေးဖွားရာမှ သေဆုံးသည်အထိ ဘဝတွင်မိမိနှင့် မိမိ မိသားစု (ပတ်ဝန်းကျင်)နဲ့ အဆင်ပြေစွာ နေတတ်ရန် (ဘဝနေထိုင်နည်းများ)ကို ညွှန်ကြားသော ပညာဖြစ်၍ မည်သည့်ကျမ်းအကိုးအကား နဲ့မှ ညှိနှိုင်းမနေပါနဲ့ ကိုယ်တွေ့ဖြစ်စဉ်တွေ ကိုယ်တိုင်ပြန်ကြည့်လို့ရတဲ့ ပညာဖြစ်ပါတယ်။ စာနဲ့ရေးပြလို့ နားလည်ရန်ခက်ခဲ နေပါလိမ့်မယ်။ ဆရာ့အယူအဆတွေကို နမူနာပြောပြထားရင်တော့ သဘောပေါက်လွယ်မယ်ထင်ပါတယ်။
    ပျော်လို့ဗေဒင်မေးတဲ့ လူနည်းပါတယ်။ ဘယ်အချိန်တွေမှာ ဗေဒင်မေးကြသလဲ။
၁။    ဆုံးဖြတ်ချက်ခက်တဲ့အခါတွေမှာ ဗေဒင်မေးတတ်ကြပါတယ်။ ဥပမာ - အိမ်ပြောင်းမယ်၊ အလုပ်ပြောင်းမယ်၊ နိုင်ငံခြား သွားမယ်။ အိမ်ထောင်ပြုမယ်၊ တစ်ခုခုရောင်းဝယ်ခါနီးမှာမေးတတ်ကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်မှ ဗေဒင် မေးကြတာများပါတယ်။ ဗေဒင်ဟာ (လမ်းညွှန်တဲ့ပညာ) ကြိုတင်မေးထားကြရမယ်ဆိုတာကို မသိလေကြတော့ (ကယ်မတယ်ထင်ပြီး ဒုက္ခဖြစ်မှ) ဘယ်ဆရာမှန်လဲဆိုပြီး၊ မှန်တဲ့ဗေဒင်ဆရာလိုက်ရှာကြတော့တာပါပဲ။ (သေ၊ ကွဲ၊ မွဲ၊ ပြုတ်၊ကုန်) မှ ဗေဒင်လိုက်မေးနေလို့ မှန်တော့ကော ဘာထူးလာမှာလဲ။ဗေဒင်မေးမယ့်လူရောက်လာတာနဲ့ ဆရာ့မူ ဆရာ့ အယူအဆတွေပြောပြတယ်။ ကာယကံရှင်သိချင်တာတခြား၊ ဆရာပြောမှာတခြားဆိုရင် ကာယကံရှင်လည်းပိုက်ဆံကုန်၊ ဆရာလည်း အချိန်ကုန်ပါတယ်။ မှန်တာသိချင်ရင် တခြားမှာသွားမေး။ ကွန်ပျူတာနဲ့တွက်ပြီး စက်ထဲကဆွဲထုတ်လိုက်မယ်။ ဒီထက်သေချာတာဘာရှိသေးလဲ။ ဆရာက မှန်တာမှားတာတွေပြောနေမှာ မဟုတ်တော့ဘူး။ ကာယကံရှင်ဆီကသိချင်တာမေးပြီး တာနဲ့ မွေးက တည်းက ဆရာ့ဆီရောက်တဲ့အထိ တွေ့ကြုံခဲ့ရတာတွေယနေ့ တွေ့ကြုံ နေရတာတွေ၊ နောင်တွေ့လာ ရဦးမည့်  အကြောင်းအရာတွေကို ကြိုတင်ပြောပြထားမှာပါ။ ဘာတွေဖြစ်မယ်ပြောမှာ မဟုတ်ဘူးနော်၊ ကြုံခဲ့တာတွေ၊ ကြုံနေတာတွေ၊ ကြုံလာဦးမှာတွေကို ပြောပြထားမှာ ဖြစ်/မဖြစ်က ကာယကံရှင်ရဲ့ တုန့်ပြန်မှုက အဖြေပါဘဲ။ဒါကြောင့် ------
    လူတွေဟာ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်နိုင်တဲ့ ဥာဏ်မပါလာဘူး။ ဒုက္ခတွေကိုကြိုသိနိုင်တဲ့ ဥာဏ်မပါ လာဘူး။ ဆရာက ကိုယ့်စိတ်ကိုယ်ပြန်ကြည့်နိုင်တဲ့ နည်းပြောပြပေးမယ်။ မွေးရာမှသည် သေဆုံးတဲ့ အထိ တွေ့ကြုံလာမယ့်ဒုက္ခတွေကို အနီးစပ်ဆုံး ကြိုပြောပြထားနိုင်ပါတယ်။ ကိုယ့်စိတ်ကိုယ်ပြန်ကြည့်ပြီး အဲဒါကို ထိန်းထားနိုင်ရင် ဘဝတစ်ဝက်ငြိမ်းပြီမှတ်ပါ။ သိဖို့မလွယ်ဘူး။ ပြင်ကြမှာမဟုတ်ဘူး။ အမျိုးမျိုး ဆင်ခြေ  တက်ကြလိမ့်မယ်။ ကျွန်တော်/ကျွန်မတို့ ဘာမှားနေလို့လဲ။ အမေမွေးကတည်းက ဒီအတိုင်းပဲေ နလာတာ။ စသည်ဖြင့် ဟုတ်ကဲ့ အမေမွေးတည်းက မဟုတ်ပါဘူး။ အရင်ဘဝက ပါလာတဲ့ (အကျင့်) စိတ် ဝဋ်ြွေကး လို့ခေါ်ပါတယ်။
    လူတစ်ယောက်ရဲ့ (ဘဝကို ကံက ချုပ်ထားပြီးသား) မိမိကံကောင်းချိန်မှာ ပိုင်ခွင့်တွေရအောင် လုပ်ယူ ထား တတ်ဖို့နဲ့ ပြိုကွဲပျက်စီးမဲ့အချိန်မှာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ မိသားစု၊ အိမ်ထောင်စုရေးမပြိုကွဲ မပျက်စီးအောင် ထိန်းထားနိုင်ဖို့ အဓိကမဟုတ်လား။ (ကံကောင်းတယ်ဆိုတာဘယ်လိုလဲ)   မိမိအသက် အရွယ်မှာခေတ်နဲ့အညီ လိုအပ်နေ တာတွေကို ရအောင်လုပ်ယူနေတဲ့ အချိန်လုပ်တိုင်းဖြစ်နေတာကို  ပြော တာပါ။ (ကံမကောင်းဘူးဆိုတာဘယ်လိုလဲ) ကံမကောင်း ဘူဆိုတာ မိမိအသက်အရွယ်မှာ ခေတ်နဲ့အညီ လိုအပ်နေတာတွေကို ရအောင်လုပ်ယူနေတဲ့အချိန် လုပ်တိုင်းမဖြစ်တော့တဲ့ အချိန်ကိုပြောတာပါ။
    (အိမ်ထောင်ဘက်ရွေးတဲ့နေရာမှာ)ဗေဒင်နည်းတွေဖြစ်တဲ့(ဓမ္မာသောကတွေ/လူနက္ခတ်၊ နတ်နက္ခတ်/ ဇာတာနှစ်စောင် တိုက်တဲ့နည်းတွေ မဟုတ်ပြန်ဘူး။ မိမိတို့ အိမ်ထောင်ဘက်ရဲ့ စိတ် အကျင့် (ဝဋ်ြွေကး) ကိုသိထားပြီး၊ မိမိရဲ့ စိတ်အကျင့် (ဝဋ်ြွေကး)ကို ပြုပြင်ကြဖို့ ညှိနှိုင်းပေးတဲ့သဘောပါ။ ဘယ်သူနဲ့သင့်တော်တယ်လို့ရွေးပေးတာမဟုတ်ပါဘူး။ ကိုယ်စိတ်တိုင်းကျရွေးရတဲ့နည်းပါ။ ဆရာ့မူမှာ လူကောင်းတစ်ယောက်မှမရှိပါ။ တစ်ယောက်တစ်မျိုးဆိုးနေကြတာပါပဲ။ အဲဒါကိုပြုပြင်မှဘဝမှာ အဆင်ပြေ မှာ ဆိုတာ မသိကြတာလား။ မသိချင်ဟန်ဆောင်နေတာလားဆိုတာ-ကာယကံရှင် အသိဆုံးပါ။
ဆရာဟောပြောတဲ့အခါမှာ ဆရာပြောတာတွေကို ဘာတစ်ခုမှ ယုံဖို့မလိုဘူး။ ဘာကိုဆိုလိုတာလဲ။ စဉ်းစားဖို့လိုမယ်။
၂။    ဆရာပြောနေစဉ်မှာ သိချင်တာရှိရင် ကြားဖြတ်မမေးပါနဲ့။ မွေးလာကတည်းက ဆရာနဲ့တွေ့တဲ့ အချိန်ထိ ဆရာနဲ့ တွေ့ပြီးချိန်မှ သေဆုံးသည်အထိ ကံကောင်းချိန် (၆) ကြိမ်၊ အသက်အရွယ်နဲ့ ရအော င်နေထိုင်လုပ်ကိုင်နည်းတွေပြောမယ် ရအောင်လုပ်ထား။ ကံညံ့ချိန် (၆)ကြိမ်နဲ့ မိမိပိုင်ဆိုင်မှုတွေအားလုံး အပြိုကွဲ မပျက်စီးရလေအောင် နေထိုင်လုပ်ကိုင်နည်းတွေကို ပြောပြထားမှာဖြစ်ပါတယ်။ ဆရာကမေးဆိုရင် စိတ်တိုင်းကျမေးပေတော့။ဆရာ့အနေနဲ့ဘယ်လုပ်ငန်းအကျိုးပေးမလဲ၊ ဘယ်အရပ်ဒေသမှာ နေရမလဲ။ ဘယ်နေ့သားသမီးနဲ့ အတူ စီးပွားလုပ်ရင်ကောင်းမလဲ။ အိမ်ထောင်ကွဲကိန်းရှိလား။ အိမ်ထောင်ဘယ်နှစ်  ဆက်ကျမလဲ --- ဆိုတာတွေ မဟောသလို ဆရာ့ဟောပြောချက်များအား အသံဖမ်းယူခြင်း/ရေးမှတ်ခြင်းများ မလုပ်ရပါ။
၃။    ဗေဒင်မေးကြ/ဟောကြတယ်ဆိုတာက လက်ရှိတစ်နှစ်တာအတွင်း ရောက်ရှိလာတဲ့အချိန်၊ နာရီ ကိုကြည့်ပြီး ဖြစ်စဉ်ကို ဟောပြောမယ်။ သိချင်တာရှိရင်မေး၊ မေးတာတွေဖြေမယ်။ လိုက်ရေးမှတ် ပြီးရင် ယတြာယူပြန်၊ ဒါပဲမဟုတ်လား။ ဆရာ့မူမှာ (က) တစ်သက်တာကံကောင်းချိန်တွေ၊ ကံညံ့ချိန်တွေ၊ လိုက်နာပြုပြင်ရမယ့်ဝဋ်ြွေကး၊ (ခ) ၄နှစ်တစ်ကြိမ် ပြောင်းနေတဲ့ကံအပြောင်းအလဲ တွေကိုကြိုတင်သိမြင်ပြင် ဆင်ရမယ့်အကြောင်းအရာတွေ၊(ဂ)တစ်နှစ်တာအတွက်ရယ်လို့၃ပိုင်းခွဲထားပါတယ်။  နောက်တစ်ခုက ဗေဒင်အများစုက ဗေဒင်လာမေးသူအကြောင်းကိုပဲ တွက်ချက်ပေးကြတာများပါတယ်။ ဆရာ့အနေနဲ့ ကာယကံရှင်နဲ့အတူနေတွေ အားလုံးကို ပေါင်းစပ်ဟေြာေ ပာပေးရတဲ့နည်းဖြစ်နေလို့ပါပဲ။ ကိုယ်ဘယ်လောက်ကံကောင်း

No comments:

Post a Comment